Biodiversity And Nature Conservation Association - BANCA-BirdLife Myanmar

  • Home
  • Myanmar
  • Yangon
  • Biodiversity And Nature Conservation Association - BANCA-BirdLife Myanmar

Biodiversity And Nature Conservation Association - BANCA-BirdLife Myanmar Official BANCA page!

02/02/2026

Wetlands have accompanied the growth of communities and cities.

Today, more than ever, strengthening knowledge and our relationship with these ecosystems is key to sustaining life and the development of our societies.

Laura González, Vocie for Wetlands.

World Wetland Day 2026!“Wetlands and Traditional Knowledge: Celebrating Cultural Heritage”Awareness Campaigns in Pyu Lak...
02/02/2026

World Wetland Day 2026!

“Wetlands and Traditional Knowledge: Celebrating Cultural Heritage”
Awareness Campaigns in Pyu Lake ( FLyway Network site & Ramsar Site) and Paleik Lake ( Flyway Network Site).


📌 ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) တွင် ဝန်ထမ်းခေါ်ယူနေပါပြီ။ 🔔🔔🔔📋 Admin Assistant📋 Yangon Office...
13/08/2025

📌 ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း

(BANCA) တွင် ဝန်ထမ်းခေါ်ယူနေပါပြီ။ 🔔🔔🔔

📋 Admin Assistant

📋 Yangon Office

📋 Monday to Friday

📋 9:30 AM - 5:00 PM

[email protected]
09420080979

Assistant
#အလုပ်ခေါ်စာ

အားလုံးပဲ မင်္ဂလာပါ အခုတစ်ခေါက်မှာတော့ BANCA ရဲ့မိတ်ဆွေတွေကို ကျွန်ုပ်တို့မြေကမ္ဘာရဲ့အံ့ဖွယ် ထုံးကျောက်တောင်ဂေဟစနစ်ကနေ လ...
25/06/2025

အားလုံးပဲ မင်္ဂလာပါ

အခုတစ်ခေါက်မှာတော့ BANCA ရဲ့မိတ်ဆွေတွေကို ကျွန်ုပ်တို့မြေကမ္ဘာရဲ့အံ့ဖွယ် ထုံးကျောက်တောင်ဂေဟစနစ်ကနေ လူသားတို့အတွက် ပေးစွမ်းနေတဲ့ အကျိုးကျေးဇူးတွေအကြောင်း မျှဝေပေးချင်ပါတယ်။

ထုံးကျောက်တောင် (Karst) ဂေဟစနစ်ဆိုတာဟာ ထုံးကျောက်တွေ ရေမှာပျော်ဝင်ရာကနေ ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ မြေမျက်နှာသွင်ပြင်တွေနဲ့ ဂူတွေ၊ မြေအောက်မြစ်တွေ၊ ရေကန်တွေ စတာတွေ ပါဝင်တဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုပဲ ဖြစ်ပြီး ကမ္ဘာ့မြေ
မျက်နှာသွင်ပြင်ရဲ့ (၂၀)ရာခိုင်နှုန်းကိုတောင်
လွှမ်းခြုံထားပါတယ်။

ဒီလို ထူးခြားတဲ့ ထုံးကျောက်တောင်ဂေဟစနစ်ဟာ လူသားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးများစွာကို ပေးစွမ်းပါတယ်။

🏡🍎💧လူသားနှင့် သတ္တဝါတို့အတွက် အသက်ရှင်ရပ်တည်ရေး အရင်းအမြစ်များပေးရာ 🌳💊💎
ထုံးကျောက်တောင်ဂေဟစနစ်တွေဟာ လူသားနဲ့ သတ္တဝါတွေအတွက် နေစရာ၊ အစားအစာ၊ ရေ၊ သစ်၊ ဆေးဝါးနဲ့ တွင်းထွက်ပစ္စည်းတွေလို မရှိမဖြစ်လိုအပ်တဲ့ အရင်းအမြစ်များစွာကို ပံ့ပိုးပေးပါတယ်။
ပြီးတော့ မြေအောက်ရေကြွယ်ဝတဲ့ နေရာတွေဖြစ်ပြီး သဘာဝရေစစ်စနစ်ကြီးအဖြစ် လုပ်ဆောင်ပါတယ်။ ထုံးကျောက်တွေကြားက စိမ့်ဝင်စီးဆင်းတဲ့ရေတွေဟာ သဘာဝအတိုင်း သန့်စင်ပြီး သောက်သုံးရေအဖြစ် အသုံးပြုဖို့ အကောင်းဆုံး ရေအရင်းအမြစ်တစ်ခု
ဖြစ်တာမို့ ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာဟာ ထုံးကျောက်တောင်ဒေသတွေက မြေအောက်ရေကို မှီခိုနေကြရပါတယ်။ ထုံးကျောက်တောင်ဂေဟစနစ်တွေက သိုမှီးပေးထားတဲ့ ပမာဏဟာ ကမ္ဘာ့ရေချိုသယံဇာတရဲ့ (၁၅) ရာခိုင်နှုန်း တောင် ရှိပါတယ်တဲ့။ 💦

