Bokashi Myanmar

Bokashi Myanmar Organic waste is not trash! We are recycling food waste in Myanmar -- it is a fantastic resource that

13/08/2026

Yangon rain at East Dagon township causing a few floods in roads and streets.
Torrential rains these days!

05/08/2026

ဒါက ဆန်သွားဝယ်တဲ့ နေ့ထဲက တခု။

ဘုရင့်နောင်က ဆန်ပွဲရုံတခုမှာ ဝယ်ရတယ်။

တာလပတ်အကြီးကြီးတထည်ခင်းပြီး
ဆန်အိတ်ကြီးတွေကို သွန်ချကြရတယ်။
ပြီးမှ ခြောက်ပြည်အိတ်ကလေးတွေထဲ ပြန်ထည့်
ချိန်ခွင်မှာတင်ပြီး ပြန်ချိန်။
ပြီးမှ ချုပ်စက်နဲ့ချုပ်။
ချုပ်ပြီးတဲ့အခါ သယ်ရလွယ်ကူအောင်
ဆန်အိတ်ကြီးတအိတ်မှာ
ခြောက်ပြည်အိတ်လေးအိတ် ပြန်ထည့်။

ဒါက ဆန်လှူတဲ့အကြိမ်တိုင်းမှာ တပတ်တခါ လုပ်းတဲ့ လုပ်ငန်းစဉ်။

နောက်ရက်ကျမှ ဆန်လှူမည့် မိသားစု စာရင်းကောက်တာလေးပါ တင်ပေးပါအုံးမယ်။







ဆန်အိတ်ကိုယ်စီနဲ့အိမ်ပြန်လမ်းဆီ။ဘိုကာရှီမြန်မာ မိသားစုရဲ့၂၀၂၆ ခုနှစ်အတွက်မိသားစုလေးရာဆန်ခြောက်ပြည်အိတ်လေးရာအလှူ။(၈) ကြိမ...
03/08/2026

ဆန်အိတ်ကိုယ်စီနဲ့
အိမ်ပြန်လမ်းဆီ။

ဘိုကာရှီမြန်မာ မိသားစုရဲ့
၂၀၂၆ ခုနှစ်အတွက်
မိသားစုလေးရာ
ဆန်ခြောက်ပြည်အိတ်လေးရာအလှူ။
(၈) ကြိမ်မြောက်။

ဒီကနေ့
( ၃၊၈၊၂၆ ) ရက် တနင်္လာနေ့မှာ
ရန်ကုန်မြို့ရဲ့
ဒုတိယအကြီးဆုံး
နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီးရှိရာ အရပ်က
အဲ့ဒီအမှိုက်တောင်တန်းကြီးကို အမှီသဟဲပြု
အသက်မွေးကြသူ မိသားစုများအတွက်
လှူဒါန်းမျှဝေ မေတ္တာကမ်းလက် ဆန့်တန်းနိုင်ခဲ့ပါတယ်။

တပတ်ခန့် အနိမ့်ဆုံးတော့
မိသားစု စားစရာ ဆန် ဖူလုံကြဖို့
မျှော်လင့်မိပါတယ်။

ကီလိုနဲ့ဆို ၁၂ ကီလို
ပေါင်နဲ့ ဆို ၂၆ / ၂၇ ပေါင် ဝန်းကျင်
မြန်မာအခေါ် “ပြည်” နဲ့ဆို
(၆) ပြည်ပါ။

ဆန်အိတ်ကြီးတအိတ်မှာ
၁၀၈ ပေါင်
ကီလိုနဲ့ ဆို (၅၀) ပတ်ချာလည်
ပြည် နဲ့ ဆို ၂၄ ပြည်ပါ။

