Myanmar Tourism Federation

Call Directions Website Contact the organization

Myanmar Tourism Federation Myanmar Tourism Federation, a umbrella of tourism related associations.

■ စျေးကွက်မြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ ( ၁/ ၂၀၂၆) အစည်းအဝေး ကျင်းပ5 October 2026 _____ Hybrid Meetingမြ...
06/10/2026

■ စျေးကွက်မြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ ( ၁/ ၂၀၂၆) အစည်းအဝေး ကျင်းပ
5 October 2026 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ၏ စျေးကွက်မြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ ( ၁/ ၂၀၂၆) အစည်းအဝေးအား ယမန်နေ့ နံနက် (၁၁)နာရီတွင် Hybrid စနစ်ဖြင့်ကျင်းပရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ခရီးသွားလုပ်ငန်းကဏ္ဍ စျေးကွက်မြှင့်တင်ရေးလုပ်ငန်းများအတွက် ဘတ်ဂျက်၊ ဒီဂျစ်တယ်နည်းပညာနှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ဈေးကွက်မြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ၏ ဘတ်ဂျက်အစီအစဉ်များ၊ လက်ရှိ ဝက်ဘ်ဆိုက်နှင့် Domain များ အသုံးချရေး၊ တရုတ်ခရီးသွားဈေးကွက် မြှင့်တင်ရေးအတွက် visitmyanmar_cn website အား လိုအပ်သည်များ ထပ်မံတိုးမြှင့်တည်ဆောက်သွားနိုင်ရေး၊ AI နည်းပညာနှင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များ အသုံးပြုနိုင်ရေး၊ OTA ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ကော်မတီ၏ လုပ်ငန်းအင်အားတိုးမြှင့်ရေးအတွက် Intern များအား တာဝန်များခွဲဝေကာ လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ Google SEO နှင့် Content Marketing တို့အား ပညာရှင်များနှင့် ပူးပေါင်း၍ ဒစ်ဂျစ်တယ်ခရီးသွားကဏ္ဍ လျင်မြန်မာစွာတိုးတက်လာရေး ညှိနှိုင်းဆွေးနွေးခဲ့ကြည်။ See more on https://shorturl.at/JM7Lm

■ ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီ၏ (ဗစ-၁၀/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ30 September 2026 _____...
01/10/2026

■ ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီ၏ (ဗစ-၁၀/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
30 September 2026 ______ MTF
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီ၏ (ဗစ-၁၀/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် ၁၁:၀၀ နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်စား အထွေထွေအတွင်းရေးမှူးမှ ဦးဆောင်ကျင်းပကာ ပထမဦးစွာ အဖွဲ့ချုပ်၏ ဘဏ္ဍာရေးရှင်းတမ်းအား ဘဏ္ဍာရေးမှူးက ရှင်းလင်းတင်ပြခြင်း၊ ယခင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲအခြေအနေနှင့် ဆောင်ရွက်ရန်ကျန်ရှိလုပ်ငန်းစဉ်များအား တင်ပြခြင်း၊ Swisscontact နှင့် MTF တို့အကြား ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်ကိစ္စနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြခြင်း၊ MTF CEC/EC များမှ အဖွဲ့ချုပ်ကိုယ်စားပြု ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအသစ်အရ လစ်လပ်ရာထူးများ ဖြည့်စွက်ခြင်းကိစ္စ ဆွေးနွေးခြင်း၊ မြန်မာ့ခရီးသွားပြပွဲ ၂၀၂၇ (Myanmar Tourism Fair 2027) ကျင်းပနိုင်ရေးကိစ္စ ဆွေးနွေးခြင်း၊ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အလိုက် ဆောင်ရွက်မည့် ခရီးသွားမြှင့်တင်ရေးအစီအစဉ်များအား တင်ပြခြင်း၊ အမြဲတမ်းကော်မတီများက သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများအား ဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဉ်တွင် တက်ရောက်လာကြသူများမှ လိုအပ်သည်များအား အကြံပြုဆွေးနွေးကြပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးအား ညနေ ၃:၃၀ နာရီတွင် ရုတ်သိမ်းလိုက်သည်။ See more on https://shorturl.at/CNLqt

■ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အခမ်းအနားသို့ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆ...
30/09/2026

■ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အခမ်းအနားသို့ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခြင်း
27 September 2026 _____ Nay Pyi Taw
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကားပြောကြားခဲ့ပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်ဖြစ်သည့် “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာသုံးကြစို့” နှင့်အညီ ခရီးသွားလုပ်ငန်းတွင် ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာများ အသုံးချရေး၊ MSME လုပ်ငန်းရှင်များပါ နည်းပညာ၏ အကျိုးကျေးဇူးများ ရရှိနိုင်ရေးနှင့် ခရီးသွားကဏ္ဍ ပိုမိုတိုးတက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ဝန်ဆောင်မှုစွမ်းဆောင်ရည်အကောင်းဆုံးဆုများနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ See more on https://shorturl.at/YCKuj
Photo:MCHT

■ မြန်မာ-အာဆီယံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ22 September 202...
25/09/2026

■ မြန်မာ-အာဆီယံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
22 September 2026 _____ Virtual Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ၏ မြန်မာ-အာဆီယံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အာဆီယံဒေသတွင်း ခရီးသွားဈေးကွက် မြှင့်တင်ရေးအတွက် ဘဏ္ဍာရေးလျာထားချက် ရေးဆွဲနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လာမည့် ၆ လတာ (မတ်လ ၃၁ ရက်အထိ) ကာလအတွက် အနိမ့်ဆုံးလိုအပ်မည့် ဘတ်ဂျက်နှင့် ရှေ့တစ်နှစ်စာအတွက် လိုအပ်မည့် ခန့်မှန်းဘတ်ဂျက်များကို ရေးဆွဲနိုင်ရေး ဆွေးနွေးခဲ့ကြသည်။ လျာထားဘဏ္ဍာရေး၏ ၃၅ ရာခိုင်နှုန်းခန့်ကို ခရီးစဉ်ဒေသပုံရိပ်မြှင့်တင်ခြင်း (Destination Branding) လုပ်ငန်းများတွင် အဓိကအသုံးပြုရန် အကြံပြုခဲ့သည်။
ထို့ပြင် တိုက်ရိုက်လေကြောင်းလိုင်းများ ရှိပြီး ခရီးသွားထွက်ရှိမှုများသော ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နှင့် စင်ကာပူ စသည့် အာဆီယံနိုင်ငံများကို ဦးစားပေး (Priority) အဖြစ် သတ်မှတ်၍ ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။
အာဆီယံနိုင်ငံများ၏ ခရီးသွားဒေတာများကို စုဆောင်းကာ အသေးစိတ်ဘဏ္ဍာရေးခွဲဝေမှုများကို လာမည့် ဒုတိယအကြိမ် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ See more on https://shorturl.at/ArwWw

■ (၅)ကြိမ်မြောက် “Digital Marketing for Tourism MSMEs” Webinar ကျင်းပ17 September 2026 ______ Webinarမြန်မာနိုင်ငံခရီးသွ...
22/09/2026

■ (၅)ကြိမ်မြောက် “Digital Marketing for Tourism MSMEs” Webinar ကျင်းပ
17 September 2026 ______ Webinar
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) အသင်းသားရေးကော်မတီမှ (၅) ကြိမ်မြောက် အွန်လိုင်းဆွေးနွေးပွဲအဖြစ် “Digital Marketing for Tourism MSMEs” Webinar အား စက်တင်ဘာလ (၁၇)ရက်နေ့၊ မွန်းလွဲ (၁)နာရီတွင် ကျင်းပရာ အသင်းသားရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အလုပ်အမှုဆောင်များ၊ အခြားစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌမှ မိတ်ဆက်စကား ပြောကြားခဲ့ပြီး အဖွဲ့ချုပ် အလုပ်အမှုဆောင်၊ ASEAN National Trainer & Certified Digital Trainer တစ်ဦးဖြစ်သူ ဒေါက်တာ စုမြတ်စန္ဒီဦးက အဓိကဆွေးနွေးသူအဖြစ် PowerPoint Presentation ဖြင့် “Digital Marketing for Tourism & Hospitality MSMEs” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ကမ္ဘာ့ခရီးသွားများ၏ ၉၀ ရာခိုင်နှုန်းသည် အွန်လိုင်းအသုံးပြုမှုဘက်သို့ ပြောင်းလဲလာသည့် အခြေအနေများ၊ ခရီးသွားလုပ်ငန်းများအတွက် SOSTAC Strategic Planning Framework ကို အသုံးပြု၍ ဈေးကွက်ဗျူဟာ ရေးဆွဲနည်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့ပြင် Facebook၊ TikTok၊ Viber နှင့် Telegram ကဲ့သို့ ဆိုရှယ်မီဒီယာပလက်ဖောင်းများမှတစ်ဆင့် ခရီးသွားဈေးကွက် ထိုးဖောက်ရေးနှင့် Local SEO၊ Google Business Profile တို့၏ အရေးပါပုံများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ခရီးသွားလုပ်ငန်းများ၏ Digital Marketing စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ အခမဲ့ Digital Tourism Marketing သင်တန်းကို အောက်တိုဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ See more on https://shorturl.at/3EtMY

