LIFT Myanmar

LIFT Myanmar The Livelihoods and Food Security Fund (LIFT) is a multi-donor fund established in Myanmar in 2009.

LIFT is a multi-donor fund established in 2009, focused on strengthening resilience, supporting sustainable livelihoods, and promoting food security across Myanmar—helping individuals and communities reach their full potential. Operating under the management of the United Nations Office for Projects Services (UNOPS), LIFT aims to strengthen the resilience and sustainable livelihoods of poor househ

olds by helping people reach their full economic potential. This is achieved through increasing incomes, improving the nutrition of women and children, and decreasing vulnerabilities to shocks, stresses and adverse trends. LIFT is also working to encourage diversification in agriculture, more microfinance financial services, gender equality, social protection initiatives, safe migration, and skilling people for new jobs. LIFT has reached around 7.4 million vulnerable people in 276 townships across all 14 states and regions. LIFT finances projects implemented by partners, and provides technical expertise, targeted research and its position of oversight to improve programme design and cohesion for better overall impact. LIFT’s partners include local and international non-government organisations, UN agencies, civil society actors, academic and research bodies, and the private sector. LIFT has received funding from altogether 16 international donors since it was established. The current donors are the UK, the EU, Australia, Switzerland, the US, Canada, New Zealand, Norway and Denmark.

04/09/2026

ကျန်းမာကောင်းမွန်သော မြေဆီလွှာသည် ကျွန်ုပ်တို့ ခြေဖဝါးအောက်ရှိ သက်ရှိများမှ စတင်ပါသည်။ ဒေသခံအကျိုးပြုအဏုဇီဝပိုးမွှားများ (Indigenous Microorganisms – IMO) ဆိုသည်မှာ ဒေသတစ်ခုအတွင်း သဘာဝအလျောက် ရှင်သန်ပေါက်ဖွားနေပြီး ထိုဒေသ၏ မြေဆီလွှာနှင့် ပတ်ဝန်းကျင်အခြေအနေများနှင့် လိုက်လျောညီထွေစွာ ရှင်သန်နိုင်သည့် အဏုဇီဝပိုးမွှားများကို ဆိုလိုပါသည်။

တောင်သူများအနေဖြင့် မိမိတို့၏ ဒေသပတ်ဝန်းကျင်တွင် သဘာဝအလျောက်ရှိနေသော အဏုဇီဝပိုးမွှားများကို စုဆောင်း၍ မွေးမြူပွားများခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ရှိပြီးသား ဇီဝအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ပါသည်။ အထူးသဖြင့် စီးပွားဖြစ်ထုတ်လုပ်ထားသော အဏုဇီဝထုတ်ကုန်များကို လက်လှမ်းမီရန် ခက်ခဲသည့် ဒေသများတွင် ယင်းနည်းလမ်းသည် လက်တွေ့အသုံးဝင်နိုင်ပြီး သက်ရှိများဖြင့် ရှင်သန်အားကောင်းသော ကျန်းမာသည့် မြေဆီလွှာကို ပံ့ပိုးပေးနိုင်သည့် ဒေသအခြေပြု နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။

IMO ကို လက်တွေ့တွင် မည်သို့ အသုံးချနိုင်သည်ကို ပိုမိုသိရှိလိုပါသလား။ ဒေသတွင်း ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြု၍ IMO ကို စုဆောင်းခြင်း၊ ပွားများခြင်းနှင့် လယ်ယာမြေတွင် အသုံးချခြင်းတို့ကို ယခု ဗီဒီယိုတွင် လေ့လာကြည့်ရှုနိုင်ပါသည်။

⚠️ သတိပြုရန်: ဤဗီဒီယိုတွင် ပညာပေးနှင့် ဇာတ်ကြောင်းဖော်ပြမှု ရည်ရွယ်ချက်များအတွက် ဖန်တီးထားသော AI-generated visuals များ ပါဝင်ပါသည်။ ဖော်ပြထားသော လူပုဂ္ဂိုလ်များ၊ နေရာများနှင့် မြင်ကွင်းများသည် အမှန်တကယ်ရှိသူများ သို့မဟုတ် အမှန်တကယ် ဖြစ်ရပ်များကို ကိုယ်စားပြုဖော်ပြထားခြင်း မဟုတ်ပါ။


UNOPS

04/09/2026

Healthy soil starts with life beneath our feet. Indigenous microorganisms, or IMOs, are colonies of microbes that naturally live and thrive in a particular area and are adapted to local soil and environmental conditions.