ဒါကို လေးအိတ် အညီအမျှခွဲပြီး
ခြောက်ပြည်အိတ်ကလေးများအဖြစ်ပြန်လည်စီစဉ်ထားပါတယ်။

တနေ့တပြည်ချက်စားရင်တောင်
အနည်းဆုံး ၆ ရက်အပြည့် ရပါလိမ့်မယ်။

အဆင်ပြေ အေးချမ်းကြစေလိုရုံမျှသာ။







ဆန်လှူဖို့ရာဆန်အဝယ်ထွက်။ဆရာမကြီး အိပ်ယာနိုးချိန်ကိုယ့်တရားဝင်အလုပ်လုပ်ချိန်။အခုတော့ မန်နေဂျာတယောက်ညွှန်ကြားရေးမှူးတယောက်...
02/08/2026

ဆန်လှူဖို့ရာ
ဆန်အဝယ်ထွက်။

ဆရာမကြီး အိပ်ယာနိုးချိန်
ကိုယ့်တရားဝင်အလုပ်လုပ်ချိန်။

အခုတော့ မန်နေဂျာတယောက်
ညွှန်ကြားရေးမှူးတယောက်တို့နဲ့
က်ုယ့်ဘဝကို သေချာ လမ်းညွှန်ပေးကြမယ့်
ဦးစီးမှူး နှစ်ယောက်နဲ့။







 #ဆန်အလှူ  ညိုကာရှီမြန်မာ မိသားစုရဲ့၂၀၂၆ ခုနှစ်အတွက် (၇) ကြိမ်မြောက်မိသားစုလေးရာဆန်ခြောက်ပြည်အိတ်လေးရာအလှူမနေ့က အရှေ့ဒဂု...
28/07/2026

#ဆန်အလှူ

ညိုကာရှီမြန်မာ မိသားစုရဲ့
၂၀၂၆ ခုနှစ်အတွက် (၇) ကြိမ်မြောက်
မိသားစုလေးရာ
ဆန်ခြောက်ပြည်အိတ်လေးရာအလှူ
မနေ့က အရှေ့ဒဂုံမြို့နယ်မှာ
ဆောင်ရွက်အောင်မြင်ခဲ့ပြန်ပါပြီ။

ဒီလို လှူဒါန်းမျှဝေမှုကို
အထမြောက်အောင်
ပံ့ပိုးကူညီပေးကြတဲ့
Switzerland နိုင်ငံက
Mr. Hans Mayer နှင့်
Wings and Roots အဖွဲ့ရဲ့
ပဲ့ကိုင်ရှင် အစ်မ ခရစ္စတီးနားကိုရော
ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်။

အလှူ့ရှင်များရော
ဆန်အိတ်အလှူလက်ခံရရှိကြသူ
မိသားစုများပါ
ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေ။
ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပါစေ။







မနေ့က (၂၀၊၇၊၂၀၂၆) မှာဘိုကာရှီမြန်မာမိသားစုရဲ့၂၀၂၆ ခုနှစ်အတွက်(၆) ကြိမ်မြောက်မိသားစုလေးရာဆန်ခြောက်ပြည်အိတ်လေးရာ လှူဒါန်းမ...
21/07/2026

မနေ့က (၂၀၊၇၊၂၀၂၆) မှာ
ဘိုကာရှီမြန်မာမိသားစုရဲ့
၂၀၂၆ ခုနှစ်အတွက်
(၆) ကြိမ်မြောက်
မိသားစုလေးရာ
ဆန်ခြောက်ပြည်အိတ်လေးရာ လှူဒါန်းမျှဝေမှုလေး
ထမြောက်အောင်မြင်ခဲ့ပြန်ပါပြီ။







ဆန်ကွဲ (ဇကွဲ) စပါးစေ့တွေကို ဆန်ဖြစ်ဖို့ ဆန်စက်မှာ ဆန်ကြိတ်ကြရတယ်။အဲ့သလို ဆန်ကြိတ်ကြတဲ့အခါမယ်ဆန်စက်တွေရဲ့ အမျိုးအစားနဲ့ စ...
19/07/2026

ဆန်ကွဲ (ဇကွဲ)

