အဖြေ လူမှုစီးပွား ဖွံ့ဖြိုးရေး

  • Home
  • Myanmar
  • Yangon
  • အဖြေ လူမှုစီးပွား ဖွံ့ဖြိုးရေး

အဖြေ လူမှုစီးပွား ဖွံ့ဖြိုးရေး Our Methods and Approaches

အေျဖ Social Development is working as an intermediary organization to facilitate social, political and economic justice.

အဖြေ (APHYAY ə'pjeɪ– in English “Solution”) for socio-eco development is presented to work for the development of individuals, institutions and organisations in 2016. What is အဖြေ social development?

အဖြေ Social Development founded for the development of nation, individuals, institutions and organizations since 2016 and we aimed to solve the social, economic and organizational obstacles with 21st century innovated, progressive, professional and academic dimension. We are working for poverty reduction, gender inclusion, social justice, civilian and youth participation, peace, sustainability and social businesses development. We are working closely with community organizations across Myanmar; strengthen the capacity and knowledge by performing practical applications. Community center bottom up development approach is our core model to increase participation, maximize the performance and social impact. We believe in using the strengths of individual and group of people to synergistically enhance the capabilities of people whom we serve. We address social and transitional challenges by promoting civilian engagement, facilitating social change movement to inform more Democratic representative and accountable governance. We provide factual knowledge, systematic tools, space to act and nurturing the stage of development. We create people to think, engage and reflect. We were eager to create the world that all people can able to enjoy the life with dignity, peace, and prosperity. Our programs

We have three main program categories to reach out our objectives
- Advocacy, campaign and public awareness programs
- Training, incubation and development facilitation programs
- Consultancy, impact monitoring, and research program

Some other additional programs that we do are the partnership with multi stakeholders such as community organization, civil society organizations; including unions, the nongovernment organizations, right-based groups, indigenous and ethnic groups and an international community. Contact Us. If you think you have any program or idea that we can work together, please feel free to contact us. We are ready to develop and learn together. We have context specialist, innovated, progressive and academic dimension to deal with any social challenges and obstacles. Tele +95 (1) 522398
Hot Line +95 (9) 777233372
page: https://www.facebook.com/ahphaysocialdevelopment/
Contact Email: [email protected]

10/09/2026

⏳ လျှောက်လွှာပိတ်ဖို့ (၃) ရက်သာ လိုပါတော့တယ်!

လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့ Digital Nomad တစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ် ရပ်တည်ပြီး ဝင်ငွေရှာနိုင်ဖို့ စိတ်ကူးနေပါသလား? 💻✈️

ဒါဆိုရင်တော့ သင့်အတွက် လမ်းစဖြစ်လာစေမယ့် Future-Ready Bootcamp ကို အခုပဲ လျှောက်ထားလိုက်ပါ။

ချင်းမိုင်က လူငယ်တွေဆို in-person networking လုပ်နိုင်မဲ့ အခွင့်အလမ်းနဲ့အတူ အနာဂတ် အလုပ်အကိုင်တွေအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို အခမဲ့ (၁၀၀% Free) တက်ရောက်လေ့လာခွင့်ရမှာပါ။ ငွေကြေးကုန်ကျစရာမလိုဘဲ ကိုယ့်ရဲ့ Career နဲ့ လုပ်ရည်ကိုင်ရည်ကို အဆင့်မြှင့်တင်နိုင်မယ့် အခွင့်အရေးကောင်းဖြစ်လို့ လုံးဝ လက်မလွတ်သင့်ဘူးနော်။ ✨

အချိန်သိပ်မကျန်တော့လို့ အခုပဲ ဒီလင့်ခ်ကနေတစ်ဆင့် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ 👇

📌 လျှောက်ထားရန်လင့်ခ် - https://forms.gle/uRWQNa31a1ENLjtV8
⏰ နောက်ဆုံးထားလျှောက်ထားရမည့်ရက် - 12. September. 2026 (12 AM midnight)

01/09/2026

🌱 Hope of Life: From Vulnerability to Possibility

The Current Situation:
Myanmar migrant communities in Thailand continue to face significant challenges related to employment and livelihoods, mental well-being, education, skills development and social participation. Limited access to decent employment, skills development and education pathways together with challenges affecting children’s education and access to mental health support can make it difficult for individuals and families to build secure and sustainable futures. Hope of Life is a collaborative initiative founded by Thai and Myanmar professionals. We aim to support people in moving beyond vulnerability, strengthening their economic and social resilience, and contributing to more inclusive, harmonious and sustainable communities in Thailand.

Our Approach:
Hope of Life adopts a human-capital-development and social enterprise approach that focuses on strengthening people’s capabilities, expanding livelihood and employment opportunities, nurturing hope for the future and building stronger communities.

Our work is built around six interconnected pillars:
Women Empowerment | Vocational Education and Skill Development | Digital Innovation and Social Entrepreneurship | Education Pathways and Adolescent Development | Mental Health and Psychosocial Support (MHPSS) | Partnership for Community Well-being

The Impact:
When one person gains skills, employment and the ability to build a more secure future, the impact can extend far beyond the individual. Families become stronger, local economies benefit and communities become more resilient. Through knowledge, skills and income-generating opportunities, we aim to help people build more stable and sustainable lives. At the same time, greater collaboration between Myanmar migrants and Thai host communities can strengthen social cohesion, mutual understanding and shared economic and social benefits.

Our vision is not simply to provide assistance. It is to create an environment where Myanmar migrants and host communities can learn, work, innovate and thrive together.