By collecting and cultivating microorganisms from their local environment, farmers can make use of biological resources already available around them. This is especially practical in areas where commercial microbial products are less accessible, while offering a locally based approach to supporting healthy, living soils.

Curious about how it works? Watch this video to discover how farmers can collect, cultivate and apply microorganisms using locally available resources.

⚠️ Disclaimer: This video contains AI-generated visuals created for educational and storytelling purposes. The people, locations, and scenes shown do not depict real individuals or actual events.


UNOPS

LIFT is a multi-donor pooled fund with contributions from:
Australian Embassy in Myanmar, Embassy of Canada to Myanmar , European Union in Myanmar, New Zealand Embassy Yangon, Myanmar , Royal Norwegian Embassy in Yangon , Embassy of Switzerland in Myanmar, UK in Myanmar, U.S. Embassy Rangoon

02/09/2026

👀 အနီးကပ် ကြည့်ကြစို့! ငရုတ်သီး တစ်တောင့်ထဲမှာ ဘာတွေရှိနေသလဲ?

ငရုတ်သီးဆိုတာ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်ပြီးသား အစားအစာတွေနဲ့ တွဲဖက်စားသုံးလေ့ရှိတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ ငရုတ်သီးတစ်တောင့်ရဲ့ အတွင်းပိုင်းကို အသေးစိတ် ကြည့်လိုက်ရင် စေ့တွေအပြင် အခြား ရှာဖွေတွေ့ရှိစရာတွေ အများကြီး ရှိနေပါတယ်။

ကျွန်တော်တို့ အတော်များများက ငရုတ်သီးရဲ့ စပ်တဲ့အရသာဟာ အစေ့တွေကြောင့်လို့ ထင်မှတ်တတ်ကြပါတယ်။ အမှန်တော့ အစေ့တွေက စပ်စေတဲ့ ဓာတ်ပေါင်းကို သီးသန့် ထုတ်လုပ်ပေးတာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ခံစားရတဲ့ ပူစပ်စပ် ခံစားချက်ဟာ Capasacin (ကက်ပဆေးဆင်း) အပါအဝင် Capsaicinoids လို့ခေါ်တဲ့ ဓာတ်ပေါင်းတွေကြောင့် ဖြစ်ပါတယ်။ Capsaicin ကို အဓိကအားဖြင့် အစေ့များ တွယ်ကပ်နေသည့် 'Placenta' (အချင်း) လို့ခေါ်တဲ့ အတွင်းပိုင်း အဖြူရောင် အမျှင်အဖတ်လေးတွေမှာ ထုတ်လုပ်တာပါ။ အစေ့များဟာ အဆိုပါ ထိကပ်နေသည့် ပတ်ဝန်းကျင် အမျှင်အဖတ်များမှ Capsaicin ဓာတ်ကို ကူးစက်ရရှိသွားခြင်းဖြစ်ပြီး၊ အစေ့များက အစပ်ဆုံးအပိုင်းဟု လူသိများရသည့် အကြောင်းရင်းလည်း ဖြစ်နိုင်ပါတယ်။

ငရုတ်သီးဟာ အစားအစာများအတွက် ပူစပ်တဲ့ အရသာတစ်ခုတည်းကိုပဲ ပေးစွမ်းတာ မဟုတ်ပါဘူး။

ငရုတ်သီးစိမ်း (အထူးသဖြင့် ငရုတ်သီးနီများ) မှာ ဗီတာမင် စီ (Vitamin C) ပမာဏ မြင့်မားစွာ ပါဝင်ပြီး ဗီတာမင်အေ အဖြစ် ပြောင်းလဲပေးနိုင်သော ကာရိုတီးနွိုက်များ (Provitamin A carotenoids) အပါအဝင် အခြား အာဟာရဓာတ်များနှင့် အပင်ထွက် ဓာတ်ပေါင်းများ ပါဝင်ကြပါတယ်။ ၎င်းတို့၏ အာဟာရဓာတ် ပါဝင်မှုသည် ငရုတ်သီး အမျိုးအစားနှင့် ရင့်မှည့်မှု အဆင့်ပေါ် မူတည်၍ ကွဲပြားနိုင်ပါတယ်။

