Myanmar Tourism Federation

Myanmar Tourism Federation Myanmar Tourism Federation, a umbrella of tourism related associations.

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲသို...
03/09/2026

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲသို့ ပါဝင်တက်ရောက်
၂၅-၂၈ ဩဂုတ် ၂၀၂၆ | ဟိုချီမင်းမြို့၊ ဗီယက်နမ်နိုင်ငံ
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သည့် (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ (ITE HCMC 2026) နှင့် ဆက်စပ်အစီအစဉ်များသို့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ခရီးစဉ်အတွင်း (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ ဖွင့်ပွဲအခမ်းအနား၊ MICE အဆင့်မြင့်ခရီးသွားလုပ်ငန်းဖိုရမ်၊ (၇) ကြိမ်မြောက် ACMECS အစည်းအဝေးများနှင့် (၈) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) ဆက်စပ် အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် ခရီးသွားပြပွဲအတွင်း မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းနှင့် နိုင်ငံအလိုက် ခင်းကျင်းပြသထားသည့် ခရီးသွားပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါပြပွဲတွင် နိုင်ငံပေါင်း ၄၀ မှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များ၊ Buyer ၊ Seller များနှင့် ပြခန်းပြသသူများ စုစုပေါင်း ၃၀,၀၀၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ See more on https://shorturl.at/5bmEK
Photo: MOHTC

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ (အ-၁၃/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး31 August 2026 | H...
01/09/2026

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ (အ-၁၃/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး
31 August 2026 | Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့၏ (အ-၁၃/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ အဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေးအခြေအနေများကို ဘဏ္ဍာရေးမှူးက ရှင်းလင်းတင်ပြခြင်း၊ ထို့နောက် ယခင်အလုပ်အမှုဆောင်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် အခြေအနေများကို ရုံးအဖွဲ့မှူးက ဖတ်ကြားတင်ပြခဲ့သည်။

ဆက်လက်၍ ကြိုတင်ပေးပို့ထားသည့် တင်ပြချက်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ အမြဲတမ်းကော်မတီများ၏ သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများကို ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက အသီးသီး တင်ပြဆွေးနွေးခြင်း၊ တက်ရောက်လာသည့် ညီနောင်အသင်းများက ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် အခက်အခဲများကို တင်ပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အထွေထွေဆွေးနွေးခြင်းအစီအစဉ်တွင် တက်ရောက်လာကြသူများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို နေ့လယ် (၂) နာရီတွင် ရုပ်သိမ်းခဲ့သည်။ See more on https://shorturl.at/xFD6u

■ ကုလသမဂ္ဂခရီးသွားလုပ်ငန်းနေ့ (UN Tourism Day) တွင် ဆုရွေးချယ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး17 August 2026 ____...
18/08/2026

■ ကုလသမဂ္ဂခရီးသွားလုပ်ငန်းနေ့ (UN Tourism Day) တွင် ဆုရွေးချယ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး
17 August 2026 ________ Hybrid Meeting
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ချီးမြှင့်မည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဝန်ဆောင်မှုအကောင်းဆုံးဆု (Service Excellence Awards) ရွေးချယ်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) နှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) တို့မှ တာဝန်ရှိသူများ ညှိနှိုင်းအစည်းအဝေးအား အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဆုရွေးချယ်ရာ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI/JV) ဟိုတယ်များနှင့် တိုင်းရင်းသားပိုင်ဟိုတယ်များဟူ၍ ကဏ္ဍနှစ်ခုခွဲကာ ပထမ၊ ဒုတိယနှင့် တတိယဆုများ ရွေးချယ်သွားရန်၊ ဆုရွေးချယ်ရာတွင် ဝန်ဆောင်မှုအရည်အသွေး၊ အခွန်စည်းကမ်းလိုက်နာမှု၊ CSR ဆောင်ရွက်မှု၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုနှင့် ရေရှည်တည်တံ့သော လုပ်ဆောင်ချက်များအပါအဝင် အချက် (၈) ချက်ကို အခြေခံ၍ အမှတ်ပေးစနစ်ဖြင့် စိစစ်သွားနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
လျှောက်ထားသည့်လုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာ အချက်အလက်များ၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ တင်ပြရမည်ဖြစ်ပြီး သက်ဆိုင်ရာ ညီနောင်အသင်းများက ပဏာမစိစစ်ကာ အဖွဲ့ချုပ်သို့ ဩဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့တွင် အဖွဲ့ချုပ်မှ အပြီးသတ်စိစစ်အတည်ပြုကာ ရွေးချယ်ထားသောစာရင်းကို အချိန်မီ ဝန်ကြီးဌာနသို့ ပေးပို့သွားနိုင်ရေး တက်ရောက်ကြသူများမှ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ See more on https://shorturl.at/ErPOb

■ ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများ ဆပ်ကော်မတီ၏ (၄/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ13 August 2026 ______ Hybrid Mee...
15/08/2026

■ ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများ ဆပ်ကော်မတီ၏ (၄/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
13 August 2026 ______ Hybrid Meeting
ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများ ဆပ်ကော်မတီ၏ (၄/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့်ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဇူလိုင်လတွင် ကျင်းပခဲ့သော ကိုယ်စားလှယ် ၈၀ ကျော် တက်ရောက်ခဲ့ပြီး နိုင်ငံခြားသားလုပ်ငန်းရှင်များလည်း စိတ်ပါဝင်စားစွာ ပါဝင်တက်ရောက်ခဲ့ကြသည့် “MSMEs ” လက်ဖက်ရည်စကားဝိုင်း ဆွေးနွေးပွဲ၏ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးအတွက် လိုင်စင်နှင့် အခွန်ဆိုင်ရာ အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေလျှော့ပေးရေး၊ MSME လုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများ ရရှိနိုင်ရေးနှင့် AI နည်းပညာ အသုံးချနိုင်ရေး၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး၊ MSME မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းများ လွယ်ကူမြန်ဆန်စေရေး One Stop ဝန်ဆောင်မှုစနစ် ဖော်ဆောင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
ကော်မတီအနေဖြင့် ၄ နှစ်စာ Action Plan ရေးဆွဲကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ MSME အေဂျင်စီများ ပူးပေါင်း၍ ခရီးသွားကဏ္ဍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ See more on https://shorturl.at/Va8jj

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်များ အာခါရိုးရာ စုပေါင်း “ရဲခူအာဖွေ” ဒန်းစီးပွဲတော်သို့ တက်ရောက်...
14/08/2026

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်များ အာခါရိုးရာ စုပေါင်း “ရဲခူအာဖွေ” ဒန်းစီးပွဲတော်သို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်မှ ၁၀ ရက်အထိ _____ မိုင်းတွမ်းတောင်ပေါ်၊ အူးဖူဒေ့အာခါကျေးရွာ
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ အူးဖူဒေ့ကျေးရွာ၌ ကျင်းပသည့် (၁၆) ကြိမ်မြောက် အာခါရိုးရာ စုပေါင်း “ရဲခူအာဖွေ” ဒန်းစီးပွဲတော်နှင့် အူးဖူဒေ့ကျေးရွာ တည်ခြင်းနှစ် (၃၀) ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အာခါရိုးရာ စုပေါင်း “ရဲခူအာဖွေ” ဒန်းစီးပွဲတော်သည် အာခါတိုင်းရင်းသားများ၏ ထူးခြားမွန်မြတ်သည့် ရိုးရာဓလေ့ပွဲတော်တစ်ရပ်ဖြစ်ပြီး မိုင်းဆတ်မြို့နယ်အတွင်းရှိ အာခါမျိုးနွယ်စု တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ စည်းလုံးညီညွတ်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ယင်းပွဲတော်သည် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဒေသတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေရေးနှင့် ပွဲတော်အခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုသည့် ပွဲတော်တစ်ရပ်ဖြစ်ကြောင်း သိရသည်။ See more on https://shorturl.at/89847

■ ဥပဒေရေးရာနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ (၄ /၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး13 Aug 2026 ________ Hybrid Meetingမ...
14/08/2026

■ ဥပဒေရေးရာနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ (၄ /၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး
13 Aug 2026 ________ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ် (MTF) ၏ ဥပဒေရေးရာနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ (၄/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၃ ရက်တွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အတည်ပြုပြီးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (Constitution) အသစ်နှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ညီနောင်အသင်းများမှ ပေးပို့လာသည့် ကိုယ်စားလှယ်အမည်စာရင်းများ စိစစ်အတည်ပြုရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ကိုယ်စားလှယ်စာရင်းများကို သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ အသင်းကိုယ်စားလှယ်အဖြစ် တရားဝင်ပေးပို့ခြင်းနှင့် တစ်ဦးချင်းအရည်အချင်းအရ ပါဝင်ခြင်းတို့ကို ခွဲခြားသတ်မှတ်ရန် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတက်ရောက်မှု ပိုမိုကောင်းမွန်စေရေးအတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် လုပ်ငန်းအပေါ် စိတ်ပါဝင်စားသူများကို ဦးစားပေးရန်နှင့် စည်းကမ်းပိုင်းဆိုင်ရာ သတ်မှတ်ချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ယခင်နှင့် လက်ရှိကိုယ်စားလှယ်စာရင်းများကို စိစစ်နှိုင်းယှဉ်ကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (EC) သို့ တင်ပြအတည်ပြုချက် ရယူပြီး ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအသစ်နှင့်အညီ လုပ်ငန်းများကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ See more on https://shorturl.at/hkzSm

■ ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီ၏ (ဗစ-၉/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပမြန်မာနိုင်ငံခရီးသွားလုပ...
03/08/2026

■ ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီ၏ (ဗစ-၉/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီ၏ (ဗစ-၉/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် (သောကြာနေ့) နံနက် ၁၀:၀၀ နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့များဖြစ်သည့် မြန်မာ-ဂျပန်၊ မြန်မာ-ကိုရီးယား၊ မြန်မာ-တရုတ်၊ မြန်မာ-အာဆီယံ၊ မြန်မာ-ဥရောပနှင့် မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့များအတွက် သက်ဆိုင်ရာဥက္ကဋ္ဌများ ခန့်အပ်နိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခြင်းများအပြင် မြန်မာ-အိန္ဒိယ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ အသစ်ဖွဲ့စည်းနိုင်ရေးအတွက်လည်း အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် ပူးပေါင်း၍ သက်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ MTF Steering Committee နှင့် Kitchen Operation Committee များ ဖွဲ့စည်းနိုင်ရေးညှိနှိုင်းဆွေးနွေးခြင်း၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (NMDC) မှ ကျောင်းသား၊ ကျောင်းသူများအား အလုပ်သင် (Internship) ခေါ်ယူသွားနိုင်ရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အဖွဲ့ချုပ်၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ယခင်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဖတ်ကြားတင်ပြပြီး ITE Group နှင့် MOU ရေးထိုးနိုင်ရေးကိစ္စ၊ ဒေသထွက်အမှတ်တရပစ္စည်းများအား ရေရှည်တည်တံ့သော ထုပ်ပိုးမှုနှင့် အမှတ်တံဆိပ်ဖော်ဆောင်မှုများဖြင့် တန်ဖိုးမြှင့်တင်နိုင်ရေးအတွက် ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်မည့် ကိုယ်စားလှယ်များ ရွေးချယ်သတ်မှတ်ရေးကိစ္စနှင့် အမြဲတမ်းကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အွန်လိုင်းမှ အဝေးရောက်အလုပ်အမှုဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ညနေ ၂:၃၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ See more on https://shorturl.at/kDQi3