Learn more about us:
https://www.hopeoflifeinitiative.org/about

🌱 Hope of Life: အားနည်းထိခိုက်လွယ်မှုမှ အခွင့်အလမ်းများဆီသို့

လက်ရှိအခြေအနေ -
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူများသည် အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှု၊ စိတ်ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဘဝဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပါသည်။ အလုပ်အကိုင်အခွင့်အလမ်း အကန့်အသတ်ရှိခြင်း၊ ကျွမ်းကျင်မှုနှင့် ပညာရေးလမ်းကြောင်းများ နည်းပါးခြင်း၊ သားသမီးများ၏ ပညာရေးအခွင့်အလမ်းများနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များ မလုံလောက်ခြင်းတို့သည် ရေရှည်ဘဝတည်ငြိမ်မှုအတွက် စိန်ခေါ်မှုများ ဖြစ်စေပါသည်။ Hope of Life သည် ထိုင်းနှင့် မြန်မာ ပညာရှင်များ ပူးပေါင်းတည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ရွှေ့ပြောင်းရောက်ရှိနေသူများအနေဖြင့် အားနည်းထိခိုက်လွယ်သော အခြေအနေများမှ ဖောက်ထွက်နိုင်စေရန်၊ စီးပွားရေးနှင့် လူမှုရေးအရ ပိုမိုခိုင်မာလာစေရန်နှင့် ထိုင်းနိုင်ငံအတွင်း သဟဇာတဖြစ်စွာ အတူတကွ ရှင်သန်နိုင်သော ရေရှည်တည်တံ့သည့် လူမှုအသိုင်းအဝိုင်းများ တည်ဆောက်နိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့၏ ချဉ်းကပ်ပုံ -
Hope of Life သည် လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ဖန်တီးရေး၊ အနာဂတ်အတွက် မျှော်လင့်ချက်နှင့် စွမ်းရည်များ မြှင့်တင်ရေး၊ ပိုမိုခိုင်မာသော လူမှုအသိုင်းအဝိုင်းများ တည်ဆောက်ရေး တို့ကို လူမှုစီးပွား (Social Enterprise) ချဉ်းကပ်မှုပုံစံဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းများကို အပြန်အလှန်ချိတ်ဆက်ထားသော မဏ္ဍိုင် ၆ ခု ဖြင့် အကောင်အထည်ဖော်ပါသည် - အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး | အသက်မွေးဝမ်းကျောင်းပညာရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး | ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုနှင့် လူမှုစီးပွားရေးလုပ်ငန်း | ပညာရေးလမ်းကြောင်းနှင့် ဆယ်ကျော်သက်ဖွံ့ဖြိုးရေး | စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းလူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှု (MHPSS) | ဒေသကောင်းကျိုးချမ်းသာရေးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု

ကျွန်ုပ်တို့ ဖန်တီးလိုသော အကျိုးသက်ရောက်မှု -
လူတစ်ဦး အလုပ်အကိုင်ရရှိလာခြင်း၊ ကျွမ်းကျင်မှုများ တိုးတက်လာခြင်းနှင့် မိမိဘဝကို ကိုယ်တိုင်ရပ်တည်နိုင်လာခြင်းသည် လူတစ်ဦးတည်းအတွက်သာ မဟုတ်ပါ။ ၎င်းမှတစ်ဆင့် မိသားစုများ ပိုမိုခိုင်မာလာနိုင်ပြီး၊ ဒေသတွင်းစီးပွားရေးနှင့် လူမှုအသိုင်းအဝိုင်းများလည်း အကျိုးဖြစ်ထွန်းလာနိုင်ပါသည်။ အသိပညာ၊ ကျွမ်းကျင်မှုနှင့် ဝင်ငွေရရှိနိုင်သော အလုပ်အကိုင်အခွင့်အလမ်းများမှတစ်ဆင့် လူများ မိမိတို့၏ဘဝကို ပိုမိုတည်ငြိမ်စွာ တည်ဆောက်နိုင်ရန် ကျွန်ုပ်တို့ ရည်ရွယ်ပါသည်။
တစ်ချိန်တည်းမှာပင် မြန်မာရွှေ့ပြောင်းနေထိုင်သူများနှင့် ထိုင်းဒေသခံများအကြား ပူးပေါင်းဆောင်ရွက်မှု၊ လူမှုသဟဇာတဖြစ်မှုနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိသော ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း အားပေးမြှင့်တင်လိုပါသည်။

ကျွန်ုပ်တို့၏ ရည်မှန်းချက်သည် အကူအညီပေးရုံသာ မဟုတ်ပါ။ မြန်မာရွှေ့ပြောင်းနေထိုင်သူများနှင့် ဒေသခံအသိုင်းအဝိုင်းများ အတူတကွ သင်ယူနိုင်ရန်၊ အလုပ်လုပ်နိုင်ရန်၊ ဆန်းသစ်ဖန်တီးနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်နိုင်ရန် အထောက်အကူပြုသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရန် ဖြစ်ပါသည်။

ပိုမိုလေ့လာရန်:
https://www.hopeoflifeinitiative.org/about

Toxice Leader ဆိုတာဘယ်လိုလူမျိုးလဲ ❓လုပ်ငန်းတွေမှာ ရာထူးတွေယူထားကြတဲ့ အကြီးတန်းစီမံခန့်ခွဲသူတွေ များစွာရှိကြပါတယ်။ ဒီနေရ...
26/05/2026

Toxice Leader ဆိုတာဘယ်လိုလူမျိုးလဲ ❓

လုပ်ငန်းတွေမှာ ရာထူးတွေယူထားကြတဲ့ အကြီးတန်းစီမံခန့်ခွဲသူတွေ များစွာရှိကြပါတယ်။ ဒီနေရာမှာ ရာထူးဆိုတာ အလုပ်တွင်ဖို့အတွက် လုပ်ငန်းက သတ်မှတ်ပေးထားတဲ့ အဆင့်အတန်းတစ်ခုပါ။ ရာထူးကြီးတာနဲ့ ခေါင်းဆောင်မှုပြုနိုင်တာနဲ့က တိုက်ရိုက် ဆက်စပ်မနေပါဘူး။

ရာထူးကြီးတိုင်း ခေါင်းဆောင် ဖြစ်မလာကြပါဘူး။ ရာထူးဟာ ရာထူးပါပဲ။ ဒါပေမယ့် ခေါင်းဆောင်မှုဆိုတာကတော့ ဒီရာထူးနေရာမှာလည်း သုံးလို့ရသလို ကိုယ့်ရဲ့ ဘ၀ထဲမှာလည်း သုံးလို့ရပါတယ်..

