16/10/2025
ချစ်ခဲရသူတွေမို့
ဖွဖွလေး နမ်းခွင့်ပြု့ပါ
-------------------------------------------------
မန္တလေးမှ ဆုံးပါးသွားပြီဖြစ်သော အသိမိတ်ဆွေ
နိုင်/ကျဉ်းဟောင်းတစ်ဦးကိုသတိရမိသည်။
သူသည်၂၀၀၇ ရွေဝါရောင်တော်လှန်ရေးအပြီး နောက်ဆက်တွဲလှုပ်ရှားမှု့နှင့်အတူ ထပ်မံအဖမ်းခံရ၍ ထောင်ကျခဲ့သည်။သူအမှု့တွင် ယူဂျီလှုပ်ရှားနေသော
လူများစွာအဖမ်းခံကြရသည်။
အဖမ်းခံရသည့်ကိစ္စအားနောက်ဆက်တွဲကြားမိသည်မှာ-
-စစ်အစိုးရဆန့်ကျင်ရေး စာရွက်ဖြန့်ဝေသော လှုပ်ရှားမှု့တစ်ခုကိုပြု့လုပ်သည်။
-အဆိုပါလှုပ်ရှားမှု့အား ဓါတ်ပုံရိုက်၍ စီစဉ်ကြိုးကိုင်သည့် မဲဆောက်အခြေစိုက်အဖွဲ့တစ်ဖွဲ့ထံသို့ တင်ပြရသည်။
-အဆိုပါ မဲဆောက်အခြေစိုက်အဖွဲ့မှ ဓါတ်ပုံမှတ်တန်း
ပုံအရည်အသွေးနှင့်ပုံများကိုမကြိုက်၍ လှုပ်ရှားမှု့ထပ်မံပြု့လုပ်၍ ပုံထွက်ကောင်းကောင်းရရန်ညွန်ကြားသည်။
-မိတ်ဆွေနှင့်အဖွဲ့မှ နောက်တစ်နေ့ထပ်မံ၍ လှုပ်ရှားမှု့ပြု့လုပ်ရာမှ အဖမ်းခံရသည်။
ဧဝံမေသုတံ ဤသို့ပြန်ကြား၏ ဟူသတည်း။
ဤသို့ကြားရသည်ဖြစ်၍ မှန်မမှန် အဆိုပါလှုပ်ရှားမှု့တွင် ပါဝင်ခဲ့ပြီး ထောင်ကျခဲ့သူများကိုမေးမြန်းရန်သာဖြစ်သည်။
ပြောလိုသည်မှာ
နိုင်ငံအပြင်ပမှနေပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု့များကို ကြိုးကိုင်၊မောင်းနှင်သော အခါကောင်းတစ်ခုရှိ့ခဲ့ဖူးသည်ကိုဖြစ်သည်။
အတန်ငယ်ပွင့်လင်းလာသောခေတ်တစ်ခေတ်တွင်
ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု့အပြီး တွင် အဆိုပါကြိုးကိုင်ကြီးများမြန်မာပြည်တွင်းသို့ နွားသိုးကြိုးပြတ် ဝရုန်းသုန်းကား တန်းစီဝင်ရောက်လာကြခြင်းဖြစ်သည်။
ဦးသိန်းစိန် ဖိတ်ခေါ်အပြီး အောင်မင်းနှင့်စိုးသိန်း တို့မှ ထိုင်းနိုင်ငံ ချင်းမိုင်၊မဲဆောက်၊မဲဟောင်ဆောင် စသဖြင့်ခရီးလှည့်လည်စည်းရုံးခဲ့သည်။ထို့အပြင် ဥရောပနိုင်ငံများသို့လည်း ခရီးလှည့်လယ်စည်းရုံးခဲ့သည်။
အမေရိကား၊အင်္ဂလန်၊ဥရောပ၊ဩဇီ၊ထိုင်း၊မဲဆောက်၊ချင်းမိုင် စသဖြင့်တစ်ကမ္ဘာလုံးမှ ခေါင်းဆောင်ကြီးများ
(အောင်မင်း၊စိုးသိန်း သွင်းကုန်များအဖြစ်)မြန်မာပြည်အတွင်း နောက်ကျသည့်ခြေထောက် သစ္စာဖောက်ထုံး
ဖြင့် ဝင်လာကြသည်။
-အချို့မှာ ကားခေါင်းမိုးပေါ်တက်၍