⛰️🦎ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရာနေရာ🦇🐾

ထူးခြားတဲ့ မြေမျက်နှာသွင်ပြင်တွေရှိသလို ထုံးကျောက်တောင်ဂေဟစနစ်တွေဟာ ထိန်းသိမ်းဖို့ အရေးတကြီးလိုအပ်နေတဲ့ ရှားပါးတဲ့ သစ်ပင်ပန်းမန်တွေနဲ့ တိရစ္ဆာန်မျိုးစိတ်ပေါင်းစုံတို့ရဲ့ ရှင်သန်နေထိုင်ရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့်
ဂူတွေထဲမှာ နေထိုင်ကြတဲ့ မျိုးစိတ်တွေဟာ ကမ္ဘာပေါ်မှာ တခြားဘယ်နေရာမှ မတွေ့ရတဲ့ မျိုးစိတ်တွေ
ဖြစ်လေ့ရှိပါတယ်။ ဒီလို ဇီဝမျိုးစုံမျိုးကွဲတွေဟာ
ဂေဟစနစ်ရဲ့ ဟန်ချက်ညီမျှမှုကို ထိန်းသိမ်းပေးပြီး လူသားတွေအတွက် ဆေးဝါးနဲ့ တခြားအသုံးဝင်တဲ့ ပစ္စည်းတွေ ရှာဖွေရာမှာ အရေးပါပါတယ်။ 🔬🌍

🏕🚶‍♀️အလားအလာရှိသော သဘာဝခရီးသွားလုပ်ငန်းများ 🧗

ထုံးကျောက်တောင်ဒေသတွေရဲ့ လှပတဲ့ မြေမျက်နှာသွင်ပြင်တွေ၊ ထူးခြားတဲ့ ဂူတွေနဲ့ မြေအောက်ရေတံခွန်တွေဟာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ သဘာဝအလှတရားတွေ ဖြစ်ပါတယ်။ ဒီလို ထူးခြား ရှားပါး လှပတဲ့ သဘာဝတွေကိုထိန်းသိမ်းရင်း ခရီးသွားလုပ်ငန်းတွေကို ဖော်ဆောင်မယ်ဆိုရင် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖြစ်လာနိုင်ပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။

🪨🔬ဘူမိဗေဒဆိုင်ရာ ပညာရပ်များအတွက် အထောက်အကူပြုရာ ⛰️⛏️🔬

ထုံးကျောက်တောင်ဒေသတွေဟာ ကမ္ဘာ့ဘူမိဗေဒဖြစ်စဉ်တွေ၊ ရာသီဥတုပြောင်းလဲမှုတွေနဲ့ ရှေးဟောင်းသဘာဝပတ်ဝန်းကျင် အခြေအနေတွေကို လေ့လာဖို့အတွက် အကောင်းဆုံးနေရာပဲ ဖြစ်ပါတယ်။ ဒီလိုလေ့လာမှုတွေကနေ ကမ္ဘာကြီးအကြောင်းကို ပိုမိုနားလည်စေပြီး အနာဂတ်အတွက် ပြင်ဆင်နိုင်ဖို့ ကူညီပေးပါတယ်။