စပါးစေ့တွေကို ဆန်ဖြစ်ဖို့ ဆန်စက်မှာ ဆန်ကြိတ်ကြရတယ်။
အဲ့သလို ဆန်ကြိတ်ကြတဲ့အခါမယ်
ဆန်စက်တွေရဲ့ အမျိုးအစားနဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ရရှိလာတဲ့ ဘေးထွက်ပစ္စည်း (by products) တချို့လဲ ပါဝင်လာတယ်။

ဆန်ကြိတ်တယ်ဆိုတာက စပါးစေ့ကို အခွံခွါတာပါပဲ။
ဆိုတော့ ယေဘူယျ အားဖြင့် စပါးစေ့က အခွံနဲ့ အဆန် ကွဲသွားတဲ့အခါ ဆန်ရယ်၊ စပါးခွံ ရယ်ဆိုပြီး နှစ်မျိုး ရလာတယ်။

တခါ ဆန်ရဲ့ အပြင်သား တနည်း စပါးခွံရဲ့ အတွင်းသားနုနုလေးတွေက အမှုန့်အနေနဲ့ ကျလာတာ ရှိသေးပြီး၊ အဲဒီအမှုန့်ကိုတော့ ဖွဲနုလို့ခေါ်ကြတယ်။

တချို့ဆန်စက်တွေမှာက စပါးခွံမှာတောင် စပါးစေ့ရဲ့ အခွံ ခွဲခြမ်း (တနည်း) စပါးခွံ နဲ့ အမှုန်အကြေ သဘောအဖြစ် ကျလာတဲ့ စပါးခွံခွဲကြမ်းမှုန့်အဖြစ်ကျတဲ့ အရာဆိုပြီး ထပ်ကွဲသေးတယ်။ အဲ့သလို စပါးခွံခွဲကြမ်းကိုတော့ ဖွဲကြမ်း လို့ခေါ်တယ်။

ဆိုတော့
၁။ စပါးခွံ
၂။ ဖွဲကြမ်း
၃။ ဖွဲနု ရယ်လို့ သုံးမျိုးထွက်တယ်။

တခါ ဆန်ဘက်ကို ကြည့်ပြန်တော့လဲ
ဆန်သားအနေနဲ့ကတဖုံ
နောက်တဆင့် ဆန်နှစ်ပိုင်းကျိုး၊ နှစ်ပိုင်းပြတ်တဲ့ ဆန်ကျိုး အနေနဲ့က တပါဒ၊ နောက်ဆုံး ဆန်တစေ့မှာ သုံးလေး ငါးပိုင်း ကျိုးကွဲသွားတဲ့ ဆန်ကွဲ (ဇကွဲ) ရယ်လို့တမျိုးဆိုပြီး သုံးမျိုးကွဲပြန်ပါသေးတယ်။

ဆိုတော့ ဆန်မှာလဲ
၁။ ဆန်
၂။ ဆန်ကျိုး
၃။ ဆန်ကွဲ ရယ်လို့ သုံးမျိုးကွဲပြားပါတယ်။

လယ်ထဲက စပါးတွေ ရိတ်သိမ်း၊ ချွေလှေ့ပြီး၊ အခြောက်ပါလှမ်းပြီးလို့ ဆန်စက်ရောက်တဲ့အခါ
အထက်ကအတိုင်း

၁။ ဆန်
၂။ ဆန်ကျိုး
၃။ ဆန်ကွဲ
၄။ ဖွဲနု
၅။ ဖွဲကြမ်း
၆။ စပါးခွံရယ်လို့
စုစုပေါင်း အမယ် ခြောက်မျိုးကွဲသွားတယ်။

မှတ်ချက်။ ။
(တချို့ဆန်စက်တွေမှာတော့ ပွိုင့် ခေါ်တဲ့ ဆန်ကွဲနဲ့ ဖွဲကြမ်းအရောအနှောလည်း ထွက်ပါသေးတယ်။
ဆန်စက်ရဲ့ မော်ဒယ်၊ မိတ် made၊ ထုတ်လုပ်တဲ့နိုင်ငံနဲ့ ခုနှစ်ရယ်နဲ့၊ capacity စွမ်းဆောင်ရည် စတာတွေအပေါ်မူတည်ပြီး အနည်းငယ် ခြားနားမှုတချို့ ရှိနိုင်ပါတယ်။)