"တက်ထောင်မောင်းနင်း"တွေလုပ်ပြသည်။
-အချိုလည်း ပြည်တွင်းတွင် နေရာကျအစဉ်ပြေသည်။-
-အချို့လည်း"အိုးနင်း၊ခွက်နင်း"ဖြင့် ပြန်ထွက်သွားကြရသည်။
-အချို့လည်း မုန့်ဝေရာတွင်မပါ၍ ဆွေပြမျိုးပြ ပွဲခံ၍သာပြန်သွားကြရရှာသည်။
ပွဲစားကတော့ ဗဟုအုပ်စုကြီးပင်ဖြစ်လိမ့်မည်။၂၀၀၅,၂၀၀၆ ခုနှစ်ဝန်းကျင်က အဆိုပါပွဲစားတစ်အုပ်လုံးမှာ ဒေါ်စုမပါသောနိုင်ငံရေးလမ်းစဉ်တင်ခဲ့သော Without Lady အုပ်စုကြီးပင်ဖြစ်သည်ကို တွေ့ရသည်။
Without Lady အုပ်စု၊ဗဟုအုပ်စု၊အောင်မင်း-စိုးသိမ်း သွင်းကုန်များ(သတင်းထောက်လောကမှ အခေါ်)၊မီဒီယာများ တစ်သီကြီးပါလာကြသည်။
နယ်စပ်နှင့်နိုင်ငံတစ်ကာအခြေစိုက် ဟိုအခွင့်ရေး၊ဒီအခွင့်ရေး NGO,CSO , ACTIVES တစ်အုပ်လုံးဝင်လာကြသည်။
-ဝိုင်ခွက်တိုက်ခွင့်ရသူတို့က ဝိုင်ခွက်တိုက်ကြသည်။
-ဦးသိန်းစိန် နွားခြံထဲ နို့သောက်ခွင့်ရသူတို့က နို့သောက်ကြသည်။
-အချို့က ဦးသိန်းစိန်အစိုးရလက်အောက် ပြု့ပြင်ပြောင်းလဲ ကျွမ်းကျင်သူပညာရှင်ကြီးများလုပ်ကြသည်။
-အချို့က ငြိမ်းချမ်းရေး ကျွမ်းကျင်သူ လူအုပ်ကြီးလုပ်ကြသည်။
NGO,CSO, ACTIVES များစည်စည်ကားကား၊ပျော်မဆုံး မော်မဆုံး။
ငြိမ်းချမ်းရေး ချီတက်လမ်းလျောက်ပွဲများ သိုက်သိုက်ဝန်းဝန်း၊ခန်းခန်းနားနား
(တာဝန်ကျေခဲ့ပြီ၊ဆယ်ဖီ)
မိမိတို့လည်း အုပ်အုပ်အုပ်အုပ်၊ရုတ်ရုတ်ပါခဲ့သည်ကိုတော့ ဝန်ခံပါသည်။
ခေါင်းဆောင်ကြီးများညွန်ကြားချက်ဖြင့် ထောင်ကျခဲ့သူများမှာ ခေါင်းဆောင်ကြီးများကို တွေ့ဖို့ပင် မနည်းတန်းစီရသည်။မျက်နှာငယ်ခဲ့ကြရသည်။
-ဦးသိန်းစိန် ၊ဝန်ကြီး၊ဝန်ကလေးများဖြင့်တွေ့ရဦးမည်။-
-ညွန်ချုပ်ကြီးများ၊အတွင်းဝန်များဖြင့်တွေ့ရဦးမည်။
-ထင်ရှားသည့်သူများကို တွေ့ရဦးမည်။
-ဒေါ်စုကို တွေ့၍ လက်ချာရိုက်ရဦးမည်။
ပိုက်ကွန်ဖြင့်၊ဇန်ခတ်(မြစ်ချောင်းဘေးတွင် ရေမောင်းတက်ခတ်သလို ပိုက်ကွန်ဖြင့် ငါးခတ်ခြင်းဖြစ်သည်)၍ ငါးကြီးဖမ်းရဦးမည်။
ထို့ကြောင့် အမောင်တို့ ငါးသေး၊ငါးနုတ် တွေ ပိုက်ကွန်ထဲလာညိ့နေလျင် ကွန်ရှင်းရတာနဲအလုပ်ရှုတ်မည်။
ထို့ကြောင့် နားလည်ပေးပါ။
အေးပါပေါ့။လူကြီးမင်းတို့ခေတ်ကို။လုပ်ပေါ့။
