10/12/2024
🎗️အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ဓာတ်ပုံကမ်ပိန်း🎗️
ရောင်ခြည်ဦး - ဒီဇင်ဘာ ၁၀၊ ၂၀၂၄
ဒီနေ့ဟာ ၁၆ရက်တာလှုပ်ရှားမှုရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ "အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့" ဖြစ်ပါတယ်...
အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေ ပပျောက်ရေးအတွက် ဒီ ၁၆ ရက်တာလှုပ်ရှားမှု ကာလအတွင်းမှာ အလုပ်သမားများနဲ့ပူးပေါင်းပြီး ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်...
အမျိုးသမီး ၃ ဦးမှာ ၁ ဦးဟာ အကြမ်းဖက်မှုတစ်မျိုးမျိုးကို နေ့စဉ်ကြုံတွေ့နေကြရပါတယ်...
ကျွန်မတို့အလုပ်သမား အမျိုးသမီးတွေဟာလည်း
လုပ်ငန်းခွင်ဆိုင်ရာနဲ့ ပတ်ဝန်းကျင်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လိင်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်စေတဲ့အကြမ်းဖက်မှုတွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့ခံစားနေကြရပါတယ်...
"အကြမ်းဖက်မှုတွေကို လုံးဝလက်မခံပါဘူး၊
အကြမ်းဖက်မှုတွေကို ဖြစ်နိုင်သမျှကာကွယ်တားဆီးပါမယ်၊ ရေငုံနှုတ်ပိတ်မနေပါဘူး၊
အကြမ်းဖက်မှုတွေ ပပျောက်သွားအောင် ပူးပေါင်းပါဝင်ပါမယ်" ဆိုတဲ့အဓိပ္ပာယ်နဲ့ ဒေသအသီးသီးမှာရှိကြတဲ့ အလုပ်သမားညီကိုမောင်နှမတွေက ဓာတ်ပုံကမ်ပိန်းမှာ ပါဝင်ထားကြတာဖြစ်ပါတယ်...
အလုပ်သမားရေးရာ သိလိုရာများအတွက်
📬☎️ 𝐕𝐢𝐛𝐞𝐫 (+𝟗𝟓) 𝟎𝟗𝟕𝟗𝟎𝟔𝟕𝟓𝟓𝟔𝟗 ကို
ဆက်သွယ်မေးမြန်းနိုင်ပါတယ်။