Million Chances 2.0

Million Chances 2.0 Million Chances is an educational technology-oriented youth organization that functions in accordance with United Nations SDG No.4, Quality Education.

05/04/2026

🏢 ထိပ်တန်းပညာရေးမှာ နာမည်​ကျော်တဲ့ Hong Kong ကို ပညာတော်သင်သွားဖို့ ဘယ်ကစရမှန်းမသိဖြစ်နေလား။ ⁉️

အချိန်တွေသာ ကုန်သွားတယ်၊ ကိုယ့်အိမ်မက်က လက်တွေ့မဆန်သေးလို့ စိတ်မကောင်းမဖြစ်ပါနဲ့နော်။ 🙌🏻

🔹လူငယ့်ရေဒီယိုရဲ့အသစ်စက်စက် Episode 8 မှာ ကြိုးစားမှုကိုအကောင်အထည်ဖော်နိုင်ခဲ့တဲ့ အစ်မ Shinn Thant Ein ရဲ့ Belt and Road Scholarship Sucess Story လေးကို နားဆင်ရမှာပါ။ 👩🏻‍🎓

🎙Podcast တစ်ခုလုံးက်ို အားမာန်အပြည့်နဲ့ တင်ဆက်ပေးထားတာမို့ Motivation ပြည့်ဝတဲ့အပြင် မှန်ကန်တဲ့အကြံဥာဏ်တွေကို ပိုင်ဆိုင်သွားမှာပါရှင်။ ✨

ဒါဆိုရင် အောက်က Link တွေကတစ်ဆင့် အခုပဲ နားထောင်ကြည့်လိုက်ပါနော်။ 📢💙

Spotify: https://open.spotify.com/episode/2pA3t8YMx43tHqtmbkOFYL?si=GADtIIA_SDus4BkSraxQcg

Apple Podcasts: https://podcasts.apple.com/us/podcast/ep-8-the-way-they-made-it-with-ma-shinn-thant-eain/id1621663418?i=1000755619905

Youtube: https://youtu.be/xwPPeE-5Okc





သင်က ကလောင်အစွမ်းနဲ့ Quality content တွေကို ဖန်တီးချင်တဲ့သူလား 🤔❓ ဒါမှမဟုတ် အမိုက်စား Graphic design တွေနဲ့ ကိုယ့်ရဲ့ cr...
27/03/2026

သင်က ကလောင်အစွမ်းနဲ့ Quality content တွေကို ဖန်တီးချင်တဲ့သူလား 🤔❓

ဒါမှမဟုတ် အမိုက်စား Graphic design တွေနဲ့ ကိုယ့်ရဲ့ creativity ကိုမြှင့်တင်ချင်တဲ့သူလား 👀❓

ပြီးတော့… Volunteer လုပ်ဖို့ရော စိတ်ဝင်စားလား 🙋‍♀️

ဒီမေးခွန်းတွေအတွက် အန်ကယ်က‌တော့ Yes ပါဆိုရင်တော့ Million Chances ကဒီတစ်ခေါက်မှာ Content Writer နဲ့ Graphic Designer volunteer တွေခေါ်နေတာမို့ လာလျှောက်ထားဖို့ ဖိတ်ခေါ်ပါရစေ။💌

လာလျှောက်တာကတော့ဟုတ်ပါပြီ။ Volunteer လုပ်ရမယ့် organisation ကရော ဘာလုပ်တဲ့အဖွဲ့အစည်းလဲ၊ Volunteer လာလုပ်ရင်‌ရော ဘာတွေပြန်ရမှာလဲ၊ ယုံကော ယုံကြည်ရရဲ့လား စတဲ့ ဒီလိုမေးခွန်းတွေရှိတယ်ဆိုရင်တော့ အောက်မှာအဖြေကို ဆက်ဖတ်ကြည့်နော်။ 😉⤵️

Million Chances ကတော့ United Nations ကချမှတ်ထားတဲ့ SDGs Goal No.4 ဖြစ်တဲ့ Quality Education ကိုအခြေခံပြီး နည်းပညာနဲ့ ပညာရေးကို ဦးတည်တဲ့ EdTech အပိုင်းကဏ္ဍကို မြန်မာနိုင်ငံတစ်ဝှမ်းက လူငယ်တွေနဲ့ ကလေးငယ်တွေ လက်လှမ်းမှီအောင် တစ်ဖက်တစ်လမ်းကနေ ကူညီဆောင်ရွက်သွားနိုင်ဖို့ ဖွဲ့စည်းထားတဲ့ Non-profit organization တစ်ခုဖြစ်ပါတယ်။

လူငယ်တွေကနေ လူငယ်တွေဆီကို ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေ၊ ဗဟုသုတတွေ၊ လေ့လာခွင့်တွေနဲ့ အတွေ့အကြုံတွေ မျှဝေပေးနိုင်ဖို့ အချိန်ပေး အားစိုက်ထုတ်ပြီး ကြိုးစားနေကြတဲ့ လူငယ်ရပ်ဝန်းလေးတစ်ခုလို့ပြောရင်လည်း မမှားပါဘူး။ 🫶🩵