■ မြန်မာ့ခရီးသွားလုပ်ငန်းပြပွဲ ၂၀၂၇ (Myanmar Tourism Fair 2027) ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ16 Sept...
17/09/2026

■ မြန်မာ့ခရီးသွားလုပ်ငန်းပြပွဲ ၂၀၂၇ (Myanmar Tourism Fair 2027) ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
16 September 2026 _____ Hybrid Meeting
မြန်မာ့ခရီးသွားလုပ်ငန်းပြပွဲ ၂၀၂၇ (Myanmar Tourism Fair 2027) ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညီနောင်အသင်းများ ပါဝင်သည့် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၆ စက်တင်ဘာ ၂၀၂၆ ရက်တွင် Hybrid Meeting ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို ပြန်လည်မြှင့်တင်ရန်နှင့် နိုင်ငံတကာခရီးသွားများ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ရန် ရည်ရွယ်၍ ပြပွဲကျင်းပရေးဆိုင်ရာ လိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ပြပွဲအတွက် ခန့်မှန်းကုန်ကျစရိတ်များ၊ ကျင်းပမည့်နေရာနှင့် ဖိတ်ကြားမည့် နိုင်ငံတကာခရီးသွား Agency များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ပွဲဖြစ်မြောက်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီကိုလည်း ဖွဲ့စည်းခဲ့ကြသည်။ ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာန၏ ဦးဆောင်မှု၊ အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် လုပ်ငန်းစဉ်များကို လာမည့်အစည်းအဝေးများတွင် အသေးစိတ် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်သည်။ See more on https://shorturl.at/mZXkp

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲသို...
03/09/2026

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲသို့ ပါဝင်တက်ရောက်
၂၅-၂၈ ဩဂုတ် ၂၀၂၆ | ဟိုချီမင်းမြို့၊ ဗီယက်နမ်နိုင်ငံ
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သည့် (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ (ITE HCMC 2026) နှင့် ဆက်စပ်အစီအစဉ်များသို့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ခရီးစဉ်အတွင်း (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ ဖွင့်ပွဲအခမ်းအနား၊ MICE အဆင့်မြင့်ခရီးသွားလုပ်ငန်းဖိုရမ်၊ (၇) ကြိမ်မြောက် ACMECS အစည်းအဝေးများနှင့် (၈) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) ဆက်စပ် အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် ခရီးသွားပြပွဲအတွင်း မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းနှင့် နိုင်ငံအလိုက် ခင်းကျင်းပြသထားသည့် ခရီးသွားပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါပြပွဲတွင် နိုင်ငံပေါင်း ၄၀ မှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များ၊ Buyer ၊ Seller များနှင့် ပြခန်းပြသသူများ စုစုပေါင်း ၃၀,၀၀၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ See more on https://shorturl.at/5bmEK
Photo: MOHTC

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ (အ-၁၃/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး31 August 2026 | H...
01/09/2026

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ (အ-၁၃/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး
31 August 2026 | Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့၏ (အ-၁၃/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ အဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေးအခြေအနေများကို ဘဏ္ဍာရေးမှူးက ရှင်းလင်းတင်ပြခြင်း၊ ထို့နောက် ယခင်အလုပ်အမှုဆောင်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် အခြေအနေများကို ရုံးအဖွဲ့မှူးက ဖတ်ကြားတင်ပြခဲ့သည်။

ဆက်လက်၍ ကြိုတင်ပေးပို့ထားသည့် တင်ပြချက်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ အမြဲတမ်းကော်မတီများ၏ သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများကို ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက အသီးသီး တင်ပြဆွေးနွေးခြင်း၊ တက်ရောက်လာသည့် ညီနောင်အသင်းများက ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် အခက်အခဲများကို တင်ပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အထွေထွေဆွေးနွေးခြင်းအစီအစဉ်တွင် တက်ရောက်လာကြသူများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို နေ့လယ် (၂) နာရီတွင် ရုပ်သိမ်းခဲ့သည်။ See more on https://shorturl.at/xFD6u