ခေါင်းဆောင်စိတ်ဟာ လူတိုင်းမွေးမြူလို့ရပါတယ်။ ရာထူးကြီးကြီး ယူထားတဲ့သူတွေကတော့ ဒီနေရာမှာ တည့်တံ့ခိုင်မြဲဖို့ဆိုရင် ခေါင်းဆောင်မှုစွမ်းရည်ရှိမှကို ရပါမယ်..

ဦးဆောင်နိုင်သူတွေသာ အလုပ်မှာ အသုံးဝင်တာပါ။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုရင် နောက်လိုက် ကောင်းဘ၀ကို ဖြတ်သန်းခဲ့ရပါမယ်။ ရုတ်တရက် ရာထူးတွေရ၊ အပေါ်ကို မထင်မှတ်ဘဲ ရောက်သွားတဲ့အခါမှာ ဒီခေါင်းဆောင်မှုစွမ်းရည် အရည်အချင်းတစ်ရပ်ကို မေ့လျော့သွားတတ်ကြပါတယ်..

အဲဒီမှာ ဘာသွားတွေ့ရလဲဆိုရင် နောက်လိုက်ကောင်းလည်း မဖြစ်ခဲ့ဘဲ၊ နေရာလွဲမှားစွာ ရာထူးယူ ခေါင်းဆောင်အဖြစ်ခံယူလိုက်တဲ့အခါမှာ မပြည့်တဲ့အိုးဘောင်ခတ်ဆိုသလိုပဲ ဒီခေါင်းဆောင်ရဲ့ စွမ်းဆောင်ရည်တွေဟာ အဆိပ်သင့်တဲ့ ခေါင်းဆောင်မှုဆီကို တဖြည်းဖြည်း ဦးတည်လာစေခဲ့ပါတယ်..

နဂိုကမှာ ရာထူးမက်မောသူလည်းဖြစ်မယ်၊ Fixed Mindset လည်းရှိနေမယ်ဆိုရင်တော့ သူရဲ့ အဆိပ်သင့်သော ဦးဆောင်မှုတွေကို ဘယ်သူမှ လာတားဆီးနိုင်မှာ မဟုတ်ဘဲ၊ အစွန်းရောက်သူတစ်ယောက် ဖြစ်လာကာ သူအနားကလူတွေက အသိဆုံးနဲ့ အခံရဆုံး ဖြစ်လာပါတယ်။

ဒီလို အဆိပ်သင့်သော ခေါင်းဆောင်တစ်ယောက်မှာရှိတဲ့ စရိုက်လက္ခဏဟာ (၈)မျိုး ရှိတယ်လို့ ဆိုထားပါတယ်။

🔥8 Traits of a Toxic Leader - အဆိပ်သင့်သော ခေါင်းဆောင်တစ်ယောက်မှာရှိတဲ့ စရိုက်လက္ခဏ (၈)မျိုး 👇

👉1) Frequent lying or inconsistent expectations - မကြာခဏ လိမ်ညာခြင်း (သို့) မကိုက်ညီသော မျှော်လင့်ချက်ပေးခြင်း >>

ဒါဟာ ဘာကိုဆိုလိုတာလည်းဆိုရင် ကိုယ်လက်အောက်ငယ်သားတွေကို သတင်းအချက်အလက်တွေ ထိန်းချန်တာမျိုး၊ သူလုပ်ပေးရင် ရာထူးရမယ်ဆိုတာမျိုး မက်လုံတွေနဲ့ အလုပ်ကို ခိုင်းပြီး တကယ်တော့ ဖြစ်မလာဘဲ သတင်းအမှား၊ မျှော်လင့်ချက်အမှားတွေကို ပေးခြင်း။

👉2) Doesn't listen to feedback -
တုံ့ပြန် အကြံပေးချက်တွေကို နားမထောင်ခြင်း >>

ကိုယ်သာအမှန် ကိုယ်လုပ်တာသာ အလုပ်ဆိုတာမျိုးဖြင့် အောက်လက်ငယ်သားတွေရဲ့ အသံကို တစ်စက်လေးမှ နားထောင်ကြည့်တာမျိုးမရှိခြင်း။

👉3) Arrogance - မောက်မာခြင်း >>
ဒါကတော့ ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင်နဲ့လည်းဆိုင်မယ် (သို့) နဂိုစိတ်ကိုက ခက်ထန်ပြီး အလုပ်မှာ ကိုယ့်အိမ်ကဲ့သို့ ပြုမူနေထိုင်ကာ လူတိုင်းအပေါ် မတူမတန်သလို စိတ်သဘောထား ဆက်ဆံခြင်း။

👉4) Places importance on hierarchy - ရာထူးအဆင့်အပေါ် ဦးစားပေးခြင်း >> သူနဲ့တွေ့ရဖို့ ဘယ်အဆင့်ပဲ လာတွေ့ရမယ် ဘယ်ရက်မှာလာတွေ့ရမယ်၊ သူ့ကို ဘယ်လိုခေါ်ရမယ် (ဥပမာ-အဘ) စတဲ့ ရာထူးအပေါ် အလွဲသုံးစားလုပ်ပြီး အာဏာပြခြင်း။

👉5) Discriminates against employees - ဝန်ထမ်းများအကြားခွဲခြား ဆက်ဆံခြင်း >> ဥပမာ-အစည်းအဝေးတွေ ထိုင်တဲ့အခါ ဘယ်ဝန်ထမ်းတွေကတော့ မပါဘူးဆိုတာမျိုးတွေ၊ ဘယ်အဆင့်ကနေပဲ သူနဲ့ စကားပြောရမယ်ဆိုတာမျိုးတွေ ခွဲခြားထားခြင်း။

👉6) Lacks confidence - မိမိကိုယ်ကိုကိုယ် ယုံကြည်မှုမရှိခြင်း >> အလုပ်မှာ ဟန်နဲ့ပန်နဲ့ လုပ်နေပေမယ့် အလုပ်တွင်အောင် မဦးဆောင်နိုင်တော့ ယုံကြည်မှုမရှိခြင်း။

👉7) Incompetent at their job - အလုပ်မှာ အရည်အချင်းမပြည့်မှီခြင်း >> ရာထူးယူထားပေးမယ့် အလုပ်ကို သေချာမဦးဆောင်နိုင်တာမျိုး၊ ဒီရာထူးအတွက် အရည်အချင်းတွေ ရှိမနေခြင်း။