ငရုတ်သီးကို ပူနွေးသည့် စိုက်ပျိုးရေး ပတ်ဝန်းကျင် (၂၀ ဒီဂရီ ဆဲလ်စီးယပ်စ် မှ ၃၀ ဒီဂရီ ဆဲလ်စီးယပ်စ် / ၆၈ ဒီဂရီ ဖာရင်ဟိုက် မှ ၈၆ ဒီဂရီ ဖာရင်ဟိုက် ကြား) ရှိသော ကမ္ဘာ့နေရာ အတော်များများတွင် စိုက်ပျိုးကြပါတယ်။ လုံလောက်သော နေရောင်ခြည်၊ သင့်တော်သော မြေဆီလွှာနှင့် သေချာ ဂရုစိုက် ရေလောင်းပေးမည်ဆိုပါက နေရာအခက်အခဲရှိသည့် အိမ်များတွင်ပင် စိုက်ပျိုးရေးအိုးများဖြင့် တပိုင်တနိုင် စိုက်ပျိုးနိုင်ပါတယ်။

သူတို့ပေးစွမ်းသည့် အာဟာရဓာတ်များမှသည် စိုက်ပျိုးရှင်သန်ပုံအထိ၊ ကျွန်ုပ်တို့နှင့် ရင်းနှီးပြီးသား ဒီအသီးသေးသေးလေးသည် အံ့ဩစရာ အာဟာရ အမြောက်အမြား ပုန်းကွယ်နေတာပါ။

တစ်ခါတစ်ရံမှာ အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုကို နားလည်ဖို့ဆိုတာ ပိုမိုနီးကပ်စွာ စေ့စေ့စပ်စပ် ကြည့်ရှုခြင်းမှ စတင်ပါတယ်။ 👀

👀 Look Closer: What’s inside a chilli?

It’s an ingredient we know well in Myanmar. But look closely inside a chilli, and there’s more to discover than seeds.

Many of us associate a chilli’s heat with its seeds. But the seeds themselves don’t produce the heat-causing compound.

The burning sensation we experience comes from compounds called capsaicinoids, including capsaicin. Capsaicin is produced mainly in the pale inner tissue called the placenta, where the seeds are attached. The seeds can pick up capsaicin from contact with this surrounding tissue—which may be why they have a reputation for being the hottest part.

Chilli brings more than heat to our food.

Fresh chillies (especially red ones) contain high concentrations of vitamin C and contain other nutrients and plant compounds, including provitamin A carotenoids. Their nutritional content can vary by chilli type and stage of maturity.

Chillies are also grown in many parts of the world, across a range of warm growing environments (between 20°C and 30°C (68°F–86°F). With sufficient sunlight, suitable soil, and careful watering, you can even grow them in containers where space is limited.

From the nutrients they provide to the way they grow, this small, familiar food packs a lot.

Sometimes, understanding nutritious food starts by looking a little closer. 👀

ရွံ့ကဏန်း နဲ့ ဒီရေတော/လမုတောတွေ ကြားမှာ ဘာပတ်သက်ဆက်နွှယ်မှု ရှိနေသလဲ။တော်တော်လေးကို အများကြီး ပတ်သက်နေပါတယ်။မြန်မာနိုင်င...
28/08/2026

ရွံ့ကဏန်း နဲ့ ဒီရေတော/လမုတောတွေ ကြားမှာ ဘာပတ်သက်ဆက်နွှယ်မှု ရှိနေသလဲ။

တော်တော်လေးကို အများကြီး ပတ်သက်နေပါတယ်။

မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသက မိသားစုအများအပြားအတွက်တော့ အဖြေက ရှင်းရှင်းလေးပါပဲ။ ဒါဟာ ဝင်ငွေ၊ လူမှုဘဝ တည်ငြိမ်မှုနဲ့ အနာဂတ်အတွက် အထောက်အပံ့တစ်ခု ဖြစ်ပါတယ်။

ရွံ့ကဏန်းတွေဟာ ရွံ့နွံထူထပ်တဲ့ မြေပြင်၊ ဒီရေအတက်အကျနဲ့ ခိုလှုံရာ အမိုးအကာတွေ ပြည့်စုံတဲ့ ကမ်းရိုးတန်း လမုတော ဂေဟစနစ်ထဲမှာ ကောင်းမွန်စွာ ရှင်သန်ကြီးထွားကြတာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသရှိ မိသားစုများစွာအတွက် ဒီရေတောတွေကို ထိန်းသိမ်းတာဟာ ရွံ့ကဏန်းများ ဖမ်းဆီးခြင်း၊ မွေးမြူခြင်းနှင့် ရောင်းချခြင်းတို့ပြုလုပ်ရာ စားနပ်ရိက္ခာ မူလရင်းမြစ်နဲ့ ဝင်ငွေလမ်းကြောင်း နှစ်ခုလုံးကို အကာအကွယ်ပေးလိုက်တာနဲ့ အတူတူပါပဲ။