■ MTF နှင့် ITE Russia တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ MOU ရေးထိုးနိုင်ရေး ညှိနိုင်းအစည်းအဝေး27 July 2026 ____ Vi...
28/07/2026

■ MTF နှင့် ITE Russia တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ MOU ရေးထိုးနိုင်ရေး ညှိနိုင်းအစည်းအဝေး
27 July 2026 ____ Virtual Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် ITE Russia တို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) မူကြမ်းရေးထိုးနိုင်ရေးင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ယမန်နေ့ နေ့လယ် (၂)နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ ITE Russia ကိုယ်စားလှယ် Mr. John၊ အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ITE Russia ကိုယ်စားလှယ် Mr. John က အဆိုပြုထားသည့် MOU သည် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးဆိုင်ရာ ချည်နှောင်မှုမရှိသော (Non-binding) နားလည်မှုစာချွန်လွှာဖြစ်ပြီး၊ ရုရှား၊ ဥဇဘက်ကစ္စတန်အပါအဝင် CIS ဈေးကွက်များတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးမည့်အပြင် မြန်မာနိုင်ငံတွင် ITE ပြပွဲကိုလည်း ပိုမိုလူသိများလာစေရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့ပြင် ITE Connect Digital B2B Platform တွင် လက်ရှိအသုံးပြုနေသူ ၂၆၀,၀၀၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းများလည်း ပါဝင်နိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ က MTF နှင့် ITE Group တို့အကြား အဆိုပြုထားသည့် နားလည်မှုစာချွန်လွှာ (MOU) သည် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးဆိုင်ရာ ချည်နှောင်မှုမရှိသော (Non-binding) သဘောတူညီချက်ဖြစ်သည့်အတွက် နှစ်ဖက်စလုံးအတွက် သင့်လျော်သော ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ပါကြောင်း၊ အဆိုပါ MOU ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပါက MTF နှင့် ITE Group တို့၏ အပြန်အလှန်မြှင့်တင်ရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများကို နိုင်ငံတကာဈေးကွက်တွင် ပိုမိုလူသိများလာစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ပြင် ITE Group ၏ Platform များပေါ်တွင် မြန်မာနိုင်ငံကို ခရီးသွားဦးတည်ရာဒေသ (Destination) အဖြစ် ထည့်သွင်းမြှင့်တင်ပေးနိုင်မည်ဆိုပါက မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ်သို့ ပေးပို့လာမည့် MOU မှုကြမ်းအား လာမည့်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ပြီး သိလိုသည်များအား တက်ရောက်သူများမှ ပြန်လည်မေးမြန်းကာ အစည်းအဝေးအား နေ့လယ် (၂း၃၀)တွင် ရုပ်သိမ်းခဲ့သည်။ See more on https://shorturl.at/ghW4d

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် CB Bank တို့ ခရီးသွားကဏ္ဍတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် ပူးပေါင်း...
16/07/2026

