04/08/2026
[English Below]
ပြီးခဲ့တဲ့အပတ်က မန္တလေးက သင်တန်းသား/သူတွေ ရန်ကုန်က Turquoise Mountain Myanmar မှာ (၃) လကြာ တက်ရောက်ခဲ့တဲ့ ရက်ကန်းသင်တန်း တရားဝင် ပြီးမြောက်သွားခဲ့ပါပြီ။ သင်တန်းကာလအတွင်းမှာ သူတို့တွေဟာ
Frame Loom နဲ့ မတူညီတဲ့ Jacquard ရက်ကန်းစက်တွေကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ အသုံးပြုကာ ရက်ကန်းထည်တွေ ရက်ခဲ့ကြပါတယ်။
ဒီသင်တန်းကနေ ရက်ကန်းပညာ၊ ဒီဇိုင်းပိုင်းနဲ့ အရည်အသွေးထိန်းသိမ်းမှု (Quality Control) ဆိုင်ရာ အဖိုးတန်တဲ့ အသိပညာ/အတတ်ပညာတွေကို လေ့လာသင်ယူနိုင်ခဲ့ကြတာမို့ သူတို့ရဲ့ ဒေသစံပြအသိုင်းအဝိုင်းဆီ ပြန်လည်ယူဆောင်သွားပြီး ပိုမိုတိုးတက်အောင် ဖန်တီးနိုင်ကြတော့မှာပါ။
သင်တန်းသား/သူတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်အားထက်သန်မှုအတွက် အများကြီး ဂုဏ်ယူမိသလို၊ ရှေ့ဆက်လျှောက်လှမ်းမယ့် ခရီးလမ်းမှာလည်း ရရှိထားတဲ့ ပညာတွေကို လက်တွေ့အသုံးချပြီး အောင်မြင်မှုပေါင်းများစွာ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Last week, a group of interns from Mandalay completed a three-month training programme at our weaving studio in Yangon, gaining hands- on experience with wider-width jacquard looms.
They developed valuable skills in weaving, design, and quality control knowledge which they can now take back to their communities and build upon.
We’re incredibly proud of their dedication and hard work, and we wish them every success as they continue their journey and put their new skills into practice.