Organization တည်ထောင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ဒီနေ့အချိန်အထိကာလအတွင်းမှာလည်း လူငယ်တွေနဲ့ ကလေးငယ်တွေအတွက် အကျိုးရှိစေမယ့် Online webinars တွေ၊ Events တွေနဲ့ On-ground training တွေပါ ပြုလုပ်ပေးနိုင်ခဲ့ပြီး အခြားသော လူငယ့်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူမှုအကျိုးပြုအစီအစဥ်တွေမှာလည်း ပါဝင်ကူညီခဲ့ပါသေးတယ်။ 🎉

ဒါ့အပြင် “လူငယ့်ရေဒီယို” နာမည်နဲ့ လူငယ်တွေအတွက် ပညာရေး၊ နည်းပညာ၊ Personal development နဲ့ပတ်သက်တဲ့ အကြောင်းအရာအမျိုးမျိုးကိုလည်း Podcast အစီအစဥ်တစ်ခုအဖြစ်နဲ့ ဖန်တီးမျှဝေနေပါသေးတယ်။📻✨

ကဲ… Volunteer လုပ်ရမယ့် အဖွဲ့အစည်းအကြောင်းတော့ စုံစုံလင်လင်သိပြီ၊ ဒီမှာလုပ်တော့‌ရော ဘာတွေပြန်ရမှာလဲ😾

Community အတွက် အကျိုးပြုချင်လို့ လာလျှောက်တဲ့ Volunteers တွေအနေနဲ့တော့ Million Chances ရဲ့ workplace လေးမှာ Network အသစ်တွေဖန်တီးရင်း အတွေ့အကြုံတွေရမှာကတော့ ကျိန်းသေပေါက်ပါပဲ။ ရည်းစားရောရမှာလားလို့တော့ မမေးပါနဲ့။💢 ရည်းစားမရနိုင်ပေမယ့် သူငယ်ချင်းအသစ်တွေရပြီး အူတက်အောင်တော့ ရီရနိုင်ပါတယ်။ (ပျော်စရာကောင်းတဲ့ workplace ပါလို့ပြောချင်တာပါနော်။😜)

သတ်မှတ်ထားတဲ့ Term ၃ လပြည့်တဲ့အခါမှာလည်း commitment ပြည့်ပြည့်ဝဝပေးနိုင်ခဲ့တဲ့ volunteers တွေအတွက် Certificate ပြန်လည်ပေးအပ်သွားမယ့်အပြင် ကျောင်းလျှောက်၊ အလုပ်လျှောက်၊ Scholarship လျှောက်တဲ့နေရာမှာ Recommendation letter လိုလာရင်လည်း MC ဘက်ကနေ ရေးပေးသွားဦးမှာပါ။ ဒါတွေတင်မဟုတ်ဘဲ MC ကနေလုပ်ပေးတဲ့ Internal training တွေအပြင် အခြားသောအခွင့်အလမ်းတွေလည်း ရနိုင်ဦးမှာနော်။ 🎉

ဒီတော့စိတ်ဝင်စားတယ်ဆိုရင် အောက်က Application link ကနေတစ်ဆင့် ဝင်လျှောက်ထားလိုက်ပါတော့ဗျို့။ 🙌

🔗 Application link - https://forms.gle/RCqMc3yBTUHqfmZg6

❗Application Deadline - 2.4.2026 (Thursday)

Job description နဲ့ Responsibility အသေးစိတ်ကိုတော့အောက်မှာတစ်ပုံချင်းဖတ်ကြည့်နော်။👇




စကော်လာရှစ်လျှောက်ပြီး Hong Kong မှာကျောင်းတက်ချင်တဲ့ MCers လေးတို့အတွက် Belt and Road Scholarship အကြောင်းကို မျှဝေပေးထ...
22/03/2026

စကော်လာရှစ်လျှောက်ပြီး Hong Kong မှာကျောင်းတက်ချင်တဲ့ MCers လေးတို့အတွက် Belt and Road Scholarship အကြောင်းကို မျှဝေပေးထားတဲ့ လူငယ့်ရေဒီယိုရဲ့ Episode 8 🇭🇰🎓

မင်္ဂလာပါ MCers လေးတို့ရေ…💙

နိုင်ငံတကာက ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးတွေမှာ ပညာတော်သင်ဆု (Scholarship) နဲ့ တက်ရောက်ခွင့်ရဖို့ဆိုတာ လူငယ်တော်တော်များများ မက်ရတဲ့ အိပ်မက်တစ်ခုပဲ မဟုတ်လားရှင်။ ဒီနေ့ရဲ့ လူငယ့်ရေဒီယို Episode 8 မှာတော့ အဲ့ဒီအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အစ်မ Shinn Thant Ein ကနေ Hong Kong မှာ စကော်လာရှစ်နဲ့ကျောင်းလာတက်ချင်တဲ့သူတွေအတွက် Belt and Road Scholarship အကြောင်းကို မျှဝေပေးထားပါတယ်။ 🥳