■ ကုလသမဂ္ဂခရီးသွားလုပ်ငန်းနေ့ (UN Tourism Day) တွင် ဆုရွေးချယ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး17 August 2026 ____...
18/08/2026

■ ကုလသမဂ္ဂခရီးသွားလုပ်ငန်းနေ့ (UN Tourism Day) တွင် ဆုရွေးချယ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး
17 August 2026 ________ Hybrid Meeting
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ချီးမြှင့်မည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဝန်ဆောင်မှုအကောင်းဆုံးဆု (Service Excellence Awards) ရွေးချယ်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) နှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) တို့မှ တာဝန်ရှိသူများ ညှိနှိုင်းအစည်းအဝေးအား အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဆုရွေးချယ်ရာ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI/JV) ဟိုတယ်များနှင့် တိုင်းရင်းသားပိုင်ဟိုတယ်များဟူ၍ ကဏ္ဍနှစ်ခုခွဲကာ ပထမ၊ ဒုတိယနှင့် တတိယဆုများ ရွေးချယ်သွားရန်၊ ဆုရွေးချယ်ရာတွင် ဝန်ဆောင်မှုအရည်အသွေး၊ အခွန်စည်းကမ်းလိုက်နာမှု၊ CSR ဆောင်ရွက်မှု၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုနှင့် ရေရှည်တည်တံ့သော လုပ်ဆောင်ချက်များအပါအဝင် အချက် (၈) ချက်ကို အခြေခံ၍ အမှတ်ပေးစနစ်ဖြင့် စိစစ်သွားနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
လျှောက်ထားသည့်လုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာ အချက်အလက်များ၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ တင်ပြရမည်ဖြစ်ပြီး သက်ဆိုင်ရာ ညီနောင်အသင်းများက ပဏာမစိစစ်ကာ အဖွဲ့ချုပ်သို့ ဩဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့တွင် အဖွဲ့ချုပ်မှ အပြီးသတ်စိစစ်အတည်ပြုကာ ရွေးချယ်ထားသောစာရင်းကို အချိန်မီ ဝန်ကြီးဌာနသို့ ပေးပို့သွားနိုင်ရေး တက်ရောက်ကြသူများမှ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ See more on https://shorturl.at/ErPOb

■ ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများ ဆပ်ကော်မတီ၏ (၄/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ13 August 2026 ______ Hybrid Mee...
15/08/2026

■ ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများ ဆပ်ကော်မတီ၏ (၄/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
13 August 2026 ______ Hybrid Meeting
ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများ ဆပ်ကော်မတီ၏ (၄/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့်ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဇူလိုင်လတွင် ကျင်းပခဲ့သော ကိုယ်စားလှယ် ၈၀ ကျော် တက်ရောက်ခဲ့ပြီး နိုင်ငံခြားသားလုပ်ငန်းရှင်များလည်း စိတ်ပါဝင်စားစွာ ပါဝင်တက်ရောက်ခဲ့ကြသည့် “MSMEs ” လက်ဖက်ရည်စကားဝိုင်း ဆွေးနွေးပွဲ၏ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးအတွက် လိုင်စင်နှင့် အခွန်ဆိုင်ရာ အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေလျှော့ပေးရေး၊ MSME လုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများ ရရှိနိုင်ရေးနှင့် AI နည်းပညာ အသုံးချနိုင်ရေး၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး၊ MSME မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းများ လွယ်ကူမြန်ဆန်စေရေး One Stop ဝန်ဆောင်မှုစနစ် ဖော်ဆောင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
ကော်မတီအနေဖြင့် ၄ နှစ်စာ Action Plan ရေးဆွဲကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ MSME အေဂျင်စီများ ပူးပေါင်း၍ ခရီးသွားကဏ္ဍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ See more on https://shorturl.at/Va8jj

Address

Corner Of Merchant Road & Sandaku Road
Yangon
11161

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 14:00

Telephone

+9518203861

Alerts

Be the first to know and let us send you an email when Myanmar Tourism Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Tourism Federation:

Shortcuts

Share