Gender Studies Center - MIT.

Gender Studies Center - MIT. Our Vision: Educate and empower people to value and promote Gender justice and equality.

15/05/2026

အားလုံးဘဲမင်္ဂလာပါ။ သန်းတစ်ထောင်လှုပ်ရှားမှုကမ်ပိန်း
(One Billion Rising Campaign) သမိုင်းအကြောင်းအကျဉ်းချုပ်ကို ဒီ page ကနေပြီး (၅) ရက်တိတိပြောပြပေးသွားမှာဖြစ်ပြီး ဒီနေ့ နောက်ဆုံးရက်မှာ ဖော်ပြပေးချင်တဲ့ အကြောင်းအရာကတော့ 👇👇👇

Day-5️⃣
🤷‍♂️ဒီနှစ်သန်းတစ်ထောင်လှုပ်ရှားမှု ကမ်ပိန်းရဲ့ Theme ကဘာလဲ?
✔️နှစ်စဉ်နှစ်တိုင်း သန်းတစ်ထောင်လှုပ်ရှားမှု ကမ်ပိန်းမှာ Theme လေးတွေရှိပါတယ်။ ဒီ ၂၀၂၆ ခုနှစ်ရဲ့ Theme ကတော့ “Rise For Our Bodies, Our Future, Our Earth” ဘဲဖြစ်ပါတယ်။
🌿ဒီဆောင်ပုဒ်လေးနဲ့အညီ ကျွန်တော်၊ ကျွန်မတို့ရဲ့ပတ်ဝန်းကျင်မှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေတဲ့ အမျိုးမျိုးသော အကြမ်းဖက်မှုကို အဆုံးသတ်ဖို့သာမက လွတ်မြောက်နိုင်ပြီး သာယာလှပတဲ့လူ့ဘောင်ဝန်းကျင်အသစ်ကို တည်ဆောက်ဖို့ရန်အတွက် မိမိတို့ကအစ ပါဝင်ပြီး တစ်ပါးသူများကို လက်ဆင့်ကမ်းဝေမျှရင်း ပါဝင်ကြပါဖို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

One Billion Rising နဲ့ပတ်သက်တဲ့ အကြောင်းကို LAP-II, Section-5 ရဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ တင်ဆက်မှုဖြင့် ဆက်လက်ကြည့်ရှုကြရအောင်.....
"The most dangerous part of domestic abuse is not the shouting; it is the quiet fear that followers" Quote: Anonymous







14/05/2026




13/05/2026

အားလုံးဘဲမင်္ဂလာပါ။ သန်းတစ်ထောင်လှုပ်ရှားမှုကမ်ပိန်း
(One Billion Rising Campaign) သမိုင်းအကြောင်းအကျဉ်းချုပ်ကို ဒီ page ကနေပြီး (၅) ရက်တိတိပြောပြပေးသွားမှာဖြစ်ပြီး တတိယရက်မှာ ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ 👇👇 👇

Day –3️⃣
🤷ဘာကြောင့်သန်းတစ်ထောင်လှုပ်ရှားမှုကမ်ပိန်းမှာ အကအားဖြင့်လည်းပါဝင်ကြတာလဲ?
👉နှစ်စဥ်နှစ်တိုင်း Theme တွေပြောင်းလဲသွားပေမယ့်လည်း One Billion Rising ၏ဝိသေသဖြစ်တဲ့ “Break the Chain” သီချင်းဖြင့် တင်ဆက်ကပြမှုမှာတော့ ကမ္ဘာလုံးတစ်ဝှမ်းတွင် မပြောင်းလဲသော အကြောင်းအရင်းဖြစ်ပါတယ်။ ဒီလိုအကနှင့် တင်ဆက်ရခြင်းအကြောင်းရင်းနဲ့ ကမ္ဘာလုံးဆိုင်ရာအထူးသတိပြုမိစေမယ့်အရာကတော့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုအား ပပျောက်ရန်နှိုးကြားခြင်းဖြစ်ပြီး၊ အကြမ်းဖက်မှုနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေတဲ့ တွန်းအားပေးသော စနစ်များကိုလည်း ကြံ့ကြံ့ခိုင် တွန်းလှန်ရန်နှင့် နှိုးကြားတက်ကြွကြစေရန် ရည်ရွယ်ပြီး အကအားဖြင့် ပါဝင်တင်ဆက်ခြင်းဖြစ်ပါသည်။

One Billion Rising နဲ့ပတ်သက်တဲ့ အကြောင်းကို LAP-II, Section-3 ရဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ တင်ဆက်မှုဖြင့် ဆက်လက်ကြည့်ရှုကြရအောင်.....
"No pride for some of us without liberation for all of us" Quote: Marsha P. Johnson







11/05/2026

အားလုံးဘဲမင်္ဂလာပါ။ သန်းတစ်ထောင်လှုပ်ရှားမှုကမ်ပိန်း
(One Billion Rising Campaign) သမိုင်းအကြောင်းအကျဉ်းချုပ်ကို ဒီ page ကနေပြီး (၅) ရက်တိတိပြောပြပေးသွားမှာဖြစ်ပါတယ်။