👉.8)Self-interested - ကိုယ်ကျိုးစီးပွားကိုသာ စိတ်ဝင်စားခြင်း >> အလုပ်မှာ စိတ်မပါဘဲ အလုပ်ကပေးတဲ့ ခံစားခွင့်တွေသာ ထိုင်ယူနေပြီး အာဏာကိုအလွဲသုံးစားဖြင့် ကိုယ်ကျိုးစီးပွားအလုပ်တွေကို လုပ်နေခြင်း။

အထက်ပါအချက်တွေဟာ အဆိပ်သင့်သော ခေါင်းဆောင်တစ်ယောက်မှာရှိတဲ့ စရိုက်လက္ခဏ (၈)မျိုးဖြစ်ပါတယ်။

☝️မိမိသာ ခေါင်းဆောင် တစ်ယောက်ဖြစ်လာခဲ့လျှင် ဒီလို အဆိပ်သင့်သော ခေါင်းဆောင် ဖြစ်မလာဖို့ ဆင်ခြင်ရပါမယ်။ ဒီလို မဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့စိတ်နေစိတ်ထားကို အရင်ပြင်ရပါမယ်။ Fixed Mindset ကနေ Growth Mindset ကို ပြောင်းလဲပြီး သင်ယူလေ့လာ ဆင်ခြင်တုံတရားဖြင့် ပြောင်းလဲမယ်ဆိုရင် နောက်ကျတယ် ဆိုတာမရှိပါဘူး။ လူတိုင်းလေးစားအားကျရတဲ့ ခေါင်းဆောင်ကောင်းဘ၀ကို ပြန်လည်တည်ဆောက် ခွင့်ရှိပါတယ်။

အဓိက စိတ်ကိုပြင်ရမယ်။ လုပ်ရပ်ကိုပြင်ရမယ်။ စာနာစိတ်ပြန်မွေးရမယ်။ အရည်အချင်းတွေပြန်လည် တည့်မတ်ရပါမယ်။

အကောင်းဆုံးကတော့ ရာထူးလည်းရှိပြီးခေါင်းဆောင်ကောင်းလည်း ဖြစ်ရင် ပိုကောင်းပါတယ်..

ဒီလောက်ပါပဲ သင်ယူခဲ့ရတဲ့ ခေါင်းဆောင်မှုအကြောင်းလေးကို ကိုယ်နားလည်သလို ပြန်လည်းမျှဝေတာပါ။ မည်သူ တစ်ဦးတစ်ယောက်ကိုမှ တိုက်ခိုက်လိုချင်မရှိပါ။

ဒါကတော့ ခေါင်းဆောင်မှုကို မြင်တဲ့ ကျွန်တော်ရဲ့ တစ်ကိုယ်ရည် သုံးသပ်ချက်လေး ဖြစ်ပါကြောင်း တင်ပြရင်း…

Skills speak louder than words.
Chit Min Hein (HR Coach)
➡️www.chitminhein.com


Innovation : Transforming HR. Driving Innovation. Growth : Continuous learning and development. Excellence : Delivering high-quality, impactful coaching and guidance.

03/04/2026

Toxic People တွေဆီက ကိုယ့် Energy တွေကို ဘယ်လိုပြန်ကာကွယ်မလဲ?
─ ─ ─ ─ ─ ─ ─ ─ ─ ── ─ ─

ဖုန်းတစ်လုံးရဲ့ Battery ဟာ မသုံးဘဲနဲ့ အားကုန်သွားရင် တစ်ခုခုမှားနေပြီလို့ ကျွန်​တောတို့ သတ်မှတ်ကြတယ်။ လူ့ပတ်ဝန်းကျင်မှာလည်း ဒီအတိုင်းပါ။ တချို့လူတွေနဲ့ စကားပြောပြီးတဲ့အခါ၊ ဒါမှမဟုတ် တစ်နေကုန် အတူရှိပြီးတဲ့အခါ ဘာအလုပ်မှ ပြင်းပြင်းထန်ထန် မလုပ်ရဘဲနဲ့ ကိုယ့်ရဲ့ စိတ်စွမ်းအင်တွေ (Mental Energy) ဟာ သုညအထိ ကျဆင်းသွားတတ်ပါတယ်။

ဒါဟာ သင့်ရဲ့ အားနည်းချက်ကြောင့်မဟုတ်ဘဲ သင့်ဘေးနားမှာ Energy Vampire လို့ခေါ်တဲ့ 'အဆိပ်သင့်စေသူတွေ' ရှိနေလို့ ဖြစ်နိုင်ပါတယ်။ လူတိုင်းကို ချစ်ခင်ဖို့ ကြိုးစားလို့ရပေမယ့်၊ လူတိုင်းကိုတော့ သင့်ရဲ့ အနီးဆုံး စည်းထဲမှာ နေရာပေးဖို့​တော့ မလိုအပ်ပါဘူး။

​၁။ Toxic People ဆိုတာ ဘာလဲ?
​
Toxic People (အဆိပ်သင့်စေတတ်သူများ) ဆိုတာ အလွယ်ပြောရရင် ကိုယ့်ရဲ့ စိတ်၊ အချိန်နဲ့ ခွန်အား (Energy) တွေကို ဆိုးကျိုးပေးနေတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့နဲ့ ပေါင်းသင်းရတဲ့အခါ ကိုယ့်မှာ Stress တွေ တက်လာမယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-confidence) တွေ လျော့ကျသွားမယ်၊ နောက်ဆုံး ကိုယ့်ရဲ့ စိတ်ချမ်းသာမှုပါ ပျောက်ဆုံးသွားတတ်ပါတယ်။
​
❗ အရေးကြီးတဲ့ အချက်: Toxic ဆိုတာ "ဟိုလူက လူဆိုးကြီး၊ လူယုတ်မာကြီး" လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တချို့သူတွေက သူတို့ကိုယ်သူတို့ Toxic ဖြစ်နေမှန်းတောင် မသိတတ်ကြပါဘူး။ ဒါကြောင့် Toxic ဆိုတာ လူကို သတ်မှတ်တာထက် "မကျန်းမာတဲ့ ဆက်ဆံရေး ပုံစံ (Unhealthy Relationship Dynamic)" ကို ဆိုလိုတာ ဖြစ်ပါတယ်။
​
၂။ Toxic People ဖြစ်ကြောင်း သိသာစေသော လက္ခဏာ (၇) ရပ်
​
ဒီအချက်တွေကို ဖတ်ကြည့်ပြီး ကိုယ့်ဘေးနားမှာ ဘယ်သူတွေက ဒီလိုဖြစ်နေလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။