🏛️👨‍🎨ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ တန်ဖိုးများ 🎨📜

ထုံးကျောက်တောင်ဂေဟစနစ်တွေမှာ ရှေးဟောင်းလူသားတွေရဲ့ နေထိုင်ရာနေရာတွေ၊ နံရံဆေးရေးပန်းချီကားတွေနဲ့ သမိုင်းဝင် အထောက်အထားတွေ
ရှိနေတတ်ပါတယ်။ ဒါတွေက လူသားမျိုးနွယ်ရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုကို လေ့လာဖို့အတွက် အဖိုးတန်တဲ့ အရင်းအမြစ်တွေ ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင်တော့ ထုံးကျောက်တောင်ဂေဟစနစ်တွေဟာ ကမ္ဘာမြေရဲ့ အဖိုးတန် ရတနာတွေဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ ရှင်သန်မှုအတွက် အသက်သွေးကြော
တစ်ခုလိုပါပဲ။ ဒီအံ့ဖွယ်သဘာဝတရားကြီးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့
ဘဝတွေကို ပိုမိုပြည့်စုံလှပစေပြီး နောင်လာမယ့် မျိုးဆက်တွေအတွက် သာယာဝပြောတဲ့ ကမ္ဘာကြီးကို လက်ဆင့်ကမ်း အမွေပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အားလုံးအတူတကွ လက်တွဲပြီး ထုံးကျောက်တောင်တွေကို ကာကွယ်ကြပါစို့! ✨🌏

🌱🌱 🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱ဒီမိုးရာသီမှာ သဘာဝပတ်ဝန်းကျင်အတွက် အလှူလေးတစ်ခု ဆောင်ရွက်ဖို့ရှိပြီးပါဝင်လိုသူများကိုလည်း ဖိတ်ခေါ်ပါရစ...
17/06/2025

🌱🌱 🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ဒီမိုးရာသီမှာ သဘာဝပတ်ဝန်းကျင်အတွက်
အလှူလေးတစ်ခု ဆောင်ရွက်ဖို့ရှိပြီး
ပါဝင်လိုသူများကိုလည်း ဖိတ်ခေါ်ပါရစေ 🌱🌱

ကျွန်ုပ်တို့၏ သစ်ပင်စိုက်ပျိုးပွဲသို့ လူကြီးမင်းတို့၏အချိန်၊ ခွန်အား၊ ငွေကြေးဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သဘာဝအပေါ် ချစ်ခြင်းမေတ္တာတစ်ခုကို ဖော်ပြခြင်းဖြစ်သည့်အပြင်၊ မျိုးဆက်သစ်များအတွက်လည်း ကောင်းမွန်သော ပတ်ဝန်းကျင်
တစ်ခုကို အမွေချန်ထားခြင်းလည်းဖြစ်ပါတယ်။

🌱စိုက်ပျိုးမည့်နေရာ

မွန်ပြည်နည်၊ ဘီးလင်းမြို့နယ်အတွင်းရှိ မုတ္တမပင်လယ်နှင့် ဆက်စပ်နေသော ကျေးရွာများ

ကျေးရွာခြင်းချိတ်ဆက်လမ်းများ

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

⏰ စိုက်ပျိုးမည့်အချိန်

ဇူလိုင်လ ၊ ဒုတိယပတ်နှင့် တတိယပတ်

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

သဘာဝအတွက် သင်လုပ်နိုင်တဲ့ လှုပ်ရှားမှုသေးသေးလေးကတောင် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ သင့်အနေဖြင့် သစ်ပင်တစ်ပင် လှူဒါန်းနိုင်ရန် ကမ်းလှမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အတွက် ဆောင်ရွက်သွားမည့် အလှူအစီအစဥ်လေးမှာ
ပါဝင်ကြပါစို့ 🌱🌱

📱ဆက်သွယ်ရန်
09-420182432
09-420080979

Kpay & Wave Pay

Phone no - 09 421 118 298
Name - Chit Su Wai
Note - For Plant

#သစ်ပင်စိုက်ပျိုးပွဲ
#သဘာဝအတွက်အလှူ

📌 ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) တွင် ဝန်ထမ်းခေါ်ယူနေပါပြီ။ 🔔🔔🔔📋 Finance Officer📋 Yangon Office...
30/05/2025

📌 ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း

(BANCA) တွင် ဝန်ထမ်းခေါ်ယူနေပါပြီ။ 🔔🔔🔔

📋 Finance Officer

📋 Yangon Office

📋 Monday to Friday

📋 9:30 AM - 5:00 PM

[email protected]
09420080979

Officer
#အလုပ်ခေါ်စာ

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ အခမ်းအနား ကျင်းပခြင်း 📒📗 ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) သည် မြန်မာနိ...
15/05/2025