Day- 1️⃣
💁‍♀️သန်းတစ်ထောင်လှုပ်ရှားမှုကမ်ပိန်းကိုဘယ်သူစတင်ခဲ့တာလဲ?
👉သန်းတစ်ထောင်လှုပ်ရှားမှု (One Billion Rising Campaign) ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သူကတော့ V (Eve Ensler) ဖြစ်ပါတယ်။ သူမကတော့ အမေရိကန် စာရေးဆရာမ၊ တင်ဆက်သူ၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးလည်းဖြစ်ပါတယ်။
👉The Va**na Monologues ဆိုတဲ့ ပြဇာတ်ကို ရေးသားသူဖြစ်ပြီး V-Day ရဲ့ Founder လည်းဖြစ်ပါတယ်။
👉သူမရဲ့ V-Day Organization ကိုတော့ 1998 မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

🤷‍♀️သန်းတစ်ထောင်လှုပ်ရှားမှုကမ်ပိန်းကို ဘယ်ချိန်ထဲက စတင်ခဲ့တာလဲ?
👉သန်းတစ်ထောင်လှုပ်ရှားမှုကမ်ပိန်းကို 2012 ခုနှစ် ဖေဖော်ဝါရီလ 14 ရက်နေ့မှာ စတင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း မှာ အမျိုးသမီး ၃ ဦး အနက် ၁ ဦးဟာ သူမ၏ နေ့စဉ်ဘဝတစ်လျှောက်မှာ ရိုက်နှက်ခံရခြင်း (သို့မဟုတ်) အဓမ္မကျူးလွန်ခံနေရပြီး ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့် အခြားနည်းမျိုးစုံဖြင့် အကြမ်းဖက်ခံနေရခြင်းအား အဆုံးသတ်ရန် တောင်းဆိုတဲ့ အသိပညာပေးလှုပ်ရှားမှုဖြစ်ပြီး နေ့စဉ် ကမ္ဘာအဝန်းမှာ ကျင်းပလာခဲ့ကြပါတယ်။

One Billion Rising နဲ့ပတ်သက်တဲ့ အကြောင်းကို LAP-II, Section-1 ရဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ တင်ဆက်မှုဖြင့် ဆက်လက်ကြည့်ရှုကြရအောင်.....
“Your Silence will not protect you” Quote: Audre Lorde







နှစ်စဉ်နှစ်တိုင်း MIT ကျောင်းတော်ကြီးမှ ဦးစီးပြီး ဖွင့်လှစ်လျက်ရှိသော Summer School Program ကို ပြန်လည်စတင်တော့မည်ဖြစ်ပါ...
21/03/2026

နှစ်စဉ်နှစ်တိုင်း MIT ကျောင်းတော်ကြီးမှ ဦးစီးပြီး ဖွင့်လှစ်လျက်ရှိသော Summer School Program ကို ပြန်လည်စတင်တော့မည်ဖြစ်ပါတယ်။
Gender Studies ကို စိတ်ပါဝင်စားသူများ မည်သူမဆို ပါဝင်တက်ရောက်လို့ရကြောင်း အသိပေးအပ်ပါတယ်။
ဒီ Program ကတော့ (April 27 မှ May 22) ထိဖြစ်ပြီး Monday to Friday (9 a.m. to 12 noon) တက်ရောက်ရမယ့် အတန်းဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက အောက်ပါ brochure ထဲတွင် ဝင်ရောက် လေ့လာပြီး ရုံးချိန်အတွင်းမှာ အောက်ဖော်ပြပါ phone, email သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Application deadline: April 20,2026.


Today is "V-Day or Va**na Day" 🌸ဒီနေ့ကတော့ ကမ္ဘာတစ်ဝန်းမှာ ကျင်းပလေ့ရှိတဲ့ ချစ်သူများနေ့ Valentine's day and Vday နေ့လေး...
14/02/2026

Today is "V-Day or Va**na Day"

🌸ဒီနေ့ကတော့ ကမ္ဘာတစ်ဝန်းမှာ ကျင်းပလေ့ရှိတဲ့ ချစ်သူများနေ့ Valentine's day and Vday နေ့လေးပါ။

🌸Vday ကိုစပြီးတည်ထောင်သူကတော့ အမေရိကန် စာရေးဆရာမတစ်ဦးဖြစ်တဲ့ Eve Ensler (V) ဘဲဖြစ်ပါတယ်။ သူမဟာ Va**na Monologue ဆိုတဲ့ စာအုပ်ကိုရေးသားပြုစုသူတစ်ဦးပါ။