၁။ အမြဲ Negative ဖြစ်နေခြင်း (အဆိုးမြင်လွန်းသူများ)

အရာအားလုံးကို မကောင်းတဲ့ဘက်ကပဲ မြင်တတ်ပါတယ်။ သူတို့နဲ့တွေ့ရင် Complain တက်တာ၊ သူများအကြောင်း အပြစ်ပြောတာကလွဲပြီး ကောင်းတဲ့အကြောင်းအရာ မပါသလောက်ပါပဲ။

• ​ဥပမာ: ရုံးကလုပ်ဖော်ကိုင်ဖက် တစ်ဦးက မနက်ရုံးရောက်တာနဲ့ လမ်းပိတ်တဲ့အကြောင်း၊ ရာသီဥတုပူတဲ့အကြောင်း၊ ဘော့စ်က ဆိုးတဲ့အကြောင်း နေ့တိုင်းညည်းပြနေတာမျိုးပါ။

၂။ Energy စုပ်ယူတတ်ခြင်း (Emotional Drainer)

သူနဲ့ ကော်ဖီသွားသောက်ပြီး ပြန်လာတဲ့အခါ ကိုယ်က အိပ်ရာပေါ်မှာ ၃ နာရီလောက် ပြန်အိပ်ပစ်ချင်လောက်အောင် စွမ်းအင်တွေ ကုန်ခမ်းသွားတတ်ပါတယ်။

• ​ဥပမာ: သူတို့ရဲ့ ပြဿနာတွေကိုချည်း နာရီပေါင်းများစွာ ပြောပြနေပြီး၊ ကိုယ်က ကိုယ့်ပြဿနာလို ခံစားပေးလိုက်ရတဲ့အခါ ကိုယ်တိုင်ပဲ စိတ်ဓာတ်ကျသွားတာမျိုးပါ။
​
၃။ Manipulation (လှည့်ကွက်သုံးခြင်း)

သူတို့က ကိုယ့်ကို အပြစ်ရှိသလို (Guilt) ခံစားရအောင် စကားပြောတတ်ပါတယ်။

• ​ဥပမာ: "နင်ကလည်း ငါ့အတွက် ဒီလောက်လေးတောင် လုပ်ပေးလို့ မရဘူးလား"၊ "ငါက နင့်ကို သူငယ်ချင်းအရင်းကြီး ထင်ထားတာ" ဆိုပြီး ကိုယ် မလုပ်ချင်တဲ့အရာကို အားနာပြီး လုပ်ပေးလာအောင် ဖိအားပေးတာမျိုးပါ။

၄။ Respect မရှိခြင်း (နယ်နိမိတ်ကို မလေးစားခြင်း)

ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ Boundaries တွေကို သူတို့ လုံးဝ ဂရုမစိုက်ပါဘူး။

• ​ဥပမာ: ည ၁၁ နာရီကြီး အရေးမကြီးဘဲ ဖုန်းဆက်တာ၊ ကိုယ်က မအားဘူးပြောနေလျက်နဲ့ ဇွတ်လာတွေ့ဖို့ တောင်းဆိုတာမျိုးတွေ ဖြစ်ပါတယ်။
​
၅။ Victim Mindset (အမြဲ သူပဲ အမှားမရှိ၊ သနားစရာကောင်းနေသူ)

ဘယ်ပြဿနာမှာမဆို သူတို့က သားကောင် (Victim) ပါ။ တာဝန်ယူမှု လုံးဝမရှိပါဘူး။

• ​ဥပမာ: Project တစ်ခု မှားသွားရင်လည်းအခြားသူကြောင့်၊ ရည်းစားနဲ့ပြတ်ရင်လည်း ရည်းစားက ဖောက်ပြန်လို့ စသဖြင့် အမြဲတမ်း သူများအလွဲတွေချည်းပါပဲ။ သူ့ကိုယ်သူ ပြန်သုံးသပ်တာ မရှိပါဘူး။

၆။ Jealousy / Comparison (မနာလိုခြင်းနဲ့ နှိုင်းယှဉ်ခြင်း)

သူတို့က ကိုယ့်ရဲ့ အောင်မြင်မှုကို ရိုးသားစွာ မပျော်ပေးနိုင်ဘူး။

• ​ဥပမာ: ကိုယ် ရာထူးတိုးတယ်လို့ ဝမ်းသာအားရ ပြောပြတဲ့အခါ "အေးပါ ကံကောင်း တယ်​နော်" လို့ တုံ့ပြန်တာမျိုး၊ ဒါမှမဟုတ် "ဟိုတစ်ယောက်က ကိုယ်ပိုင်အလုပ်နဲ့ သူ​ဌေးဖြစ်သွားတယ်" ဆိုပြီး ချက်ချင်း တခြားသူနဲ့ ယှဉ်ပြတာမျိုးပါ။

၇။ Control လုပ်ချင်ခြင်း (ထိန်းချုပ်လိုခြင်း)

ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ဝင်စွက်ဖက်ပြီး သူတို့ပြောတဲ့အတိုင်းပဲ လုပ်စေချင်ကြပါတယ်။

• ​ဥပမာ: "နင် အဲ့လူတွေနဲ့ မပေါင်းနဲ့"၊ "ဒီလိုအလုပ်မျိုး မလုပ်နဲ့၊ ငါပြောတာပဲ နားထောင်" ဆိုပြီး ကိုယ့်ရွေးချယ်ခွင့်တွေကို ဝင်ချုပ်ကိုင်တာမျိုး ဖြစ်ပါတယ်။
​
​Insight: "သူတို့တွေ ပြောင်းလဲသွားမလား ဆိုတာထက် — ကိုယ်က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာက ပိုအရေးကြီးပါတယ်။"

​၃။ ဘာကြောင့် Toxic People တွေနဲ့ ကပ်နေရသလဲ?

