10/09/2025
🌍 World Su***de Prevention Day 2025 🌍
🗓September 10
ဒီနေ့ဟာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှု
ကာကွယ်ရေး၊ နားလည်ရေး၊ သတိပေးရေး အတွက် တစ်ကမ္ဘာလုံး အတူတူ စာနဲ့အမှတ်ရဖို့ သတ်မှတ်ထားတဲ့နေ့ဖြစ်ပါတယ်။
💡 ဘာကြောင့် ဒီနေ့အရေးကြီးသလဲ?
တစ်ခါတစ်ရံ စိတ်ဖိစီးမှု၊ စိတ်ကျဆင်းမှု၊ အလွန်အမင်းပင်ပန်းနွမ်းနယ်မှုတွေကြောင့် လူတချို့က သူတို့ရဲ့ဘဝကို အဆုံးသတ်ချင်သလိုခံစားကြရတတ်ပါတယ်။ အဲ့ဒီအချိန်တွေမှာသူ့ကိုနားထောင်ပေးသူတစ်ယောက်၊ အတူရှိနေပေးမဲ့လူတစ်ယောက်ဟာ အသက်တစ်ခုကိုကယ်တင်နိုင်ပါတယ်။
✨ Theme (၂၀၂၄–၂၀၂၆): “Changing the Narrative on Su***de”
ဒီအခါအခါမှာ တို့တွေလိုအပ်တာက အပြစ်တင်စကား၊ စွပ်စွဲစကားတွေကိုဖယ်ပြီး အပြန်အလှန် နားလည်ပေးတဲ့ စကားဝိုင်း စတင်ဖို့ပါ။
💙 တို့တွေ ဘာတွေ လုပ်နိုင်မလဲ?
စိတ်ကျဆင်းနေသူကို အတူရှိပေးပြီးသူပြောချင်တာတွေဂရုတစိုက်နားထောင်ပေးပါ၊
“သေချင်နေတယ်” ဆိုပြီး ပြောမိသူကို အလေးထားပြီး အရေးကြီးနေပြီလိုသိထားပေးပါ။
မိသားစု၊ မိတ်ဆွေတွေကို အချိန်ပေးပြီး အတူရှိပေးပါ
အထိရောက်ဆုံးက မေးမိ၊ နားထောင်၊ ကူညီ ပေးနိုင်ဖို့ဖြစ်ပါတယ်
🗣 “Start the Conversation” — စကားစပြောခြင်းက ကူညီဖို့ ပထမဆုံးအဆင့်ဖြစ်ပါတယ်။
📌 သတိထားစရာ
တို့တွေသတိမထားမိတဲ့အချိန်မျိုးတွေမှာလည်းစိတ်ထိခိုက်နေသူတစ်ယောက်ကို နေရာတကာမှာ တွေ့ရတတ်ပါတယ်။ သို့သော် သင့်ရဲ့ မေတ္တာစကား တစ်ခု၊ နားထောင်တဲ့အမြင် တစ်ချက် က အသက်တစ်ခုကို ကယ်တင်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။
💚 ဘဝဟာ တန်ဖိုးမဖြတ်နိုင်ပါ။
မင်း အထိအခိုက်မခံရအောင် ကူညီဖို့ လူအများစုက အတူတူ ရှိနေကြပါတယ်။
***dePreventionDay