ဒါကြောင့်မို့လို့ ဒီရေတောတွေအကြောင်း ပြောတဲ့အခါ ကျွန်တော်တို့ဟာ သစ်တောတစ်ခုတည်း အကြောင်းကိုပဲ ပြောနေတာ မဟုတ်ပါဘူး။ ပိုမိုကျယ်ပြန့်တဲ့ ကမ်းရိုးတန်း ပတ်ဝန်းကျင် ဂေဟစနစ်၊ အဲဒီဒေသနဲ့ ဆက်စပ်နေတဲ့ သက်ရှိမျိုးစိတ်တွေနဲ့ ဒေသခံတွေရဲ့ ဝမ်းစာရေး အသက်မွေးဝမ်းကျောင်းတွေအကြောင်းကိုပါ ထည့်သွင်းပြောဆိုနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ နောက်ထပ် မေးခွန်းတစ်ခု ထွက်ပေါ်လာပါတယ်။

ဒါဆိုရင် ဒီရေတော/ လမုတောတွေထဲမှာ ကဏန်းမဲတွေကို ဘယ်လို မွေးမြူကြသလဲ။

ဒီအကြောင်းကိုတော့ နောက်အပိုင်းမှာ ဆက်လက် လေ့လာသွားပါမယ်။

What does a mud crab have to do with a forest?

Quite a lot.

For many coastal families in Myanmar, the answer is simple: it’s a source of income, stability, and a future.

Mud crabs thrive in coastal mangrove environments, where muddy ground, tidal water and sheltered areas create suitable conditions to live and grow.

For many families in Myanmar's coastal area, protecting the forest means protecting both food sources and income—where mud crabs are caught, raised and sold.

So when we talk about mangroves, we are not only talking about forests. We are talking about the wider coastal environment, the species and livelihoods connected to it.

But that raises another question:

How are mud crabs farmed in mangrove forests?

We will look into that next.

ဒီရေတော။ ပုန်းတော။ ဒီဂျင်းတော။ လမုတော။ကုန်းမြေနဲ့ ပင်လယ်ကြားမှာ ဘယ်လိုသစ်တောမျိုး တည်ရှိနေတာလဲ။ဒေသခံလူထုအသီးသီးက သူတို့က...
25/08/2026

ဒီရေတော။ ပုန်းတော။ ဒီဂျင်းတော။ လမုတော။

ကုန်းမြေနဲ့ ပင်လယ်ကြားမှာ ဘယ်လိုသစ်တောမျိုး တည်ရှိနေတာလဲ။

ဒေသခံလူထုအသီးသီးက သူတို့ကို အမည်အမျိုးမျိုးနဲ့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ ပုန်းတော (ဒီရေတော) တွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ သူတို့ ပေါက်ရောက်ရာနေရာနဲ့ ဘယ်လိုရှင်သန်ကြတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီရေတောတွေဟာ ဒီရေအတက်အကျ မှန်မှန်ရှိတဲ့ ကုန်းမြေနဲ့ ပင်လယ်စပ် ကြားနေရာတွေမှာ ပေါက်ရောက်ကြတာပါ။ အခြားသစ်ပင်အများစု ရှင်သန်ဖို့ ရုန်းကန်ရမယ့် ရွှံ့နွံထူထပ်၊ ငံကျဲကျဲနဲ့ ရေဝပ်နေတဲ့ ပတ်ဝန်းကျင်မျိုးမှာ ဒီရေတောတွေက အလိုက်သင့် ရုန်းကန်ရှင်သန်နိုင်ကြပါတယ်။

ဒါ့ပြင် သူတို့ရဲ့ အမြစ်တွေကလည်း သီးခြားရှိနေပြန်ပါတယ်။

ထူထပ်ပြီး တစ်ခါတစ်ရံ ဆန်းပြားတဲ့ အမြစ်အဖွဲ့အစည်းတွေဟာ နှုန်းနွံတွေကို ထိန်းသိမ်းပေးပြီး လှိုင်းတံပိုးနဲ့ ရေစီးကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကမ်းရိုးတန်း ရေတိုက်စားမှုကို လျှော့ချပေးပါတယ်။ အဲဒီအမြစ်တွေရဲ့ အောက်ခြေနဲ့ ကြားအလွှာတွေမှာတော့ နောက်ထပ် ရေအောက်ကမ္ဘာတစ်ခု ရှိနေပါတယ်၊ အဲဒါကတော့ ငါး၊ ကဏန်းနဲ့ အခြားရေသတ္တဝါမျိုးစိတ်တွေ စားကျက်အဖြစ် အကာအကွယ်ယူ လှုပ်ရှားကျက်စားကြတဲ့ နေရာပဲ ဖြစ်ပါတယ်။