အဲဒီ (၆) မျိုးရဲ့ အသုံးတွေကို တခါ ခွဲပြောကြရပြန်တယ်။

၁။ ဆန်
သူ့ကိုတော့ အထူးပြောဖွယ်မလို။
ထမင်းချက်စားကြတယ်။ သိသာပြီမို့ ကျော်လိုက်ပါ့မယ်။

၂။ ဆန်ကျိုး
သူလည်း ထမင်းချက်စားရတာပါပဲ။
တချို့ဆန်စက်တွေမှာ ဆန်ကျိုးကို တသီးတသန့်ရောင်းပေးကြတယ်။ ဆန်ကုန်သည်တွေကလည်း များများစားစား ဝယ်ယူကြတယ်။ ဆန်ထဲမှာ အပွါးအနေနဲ့ ပြန်ရောကြဖို့ပါ။ ဥပမာ ဆန်အကောင်း လေးအိတ်ကို ဆန်အကျိုးတအိတ် စသည်ပေါ့။
နောက်ပြီး ဆန်စက်နဲ့ နီးစပ်ကြရာမှာ တချို့က ဆန်ကျိုးကို တကူးတက ဝယ်စားကြတာလည်း ရှိသေးတယ်။ တချို့ မိသားစုတွေက ဆန်အမျိုးအစားကောင်းတာ (ဥပမာ ရွှေဘိုပေါ်ဆန်းလိုမျိုး) စားချင်တယ်။ ကိုယ်တတ်နိုင်တဲ့ပမာဏကလည်း ဆန်ကြမ်းဈေးပဲဆိုရင် ပေါ်ဆန်းမွှေး ဆန်ကျိုးပဲ ဝယ်စားလိုက်ကြတာမျိုးပေါ့။ နောက်တခုက ဆန်ကိုအခြေခံတဲ့ မြန်မာမုန့်အမျိုးမျိုး ပြုလုပ်ကြရာမှာ ကုန်ကျစားရိတ် ကုန်ကြမ်းဖိုးချွေတာဖို့ရာ ဆန်အလုံးလိုက်အစား ဆန်ကျိုးကို အသုံးပြုကြပြန်သေးတယ်။

၃။ ဆန်ကွဲ
ဟိုတုန်းကတော့ ဆန်ကွဲဆိုတာ
(က) ဆင်းရဲသားတချို့စားတာ၊
(ခ) ခွေးစာ၊ ဝက်စာ စတဲ့ တိရစ္ဆာန်အစာချက်ကြတာ
ဒီနှစ်မျိုးအသုံးတွင်ကြတယ်။ ဆန်ကွဲထမင်းနှင့် ပုန်းရည်ကြီးဟင်းဆိုတာမျိုးတွေ မြန်မာစာတွေထဲ တွေ့ဖူးကြပါလိမ့်မယ်။ ရှေးခေတ်အခါ အညာသားဗမာတွေရဲ့ ဆင်းရဲသားစာက ငါးပိရည်ထက် ပုန်းရည်ကြီးက အကြိမ်ရေပိုများဟန်ပါပဲ။ အခုခေတ်တော့ ဆန်ကွဲကိုလည်း ဆန်အကောင်းမှာ ရောကြသလို၊ ဆန်အခြေခံ မုန့်ပဲသွားရည်စာ ပြုလုပ်ဖို့ရာလည်းအသုံးပြုကြပါတယ်။
တချို့လည်း ဆန်ကွဲကိုပဲ ထမင်းအဖြစ် ချက်ပြုတ်စာရနေကြရသေးတုန်းပါပဲ။ ဝက်စာ ခွေးစာ မကျွေးအားကြဟန်ပါပဲ။