မန္တလေးမှ မည်သူ့ညွန်ကြားချက်မဆို စစ်အာဏာရှင်ဆန့်ကျင်ရေးတစ်မျက်နှာဖြင့် တွေ့မရှောင် လုပ်ကိုင်ပေးတတ်ပြီး ဘဝရပ်တည်ရေးအတွက် လမ်းဘေးတွင် စုံစီနဖာ ရောင်းရင်း နိုင်ငံရေး လောကဒဏ်ကို မငြီးမညူ ဖြတ်ကျော်ခဲ့သော ဆုံးပါးသွားသည့် မိတ်ဆွေကြီးကို သတိရမိသည်။
ဧဝံမေသုတံ ပင်ဖြစ်သည်။
၁၉၈၈ ခုနှစ် စစ်တပ်အာဏာတစ်ကြောထပ်သိမ်းပြီးနောက် နယ်စပ်လက်နက်ကိုင်တော်လှန်ရေး အားပျော့ခဲ့ပြီးနောက် နိုင်ငံရေးပုံသဏ္ဍာန်ပြောင်းသွားသည်။
-၉၀ ရလာဒ် ဖြင့်ဖွဲ့ထားသော NCGUB ဒေါက်တာစိန်ဝင်းအစိုးရသည် အဝေးရောက်ညွန်းပေါင်းအစိုးရဖြစ်သွားသည်။
-နယ်စပ်လက်နက်ကိုင်တော်လှန်ရေးနှင့်အဖွဲ့မျိုးစုံမှ ထိပ်တန်းခေါင်းဆောင်ဆိုသူများ အမေရိကား၊အင်္ဂလန်၊ဩဇီ စသဖြင့် တတိယနိုင်ငံများသို့ အတောင်ပေါက်၍ ရောက်သွားကြသည်။
-အောက်ခြေအဖွဲ့မျိုးစုံမှ သူများ အလဲလဲ၊အကွဲကွဲဖြင့် အမိမဲသားရေနဲငါး၊သောင်ပြင်လွတ်သည့် --များလိုကျန်ခဲ့ကြသည်။
-အချို့က ပြည်တွင်းခေါင်းငုံ့ဝင်ကြရသည်။
-အချို့က နယ်စပ်တွင် ကြုံရာ၊ကျပန်း လုပ်ကိုင်စားသောက်ကျန်ရစ်သည်။
-အချို့က ဒုက္ခသည် စခန်းများတွင် တစ်အိုးတစ်အိမ်ကျန်ရစ်သည်။
-အချို့က EROS နယ်များတွင် ဖြစ်သလို ကုတ်ကတ်ကျန်ရစ်သည်။
နိုင်ငံတစ်ကာရောက်ခေါင်းဆောင်ကြီးများ တစ်နေ့နေ့
သူတို့ကိုပြန်လာကယ်လိမ့်မည်နိုးနိူ မျော်လင့်မိ့ကြမည်ထင်သည်။
အချို့၊အချို့ထဲမှ ရှားပါးအချို့သာ နယ်စပ်အခြေစိုက် အဖွဲ့များ၊CSO,NGO များနှင့်ပက်သက်လုပ်ကိုင်ခွင့်ရကြမည်။
လူဖြူမျိုးစုံ နှင့် အစဉ်ပြေ၊မျက်စေ့ကျမှ ရမည်။
ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးနိုင်မှရမည်။
အချိုးမပြေ၊ဒေါင့်မကျိုးလျင် ၊ပြောင်းချိုး၊ကြံခုတ် ကိုယ့်အလုပ်ကိုယ်လုပ်ပဲရမည်။
ပြည်တွင်းနိုင်ငံရေး အရှိန်ကျသွားပြီးနောက် အမေရိကန် USAID,NED,OSI စသဖြင့် အဖွဲ့များမှ မြန်မာ့ဒီမိုကရေစီအရေးအတွက် နှစ်စဉ် အမေရိကန်ကွန်ဂရက်မှ ဒေါ်လာ ၁၀ သန်းမပြည့်နှစ်စဉ်ထောက်ပံ့သည်။နောက်မှ အနည်းငယ်တိုးလာ၍ ၁၀ သန်းကျော်လာသည်။
နယ်စပ်အခြေစိုက်အဖွဲ့များထံစီးဆင်းသည်။ထိုမှ ပြည်တွင်းလှုပ်ရှားသူများနှင်ချိတ်ဆက်အကောင် အထည်ဖော်သည်။
သိုသော်
မည်သည့် လှုပ်ရှားမှု့မဆို ကိုယ်လုပ်ချင်သည်လုပ်မရ။အလှုရှင်များအလိုကျ အာဂျင်ဒါ ခေါင်းစဉ်ပါရသည်။