အစ်မရှင်းသန့်ကတော့ University of Hong Kong မှာ Belt & Road Scholarship နဲ့ Bachelor of Economics and Finance မေဂျာကိုတက်ရောက်‌နေသူတစ်‌ယောက်ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်မှုခြေလှမ်းတွေက IGCSE နဲ့ A-Levels ကနေတစ်ဆင့် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အပြင်ပန်း‌ကကြည့်ရင် အားလုံးချောမွေ့နေတယ်ထင်ရပေမဲ့ တကယ်တော့ စိန်ခေါ်မှုတွေရှိခဲ့ပါတယ်ရှင်။ ပထမဆုံး Semester တုန်းကဆိုရင် ပတ်ဝန်းကျင်အသစ်မှာ အသားကျဖို့ ကြိုးစားရင်း အမှားအယွင်းလေးတွေ၊ အခက်အခဲလေးတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်တဲ့။ ဒါပေမဲ့ အဲဒီလို နယ်ပယ်စုံ၊ ရှုထောင့်စုံကနေ ရရှိခဲ့တဲ့ သင်ယူမှုအတွေ့အကြုံသစ်တွေကပဲ သူမကို ပိုပြီးရင့်ကျက်တဲ့ လူတစ်ယောက်ဖြစ်အောင် ပုံဖော်ပေးခဲ့တာပါ။ အခု ဒုတိယ Semester မှာတော့ ကျောင်းက activities မှာပါဝင်ရင်း ဗဟုသုတအသစ်တွေ၊ သူငယ်ချင်းအသစ်တွေနဲ့အတူ အပြန်အလှန်ဖေးမကူညီပေးနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ✨

ဒီ Episode လေးမှာတော့ Belt and Road Scholarship နဲ့ပတ်သက်တဲ့ information တွေသာမက အစ်မရှင်းသန့်ကိုယ်တိုင် ကြုံ‌တွေ့ခဲ့ရတဲ့အခက်အခဲတွေ၊ အတွေ့အကြုံတွေနဲ့ ဟောင်ကောင်မှာကျောင်းတက်ရတဲ့ ကျောင်းသားဘဝကို သေချာလေးပြည့်ပြည့်စုံစုံပြောပြ‌ပေးထားတာမို့ အခုပဲသွားနားထောင်လိုက်တော့နော်။ 🎧😉

ကဲ... အပြည့်အစုံကိုတော့ အောက်က Link လေးတွေမှာ ဝင်ရောက်နား‌ထောင်နိုင်ပါတယ်ရှင်။ 🔗

Spotify: https://open.spotify.com/episode/2pA3t8YMx43tHqtmbkOFYL?si=GADtIIA_SDus4BkSraxQcg

Apple Podcasts: https://podcasts.apple.com/us/podcast/ep-8-the-way-they-made-it-with-ma-shinn-thant-eain/id1621663418?i=1000755619905

Youtube: https://youtu.be/xwPPeE-5Okc

အခွင့်အရေးဆိုတာ ပြင်ဆင်ထားသူတွေဆီကိုပဲ လာတတ်တာမို့ ဒီနေ့ကစပြီး ကိုယ့်ရဲ့ အရည်အချင်းတွေကို အကောင်းဆုံး ပျိုးထောင်ထားကြရအောင်လားရှင်။
MCers လေးတို့အားလုံးလည်း ကိုယ်လိုချင်တဲ့ Scholarship တွေကို ဆွတ်ခူးနိုင်ကြပါစေလို့ ဆုတောင်းပေးရင်းနောက်ထပ် Episode တွေမှာ ပြန်တွေ့ကြပါမယ်‌နော်။ 🙌💙





📢 Media Partnership Announcement❕Unilearn 🤝🏻 Million Chances Unilearn ကနေစီစဉ်ကျင်းပတဲ့ “Next Step, Claim Your Seat” On ...
28/02/2026

📢 Media Partnership Announcement❕

Unilearn 🤝🏻 Million Chances

Unilearn ကနေစီစဉ်ကျင်းပတဲ့ “Next Step, Claim Your Seat” On Ground Event ကြီးမှာ Million Chances ကနေ Media Partner အနေနဲ့ ကူညီအားဖြည့်ပေးထားကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ 📢

Event အကြောင်းအသေးစိတ် ~~

အထက်တန်းပညာရေးတစ်ခုပြီးထားပြီး နိုင်ငံရပ်ခြားမှာ ကိုယ့်ရဲ့ပညာရေးခရီးကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ...

🍂 လူငယ်တိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ “Scholarship” ရရေး၊

🍂 ဘယ်နိုင်ငံကိုသွားရမလဲ၊

🍂 ကိုယ်ကိုင်ထားတဲ့ လက်မှတ်တွေနဲ့ ဘယ်ကျောင်းက အဆင်ပြေနိုင်မလဲ...