၄။ ဖွဲနု
သူလည်း နဂိုကတော့ ဝက်စာ၊ ငါးစာ၊ နွားစာ စသည်ပါပဲ။ ခုခေတ်မှာတော့ စပါယ်ရှယ်ဝက်များ နွားများတောင် ဖွဲနု နပ်မမှန်နိုင်ကြတော့ပါဘူး။
ဖွဲနုက သူတို့အတွက်ဆော့ အသားဟင်းကောင်းကောင်းချက်တဲ့နေ့ ဖြစ်နေနိုင်ပါတယ်။
ခေတ်သစ်မှာ ဖွဲနုရဲ့ နောင်ထပ်အသုံးဝင်မှုတခုကတော့ စိုက်ပျိုးရေးမှာပဲ ဖြစ်ပါတယ်။
မှိုစိုက်ပျိုးရေးအမျိုးမျိုးမှာဆို ဖွဲနုဟာ မပါမဖြစ် ingredients တခု ဖြစ်နေပါပြီ။ နောက်ပြီး မြေဆွေး မြေဩဇာ အမျိုးမျိုး ပြုလုပ်နည်းတွေမှာလဲ မပါမဖြစ် ဇာတ်လိုက်ကျော်တခု ဖြစ်နေနှင့်ပါပြီ။

၅။ ဖွဲကြမ်း
သူကတော့ ဖွဲနုကနေတဆင့်နိမ့်လာတဲ့ ဝက်စာ နွားစာ ဖြစ်သွားပါတယ်။ မြေဆွေး မြေဩဇာ ပြုလုပ်နည်းတချို့နဲ့ မှိုစိုက်ပျိုးထုတ်လုပ်ရေးတွေမှာလည်း ဖွဲနုနီးပါး အသုံးဝင်ပါတယ်။

၆။ စပါးခွံ (ဖွဲခွံ)
အများအားဖြင့်တော့ ဖွဲခွံ ခေါ် စပါးခွံကို စွန့်ပစ်ကြတာပါပဲ။ အမှိုက်ပေါ့။
သို့သော် အသုံးဝင်တာတချို့လည်း
ရှိပြန်ပါသေးတယ်။ “ဖွဲမီးလို တမြေ့မြေ့လောင်တယ်” ဆိုတဲ့ စကားပုံအလာအတိုင်းပါပဲ။ ဖွဲခွံခေါ် စပါးခွံဟာ မီးလောင်လွယ်သလို မီးအားလည်း ပြင်းဟန်တူပါတယ်။ ဒါကြောင့်ပဲ အရက်ချက်စက်ရုံ၊ ဘီယာချက်စက်ရုံ၊ စက္ကူစက်ရုံစတဲ့ ဘွိုင်လာ နဲ့ မီးအားပြင်းပြင်း အသုံးပြုရတာ ပါဝင်တဲ့ စက်ရုံတွေအများစုဟာ စပါးခွံကို လောင်စာအဖြစ် အသုံးပြုကြပါတယ်။ အဲ့သလို စက်ရုံတွေက အသုံးပြုပြီးသား စပါးခွံပြာမည်းမည်းတွေကို ဖွဲပြာလို့ခေါ်ပါတယ်။
ရေစစ်ဖို့
စိုက်မြေစပ်ဖို့
တချို့အရပ်ဒေသတွေမှာ ပန်းကန်ခွက်ယောက်များ တိုက်ချွတ်ဆေးကြောဖို့စသည် အသုံးပြုကြပါတယ်။

စပါးခွံကို စက်ထဲမှာထည့် ဖိအားပမာဏတခုနဲ့ ဖိသိပ်ချပြီးမှ အတောင့်လိုက်ပြန်ထွက်လာအောင် ပြုလုပ်ပြီး လောင်စာတောင့်အနေနဲ့အသုံးပြုတာမျိုးလည်း ရှိပြန်ပါသေးတယ်။ palette လို့ခေါ်ကြတာပေါ့။