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ အခမ်းအနား ကျင်းပခြင်း

📒📗 ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) သည် မြန်မာနိုင်ငံအတွင်းရှိ
မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဇီဝမျိုးစုံမျိုးကွဲများနှင့် ၎င်းတို့၏ ကျက်စားရာ နေရာများကို ရှာဖွေဖော်ထုတ်ခြင်း၊ လေ့လာမှတ်တမ်းတင်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို (၂၀၀၂)ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ ရေဝပ်ဒေသများ ထိန်းသိမ်းရေးလုပ်ငန်းသည် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ပါသည်။

📒📗 ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA)သည် ရေဝပ်ဒေသများ အတွင်း ဆောင်းခိုကျက်စားလေ့ရှိပြီး အရေးကြီးထိန်းသိမ်းရန်လိုအပ်နေသည့် မျိုးစိတ်များအား ရှာဖွေဖော်ထုတ်ကာ ဒေသအတွင်းရှိ ပြည်သူလူထုများနှင့် အတူတကွ ပူးပေါင်းထိန်းသိမ်းလျှက်ရှိပါသည် ။

📒📗 မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိအမှတ်ပြု ရေဝပ်ဒေသ ရမ်ဆာဆိုဒ် (၇) ခု ရှိသည့် အနက်၊ မုတ္တမပင်လယ်ကွေ့ရမ်ဆာဆိုဒ်သည် (၄) ခုမြောက်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အကြီးဆုံး ရေဝပ်ဒေသကြီးတစ်ခုဖြစ်ပါသည်။ ၎င်းရေဝပ်ဒေသကြီးအတွင်း နှစ်စဉ် ဆောင်းခိုငှက် အကောင်ရေ သိန်းချီ လာရောက် ဆောင်းခို ကျက်စားလေ့ရှိပါသည် ။ BANCA အသင်းသည် ဒေသတွင်းရှိ ပြည်သူလူထုများ ထိန်းသိမ်းရေးအသိပညာများ တိုးတက်လာစေရန် ရည်ရွယ်ပြီး ပညာပေးဟောပြောပွဲများနှင့် အထိမ်းအမှတ်နေ့များကိုလည်း အခါအားလျော်စွာ ပြုလုပ် ဆောင်ရွက်လျှက်ရှိပါသည်။

📒📗 ၂၀၂၅ ခုနှစ်၊ မေလ (၁၀) ရက်နေ့သည်
ကမ္ဘာ့ဆောင်းခိုငှက်များနေ့ဖြစ်ပါသည်။ ယခုနှစ်
ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ဆောင်ပုဒ်မှာ “Creating Bird-Friendly Cities and Communities” (ငှက်နှင့်လူသား မျှဝခံစားမြို့ပြများ) ဟူ၍ ဖြစ်ပါသည်။ ငှက်များနှင့် လူသားများသည် နေထိုင်ရာ နေရင်းဒေသများအား အတူတကွ မျှဝေသုံးစွဲကာ သဘာဝအတွင်း လိုက်လျောညီထွေ နေထိုင်ကြရန် နှိုးဆော်ခြင်းဖြစ်ပါသည်။

📒📗 ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) သည် ၂၀၂၅ ခုနှစ်၊ မေလ (၁၀)ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်
ဇုက္ကလိကျေးရွာတွင် “World Migratory Bird Day Event” ကမ္ဘာ့ဆောင်းခိုငှက်များနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအခမ်းအနား သို့ ကျေးရွာမှ ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကမ္ဘာ့ဆောင်းခိုငှက်များနေ့ အကြောင်းဟောပြောခြင်း ၊ ဒီရေတောများ၏ အကျိုးကျေးဇူးများအကြောင်း ဟောပြောခြင်း၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျ ထိန်းချုပ်ဆောင်ရွက်ရေး အကြောင်းများ ဟောပြောခြင်း၊ စွန့်ပစ် ပစ္စည်းများ စနစ်တကျစွန့်ပစ်ရေး အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ စာသင်ကျောင်းနှင့် ကျေးရွာအတွင်း အမှိုက်ပုံးများဖြန့်ဝေခြင်းလုပ်ငန်းများနှင့် ကျေးရွာအတွင်း စုပေါင်း အမှိုက် ရှင်းလင်းခြင်းများ ဆောင်ရွက်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

📯📯 We are Hiring!!! 🔍🔍Position : Finance AssistantDeadline :  2 May 2025Location:  Yangon
28/04/2025