-မည်သည့်လှုပ်ရှားမှု့လုပ်လုပ် *လူ့အခွင့်ရေး*ပါရမည်ဆိုလျင် လူ့အခွင့်ရေးခေါင်းစဉ်တတ်ရသည်။
Human Rights (H R) လိုင်းဟု့ သုံးကြသည်။
-တစ်ဖန် National Reconcilation. အမျိုးသားရင်ကြားစေ့ရေးလိုင်းပါရမည် ဆို၍ ဘာလုပ်လုပ် အမျိုးသားရင်ကြားစေ့ရေးကပါရပြန်သည်။
N R လိုင်းဟု့သုံးကြသည်။
-တစ်ဖြန် ဒိုနာမှ ငြိမ်းချမ်းရေးဆိုလျင်လဲ ငြိမ်းချမ်းရေး ခေါင်းစဉ်ပါရသည်။
Peace လိုင်းဖြစ်သည်။
စိမ်းနေသည့် သူများအတွက် နားလည်လွယ်ရန် ဥပမာတစ်ခုပေးရလျင်-
လစ်ဘရယ်တို့၏ လူတစ်ချင်းဖြစ်တည်မှု့ကို အသိ့အမှတ်ပြု့မှု့အရ စိတ်ကျမ်းမာရေးမကောင်းသူ၊စိတ်မနှံ့သူကို စိတ်မနှံ့သူ(အရပ်သုံး အရှူး)ဟု မသုံးပဲ
"စိတ်ကြိုးပြတ်နေသူများ"ဟု့သုံးနှုန်းပါမည်။
"စိတ်ကြိုးပြတ်နေသူများ၏ ဖြစ်တည်မှု့၊အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေး၊
စိတ်ကြိုးပြတ်နေသူများ၏လူမှု့၊တရားမျှတမှု့အခွင့်အရေးနှင့်
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် စိတ်ကြိုးပြတ်နေသူများလူ့အခွင့်အရေးနှင့်အညီ ပါဝင်နိုင်ရေး လှုပ်ရှားမှု့"
ဟု့ ခေါင်းစဉ်တွဲတတ်ရခြင်းမျိုးဖြစ်သည်။
အဆိုပါကဲ့သို့ ငြိမ်းချမ်းရေး Peace နှင့်တွဲချိတ်မှလည်း အလှုရှင်နိုင်ငံများနှင့်ဒိုနာ တို့မှ စိတ်ကြိုးပြတ်နေသူများအရေးအတွက် ပရိုပိုဇယ် ရံပုံငွေ ခွင့်ပြု့ကြမည်ဖြစ်၍ ဖြစ်သည်။
လူနည်းစုအခွင့်အရေး၊ရိုဟင်ဂျာအရေး၊တရားဥပဒေစိုးမိုးရေး၊သဘာဝပတ်ဝန်းကျင် စသဖြင့် စသဖြင် ခေါင်းစဉ်တွေပါရသည်။
ပြည်တွင်းမှလှုပ်ရှားသူများမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအခြေခံပေါ်တွင် နယ်စပ်မှ ဂုရုကြီးများအလိုကျ ခေါင်းစဉ်များ တပ်ပေးရင်း မရရတဲ့နည်းဖြင့် လုပ်ပေးခဲ့ကြသည်။
အနီး ကြိူကိုင်၊ဂုရုကြီးများမှာ
အောင်မင်း၊စိုးသိန်း တို့ပြန်ခေါ်တော့လည်း ဝိုင်ခွက်တိုက်ကြ၊နို့သောက်ကြ။
အော် အကွက်ကြီးတွေထပ်ရွေ့ကြတော့မှာပေါ့ဟု တွေးပေးရသည်။
အိုဘားမားတောင် မြန်မာပြည်လာနေမှ USAID,NED,OSI,DEFIT စသဖြင့် ရံပုံငွေ၊ဒိုနာတွေလည်း မြန်မာပြည်လာကြမှာပေါ့ နားလည်ပေးခဲ့ကြရသည်။
ယခု စစ်တပ်က နောက်တစ်ကြိမ်အာဏာသိမ်းပြန်သည်။
