07/05/2026
ကမ္ဘာ့ဆောင်းခိုငှက်များနေ့ (World Migratory Bird Day)
World Migratory Bird Day (WMBD) ကို နှစ်စဉ် မေလ ဒုတိယပတ် စနေနေ့ နှင့် အောက်တိုဘာလ ဒုတိယပတ် စနေနေ့ များ တွင် နိုင်ငံတဝှမ်းကျင်းပကြပါသည်။ ဆောင်းခိုငှက်များသည် အောက်တိုဘာလ တွင် မြန်မာနိုင်ငံကို လာရောက်ဆောင်းခိုကြပြီး မေလတွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွါ ကြပါသည်။ ထိုသို့ ဆောင်းခိုလာသော ငှက်များကို အောက်တိုဘာလတွင် ကြိုဆိုပြီး နှင့် မေလတွင် နှုတ်ဆက်ကြခြင်း ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ဆောင်းခိုငှက်များနေ့၏ Theme ကတော့ “Every Bird Counts – Your Observations Matter” ဖြစ်ပြီး ထို Theme အောက်တွင် ငှက်ထိန်းသိမ်းရေးလုပ်ငန်းများကို community science (လူထုပူးပေါင်းပါဝင်သည့် သိပ္ပံဆိုင်ရာ စောင့်ကြည့်လေ့လာမှု) ၏ အရေးပါသော အခန်းကဏ္ဍကို အလေးပေးဖော်ပြထားပါသည်။
၂၀၂၆ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း၌ ငှက်ရေတွက်ခြင်း၊ ငှက်ကြည့်လမ်းလျှောက်ပွဲများ၊ ပညာပေး အစီအစဉ်များနှင့် အခြားလှုပ်ရှားမှုများကို ကျင်းပကြမည်ဖြစ်ပြီး၊ ရွှေ့ပြောင်းငှက်များ၏ နေထိုင်ရာဒေသများကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်ကြောင်း အသိပညာပေးမည်ဖြစ်ပါသည်။
ထိုကမ္ဘာ့ဆောင်းခိုငှက်များနေ့တွင် မြန်မာနိုင်ငံရှိ ငှက်ပညာရှင်များ၊ ငှက် ဓာတ်ပုံရိုက် ပညာရှင်များနှင့် ငှက် ဝါသနာပါသူများက အောက်ပါ အစီအစဉ်တွင် ပူးပေါင်းပါဝင်နိုင်ပါသည်။
• Mobilising flyway science to conserve key EAAF wetlands: insights from the Wildlife Science and Conservation Center of Mongolia, and the Hong Kong Bird Watching Society
Date: 7 May 2026
Time: 19:30 GMT+8 (20:30 pm in Japan, Korea, 18:30 pm in Thailand, Indonesia, Vietnam, Cambodia, 18:00 in Myanmar)
Registration link: https://birdlife.zoom.us/meeting/register/-bX8YMbFThuRz2QEAH_LMw
• မိမိတို့ နေရပ်တွင် ခြံထဲရှိ ငှက်များကို လေ့လာနိုင်သလို တွေ့ရှိသော ငှက်မျိုးစိတ်များကိုလည်း ebird application ကိုအသုံးပြုခြင်းဖြင့်လည်း ပူးပေါင်းပါဝင်နိုင်ပါသည်။