📯📯 We are Hiring!!! 🔍🔍

Position : Finance Assistant
Deadline : 2 May 2025
Location: Yangon

🤩 Hello 🤩 အားလုံးပဲမင်္ဂလာပါ…..ဒီနေ့တင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ မြန်မာနိုင်ငံအနှံ့အပြားမှာတည်ရှိပြီး သဘာဝအလှတရာ...
08/03/2025

🤩 Hello 🤩
အားလုံးပဲမင်္ဂလာပါ…..
ဒီနေ့တင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ မြန်မာနိုင်ငံအနှံ့အပြားမှာတည်ရှိပြီး
သဘာဝအလှတရားတွေ သဘာဝအရင်းအမြစ်တွေနဲ့ပြည့်နှက်နေတဲ့ ထုံးကျောက်တောင် ဂေဟစနစ် အကြောင်းလေးဖြစ်ပါတယ် 🏞️

ထုံးကျောက်တောင် ဂေဟစနစ်လို့မပြောခင်မှာ ထုံးကျောက်တောင်ဆိုတာ စေတီပုထိုးတွေ၊
သဘာဝတောရိုင်းတိရစ္ဆာန်တွေ၊ ရှုမျှော်ခင်းတွေ၊ ကျောက်ဆောင် ကျောက်သားတွေနဲ့ ဂူတွေဆိုတာကိုအရင်ဆုံးပြေးမြင်မိလိမ့်မယ်လို့လဲ ထင်ပါတယ်။

ထိုကဲ့သို့ မိမိတို့မြင်နေရသော ထုံးကျောက်လှိုဏ်ဂူများသည် ရေတိုက်စားမှုကြောင့် နှစ်ထောင်ပေါင်း
များစွာကြာမှ ဖြစ်ပေါ်လာတဲ့ စွဲမက်ဖွယ်
ကောင်းသည့် သဘာဝအံ့ဖွယ်များပင်ဖြစ်ပါတယ်။

ထုံးကျောက်ဂူများသည် အဖိုးတန်သည့် နေထိုင်ရာ
နေရာများကို ပေးစွမ်းပြီး ဂူအတွင်းတွင် လင်းနို့မျိုးစိတ်များ၊ အင်းဆက်ပိုးမွှားများနှင့် ရှားပါးအပင်များရှိသည့် ထူးခြားသောဂေဟစနစ်များ တည်ရှိရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ 🌱🦇

ဒါ့ကြောင့် ထိုအဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ်တွေ တည်ရှိနေတဲ့ ထုံးကျောက်တောင် ဂေဟစနစ်ဆိုတာဘာလဲ၊ ထုံးကျောက်လှိုဏ်ဂူတွေမည်ကဲ့သို့ဖြစ်ပေါ်လာသလဲ၊ ဇီဝမျိုးစုံမျိုးကွဲတွေအတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို သိရအောင် ပုံလေးမှာ
ဝင်ရောက်လေ့လာနိုင်ပါတယ်နော်။ 😍


ကမ္ဘာ့ရေဝပ်ဒေသနေ့ အခမ်းအနား ကျင်းပခဲ့ခြင်း မှတ်တမ်း - (၂.၂.၂၀၂၅)၂၀၂၅ ခုနှစ် ဖောဖော်ဝါရီ (၂) ရက်နေ့သည်ကမ္ဘာ့ရေဝပ်ဒေသနေ့ဖြ...
20/02/2025

ကမ္ဘာ့ရေဝပ်ဒေသနေ့ အခမ်းအနား ကျင်းပခဲ့ခြင်း မှတ်တမ်း - (၂.၂.၂၀၂၅)

၂၀၂၅ ခုနှစ် ဖောဖော်ဝါရီ (၂) ရက်နေ့သည်
ကမ္ဘာ့ရေဝပ်ဒေသနေ့ဖြစ်ပြီး ကမ္ဘာတဝှမ်းရှိ ရေဝပ်ဒေသများ ရေရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန် ရည်ရွယ်ပါသည်။

ကမ္ဘာပေါ်ရှိရေဝပ်ဒေသများသည် လူသားများ၏ နေ့စဉ်မှီခိုရပ်တည်ရေးအတွက် အလွန်အရေးပါပြီး အဖိုးမဖြတ်နိုင်သည့် သဘာ၀၀န်ဆောင်မှုများ
ပေးစွမ်းလျှက်ရှိနေပါသည် ။