ကမ်းရိုးတန်းဒေသခံတွေအတွက်တော့ ဒီရေတောဆိုတာ သစ်တောတစ်ခုထက်မကပါဘူး။ သူတို့ဟာ ကမ်းခြေတန်းတွေကို ကာကွယ်ပေးသလို၊ လူထုရဲ့ ဝမ်းစာရေး မှီခိုနေရတဲ့ ရေသတ္တဝါတွေကိုလည်း ထောက်ပံ့ပေးထားတဲ့ ရှင်သန်နေသော ကမ်းရိုးတန်း ဂေဟစနစ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ဒါကပဲ ကျွန်တော်တို့ကို ဒီရေတောရဲ့ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ သက်ရှိမျိုးစိတ်တစ်ခုဆီကို ခေါ်ဆောင်သွားတာပါပဲ၊ အဲဒါကတော့ "ဒီရေတောကဏန်း (သို့) ရွှံ့ကဏန်း" ပဲ ဖြစ်ပါတယ်။

ဒီအကြောင်း နောက်ထပ် ပို့စ်မှာ ဆက်လက်ဖော်ပြပေးပါမယ်။

What forest sits between the land and the sea?

Different communities know them by different names. But what makes mangrove forests fascinating is where they are and how they thrive.

Mangroves grow in the space between land and sea, regularly surrounded by rising and falling tides. Where many trees would struggle, mangroves have adapted to muddy, salty and waterlogged conditions.

And then there are the roots.

The dense, sometimes unusual-looking root system traps sediment and reduces coastal erosion caused by waves and strong water movement. Beneath and between those roots is another world: sheltered areas used by fish, crabs and other aquatic species.

For coastal communities, mangroves are much more than a forest. They form part of a living coastal system that helps protect shorelines while supporting the aquatic life many livelihoods depend on.

And that brings us to one particularly interesting mangrove resident: the mud crab.

More on that in our next post.

[Eng below]မှိုစိုက်ပျိုးခြင်းသည် ကျွမ်းကျင်မှုများကို တည်ဆောက်ပေးပြီး အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသကဲ...
21/08/2026

[Eng below]
မှိုစိုက်ပျိုးခြင်းသည် ကျွမ်းကျင်မှုများကို တည်ဆောက်ပေးပြီး အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသကဲ့သို့ ဝင်ငွေအရင်းအမြစ်အသစ်များကိုလည်း ဖန်တီးပေးပါသည်။

LIFT မှ ပံ့ပိုးထားသော သင်တန်းများမှတစ်ဆင့် လူမှုအသိုက်အဝန်းဝင်အဖွဲ့တစ်ဖွဲ့သည် oyster mushroom ဟုခေါ်သည့် ငွေနှင်းမှို စိုက်ပျိုးနည်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုကို စီမံခန့်ခွဲနည်းတို့ကို သင်ယူခဲ့ကြပါသည်။ ၎င်းတို့သည် မိမိတို့၏ အသိပညာနှင့် အရင်းအမြစ်များကို စုပေါင်းကာ ရိုးရှင်းသော မှိုထုတ်လုပ်ရေးအိမ်တစ်လုံးကို တည်ထောင်ခဲ့ကြပါသည်။

တစ်ဦးချင်းစီသည် မှိုစိုက်အိတ်များ ပြင်ဆင်ခြင်းနှင့် ထုတ်လုပ်မှုကို စောင့်ကြည့်ခြင်းမှစ၍ အရည်အသွေး၊ ဘဏ္ဍာရေးနှင့် အရောင်းကို စီမံခန့်ခွဲခြင်းအထိ မတူညီသော တာဝန်များကို ယူဆောင်ခဲ့ကြပါသည်။ တာဝန်များကို မျှဝေပြီး ရည်မှန်းချက်တစ်ခုတည်းသို့ ဦးတည်ကာ အတူတကွ လုပ်ဆောင်ခြင်းအားဖြင့် ယခုအခါ ဒေသတွင်းဈေးကွက်များသို့ လတ်ဆတ်သော ငွေနှင်းမှို များ ပံ့ပိုးပေးနိုင်ပြီး ၎င်းတို့၏ အိမ်ထောင်စုများအတွက်လည်း ထပ်ဆောင်းဝင်ငွေကို ဖန်တီးပေးနိုင်သော လုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြပါသည်။