ဒီတစ်ခါ အတော်ကြမ်းသည်။
ပြည်သူတုံ့ပြန်မှု့ကလည်း မထင်ထားလောက်အောင် ပြင်းထန်သည်။
မင်းအောင်လှိုင်ကိုယ်တိုင် ဒီလောက်ထင်မထားဖူး ပြောခဲ့ရသည်။
ပြည်သူက စစ်အုပ်စုအပေါ် ချေသောမကျေသည့် ရန်သူအဖြစ်သက်မှက်လိုက်သည်။
အဆုံးသတ်တော်လှန်ရေးသို့ ဦးတည်လိုက်သည်။
စစ်အုပ်စုမှလည်း အစွမ်းကုန်ဖိ့နိုပ်သည်။
အာဏာသိမ်းပြီးနောက် လူထုဆန္ဒပြမှု့များအပြင်းထန်ဆုံးဖိနိုပ်ခံရသည့် အချိန်တွင်
- အောင်မင်း-စိုးသိမ်း သွင်းကုန် တစ်အုပ်လုံး မှုလနေရာ ချင်းမိုင်၊မဲဆောက် တတိယ နိုင်ငံအသီးသီးပြန်ရောက်သွားကြသည်။
-အောင်မင်း-စိုးသိန်းသွင်းကုန်များမှ ထပ်မံမွေးထုတ်လိုက်သော မျိုးဆက်သစ်များလည်း တစ်အုပ်ကြီးပါသွားသည်။
နိုင်ငံရေး၊တော်လှန်ရေးကို
စီမံညွန်ကြားရန်၊အစိုးရရန်၊၊အတိုင်ပင်ခံရန်၊
ထိမ်းကြောင်းရန်၊စောင့်ကြည့်ရန်
စသဖြင့် စသဖြင့် အဖွဲ့ ပေါင်းများစွာဖွဲ့ကြသည်။စုပေါင်းစပ်ပေါင်း ပဆစ်အိမ်လို အဖွဲ့ကြီးများလည်း
ဖွဲ့ထားကြသည်။
ဓူတင်ဆောင် ပံသကူသင်္ဃန်းလို့ ရောင်စုံအစပ်အချုပ်များဖြင့် သပ္ပါယ်ကြည်ညိုဖွယ်ဖြစ်သည်။
ပြည်သူ့တော်လှန်ရေးသည် တော်လှန်ရေးတကာတို့၏
မိ့ခင်တော်လှန်ရေးကြီး အဖြစ် နေ့စဉ် ရင့်မှဲ့လာသည်။နေ့စဉ်ဦးတည်ပြောင်းလဲလာသည်။
နောက်ဆုတ်၍မဖြစ်နိုင်တော့သော အခြေအနေသို့ကူးပြောင်းလာသည်။
လက်နက်ကိုင်တော်လှန်ရေးသည်နေ့စဉ်နှင့်အမျှ အကြွင်းမဲ့လက်နက်ကိုင်တော်လှန်ရေးသို့ အရှိန်အဟုန်ဖြင့်ကူးပြောင်နေသည်။
စစ်အုပ်စုသည်လည်း နေ့စဉ်နှင့်အမျှ ပိုမိုရက်စက်လာသည်။
အပြီးသတ် စာရင်းရှင်းလင်းပွဲသို့ ချဉ်းကပ်လာနေပြီဖြစ်သည်။
ဒီတစ်ခါ သူသေ/ငါရှင် ဖြစ်လိမ့်မည်။
ထရန့်တက်လာသည်တွင် အမေရိကန်အကူအညီများရပ်တံ့သွားသည်။
-EU ဖက်မှ အစီအစဉ်များဝင်လာသည်။
-NCA ၏ အဓိက ရံပုံငွေပေးသွင်းသူမှာ EU နှင့်ဂျပန်ဖြစ်သည်။
ဦးသိန်းစိန်ခေတ် NCA ကာလက ဘာလှုပ်ရှားမှု့လုပ်လုပ် ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်ပေးရသည့် ခေတ်ရှိ့ခဲ့သည်။
အလှုရှင်များက ငြိမ်းချမ်းရေးအတွက်ဖြစ် ၍
အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန် ငြိမ်းချမ်းရေးတွင်
မိမိလည်း ငြိမ်းချမ်းရေးနှင့်ဂျာနယ်လစ်ဇင် လုပ်ခဲ့ရသည်။ပါခဲ့ပါသည်။