စသဖြင့် အခွင့်အလမ်းအမျိုးမျိုး၊ လမ်းကြောင်းအမျိုးမျိုးကို ဆွေးနွေးမျှဝေကြဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ ✔️

🔎 ဒီ Event မှာဆိုရင် 📢

🔹 Scholarship application preparation process ဆိုင်ရာ လက်တွေ့လမ်းညွှန်ချက်၊ အကြံပေးချက်တွေနဲ့ သိကောင်းစရာတွေကို ပညာရေးနယ်ပယ်မှာ အတွေ့အကြုံအရရော၊ knowledge အရပါ ယုံကြည်အားကိုးရတဲ့ Guest Speaker တွေကနေ…

🧩 Panel discussion time မှာ မျှဝေဆွေးနွေးပေးမှာဖြစ်ပြီး၊ Q & A session တွေနဲ့ interactive activities တွေပါ ပါရှိမှာဖြစ်ပါတယ်။

🧩 Special literature talk အနေနဲ့ ကာတွန်းဆရာ Aw Pi Kyeh ရဲ့ “Outside the Box” အထူးဟောပြောပွဲ session အပြင်….

🧩 Quiz နဲ့ Group Activities တွေကနေတစ်ဆင့် Experience Sharing Sessions တွေလည်းပါဝင်သွားမှာပဲဖြစ်ပါတယ်။

📍 ဒီ event ကို ဘယ်သူတွေက လုံးဝလက်မလွှတ်သင့်ဘူးလဲ? 🧐

🗼 ပြည်ပပညာတော်သင်သွားဖို့ pathway အမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကနေ ကြိုးစားလုံးပမ်းနေကြတဲ့ ကျောင်းသားလူငယ်တွေ၊

🗽 လက်ရှိမှာ ကျောင်းလျှောက်နေဆဲ ကျောင်းသား၊ ကျောင်းသူတွေ၊

🕌 Scholarship opportunities တွေကို လိုက်လံရှာဖွေနေဆဲဖြစ်ပြီး application အတွက်ရော ဘာတွေပြင်ဆင်ထားပြီး ဘယ်ကစရမလဲ စဉ်းစားနေသူတွေ၊

🏛 မိမိရဲ့ future academic plan တစ်ခုကို ကျကျနန ပိုင်ပိုင်နိုင်နိုင် ရေးဆွဲသတ်မှတ်ထားလိုသူ လူငယ်တွေ အနေနဲ့ပါဝင်တက်ရောက်သင့်ပါတယ်။

📅 Event Details

• Date – 2nd March 2026 (Monday)
• Time – 8:30 AM to 4:30 PM
• Location – Impact Hub Yangon
(M-5)၊ ၃ လွှာ၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြိုနယ်၊ ရန်ကုန်မြို့။

❗️လူဦးရေ 50-70 သာလက်ခံမှာဖြစ်လို့ မြန်မြန်လေး Register လုပ်ပေးဖို့တော့လိုအပ်ပါမယ်နော်။

🎟 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤: https://forms.gle/Y5ZqpzhZ1darz4aRA

🧳 ကိုယ့်ရဲ့ တောက်ပြောင်တဲ့ အနာဂတ်ခြေလှမ်းသစ်တွေအတွက် ထိုင်ခုံတစ်နေရာစာ ပြေးဦးထားလိုက်ပါ။💺

📌 𝐍𝐞𝐱𝐭 𝐒𝐭𝐞𝐩,𝐂𝐥𝐚𝐢𝐦 𝐘𝐨𝐮𝐫 𝐒𝐞𝐚𝐭 ❕





22/02/2026

📣 DEADLINE EXTENDED: ASEAN-Maybank Scholarship က သူတို့ရဲ့ Application Deadline ကို March လ ၂ ရက်နေ့အထိ တိုးပေးထားတာမို့ MCers တို့ လျှောက်ဖို့ ပြင်နေသေးတယ်ဆိုရင် လူငယ့်ရေဒီယိုလေးရဲ့ ဒီအပိုင်းလေးကို ကြည့်ဖို့ မမေ့ကြပါနဲ့နော်။

Osmo Pocket 3 vs Iphone - Vlog ရိုက်ဖို့ ဘယ်တစ်ခုကပိုအဆင်ပြေမလဲ။ ✅Video Creator တွေအကြိုက် Osmo Pocket 3 က ဘာလို့နာမည်ကြ...
17/02/2026

Osmo Pocket 3 vs Iphone - Vlog ရိုက်ဖို့ ဘယ်တစ်ခုကပိုအဆင်ပြေမလဲ။ ✅

Video Creator တွေအကြိုက် Osmo Pocket 3 က ဘာလို့နာမည်ကြီးတာလဲ။ MC နဲ့အတူတူ စပ်စုကြည့်ရအောင်။ 👩🏻‍💻

MCers လေးအတွက် နည်းပညာဗဟုသုတတွေပြည့်လျှံနေတဲ့ How it works series ကပြန်အသက်ဝင်ပါပြီနော်။ ဒီတစ်ခေါက် Episode - 11 မှာတော့ သေးသေးလေးနဲ့အစွမ်းထက်တဲ့ Camera လေးအကြောင်းကို ပြောပြပေးသွားမှာပါ။ 🙌🏻