အခုပုံထဲမှာ မြင်ရတာကတော့
ကောင်ညှင်းဆန်ရဲ့ ဆန်ကွဲ (ဇကွဲ) အတိုကောက် (ညှင်းကွဲ) ဖြစ်ပါတယ်။ ကောက်ညှင်းပေါင်းလို၊ ဆီထမင်းလိုက လွဲရင် ကောက်ညှင်းဆန်အခြေခံတဲ့ မြန်မာမုန့်တချို့အတွက် ကောင်ညှင်းဆန်အကောင်းအစား ကောက်ကျိုး သို့ ညှင်းကွဲ ကိုပဲ အသုံးပြုကြပါတယ်။

ဒီစာက ဘယ်သူ့ကိုမှ အပစ်တင်ဖို့မဟုတ်ပါဘူး။
စီးပွါးရေးရဲ့ အရေးပါတဲ့ စည်းမျဉ်းတခုက
Minimize the costs and maximize the profits လို့ ဆိုပါတယ်။ ကုန်ကျစားရိတ်ကို ရတတ်သရွေ့ လျှော့ချကြရတဲ့ လောကသဘာဝ တခုကို မြင်စေလိုရုံပါပဲ။







ဒီကနေ့ဘိုကာရှီမြန်မာမိသားစုရဲ့၂၀၂၆ ခုနှစ်အတွက်(၅) ကြိမြောက်မိသားစုလေးရာဆန်ခြောက်ပြည်အိတ်လေးရာ လှူဒါန်းမျှဝေမှုလေးထမြောက်...
13/07/2026

ဒီကနေ့
ဘိုကာရှီမြန်မာမိသားစုရဲ့
၂၀၂၆ ခုနှစ်အတွက်
(၅) ကြိမြောက်
မိသားစုလေးရာ
ဆန်ခြောက်ပြည်အိတ်လေးရာ လှူဒါန်းမျှဝေမှုလေး
ထမြောက်အောင်မြင်ခဲ့ပြန်ပါပြီ။







Just in caseဖြစ်ခဲ့သည်ရှိသော် သဘောနဲ့ ကြိုတင်တင်ပါတယ်။ကိုယ့်ဖေ့စ်ဘုတ်အကောင့်များ တယောက်ယောက် ရယူသွားတာ၊ သို့၊ ထိန်းချုပ်...
12/07/2026

Just in case
ဖြစ်ခဲ့သည်ရှိသော် သဘောနဲ့ ကြိုတင်တင်ပါတယ်။
ကိုယ့်ဖေ့စ်ဘုတ်အကောင့်များ တယောက်ယောက် ရယူသွားတာ၊ သို့၊ ထိန်းချုပ်သွားတာမျိုးဖြစ်နေမှာ စိုးလို့ပါ။

Screen shots ပုံလေးတွေထဲက Notification နဲ့ အီးမေးလ်တချို့ ဝင်ထားတာ တွေ့တော့ တခုခုများလား စိုးရိမ်လို့ တင်လိုက်ပါတယ်။

ဘိုကာရှီမြန်မာအနေနဲ့သော်လည်းကောင်း၊ မိမိ တကိုယ်ရည်အဖြစ်နဲ့သော်လည်းကောင်း ဘယ်သူတဦိးတယောက်၊ တစုတဖွဲ့ ဆီကိုမှ လူမှုရေးကိစ္စ၊ ငွေရေးကျေးရေးကိစ္စ၊ စသည်တွေ လာရောက် ဆက်သွယ် ကမ်းလှမ်း ချိတ်ဆက် တာမျိုးတွေ ပြုလုပ်မနေပါဘူး။

အကယ်၍များ something fishy ဖြစ်တဲ့ စာတွေ မက်ဆေ့တွေ လက်ခံရရှိလာခဲ့ရင် တိုက်ရိုက်လာပြောကြဖို့၊ ဖုန်းမှတဆင့် ဆက်သွယ်ပေးကြဖို့နဲ့ မှတ်တမ်းလေးယူထားပေးကြဖို့သာ မေတ္တာရပ်လိုပါသည်။