၎င်းတို့၏ အတွေ့အကြုံများက အသက်မွေးဝမ်းကျောင်းမှုတစ်ခု တည်ဆောက်ရာတွင် အရင်းအမြစ်များရှိရုံမျှဖြင့် မလုံလောက်ကြောင်း ပြသနေပါသည်။ လက်တွေ့အသုံးချနိုင်သော အသိပညာ၊ အတူတကွ ပူးပေါင်းဆောင်ရွက်မှုနှင့် စိတ်ပိုင်းဖြတ် ကြိုးပမ်းအားထုတ်မှုတို့ကသာ ထိုအသက်မွေးဝမ်းကျောင်းမှုကို ပိုမိုခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်စေပါသည်။

တစ်ခါတစ်ရံတွင် နေရာသေးသေးလေးတစ်ခု၊ မျှဝေထားသော ကျွမ်းကျင်မှုများနှင့် ထိုကျွမ်းကျင်မှုများကို လက်တွေ့အသုံးချနိုင်မည့် အခွင့်အလမ်းတစ်ခုတို့သာ ရှိလျှင်ပင် အဓိပ္ပာယ်ရှိသော အရာတစ်ခုကို ဖန်တီးနိုင်ပါသည်။

Growing mushrooms builds skills, strengthens teamwork, and creates new sources of income.

Through training supported by LIFT, a group of community members learned how to grow oyster mushrooms and manage a small enterprise. They brought together their knowledge and resources to set up a simple mushroom production house.

Each person took on a different role, from preparing the growing bags and monitoring production to managing quality, finances, and sales. By sharing responsibilities and working toward a common goal, they built an enterprise that now supplies fresh oyster mushrooms to local markets and provides additional income for their households.

Their experience shows that livelihoods are built through more than resources alone. They grow through practical knowledge, collaboration, and determination.

Sometimes, a small space, shared skills, and the chance to put those skills into practice can be enough to create something meaningful.


UNOPS

18/08/2026

မိုးရာသီ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ပိုမိုအေးမြသော အပူချိန်နှင့် စိုထိုင်းဆမြင့်မားသော အခြေအနေများကို ဖြစ်ပေါ်စေပါသည်။ ယင်းသည် oyster mushroom ဟုခေါ်သည့် ငွေနှင်းမှို စိုက်ပျိုးရန် အလွန်သင့်တော်သော အခြေအနေများဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံတွင် အများဆုံး စားသုံးကြသော မှိုများထဲမှ တစ်မျိုးဖြစ်ပါသည်။

စိုက်ပျိုးရေးဟု ဆိုလိုက်သည်နှင့် ကျယ်ပြန့်သော လယ်ယာမြေများကို အများအားဖြင့် မြင်ယောင်တတ်ကြသော်လည်း မှိုစိုက်ပျိုးခြင်းသည် နေရာအကျယ်အဝန်း မလိုအပ်ဘဲ လိုက်လျောညီထွေ ဆောင်ရွက်နိုင်သော အခြားရွေးချယ်စရာတစ်ခုဖြစ်ပါသည်။ နေရာကျဉ်းကျဉ်းနှင့် ထိန်းချုပ်စီမံနိုင်သော စိုက်ပျိုးပတ်ဝန်းကျင်ကို အသုံးပြုခြင်းဖြင့် အိမ်ထောင်စုများနှင့် ထုတ်လုပ်သူများသည် ဝင်ငွေရရှိစေမည့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများကို ဖန်တီးနိုင်သည့်အပြင် ဒေသတွင်းမှ ထုတ်လုပ်ထားသော အာဟာရပြည့်ဝသည့် အစားအစာများကိုလည်း လက်လှမ်းမီနိုင်ပါသည်။ လိုအပ်သည်မှာ မှိုစိုက်အိတ်များနှင့် ရိုးရှင်းသော မှိုစိုက်အိမ်တစ်ခုသာ ဖြစ်ပါသည်။

ဤကဲ့သို့သော အစားအစာထုတ်လုပ်မှုနည်းလမ်းသည် အိမ်ထောင်စုများနှင့် အသေးစားထုတ်လုပ်သူများအတွက် ဆန်းသစ်တီထွင်သော စိုက်ပျိုးရေးနည်းလမ်းများသည် သမားရိုးကျ မြေယာအသုံးပြုမှုကို ကျော်လွန်၍ အောင်မြင်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်း ပြသနေသည့် အားတက်ဖွယ် ဥပမာတစ်ခုဖြစ်ပါသည်။