အခြေခံအချက်အနေနဲ့ Osmo Pocket 3 ဆိုဘာလဲ။ ❔

DJI Brand က Up to date ထုတ်ထားတဲ့ Osmo Pocket 3 ဆိုတာ Beginner တွေအတွက် အထူးထုတ်လုပ်ထားပြီး ရုပ်ရှင်ဆန်ဆန် အမိုက်စားဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ အိတ်ဆောင် ကင်မရာ အမျိုးအစားဖြစ်ပါတယ်ရှင်။ ဒီနေ့ခေတ်မှာ ကမ္ဘာတစ်ဝန်းလုံးမှာ ရေပန်းစားပြီး လူကြိုက်များတဲ့ Item လေးတစ်ခုပါ။ 🪄

အထူးကောင်းမွန်တဲ့ Feature တွေရောပါဝင်တာမို့ Benefit တွေကိုဆက်ကြည့်ရအောင်။ 🫶🏻

🎥အဆင့်မြင့်တဲ့ 1-inch CMOS sensor ပါဝင်လို့ အလင်းရောင်မှိန်တဲ့နေရာတွေမှာတောင် ကြည်လင်ပြတ်သားတဲ့ 4K/120fps ဗီဒီယိုတွေကို ရိုက်ကူးနိုင်ခြင်း၊
🎥3-axis mechanical gimbal နည်းပညာပါဝင်လို့ လမ်းလျှောက်ရင်း ရိုက်ရင်တောင် တုန်ခါမှုမရှိဘဲ ငြိမ်သက်ခြင်း၊
🎥လှည့်လို့ရတဲ့ 2inches OLED Touchscreen ပါဝင်ပြီး လှည့်လိုက်ရုံနဲ့ အလျားလိုက်နဲ့ဒေါင်လိုက် အလွယ်တကူ ပြောင်းလဲနိုင်ခြင်း စသဖြင့် တကယ်ကိုအဆင်ပြေသောပါပဲ။ 🙂‍↕️

ရိုက်ပေးမဲ့ Cameramen မရှိလို့စိတ်ညစ်ရတဲ့ခေတ်မဟုတ်တော့ဘူးနော်။ Osmo Pocket 3 နဲ့ဆို
Active Track - Face Auto-Detect System လေးဖွင့်ထားရုံပဲ။ ဒါဆိုရင် ကိုယ့်ရဲ့အနောက်ကနေ လိုက်ပြီး Auto Track ပေးနေမှာဖြစ်ပါတယ်ရှင်။ 🤩

ဒါတွေအပြင် အလန်းစားCreative ရိုက်ချက်တွေအတွက် 180° နဲ့ 90° ဆိုပြီး လှည့်လို့ရတဲ့ Spin Shot Feature လေးလည်း သုံးကြည့်သင့်တယ်နော်။ 👀

နိုင်ငံတကာထိုးဖောက်နေတဲ့ဒီCameraလေးကို မြန်မာနိုင်ငံမှာလည်းဝယ်ယူရရှိနေပြီမို့ ကိုယ်က Video Creator ဆိုရင် မမေ့ထားသင့်တဲ့ Item လေးပါပဲ။ ဒီလောက်ဆိုရင် Osmo Pocket 3 လေးရဲ့ အကြောင်းအရာကို စုံစုံလင်လင် MCers နားလည်သွားပြီမို့ Ep-12 အတွက် ဘာပစ္စည်းလေးအကြောင်းသိချင်လဲဆိုတာ Comment ရေးခဲ့ပါနော်။ 💙





13/02/2026

ဟိတ်…လူ့ငယ်ရေဒီယိုရဲ့ အပိုင်းသစ်ကို နားထောင်ပြီးပြီလား👀❓

တကယ်လို့ MCers လေးတို့က ဒီနှစ်အတွက် ASEAN-Maybank scholarship ကိုလျှောက်ဖို့ ပြင်ဆင်နေတဲ့သူတွေဆိုရင်တော့ ကျိန်းသေပေါက် ဒီ Episode လေးကိုနားထောင်သင့်တယ်နော်။🙂‍↕️

ASEAN-Maybank scholarship ရဲ့ Application process ကအခြား scholarship တွေနဲ့ယှဉ်ရင် နည်းနည်းထူးခြားပြီးကွဲထွက်နေတဲ့အတွက် လျှောက်တဲ့သူတွေအနေနဲ့ Application process တစ်လျှောက် ဘာကို expect လုပ်လို့ရလဲသိထားရင်တော့ အကောင်းဆုံးပါပဲ။ ဒီတစ်ခေါက် Episode 7 မှာလည်း Guest Speaker အစ်မ Sarah Mai ကနေ ASEAN-Maybank scholarship နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ‌သေချာလေးမျှဝေပြောပြပေးထားတာမို့ ဒီနှစ်အတွက် လျှောက်မယ့်သူတွေအနေနဲ့ Deadline မတိုင်ခင် အောက်က Link တွေမှာ ဝင်နားထောင်သွားပါဦးဗျို့။📣🙌