​ဒါဆိုရင် ဒီလိုလူတွေကို ဘာလို့ ခွာမချနိုင်ဘဲ ဆက်ပေါင်းနေကြတာလဲ?

• ​အားနာစိတ်: ဒီစိတ်က မြန်မာ​တွေရဲ့အားနည်းချက်ပါ။ "ငါကတော့ အားနာလို့ကွာ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အဆိပ်သင့်ခံနေတတ်ပါတယ်

• Loneliness: အထီးကျန်မှာ ကြောက်လို့၊ သူငယ်ချင်း မရှိတော့မှာ ကြောက်လို့ တစ်ယောက်တည်း မနေချင်တာကြောင့် ဆက်ပေါင်းနေခြင်း။

• ​Hope they will change: "တစ်နေ့တော့ သူနားလည်လာပြီး ပြောင်းလဲသွားမှာပါ" ဆိုတဲ့ မျှော်လင့်ချက် အမှားကြီးနဲ့ စောင့်နေခြင်း။

• ​Low self-worth: ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု နည်းပြီး "ငါက ဒီလိုဆက်ဆံခံရလည်း ထိုက်တန်ပါတယ်လေ" လို့ လက်ခံထားခြင်း။
​.

၄။ Toxic People ကို ဘယ်လို ကိုင်တွယ်မလဲ? (Practical Solutions)

​လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် နည်းလမ်း (၅) သွယ်ကတော့ -

၁။ Boundaries (နယ်နိမိတ်) သတ်မှတ်ပါ ကိုယ့်မှာ Limit မရှိရင် အမြဲ အခွင့်အရေးယူ ခံရပါလိမ့်မယ်။ အလုပ်ကိစ္စဆို ရုံးချိန်ပြင်ပ ဖုန်းမကိုင်တာ၊ ပိုက်ဆံမချေးချင်ရင် ပြတ်ပြတ်သားသား ငြင်းတာမျိုး လုပ်ရပါမယ်။

၂။ Distance ထားပါ (Emotionally / Physically) ချက်ချင်းကြီး ဖြတ်ပစ်ဖို့ မဖြစ်နိုင်ရင် အဆင့်လိုက် ခွာပါ။ အရမ်းရင်းနှီးသူ (Close) အဆင့်ကနေ ရိုးရိုးခင်သူ (Normal) အဆင့်၊ အဲဒီကနေ ခပ်ခွာခွာ (Distant) အဆင့်ကို တဖြည်းဖြည်း လျှော့ချသွားပါ။

၃။ Over-explain မလုပ်ပါနဲ့ သူတို့ကို ငြင်းတဲ့အခါ အကြောင်းပြချက်တွေ အရှည်ကြီး ရှင်းပြမနေပါနဲ့။ "ဆောရီး ငါ မအားလို့ မလိုက်တော့ဘူး" ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ "No" ကိုပဲ သုံးပါ။

၄။ Engage မဖြစ်အောင် ထိန်းပါ သူတို့ ဖန်တီးတဲ့ Drama ဇာတ်လမ်းတွေထဲ မဝင်ပါနဲ့။ မလိုအပ်ဘဲ ငြင်းခုံခြင်း (Argument) ကို ရှောင်ပါ။ သူတို့က ပြဿနာရှာချင်ရင်တောင် "အင်း"၊ "ဟုတ်တယ်" လောက်ပဲ ခပ်ပေါ့ပေါ့ တုံ့ပြန်လိုက်ပါ။

၅။ Support System တည်ဆောက်ပါ ကိုယ့်ကို ခွန်အားဖြစ်စေတဲ့၊ စိတ်ထားကျန်းမာတဲ့ (Healthy People) လူတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် နေပါ။ ကိုယ့်ရဲ့ စွမ်းအင်တွေကို ကောင်းတဲ့နေရာမှာ ပြန်ဖြည့်ပါ။
​.

၅။ Leadership Perspective (ခေါင်းဆောင်တစ်ယောက်၏ အမြင်)
​
သင်က လုပ်ငန်းခွင်မှာ Leader တစ်ယောက်ဖြစ်နေရင် Toxic Behavior တွေကို လုံးဝ Tolerate (သည်းခံခွင့်လွှတ်) မလုပ်သင့်ပါဘူး။ ပန်းသီးတစ်လုံး ပုပ်နေရင် တစ်ခြင်းလုံး ကူးစက်တတ်သလိုပဲ၊ Toxic ဖြစ်တဲ့ ဝန်ထမ်းတစ်ဦးက တစ်ဖွဲ့လုံးရဲ့ Team Culture ကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ကိုယ့်အဖွဲ့သားတွေရဲ့ စိတ်ဓာတ်ခွန်အားကို ကာကွယ်ဖို့က ခေါင်းဆောင်ရဲ့ တာဝန်ပါ။
​
အမြဲ သတိရပါ : “You don’t fix toxic people — you manage exposure.” (သင်က Toxic ဖြစ်နေတဲ့သူတွေကို လိုက်ပြင်ပေးရမယ့်သူ မဟုတ်ဘူး။ သူတို့ဆီက အဆိပ်တွေ ကိုယ့်ဆီမကူးစက်အောင် အထိအတွေ့ကို ထိန်းချုပ်ရမယ့်သူပါ။)

၆။ ထားရှိရမည့် အရေးကြီးဆုံး Mindset

• ​လူတိုင်းကို ကယ်တင်ဖို့ မလိုပါဘူး။ ကိုယ်က ကယ်တင်ရှင် (Savior) မဟုတ်ပါဘူး။

• ​ကိုယ့်စိတ်ချမ်းသာမှုကို အရင်ကာကွယ်ပါ။ ကိုယ်တိုင် စိတ်ကျန်းမာနေမှ တခြားအရာတွေကို ဆက်လုပ်နိုင်မှာပါ။

