13/09/2026
#ယနေ့ခေတ်_လူငယ်များသတိထား
ကိုယ်သဘောကျနေတဲ့ ကိုယ့်ရဲ့ Idol
ဘုရားကျောင်းသွားရင်တောင် Idol နဲ့တွေ့ချင်လို့၊
မပြန်ခင်မှာတောင် Idol နဲ့ ပုံရိုက်ပြီး အနည်းဆုံး
My day မှာ တင်လိုက်ရမှ။
သူကပေးတာမဟုတ်ဘူး
ကိုယ်က အနည်းဆုံး တစ်ခုခုပေးလိုက်ရမှ
ကျေနပ်ပြန်တယ်။
#သေချာတာတော့_တကယ်လက်တွေ့မှာ
Idol က ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအဝန်း၊ ကိုယ့်မျိုးဆက်၊ ကိုယ့်လူမျိုးအတွက်
ဖွံဖြိုးတိုးတက်အောင် ဘာတစ်ခုမှ လုပ်ဆောင်ပေးမှာမဟုတ်ဘူး။
မိသားစု၊ လူမျိုးအတွက် တကယ့်ကို
ဒုက္ခ၊ ပြသနာ၊ ဆင်းရဲအနွံတာခံပြီး လိုအပ်ချက်များစွာကြားထဲက အနစ်နာခံ၊ ပေးဆပ် လုပ်ကိုင်ပေးနေသူ၊ အစေခံပေးနေသူဆိုရင်
ဘေးကို ချိတ်ထားမိတာ၊ ဂရုကို မစိုက်မိတာတွေ လူငယ်တွေများစွာမှာ ဝမ်းနည်းစွာ တွေ့မြင်နေရတယ်။
အလွဲကြီးတွေလွဲ၊ အမှားကြီးတွေ မှားနေကြပြီ။
Idol နဲ့ ပတ်သက်မှုက မှားနေတယ်လို့ ပြောတာမဟုတ်ပါဘူး။
မိမိရဲ့စဥ်းစားတွေးခေါ်မှု၊ ခံယူရပ်တည်ချက်တွေက မှားနေပြီး လုပ်ဆောင်မှုတွေက လွဲချော်နေပြီ။
၁။ စဉ်းစားပါ
၂။ စဉ်းစားပါ
၃။ စဉ်းစားပါ
👉သင်တကယ်ပဲ အထင်ကြီးပြီး လေးစား ဂုဏ်ယူသင့်တဲ့ သူက
ဘယ်သူလဲ____ဘယ်သူလဲ?