Spotify - https://open.spotify.com/episode/17SZKTncKLfU1d0dvxWEMZ?si=nMrpegmqSziR6T_8hLc--g

Apple Podcast - https://podcasts.apple.com/us/podcast/ep-7-the-way-they-made-it-with-ma-sarah-mai-asean/id1621663418?i=1000748721677

Youtube - https://youtu.be/nb1OODDHsb4





“လူငယ်တွေကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဖျက်စီးမိနေကြသလား”❓ဒါဟာလူငယ်တိုင်းအတွက် မှန်ချင်မှ မှန်လိမ့်မယ်ဆိုပေမဲ့ လူငယ်တော်...
11/02/2026

“လူငယ်တွေကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဖျက်စီးမိနေကြသလား”❓

ဒါဟာလူငယ်တိုင်းအတွက် မှန်ချင်မှ မှန်လိမ့်မယ်ဆိုပေမဲ့ လူငယ်တော်တော်များများ သူတို့ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ အကျင့်သေးသေးလေးတွေကနေ ကျန်းမာရေး မသိမသာထိခိုက်လာတယ်။ နောက်တော့သိသိသာသာကို ခံနိုင်ရည်အားတွေကျတယ်၊ ခဏခဏဖျားနာနေတယ်၊ စိတ်လည်း ထိခိုက်လွယ်လာတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မကျန်းမာရင် စိတ်ကိုတော်တော်ထိခိုက်စေပါတယ်နော် ။ 😷

ဒီတော့ ကျွန်တော်တို့လူငယ်တွေ ကျန်းမာတက်ကြွသောလူငယ်များ ဖြစ်အောင် ဘယ်လိုအချက်လေးတွေ လိုက်နာရမလဲ၊ ဘာအကျင့်တွေပြင်ရမလဲဆိုတဲ့ Health tips လေးတွေကို ကျွန်တော်တို့ Million Chances ကနေ မျှဝေပေးသွားပါမယ်။ အောက်မှာတစ်ပုံချင်းစီဆက်ဖတ်ပြီး အတူတူလည်း လိုက်လုပ်ရင်း အကျင့်တွေလည်း အတူတူပြင်ကြပါစို့။ ✊🏻⬇️

Revised version by Million Chances



ASEAN–Maybank Scholarship အိပ်မက်ကစပြီး အနာဂတ်ထိသွားမဲ့ MCers လေးတို့အတွက်“လူငယ့်ရေဒီယို" Ep-7 📻 မင်္ဂလာပါ MCers လေးတို့...
09/02/2026

ASEAN–Maybank Scholarship အိပ်မက်ကစပြီး အနာဂတ်ထိသွားမဲ့ MCers လေးတို့အတွက်“လူငယ့်ရေဒီယို" Ep-7 📻

မင်္ဂလာပါ MCers လေးတို့ရေ။ 💙

Million Chances ရဲ့ လူငယ့်ရေဒီယိုအစီအစဉ်လေးက Ep-7: The way they made it (ASEAN-Maybank Scholarship) နဲ့အတူ MCers လေးတို့ရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။🥳

ဒီတစ်‌ခေါက် လူငယ့်ရေဒီယိုရဲ့ Ep-7 မှာတော့ ထူးချွန်ထက်မြတ်ပြီး အားကျအတုယူဖွယ်ကောင်းတဲ့ အထူးဧည့်သည်တစ်ဦးကို ဖိတ်ခေါ်ထားပါတယ်နော်။ သူမကတော့ အစ်မ Sarah Mai ပဲဖြစ်ပါတယ်ရှင်။ အစ်မ Sarah ကတော့ လက်ရှိမှာ ASEAN–Maybank Scholar 2025 ဆုကို ဆွတ်ခူးထားပြီး ထိုင်းနိုင်ငံ Thammasat University မှာ Social Policy and Development ဘာသာရပ်ကို သင်ယူနေသူတစ်ဦးဖြစ်ပါတယ်။ 💁‍♀️

အစ်မ Sarah Mai ရဲ့ အောင်မြင်မှု မှတ်တိုင်များကို အတုယူဖွယ်ဖတ်ကြည့်ရအောင်နော်။ ✨

သူမက
💠ASEAN–Maybank Scholar 2025 ဆုကို ဆွတ်ခူးထားသူ၊
💠USAID Diversity & Inclusion Scholarship Awardee 2024 အဖြစ် ရွေးချယ်ခံရသူ၊
💠Exceptional Manager of the Month 2023 (ASEAN Youth Organization – Myanmar) ရဲ့ ဆုပိုင်ရှင်၊
💠Program Development Manager (AYO-Myanmar) အနေနဲ့ လူငယ်စွမ်းရည်မြှင့်တင်ရေးနှင့် SDGs လုပ်ငန်းစဉ်များကို ဦးဆောင်ခဲ့သူပါရှင်။