• ​Walking away is also a decision. ထွက်သွားခြင်း (သို့) ရှောင်ဖယ်ခြင်းဆိုတာ အရှုံးပေးတာ မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ ရွေးချယ်မှုတစ်ခုသာ ဖြစ်ပါတယ်။
​
နိဂုံးချုပ် (Conclusion)
​
လူတိုင်းကို ​ပြောင်းလဲ​ပေးဖို့ အတင်း မကြိုးစားပါနဲ့။ တချို့လူတွေက ပြောင်းလဲဖို့ ဆန္ဒမရှိတာကြောင့် သင်ဘယ်လောက်ပဲ စေတနာထားထား နောက်ဆုံးမှာ သင်ပဲ အားအင်ကုန်ခမ်းကျန်ရစ်ပါမယ်။

Toxic People တွေကို ဘဝထဲကနေ ရှောင်ဖယ်တာ၊ ဖယ်ထုတ်တာဟာ မတော်တဆ ဖြစ်လာတဲ့ကိစ္စ မဟုတ်ပါဘူး။ အဲဒါဟာ ကိုယ့်ရဲ့စိတ်ချမ်းသာမှုအတွက် တမင်ရွေးချယ်တဲ့ ဆုံးဖြတ်ချက် (Intentional choice) တစ်ခု ဖြစ်ပါတယ်။

Toxic ဖြစ်တဲ့သူတွေဆီက ခပ်ခွာခွာနေဖို့ ဆုံးဖြတ်ချက်ချလိုက်တာဟာ သင့်ဘဝအတွက် သင်ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်တစ်ခုပါပဲ။

သင့်ဘဝကို ဘယ်သူတွေနဲ့ ဖြတ်သန်းမလဲဆိုတာက သင့်ရဲ့ အရေးကြီးဆုံး အရည်အချင်းတစ်ခု ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။

​သင့်ဘေးနားက Energy Vampire တွေကို ဒီနေ့ကစပြီး သတိထား ဖယ်ရှားကာ သင့်ရဲ့ တန်ဖိုးရှိတဲ့ စိတ်ချမ်းသာမှုကို ကာကွယ်လိုက်ပါ။

-------

Zar Ni Kyaw – Leadership & People Skills Coach

Be the Better You.

​

18/03/2026

အုပ်စုစိတ်ပညာ
=•=•=•=•=•=•

လူတွေဟာ ကိုယ်နဲ့ အသားအရောင်မတူသူ၊
အကြိုက်သဘောထားမတူသူ၊ အယူဝါဒ
မတူသူ။ မျိုးနွယ်မတူသူ၊ နေထိုင်ရာအရပ်
မတူသူတွေကို မနှစ်မြို့တဲ့ စိတ်သဘာဝအခံ
ရှိပုံကြရဲ့။

ဒီစိတ်သဘာဝအခံတွေ ကိုအသုံး
ချပြီး တစ်ဦးနဲ့တစ်ဦး အမုန်းပွါးအောင်လည်း
သွေးထိုးရန်တိုက်ပေးကြဟန်လည်းရှိတယ်။

မိမိအုပ်စုဝင်တွေကို
မျက်နှာသာပေးလိုပြီး
မိမိအုပ်စုဝင် မဟုတ်သူတွေကို
ရှည်ရှည်ဝေးဝေး တွေးမနေတော့ဘဲ
ဒီကောင်တွေ၊ ဒီလူတွေ
ဒီပုတ်ထဲကပဲ ဒီပဲတွေဘဲ နေမှာပါလို့
မိမိအုပ်စုဝင်မဟုတ်သူအားလုံးကို
ဝါးလုံးသိမ်းပြီး
တစ်တန်းတစ်စားတည်း ကောက်ချက်ချ
ပစ်ချင်ကြတဲ့ စိတ်သဘာဝလည်း ရှိကြဟန်
ရှိတယ်။

မိမိအုပ်စုက အင်အားသာပုံပေါ်ရင်
ပိုပြီးစည်းလုံးညီညွတ်ကြောင်း
အင်အားပြလိုကြတယ်။
အင်အားနည်းတဲ့တဖက်အုပ်စုကို
ရန်ပြုဖို့ ရန်စလိုကြတယ်။

ဒါတွေအားလုံးဟာ
ငါဆိုတဲ့ အတ်တ
ငါ့အုပ်စုဆိုတဲ့ အတ္တတွေနဲ့
ဆက်နွယ်နေဟန်ရှိရဲ့။

ဒီသဘောတရားတွေကို
လူတွေ မသိတာ
နားမလည်တာတော့မဟုတ်။

ဘာသာရေးခေါင်းဆောင်တွေကလည်း
မကောင်းဘူးလို့ မဆုံးမ ကြတာတော့
မဟုတ်။

လူတွေဟာ သိရက်နဲ့ အတ္တကြောင့်
တခါတရံမှာ မမြင်နိုင်ဘဲဖြစ်နေကြတာ၊
မိုက်နေကြတာ။ တခါတရံမှာလူသားမျိုး
နွယ်အချင်းချင်း ဟင်္သာကိုးသောင်းဇာတ်
ခင်းနေကြတာ။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

🛑 အရည်အချင်းထက် စိတ်ဓာတ်က ပိုစကားပြောတဲ့ လုပ်ငန်းခွင် 🛑လုပ်ငန်းခွင်ဆိုတာ ရည်မှန်းချက်တစ်ခုအတွက် စုပေါင်းရုန်းကန်ရတဲ့နေရာ...
13/03/2026

🛑 အရည်အချင်းထက် စိတ်ဓာတ်က ပိုစကားပြောတဲ့ လုပ်ငန်းခွင် 🛑

လုပ်ငန်းခွင်ဆိုတာ ရည်မှန်းချက်တစ်ခုအတွက် စုပေါင်းရုန်းကန်ရတဲ့နေရာဖြစ်သလို၊ တစ်နေ့တာရဲ့ အချိန်အတော်များများကို ကုန်ဆုံးရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ 🏢✨

ဒါပေမဲ့ တစ်ခါတလေမှာ အလုပ်ကပင်ပန်းတာထက် "လူ" ကြောင့် စိတ်ပင်ပန်းရတာက ပိုပြီး ခံရခက်တတ်ပါတယ်။ 😰