ထို့အတွက်ကြောင့် ရေဝပ်ဒေသများ ထိန်းသိမ်းရန် ၁၉၇၂ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်နေ့တွင် အီရန်နိုင်ငံ ကက်စပီယန်ကမ်းခြေအနီး ရမ်ဆာ ( Ramsar ) မြို့တွင် ညီလာခံတစ်ခု ကျင်းပခဲ့ပြီး ၎င်းညီလာခံအောင်မြင်ခဲ့သည့် ရမ်ဆာမြို့ကို ဂုဏ်ပြုသော
အားဖြင့် ကမ္ဘာပေါ်ရှိအရေးကြီး ရေဝပ်ဒေသများကို Ramsar site အဖြစ်သတ်မှာကာ ဝိုင်းဝန်းထိန်းသိမ်းခဲ့ကြပါသည် ။ နှစ်စဉ် ဖေဖော်ဝါရီလ (၂) ရက်နေ့ကို
ကမ္ဘာ့ရေဝပ်ဒေသနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံသည်လည်း ၂၀၀၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံ အဖြစ်ဝင်ရောက်ခဲ့ပြီး
နိုင်ငံအတွင်းရှိ အရေးကြီးထိန်းသိမ်းရမည့် ရေဝပ်ဒေသများကို ထိန်းသိမ်းရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိပါသည် ။

မြန်မာနိုင်ငံတွင် ရမ်ဆာဆိုဒ် (၇) ခုမြောက်အဖြစ် သတ်မှတ်ခံထားရသည့် မန္တလေးတိုင်းဒေသကြီး၊
တံတားဦးမြို့နယ် အတွင်းရှိ ပြူကန်သည် ကမ္ဘာ့
အဆင့်မီ ရမ်ဆာဆိုဒ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် အတည်ပြု သတ်မှတ်ခံခဲ့ရပါသည် ။ ရမ်ဆာဆိုဒ် အမှတ် ( ၂၅၃၃) ဖြင့် ဧရိယာ (၅၇၈.၂၂၇ ဧက)အား ထ်ိန်းသိမ်းထားပါသည်။

ပြူကန်သည် ရမ်ဆာစံနှုန်း ၉ ချက်ရှိသည့် အနက်
၃ ချက် နှင့် ကိုက်ညီလျှက်ရှိနေသည့် ကုန်းတွင်း ရေချိုရေဝပ်ဒေသတစ်ခု ဖြစ်ပါသည် ။

ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင်
ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) နှင့် ရွှေကန်သာယာ သဘာဝထိန်းသိမ်းရေးအသင်းတို့ ပူးပေါင်းကာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ကို ပြူကန်ကျေးရွာတွင် ပြုလုပ်ခဲ့ပါသည် ။

ယခုနှစ် ကမ္ဘာ့ရေဝပ်ဒေသနေ့ ဆောင်ပုဒ်မှာ
"Protecting Wetlnds for our common future”
"အနာဂတ်ဘ၀ ဖူလုံဖို့ ရေဝပ်ဒေသများ ကာကွယ်စို့" ဖြစ်ပါသည် ။

လူသားများ ၏ အနာဂတ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ အနာဂတ်သာယာလှပရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် ရေဝပ်ဒေသများကို ထိန်းသိမ်းရန် လှုံ့ဆော်ခြင်း ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ပြူကန်ကျေးရွာမှ ကျောင်းသား ကျောင်းသူများ ၊ ဆရာ/ဆရာမများ ၊ ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ကြပြီး အခမ်းအနားတွင် ရေဝပ်ဒေသ ထ်ိန်းသိမ်းရေးအကြောင်းများမျှဝေခြင်း ၊ ပြူကန်အတွင်း ကျရောက်ကျက်စားနေသည့် ကမ္ဘာ့ရှားပါးရေဘဲမျိုးစိတ်
ဖြစ်သည့် ပို့ချပ်ရေဘဲခေါင်းစိမ်းအား ကြည့်ရှုကြခြင်း ၊ စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးခြင်း ၊ ရေဝပ်ဒေသပညာပေးဂိမ်းကစားခြင်းများ ပြုလုပ်ခဲ့ကြပါသည် ။ ထို့နောက်ကျောင်းသူ ကျောင်းသားများအတွက် အမှတ်တရလက်ဆောင်များ ချီးမြင့်ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည် ။