👉ဘာကြောင့် Vday စဖြစ်လာရလဲ?👈

🌸ကမ္ဘာပေါ်ရှိ အမျိုးသမီး သို့မဟုတ် မိန်းကလေးငယ် ၃ဦး အနက် ၁ဦး ဟာ နေ့စဉ် အကြမ်းဖက်ခြင်းခံနေရပါတယ်။ စိတ်ပိုင်းဆိုင်ရာ သာမက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကိုလဲ ခံနေရပါတယ်။ ဒါကြောင့် ဒီလို အမျိုးသမီး နဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု တွေ ရပ်တန့်၊ ပပျောက်သွားဖို့ရန် အတွက် V-Day Campaign ကိုကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်။

👉V-Day ကို 1998 February 14ရက်နေ့ကနေစပြီး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

💕မိမိတို့ပတ်ဝန်းကျင်မှာလဲ အမျိုးသမီးများ သို့မဟုတ် မိန်းကလေးငယ်များကို အကြမ်းဖက်မှုတွေ တွေ့ရှိနေရင် နှုတ်ဆိတ်မနေဘဲ မိမိတို့တတ်စွမ်းနိုင်တဲ့ဘက်ကနေဝိုင်းဝန်းကူညီပေးခြင်း သာမကသက်ဆိုင်ရာအဖွဲ့အစည်း များထံမှာ အကူအညီတောင်းခြင်း၊ ညွှန်းပို့ပေးခြင်းများ ဖြင့် လက်တွဲကူညီဖေးမကြရအောင်။

💕အမျိုးမျိုးသောအကြမ်းဖက်ခြင်းခံရသော အမျိုးသမီးများ နဲ့ မိန်းကလေးငယ်များ အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာလာစေဖို့ရန်အတွက် ဝိုင်းဝန်းကူညီပေးကြရင်း သာယာလှပတဲ့လူ့ဘောင်အသိုက်အဝန်းလေး ကို အတူတကွ လက်တွဲလုပ်ဆောင်သွားကြပါစို့။






Photo : Crd

Wishing you Merry Christmas and Happy New Year! 🎄May you fill with Joy, Love, and Countless blessings.
25/12/2025

Wishing you Merry Christmas and Happy New Year! 🎄

May you fill with Joy, Love, and Countless blessings.

10/12/2025

ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အစီအစဉ်ဟာ ယနေ့ဆိုလျှင် ၁၆ ရက်မြောက်နေ့ကို ရောက်ရှိလာပြီဖြစ်ပါတယ်… ကျရောက်လာတဲ့ ဒီနေ့လေးကတော့

💁ဒီဇင်ဘာလ 🔟 ရက်နေ့ “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” ဘဲဖြစ်ပါတယ်…..

၁၆ ရက်တာ လှုပ်ရှားမှုနဲ့ ပတ်သက်သော video များကိုလည်း Page မှာ ဝင်ရောက်ပြီး လေ့လာနိူင်ပါတယ်.

02/12/2025

🔷ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အစီအစဉ်အဖြစ် သတ်မှတ်ထားတဲ့ ထပ်မံ ကျရောက်လာတဲ့ ဒီနေ့လေးကတော့ 👇👇👇

🩷 ဒီဇင်ဘာလ 2️⃣ ရက်နေ့ “အပြည်ပြည်ဆိုင်ရာကျွန်စနစ်ဖျက်သိမ်းရေးနေ့” ဘဲဖြစ်ပါတယ်…..

1️⃣6️⃣ ရက်တာလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ video လေးတွေကို အောက်ပါ link များမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်……⬇️⬇️⬇️

💁‍♀️History of 16 days of Activism - https://www.facebook.com/share/v/1FmiaMRou1/?mibextid=wwXIfr
❤️November 2️⃣5️⃣ - https://www.facebook.com/share/v/1FvxJV9nCL/?mibextid=wwXIfr
🟨 November 2️⃣9️⃣ -
https://www.facebook.com/share/v/19zWKTTGZ8/?mibextid=wwXIfr
🤎 November 3️⃣0️⃣ - https://www.facebook.com/share/v/1FL2EYTSaV/
🟦 December 1️⃣ -
https://www.facebook.com/share/v/17pySVs4J2/

01/12/2025

🌲အားလုံးဘဲ Sweet December လို့ ဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
🌟၁၆ ရက်တာလှုပ်ရှားမှုရဲ့ ကျရောက်လာတဲ့ ဒီနေ့လေးကတော့
ဒီဇင်ဘာလ 1️⃣ - ကမ္ဘာ့ အေအိုင်ဒီအက်(စ်)နေ့ ဘဲဖြစ်ပါတယ်.....

၁၆ ရက်တာလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ link များမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်......

💁‍♀️History of 16 days of Activism - https://www.facebook.com/share/v/1FmiaMRou1/?mibextid=wwXIfr
❤️November 2️⃣5️⃣ - https://www.facebook.com/share/v/1FvxJV9nCL/?mibextid=wwXIfr
🟨 November 2️⃣9️⃣ -
https://www.facebook.com/share/v/19zWKTTGZ8/?mibextid=wwXIfr
🤎 November 3️⃣0️⃣ - https://www.facebook.com/share/v/1FL2EYTSaV/

Address

Seminary Hill, Insein
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Gender Studies Center - MIT. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share