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် CB Bank တို့ ခရီးသွားကဏ္ဍတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
14 July 2026 ________ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် CB Bank တို့သည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒစ်ဂျစ်တယ်ကူးပြောင်းမှု (Digital Transformation) နှင့် ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများ ပူးပေါင်းလုပ်ဆောင်ရန် ဇူလိုင်လ (၁၄) ရက်နေ့ မွန်းလွဲ (၁၂း၃၀)တွင် Hybrid စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ CB Bank ၏ Senior Deputy General Manager နှင့် Integrated Marketing Department အကြီးအကဲ ဒေါ်ဥမ္မာအေးနှင့် တာဝန်ရှိသူတစ်ဦးတို့အား အဖွဲ့ချုပ်၏ အသင်းသားရေးရောကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မှ တွေ့ဆုံခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် အဖွဲ့ချုပ်၏ အသင်းဝင်များအတွက် အသင်းဝင်ကြေးနှင့် အခြားဝန်ဆောင်မှုများကို MMQR စနစ် အသုံးပြု၍ လွယ်ကူစွာ ပေးချေနိုင်ရေး၊ အဖွဲ့ချုပ် Online Platform များတွင် ငွေပေးချေမှုစနစ်များ ချိတ်ဆက်နိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ CB Bank မှ တာဝန်ရှိသူများက အသင်းသားများအတွက် သက်သာသော ဝန်ဆောင်ခနှုန်းထားများဖြင့် ဆောင်ရွက်ပေးမည့်အပြင်၊ အဖွဲ့အစည်းများအတွက် ပိုမိုမြန်ဆန်သော Checkpoint စနစ်နှင့် စာရင်းစစ်ဆေးရာတွင် လွယ်ကူစေမည့် နည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့အပြင် MSME ခရီးသွားလုပ်ငန်းရှင်များအတွက် Credit Card ထုတ်ပေးခြင်းများ၊ အာမခံဝန်ဆောင်မှုများ (Insurance) နှင့် ချေးငွေဆိုင်ရာ (Loan) ဝန်ဆောင်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အဖွဲ့ချုပ်၏ ညီနောင်အသင်းဝင်များအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ Webinar များ ပြုလုပ်ပေးရန်နှင့် လူကိုယ်တိုင်တွေ့ဆုံကာ နည်းပညာဆိုင်ရာ ရှင်းလင်းပွဲများ ပြုလုပ်ရန် နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍတွင် ပိုမိုကောင်းမွန်ပြီး အဆင်ပြေချောမွေ့သော ငွေပေးချေမှုစနစ်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ See more on https://shorturl.at/fdnbE

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟို...
13/07/2026

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်
July 9, 2026 _____ နေပြည်တော်
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပုဂ္ဂလိကကဏ္ဍမှ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာညီနောင်အသင်းများမှ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို အခြားနိုင်ငံများနည်းတူ ထိထိရောက်ရောက် ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) များ ခိုင်မာစွာ ဖွဲ့စည်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ ထူးခြားသည့် ယဉ်ကျေးမှု၊ သဘာဝအလှအပနှင့် သမိုင်းဝင်အမွေအနှစ်များကို အခြေခံ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အစီအစဉ်များ ရေးဆွဲရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယသမ္မတက ဗီဇာကိစ္စများ ဖြေလျှော့ပေးရေး၊ လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရေး၊ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရေးနှင့် အာမခံဝယ်ယူရေးကိစ္စရပ်များတွင် အဆင်ပြေချောမွေ့စေရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ခရီးစဉ်ဒေသတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် စနစ်တကျ ဈေးကွက်မြှင့်တင်ရန်နှင့် နိုင်ငံတကာခရီးသွားများအကြား မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို ပိုမိုသိရှိလာစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းကြရန် မှာကြားခဲ့ပါသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌမှ တင်ပြရာတွင် ခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရာတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပါဝင်ဖွဲ့စည်းသွားမည့် Tourism Board of Myanmar (TBM) အမြန်ဆုံးပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများ အမှန်တကယ်သိရှိနိုင်စေရန်နှင့် ခရီးသွားကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လာမည့် ၂၀၂၇ ခုနှစ်ထဲတွင် မြန်မာ့ခရီးသွားပြပွဲ ၂၀၂၇ (Myanmar Travel Fair 2027) အား ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ညီနောင်အသင်းများနှင့်ပူးပေါင်းကာ ကျင်းပသွားရန် ရှိပါကြောင်း စသည်တို့အား အလေးထား တင်ပြခဲ့ပြီး အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များကို ညီနောင်အသင်းများနှင့်အတူ လက်တွေ့ကျကျ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။
See more on https://shorturl.at/8o2kM
Photo : MOHTC

Address

Corner Of Merchant Road & Sandaku Road
Yangon
11161

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 14:00

Telephone

+9518203861

Alerts

Be the first to know and let us send you an email when Myanmar Tourism Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Tourism Federation:

Shortcuts

Share