#7 th Ramsarsite

ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝဝန်းကျင်ထိန်းသိမ်းရေးအသင်း(BANCA)နှင့် ရွှေကန်သာယာသဘာဝဝန်းကျင်ထိန်းသိမ်းရေးအသင်း(SKTY)တို့ ပ...
13/01/2025

ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝဝန်းကျင်ထိန်းသိမ်းရေးအသင်း(BANCA)နှင့် ရွှေကန်သာယာသဘာဝဝန်းကျင်ထိန်းသိမ်းရေးအသင်း(SKTY)တို့ ပူးပေါင်း၍ Asian water bird census ရေငှက်စာရင်းကောက်ခြင်းအစီစဉ်ကို 21.1.2025 ရက်​နေ့ မှ 23.1.2025 ရက်နေ့
အထိ မန္တလေးတိုင်း​ဒေသကြီး၊ တံတားဦးမြို့နယ်ရှိ
ပြူကန်၊ ပလိပ်အင်းနှင့် ဗနောအင်းများတွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။

ငှက်ဝါသနာရှင်များ၊ ငှက်ကြည့်ခြင်းကို စိတ်ပါဝင်စားသူများ မိမိတို့အစီအစဥ်ဖြင့် ပါဝင်နိုင်ပါသည်။

21.1.2025 - ပြူကန်
22.1.2025 - ပလိပ်အင်း
23.1.2025 - ဗနောအင်း

ဆက်သွယ်ရန် -

ကိုမဂ်လာလေး (BANCA)
09792678857

ရွှေကန်သာယာသဘာဝဝန်းကျင်ထိန်းသိမ်းရေးအသင်း (SKTY)
U Zaw One.09798244935
Mg Chit Thae.09796786773

စာငှက်အုပ်စု (Bunting)ငှက်စာရင်းကောက်သူများအတွက် eBird Checklistကို အလွယ်တကူ share နိုင်ရန် အောက်ပါအတိုင်း လိုက်လုပ်နိုင...
07/01/2025

စာငှက်အုပ်စု (Bunting)ငှက်စာရင်းကောက်သူများအတွက် eBird Checklistကို အလွယ်တကူ share နိုင်ရန် အောက်ပါအတိုင်း လိုက်လုပ်နိုင်ပါတယ်။

Checklist share နည်း

No. 1: eBird accountကို ဝင်ပါမယ်။

No.2 : My eBird ကို နှိပ်​​ပြီး နောက်ဆုံး
တင်ထားတဲ့ Checklist ထဲကိုဝင်ပါမယ်။

No.3 : Checklist ရဲ့ ညာဘက်ထောင့်မှာ share ကို နှိပ်ရပါမယ်။

No.4 : Sharing လုပ်မယ့် Username ​နေရာမှာ
စာငှက်အုပ်စုစာရင်းကောက်တဲ့သူတွေက "HKBWS Landbird" ကို ထည့်ရမှာ ဖြစ်ပါတယ်။

No.5: Checklist share ပြီးသွားရင်တော့ အပေါ်ညာဘက်ထောင့်မှာ
"Yay! This checklist has been shared!"
ဆိုပြီး တွေ့ရမှာ ဖြစ်ပါတယ်။

မှတ်ချက် = Username မှားပါက This username does not exit ဆိုပြီး ပြမှာဖြစ်ပါတယ်။

- eBird ကို အသုံးမပြုသူများက စာငှက်များ၏ တွေ့ရှိရာနေရာ Lat/Long၊ မျိုးစိတ်အမည်၊ အရေအတွက်၊ နေထိုင်ကျက်စားရာ နေရာ ( ရေစပ် ကျုပင် / လယ်ကွင်း စသဖြင့်) တိုကို ကောက်ယူပြီး

ဆရာ ဦးသက်ဇော်နိုင်နှင့် မဂ်လာလေး တို့၏ Facebook messanger သို့လည်း ပေးပို့နိုင်ပါတယ်။

Thet Zaw Naing

https://www.facebook.com/thetzawnaing?mibextid=ZbWKwL

Mingalar Lay

https://www.facebook.com/maibirder95?mibextid=ZbWKwL

Address

Building (F), Room (102), Parami Condo Hlaing Township
Yangon
11062

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95-9420080979

Alerts

Be the first to know and let us send you an email when Biodiversity And Nature Conservation Association - BANCA-BirdLife Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Biodiversity And Nature Conservation Association - BANCA-BirdLife Myanmar:

Share