လူငယ့်ရေဒီယိုအစီအစဥ်လေးမှာ ပညာသင်ဆုများစွာရရှိထားတဲ့အစ်မ Sarah Mai ဆီက သူမရဲ့
⚜️ပညာရေးခရီးစဉ်၊
⚜️အခွင့်အလမ်းတွေကို ဘယ်လိုဖန်တီးရမလဲဆိုတဲ့ လျို့ဝှက်ချက်တွေကို နားဆင်ရမှာပါရှင်။ Podcast ရဲ့အဆုံးသတ်မှာ MCers လေးတို့လည်းလုပ်နိုင်တယ်ဆိုတဲ့ ခွန်အားတွေ ရရှိစေမှာ အသေအချာပါပဲနော်။ 🤩

🎙 အစ်မ Sarah Mai ရဲ့ အဖိုးတန်အတွေ့အကြုံတွေနဲ့ Scholarship Tip တွေကို အသေးစိတ် နားဆင်ချင်တယ်ဆိုရင်တော့ အောက်ပါ Link လေးတွေကို အခုပဲ Click နှိပ်လိုက်ရအောင်နော်။ 👇

Spotify - https://open.spotify.com/episode/17SZKTncKLfU1d0dvxWEMZ?si=nMrpegmqSziR6T_8hLc--g

Apple Podcast - https://podcasts.apple.com/us/podcast/ep-7-the-way-they-made-it-with-ma-sarah-mai-asean/id1621663418?i=1000748721677

Youtube - https://youtu.be/nb1OODDHsb4

🏆 ASEAN–Maybank Scholar 2026 လျှောက်ပြီး ပညာရေးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အတွက် Maybank Foundation ရဲ့ Official Website ကနေတစ်ဆင့် 20 February 2026 နောက်ဆုံးထား လျှောက်ထားဖို့ကိုလည်း သတင်းပါးပါရစေနော်။ 📣

MCers လေးတို့အားလုံးလည်း ကိုယ်လိုချင်တဲ့ Scholarship တွေကိုဆွတ်ခူးနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း နောက်ထပ် Episode တွေမှာ ပြန်တွေ့ကြရအောင်ရှင်။ တာ့တာ။ 💙






အချစ်ရေးမှာတင်မဟုတ်ဘဲ သင်ယူခြင်းမှာလည်း Right person ဖြစ်ဖို့လိုအပ်တယ်လို့ပြောရင် MCers လေးတို့ လက်ခံလား 🤔❓ပညာရပ်တစ်ခုကိ...
30/01/2026

အချစ်ရေးမှာတင်မဟုတ်ဘဲ သင်ယူခြင်းမှာလည်း Right person ဖြစ်ဖို့လိုအပ်တယ်လို့ပြောရင် MCers လေးတို့ လက်ခံလား 🤔❓

ပညာရပ်တစ်ခုကိုသင်ယူတယ်ဆိုတာ အိမ်ထောင်ပြုရသလိုပါပဲ။ အပြန်အလှန် အပေးအယူရှိမှ အိမ်ထောင်ရေးသာယာသလို ပညာရပ်တစ်ခုကို သင်ယူတဲ့အခါမှာလည်း ကိုယ့်ဘက်က commitment တစ်ခုနဲ့ အားစိုက်ထုတ်မှုရှိမှ ဒီပညာရပ်က ကိုယ့်ကိုပြန်ပြီးအကျိုးပြုတာပါ။ ဒါကြောင့် ခဲလေသမျှ သဲရေမကျရအောင် ဟိုဟာလေးသင်လိုက်၊ ဒီဟာလေးတတ်ချင်လိုက်နဲ့ လမ်းလည်းမပျောက်ရလေအောင် ဒီအချက်တွေကို အောက်မှာတစ်ပုံချင်းစီ ကြည့်ပြီးအရင်သုံးသပ်ကြည့်ရအောင်ခင်ဗျာ။ ⬇️💁🏻‍♀️

Revised version by Million Chances



23/01/2026

မိနစ် ၂၀ အချိန်ပေးရုံနဲ့ Child's Dream Scholarship winner ဖြစ်ဖို့ ခြေတစ်လှမ်းနီးနိုင်ပါပြီ။⏰🎊

အပြိုင်အဆိုင်များလှတဲ့ Scholarship journey မှာ အားလုံးထက်သာပြီး winner ဖြစ်ဖို့ဆိုတာ ကိုယ့်ဘက်က အချိန်တွေအများကြီးပေးပြီး ဘက်ပေါင်းစုံကနေ သေချာပြင်ဆင်ဖို့လိုပါတယ်။ ဒီလိုပြင်ဆင်တဲ့နေရာမှာ အရှေ့က Scholarship ရထားတဲ့ စီနီယာတွေရဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေနဲ့ အကြံ‌ပေးစကားလေးတွေကို နားထောင်တာကလည်း ပြင်ဆင်ခြင်းတစ်မျိုးပါပဲ။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Million Chances ရဲ့ Podcast အစီအစဉ်တစ်ခုဖြစ်တဲ့ လူငယ့်ရေဒီယိုကနေ Child's Dream Scholarship လျှောက်ဖို့ပြင်ဆင်နေတဲ့ MCers လေးတို့အတွက် Child's Dream Scholarship ရဲ့ winner တစ်ယောက်ဖြစ်တဲ့ Ko Zin Bo Oo ကိုဖိတ်ခေါ်ထားပါတယ်။✨