 #ဆန်အလှူ     မနေ့က (၆၊၇၊၂၆) ရက်၊ တနင်္လာနေ့မှာ ဆိပ်ကမ်းဒဂုံက လိုအပ်ချက်ရှိတဲ့ အခြေခံ မိသားစု လေးရာဝန်းကျင်အတွက်၊ နောက်ထ...
07/07/2026

#ဆန်အလှူ
မနေ့က (၆၊၇၊၂၆) ရက်၊ တနင်္လာနေ့မှာ ဆိပ်ကမ်းဒဂုံက လိုအပ်ချက်ရှိတဲ့ အခြေခံ မိသားစု လေးရာဝန်းကျင်အတွက်၊ နောက်ထပ် Holiday ticket သဖွယ်ဖြစ်တဲ့ ဆန် (၆) ပြည်အိတ် လေးရာအလှူလေး လှူဖြစ်ခဲ့တယ်။ ဒါဟာ (၂၀၂၆) ခုနှစ်အတွက် ဘိုကာရှီမြန်မာမိသားစုနဲ့ မိတ်ဆွေများရဲ့ စတုတ္ထအကြိမ်မြောက် ဆန်အလှူလေးလည်းဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံက Mr & Mrs Hans တို့ရယ်၊ ချစ်ရတဲ့ အစ်မခရစ္စတီးနား ဦးဆောင်တဲ့ “Wings and Roots” အဖွဲ့လေးရယ်က အဓိက ပံ့ပိုးပေးကြလို့သာ ဒီမေတ္တာကမ်းလက် ပရောဂျတ်ကလေး အထမြောက်တာပါ။

ဘယ်အချိန်အထိ ဘယ်နှစ်ကြိမ်ပေါင်းများစွာအထိ ဒီမျှဝေ ကမ်းလက်ကလေး ဆန့်တန်းပေးထားနိုင်မယ်ဆိုတာ ဘယ်သူမှ တပ်အပ်သေချာမဟောနိုင်သလို ဘယ်အရာကမှလည်း အာမမခံနိုင်တဲ့သင်္ခါရ
တခုပါ။

ဒါပေမယ့် ဘိုကာရှီတို့ဘက်က ပေးနိုင်တာက၊ကိုယ်စွမ်း ညဏ်စွမ်း ရှိသရွေ့ မိမိတို့ဘက်က ဆက်လက်ချီတက် ကြိုးပမ်းနေမှာဖြစ်ပြီး ကျန်တာကတော့ ကံစွမ်းနဲ့ ပတ်ဝန်းကျင် အထောက်အပံ့များရဲ့ အရာသာဖြစ်ပါကြောင်းပေါ့။

ငယ်နုစဉ်က သင်ဖူးခဲ့တဲ့ သင်ခန်းစာအတိုင်းပြောရရင်
ကြိုးစားစွမ်းဆောင်နေခြင်းက ကိုယ်စွမ်းနိုင်တဲ့ (Cycle / Circle of influence) အပိုင်းကိုဖြည့်ဆည်းခြင်း ဖြစ်ပြီး၊ ကြိုးစားသလောက်ဖြစ်လာခြင်း မလာခြင်းကတော့ ကိုယ်ဖန်တီးလို့မရတဲ့ ပြင်ပအကြောင်းအရာ Cycle / circle of concern) လို့ပဲ သတ်မှတ်ထားလိုက်ပါတယ်။

ဆက်လက်၍လည်း စွမ်းသမျှ ကြိုးစားနေဦးမည့် ဘ်ုကာရှီမြန်မာအသင်း။







Address

326, 327, 328, Maha Bandoola Road, Ward 47, North Dagon Township
Yangon
11421,11422

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959778405815

Alerts

Be the first to know and let us send you an email when Bokashi Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Bokashi Myanmar:

Shortcuts

Share