မှိုစိုက်ပျိုးရေးကျွမ်းကျင်မှုများ၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုနှင့် စနစ်တကျ စီမံကိန်းချမှုတို့က လူမှုအသိုင်းအဝိုင်းများအတွက် အခွင့်အလမ်းအသစ်များကို မည်သို့ ဖန်တီးပေးနေသည်ကို ကျွန်ုပ်တို့ ဆက်လက်မျှဝေသွားမည်ဖြစ်ပါသည်။

⚠️ သတိပြုရန်: ဤဗီဒီယိုတွင် ပညာပေးနှင့် ဇာတ်ကြောင်းဖော်ပြမှု ရည်ရွယ်ချက်များအတွက် ဖန်တီးထားသော AI ဖန်တီးမှု ရုပ်ပြပုံများ ပါဝင်ပါသည်။ ဖော်ပြထားသော လူပုဂ္ဂိုလ်များ၊ နေရာများနှင့် မြင်ကွင်းများသည် အမှန်တကယ်ရှိသူများ သို့မဟုတ် အမှန်တကယ် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များကို ကိုယ်စားပြုဖော်ပြထားခြင်း မဟုတ်ပါ။

18/08/2026

The monsoon has arrived, bringing cooler temperatures and higher humidity, ideal conditions for oyster mushroom cultivation. They are among the most commonly consumed mushrooms in Myanmar.

While we often associate agriculture with vast fields, mushroom farming offers a highly versatile alternative. By utilising small, controlled spaces, households and producers can create sustainable opportunities to generate income and access nutritious, locally-grown food. All that is required is growing bags and a simple mushroom house.

This type of food production is an inspiring example of how innovative farming for households and small producers can thrive beyond traditional land use.

Stay tuned as we share the story of how mushroom-growing skills, teamwork, and careful planning are creating new possibilities for communities.

⚠️ Disclaimer: This video contains AI-generated visuals created for educational and storytelling purposes. The people, locations, and scenes shown do not depict real individuals or actual events.

[Eng below]လူငယ်တိုင်းသည် မတူညီကြပါ။မြန်မာနိုင်ငံ၏ လူဦးရေစုစုပေါင်း သုံးပုံတစ်ပုံကျော်သည် အသက် ၁၈ နှစ်မှ ၂၄ နှစ်အရွယ် လူ...
12/08/2026

[Eng below]

လူငယ်တိုင်းသည် မတူညီကြပါ။

မြန်မာနိုင်ငံ၏ လူဦးရေစုစုပေါင်း သုံးပုံတစ်ပုံကျော်သည် အသက် ၁၈ နှစ်မှ ၂၄ နှစ်အရွယ် လူငယ်များဖြစ်ကြပြီး ၎င်းတို့၏ ဘဝအခြေအနေများမှာလည်း များစွာကွဲပြားကြပါသည်။

နေထိုင်ရာဒေသ မတူကြပါ။
ကျား၊ မ မတူကြပါ။
လက်လှမ်းမီနိုင်သည့် အရင်းအမြစ်များ မတူကြပါ။
လူမျိုး မတူကြပါ။

သို့သော် ထိုမတူကွဲပြားမှုများကြားတွင် ၎င်းတို့အားလုံး၌ တူညီသောအရာတစ်ခု ရှိပါသည်။ ထိုအရာမှာတူညီသော ရည်မှန်းချက်များ ရှိခြင်းဖြစ်ပါသည်။

အရည်အသွေးပြည့်ဝသော ပညာရေး။
သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်။
အဓိပ္ပာယ်ပြည့်ဝသော ပါဝင်ဆောင်ရွက်ခွင့်။
ငွေကြေးဆိုင်ရာ လုံခြုံမှု။
ရေရှည်တည်တံ့သော အနာဂတ်။