ယခုနိုင်ငံ၏ အခြေအနေသည် လက်နက်ကိုင်တော်လှန်ရေး၏ အမြင့်ဆုံးအဆင့် ပုန်ကန်ခြားနားသည့် သူပုန်စစ်စစ် အဆင့်သို့ ကူးပြောင်းဝင်ရောက်ရန် နီးကပ်လာချိန်ဖြစ်သည်။
AA ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၏ အဆိုအရ
"တော်လှန်ရေးမှာ သူပုန်ဆိုတာ နောင်တစ်ချိန်ရဲ့ အစိုးရပဲ"
ဆိုသည့် စကားကို သဘောပေါက်ရန်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာတွင်လည်း သူပုန်တို့သည် အစိုးရကိုအနိုင်ရပြီးသည့်နောက် နိုင်ငံတော်အာဏာကိုရယူကာ အာဏာရှိ့သော အစိုးရအဖွဲ့စစ်စစ်ဖြစ်သွားသည်မှာ လက်တွေ့ဖြစ်ရပ်များပင်ဖြစ်သည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲပြီးသည့်နောက် အလှည့်အပြောင်းများ ပေါ်ထွက်လာနိုင်သည်။သို့သော် ယခင်ဇာတ်ညွန်းဟောင်းအတိုင်းတော့
"ရေစုန်၊လေစုန်မှာ ရွက်လွင့်သွားသလို လွယ်လိမ့်မည့်မဟုတ်"
ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေး၊စစ်ရေး မိုးသက်မုန်တိုင်းထန်လာလိမ့်မည်။
ဆူပါဆိုင်ကလုံးမုန်တိုင်းဖြစ်လိမ့်မည်။
ယခင်ကဲ့သို့ ဝိုင်ခွက်တိုက်ချိန်မရနိုင်၊ငြိမ်းချမ်းရေးဆန္ဒပြကြရန်မလွယ်တော့။
နိုင်ငံတစ်ကာ အလှည့်အပြောင်းတွင်
"ကိုကိုကြီး- ဒေါက်တာအေးမောင်-ဆရာမြ သွင်းကုန်များ" အဖြစ် မည်သည့်အဖွဲ့များ၊မည်သူများ ပြန်ဝင်သွားကြဦးမည်မသိနိုင်သေးပေ။
ပလက်ဖောင်းလဲပါ၊စင်္ကြန်လဲပါ၊ရေမြောင်းလဲပါ၊အုတ်ခုံလဲပါ၊မြောင်းဖုံးလဲပါ၊ဓါတ်တိုင်လဲပါ စသဖြင့် ဟိုပါ၊ဒီပါထဲက ဘယ်သူတွေ အထဲပြန်ပါကြဦးမည်ကို စောင့်ကြည့်ရဦးမည်။
EU အစီအစဉ်ဆိုလျင် NCA အသိ့သက်သေများသည် ငြိမ်းချမ်းရေးအတွက် အကြောင်းလှသည်။
မည်သူတွေ ဒိုနာအလှုရှင်နှင့်အတူပြန်ဝင်မည်ကို ကြည့်ရမည်။
-နိုင်ငံတစ်ကာလှို့ဝှက်ပူးပေါင်းကြံစည်ရေး သီအိုရီတွင်
နင်တန်-နင်တန် ပန်းကန်ကွဲ ငြိမ်းချမ်းရေး အလိုချင်ဆုံး ACTIVES ကြီးများဖြစ်လာကြမည်။
-တော်လှန်ရေးသမားများကို လိုအပ်လျှင် အကြမ်းဖက်တံဆိပ်ကပ်နိုပ်ရန် အချက်အလက်စုဆောင်းထားကြသည်။(အသေးစိတ်ဖွင့်ချလိုသူရှိ့လျှင် ဖွင့်ချစေချင်သည်။)
-တော်လှန်ရေး စောင့်ကြည့်ထိမ်းကြောင်းနေသော CSO,NGO, ACTIVES များ ဘာကိုစောင့်ကြည့်စုဆောင်းခဲ့ကြသည်ကို လိပ်ပြသန့်ရန်ဖြစ်သည်။