ဒီ Episode လေးမှာတော့ အစ်ကို့ရဲ့ Scholarship ခရီးလမ်းတလျှောက် ကြုံရတဲ့ အတွေ့အကြုံ၊ အခက်အခဲတွေနဲ့ နောက်ထပ်လျှောက်မယ့်သူတွေအတွက် အကြံပေးစကားလေးတွေ မျှဝေပြောပြပေးထားတာမို့ နားထောင်တဲ့သူတိုင်းအတွက် တကယ်ကို အထောက်အကူဖြစ်မှာ အမှန်ပါပဲ။

ဒါကြောင့် Full episode ကို အခုပဲ သွားနားထောင်လိုက်တော့နော်။😉

YouTube - https://youtu.be/sHEj-pijbhg

Spotify -
https://open.spotify.com/episode/2lTUOIJIE1mCc9YbRekKML?si=VFP4aqojQwCCBVVqItnrog




Child's Dream Scholarship ရယူလိုသူတိုင်း နားထောင်သင့်တဲ့ "လူငယ့်ရေဒီယို" Ep 6: The Way They Made It with Ko Zin Bo Oo 👨🏻...
19/01/2026

Child's Dream Scholarship ရယူလိုသူတိုင်း နားထောင်သင့်တဲ့ "လူငယ့်ရေဒီယို" Ep 6: The Way They Made It with Ko Zin Bo Oo 👨🏻‍🎓

Child's Dream Scholarship ဆိုတာ လူငယ်တွေကြား နာမည်ကြီးရေပန်းစားပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ လျှောက်ထားသူတွေကြားထဲကမှ Winner ဖြစ်ဖို့ဆိုတာကြိုးစားအားထုတ်မှုတွေအများကြီးလိုအပ်သလို Scholarship journey တလျှောက်မှာလည်း အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရမှာပါ။

ဒီတစ်ခေါက် လူငယ့်ရေဒီယိုရဲ့ Episode 6 မှာတော့ Child’s Dream Scholarship winner တစ်ဦးဖြစ်တဲ့ Ko Zin Bo Oo ရဲ့ Scholarship ခရီးလမ်းတလျှောက်မှာ ဘယ်လိုမျိုး‌တွေပြင်ဆင်ခဲ့တယ်၊ ဘာတွေကြုံတွေ့ခဲ့တယ်၊ ဘယ်လိုအခက်အခဲတွေကိုဖြတ်ကျော်ခဲ့ရလဲ စတဲ့အကြောင်းအရာတွေကို မျှဝေပြောပြပေးထားပါတယ်။

ဒီ Episode ရဲ့ Guest Speaker ဖြစ်တဲ့ Ko Zin Bo Oo ကတော့ လက်ရှိမှာ
🎗Chiang Mai University ရဲ့ Social Science Major ကိုတက်ရောက်နေသူ၊
🎗Pre College Program ရဲ့ Social Science Diploma ကိုရရှိထားသူဖြစ်ပါတယ်။

Volunteering အပိုင်းမှာလည်း အစ်ကိုက Community အတွက် (၅) နှစ်ကျော်ကြာ တစ်စိုက်မတ်မတ် လုပ်ကိုင်လာခဲ့ပြီး
🔹Youth Leadership
🔹Education Access
🔹Public Health Awareness နဲ့ပတ်သတ်ပြီး အတွေ့အကြုံကောင်းတွေရရှိခဲ့သူပါ။

Study Vs Work Life ကို သင့်တင့်ညီမျှအောင်ကြိုးစားရင်း
🌀General Secretary of Kyaung Su Volunteer Group
🌀Operation Specialist with the Burma Institute for Rural Development (B.I.R.D) အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒါ့အပြင် လူမှုဘဝတန်းတူညီမျှဖို့ရာ ခေါင်းဆောင်မှုကို အာရုံစိုက်နေတဲ့ အရည်အချင်းရှိတဲ့လူငယ်တစ်ယောက်ပါ။

ဒီလို အတွေ့အကြုံအများကြီးရှိတဲ့အစ်ကိုဆီကနေ Child's Dream Scholarship နဲ့ပတ်သက်တဲ့အ‌ကြောင်းအရာတွေကို နားထောင်ချင်ရင်တော့ Link လေးတွေ Click နှိပ်ပြီးနားထောင်လိုက်ရုံပါပဲနော် ။ 🎙📻

MCers လေးတို့အသီးသီးလည်း Scholarship တွေဆွတ်ခူးနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း နောက် Episode တွေမှာပြန်တွေ့ကြရအောင်ရှင်။

YouTube - https://youtu.be/sHEj-pijbhg

Spotify -
https://open.spotify.com/episode/2lTUOIJIE1mCc9YbRekKML?si=VFP4aqojQwCCBVVqItnrog




'sDreamScholarship

Address

Yangon

Alerts

Be the first to know and let us send you an email when Million Chances 2.0 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Million Chances 2.0:

Share