မြန်မာနိုင်ငံရှိ လူငယ်များ၏ ၇၅.၈ ရာခိုင်နှုန်း မှာ ပညာသင်ကြားခြင်း သို့မဟုတ် သင်တန်းတက်ရောက်ခြင်း မရှိကြဘဲ၊ ၂၅ ရာခိုင်နှုန်း မှာလည်း အလုပ်အကိုင် မရှိကြပါ။ ၎င်းတို့သည် လက်တွေ့အသုံးချနိုင်သော ကျွမ်းကျင်မှုများကို တိုးတက်အောင် လေ့လာသင်ယူနိုင်ခြင်း မရှိသလို ဝင်ငွေရှာဖွေနိုင်ခြင်းလည်း မရှိကြပါ။ ထို့အပြင် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုမှ လွတ်မြောက်ပြီး မိမိကိုယ်ကို အားကိုးနိုင်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းဆီသို့ ဦးတည်ပေးသည့် အရေးပါသော လမ်းကြောင်းများပေါ်တွင်လည်း လျှောက်လှမ်းနိုင်ခြင်း မရှိကြပါ။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် နေရာဒေသအသီးသီးရှိ လူငယ်များ၏ ရည်မှန်းချက်များကို အသိအမှတ်ပြုရင်း၊ ထိုရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် အထောက်အကူပြုမည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်းသည် ကျွန်ုပ်တို့အားလုံး၏ အနာဂတ်အတွက် အရေးကြီးကြောင်းအလေးထားဖော်ပြလိုပါသည်။

ရင်းမြစ် – UNDP (2026), Generation Crossroads: Myanmar’s Youth at the Centre of Recovery.

Young people are not the same.

Youth aged 18-24 make up more than a third of Myanmar’s population, and their lives vary widely. Different locations. Different genders. Different resources. Different ethnicities.

Yet despite their differences, they have one thing in common. They have the same aspirations.

Quality education.
Decent work.
Meaningful participation.
Financial security.
A sustainable future.

A staggering 75.8 per cent of youth in Myanmar are not in education or training, and 25% are not employed. They are not building practical skills; they are not earning incomes. They are not on essential pathways from exploitation and into self-sufficiency and resilience.

This International Youth Day, we recognise the aspirations of young people everywhere and the importance of creating opportunities that help achieve those ambitions, for all our futures.

Source: UNDP (2026), Generation Crossroads: Myanmar’s Youth at the Centre of Recovery.


UNOPS

[Eng below]မိခင်တစ်ဦးချင်းစီ၏ အတွေ့အကြုံနှင့် ခရီးလမ်းသည် မတူညီနိုင်သော်လည်း မည်သည့်မိခင်တစ်ဦးမျှ တစ်ဦးတည်း ရင်ဆိုင်ဖြတ်...
07/08/2026

[Eng below]
မိခင်တစ်ဦးချင်းစီ၏ အတွေ့အကြုံနှင့် ခရီးလမ်းသည် မတူညီနိုင်သော်လည်း မည်သည့်မိခင်တစ်ဦးမျှ တစ်ဦးတည်း ရင်ဆိုင်ဖြတ်သန်းရန် မလိုအပ်ပါ။

ဤ အပြည်ပြည်ဆိုင်ရာ မိခင်နို့ချို တိုက်ကျွေးရေးရက်သတ္တပတ်တွင် ကျွန်ုပ်တို့သည် လက်တွေ့ကျသော အသိပညာ၊ မိသားစု၏ ပံ့ပိုးမှုနှင့် လူမှုအသိုက်အဝန်း၏ စောင့်ရှောက်မှုတို့သည် ကိုယ်ဝန်ဆောင်ကာလနှင့် မိခင်ဘဝအစောပိုင်းအတွင်း ရေရှည်တည်တံ့သော အပြောင်းအလဲတစ်ခု ဖန်တီးပေးနိုင်ကြောင်း မီးမောင်းထိုးပြနေသည့် နို့တိုက်မိခင်နှစ်ဦး၏ စကားသံများကို မျှဝေထားပါသည်။

မိခင်များသည် လိုအပ်သော ပံ့ပိုးမှုများကို ရရှိသောအခါ ကလေးများသည် ဘဝအစကို ပိုမိုကျန်းမာစွာ စတင်နိုင်ပါသည်။

၎င်းတို့၏ စကားသံများကို ဖတ်ရှုရန် အောက်တွင် ဆက်လက်ကြည့်ရှုပါ။

Every mother's journey is different, but no mother should have to navigate it alone.

This World Breastfeeding Week, we are sharing the voices of two mothers whose experiences remind us that practical knowledge, family support, and community care can make a lasting difference during pregnancy and early motherhood.

When mothers receive the support they need, children have a healthier start in life.

Swipe through to read their stories.


UNOPS

Address

12(O) Pyi Thu Lane, 7 Mile, Mayangone
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when LIFT Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to LIFT Myanmar:

Shortcuts

Share