သို့သော် ထပ်ပြောရလျှင် ယခင်ဇာတ်ညွန်းဟောင်းကဲ့သို့
"ရေစုန်၊လေစုန် မှာ ၊ရွက်လွင့်သွားသလို၊လွယ်ကြလိမ့်မည်မဟုတ်"
ပြည်သူက နောက်ဆုတ်လို့မရတော့၊
သူပုန်တို့က သေမထူး၊နေမထူး ပြည်သူ ဆန္ဒကို အရယူပေးရတော့မည်။
ပြည်သူ့တော်လှန်ရေးက
ရန်/ငါ စည်းကြောင်း ပြတ်သွားပြီး။
စစ်အုပ်အစီအစဉ်နောက်မြီးဆွဲလိုက်ပါ၍ ဒိုနာနှင့်အတူ စစ်အုပ်စု ရင်ခွင်ပြန်ဝင်သွားကြသူများကိုလည်း
"စစ်အုပ်စု နှင့် တစ်ပေါင်းတည်းထား"
ကြတော့မည်ဖြစ်သည်။
လွယ်သလား၊ခက်သလားရာမ။
ပြောလိုသည့်ကိစ္စမှာ
၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်တွင်းအခြေအနေနှင့် စစ်တပ် ရက်စက်မှု့နှင့်
၂၀၂၁ နောက်ပိုင်း ပြည်တွင်းအခြေအနေနှင့် စစ်တပ်၏ ဖိနိုပ်ရက်စက်မှု့ အစမတန် ကွာခြားသွားသည်ကို သတိ့ပြု့ရန်ဖြစ်သည်။
ပြည်သူများက တစ်ကယ်ပြင်းထန်စွာတော်လှန်နေသည်။
စစ်တပ်ကလည်း နေ့စဉ် စာသင်ကျောင်းတွေမှ ဗုံးကျဲ၍ မတန်တစရက်စက်နေသည်။
ဆန္ဒပြဆီမီးသပိတ်ဆိုလည်း ဗုံးကျဲချသည်။
မြို့ပြဆန္ဒပြဆိုလည်း ပစ်သတ်နေသည်။
ယခင်ကကဲ့သို့ နယ်စပ်မှ ဒိုနာနိုင်ငံရေးဖြင့် ပြည်တွင်းလှုပ်ရှားမှု့များကို လုပ်ကိုင်၍ မသင့်တော်တော့သည့် ခေတ် ကို မီးမောင်းထိုးလိုခြင်းဖြစ်သည်။
လုပ်ချင်သပဆို သေနတ်ကိုင် တိုက်ကျရန် သို့မဟုတ် လက်နက်၊ခဲယမ်းအတွက် အလှုရှင်ရှာပေးရန်သာဖြစ်သည်။
သို့မဟုတ်
အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် အဆောက်အဦးကြီးအတွက် ဗိသုကာကြီးများအဖြစ်( State Structure Architecture)ကြီးများအဖြစ် အနာဂါတ် အခြေခံဥပဒေများ၊စက္ကူဖြူ၊စက္ကူနီ စီမံကိန်းများဖြင့် ကိုယ့်အလုပ်ဖြင့် ကိုယ်ရှုတ်နေရန်ဖြစ်သည်။
ပြည်တွင်းကို သွား သွားရှုတ်နေလို့မရ
၊စစ်အုပ်စုဖိနိုပ်ရက်စက်မှု့ကြောင့် အစဉ်တွေ ပြေမနေဖူးရယ်ဟူ၍သာ
မွမွလေးနမ်းလိုက်ရပါကြောင်း။
စိမ်းမောင်
မှက်ချက်။ ။မန်းPDF ကိစ္စဖြင့် အဓိကစစ်တပ်၏ရက်
စက်မှု့ဖြစ်စဉ်များ၊စာသင်ကျောင်း ဗုံးကျဲမှု့များကို
မှေးမှိမ်စေသည့် အပြု့အမူများ အပေါ်အခြေခံ၍ ရေးသားတင်ပြရခြင်းဖြစ်ပါသည်။
မွချိမွချ လောက်သာဖြစ်သည်။
အခြားသူများမှ ဒကျိ၊ဒကျိ လုပ်လျှင် မသက်ဆိုင်ဟူ၍သာ။