သင့်ပတ်ဝန်းကျင်မှာရော ဒီလိုလူမျိုး ရှိနေသလား❓

🚫 လူမှုရေး နားမလည်ခြင်း - အဖွဲ့အစည်းနဲ့ နေထိုင်တာဖြစ်ပေမဲ့ ကိုယ်ချင်းစာတရား ကင်းမဲ့စွာ ပြောဆိုဆက်ဆံတတ်တာ။

🚫 စရိုက်ဆန်သော အပြုအမူ - ပညာတတ်ခြင်း၊ မတတ်ခြင်းထက် ယဉ်ကျေးပျူငှာမှုမရှိဘဲ ရိုင်းစိုင်းတဲ့ အပြောအဆို၊ အမူအရာတွေကို ပေါ်ပေါ်ထင်ထင် ပြုလုပ်တတ်တာ။

🚫 စိတ်ဓာတ်အခြေအနေ - သူတစ်ပါး အဆင်မပြေတာကို ကြည့်ပြီး ကျေနပ်နေတတ်တာမျိုး ဒါမှမဟုတ် ကိုယ့်အတွက်ဆိုရင် ဘယ်သူ့ကိုမဆို နင်းခြေဖို့ ဝန်မလေးတဲ့ စိတ်ဓာတ်မျိုး ရှိနေတာ။ 🐍

🚫 အဆိပ်အတောက် (Toxic) ဖြစ်စေခြင်း - သူရှိနေတဲ့ နေရာတိုင်းမှာ ပျော်ရွှင်မှုထက် တင်းမာမှုတွေ၊ စိတ်အနှောင့်အယှက်ဖြစ်မှုတွေပဲ ကျန်ရစ်ခဲ့တာ။ 🌪

⚠️ ⚠️ လူတစ်ယောက်ရဲ့ ရာထူးက ဘယ်လောက်ကြီးကြီး၊ အလုပ်မှာ ဘယ်လောက်ပဲ တော်နေပါစေ... အခြေခံ လူမှုဆက်ဆံရေးနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းနေမယ်ဆိုရင် အဲဒီလူဟာ အဖွဲ့အစည်းတစ်ခုလုံးကို ဖျက်ဆီးနေတဲ့ "Virus" တစ်ကောင်ပါပဲ။ 🦠❌

ကျွန်တော်တို့ဟာ အလုပ်လုပ်ဖို့အတွက်ပဲ ရုန်းကန်နေကြရတာ မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ အနှောင့်အယှက်တွေကိုလည်း တွန်းလှန်နေကြရတာပါ။

ဒီလိုလူမျိုးတွေနဲ့ ကြုံလာရတဲ့အခါ... 👇

✅ ကိုယ့်ရဲ့ စိတ်အေးချမ်းမှုကို ဦးစားပေးပါ။
(Protect your peace!)

✅ Professional ကျကျပဲ ဆက်ဆံပြီး ကိုယ့်
ဘောင်ကို ခိုင်ခိုင်ထားပါ။ 🛡

✅ သူတို့ရဲ့ ရိုင်းစိုင်းမှုဟာ သူတို့ရဲ့ တန်ဖိုးသာဖြစ်
ပြီး သင့်တန်ဖိုးမဟုတ်ဘူးဆိုတာ သတိရပါ။ ✨

"စရိုက်ဆိုတာ ဖုံးကွယ်ထားလို့မရတဲ့ ကိုယ်နံ့တစ်ခုလိုပါပဲ။ ဘယ်လောက်ပဲ ကောင်းအောင် ဟန်ဆောင်ပါစေ၊ စိတ်ဓာတ်ပုပ်ရင်တော့ အနံ့က ထွက်လာမှာပဲ ဖြစ်ပါတယ်။" 🗣💨

မိမိပတ်ဝန်းကျင်မှာရော ဒီလို Toxic ဖြစ်တဲ့သူတွေနဲ့ ကြုံနေရရင် Mention မခေါ်ဘဲ ✋ ထောင်သွားခဲ့ကြဦးနော်။



Only ✨

22/02/2026

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ခြင်း

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တဲ့သူတွေဟာ EQ (emotional intelligence quotient) မြင့်မားတဲ့သူတွေဖြစ်ပါတယ်။

သူတို့တွေမှာ စွန့်လွတ်ရဲတာ၊ သူများနေရာကနေ နားလည်ပေးတတ်တာ၊ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်တာ၊ တစ်ခြားလူတွေက ဒေါသတကြီးဆက်ဆံလာတဲ့အခါ တည်ငြိမ်စွာ တုန့်ပြန်တတ်တာ စတဲ့အရည်အချင်းတွေကိုပါ တွေ့ရတတ်ပါတယ်။

EQ မြင့်တဲ့သူတွေမှာ တွေ့ရတတ်တဲ့ အရည်အချင်းတွေထဲက တစ်ခုဖြစ်တဲ့ "စိတ်ခံစားချက်တွေကို ထိန်းသိမ်းနိုင်စွမ်းရှိခြင်း" (ability to control emotions) ဆိုတာကို အဓိကထားပြီး ရေးသားသွားမှာပါ။

Emotion ဆိုတာ သာမန်ခံစားချက်မျိုးမဟုတ်ပဲ ပြင်းထန်တဲ့ခံစားချက် strong feeling ဖြစ်ပါတယ်။ လူတိုင်းမှာ ဖြစ်ပေါ်လေ့ရှိတတ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

တစ်စုံတစ်ယောက်က ကိုယ့်ရဲ့မာန၊ အတ္တကို ထိခိုက်လာတဲ့အခါ အရမ်းဒေါသထွက်တာ၊ အရမ်းဝမ်းနည်းတာမျိုး လူတိုင်းဖြစ်လေ့ရှိပါတယ်။ ငါ့ကိုတော့ အဲ့လိုလာမလုပ်နဲ့။ ငါက မဟုတ်ရင်မခံဘူးဆိုပြီး ထောင်းကနဲဒေါသထွက်တာ၊ တနုံ့နုံ့ခံစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုမျိုးဖြစ်တဲ့အခါ ရင်ထဲမှာ ရှိတဲ့အတိုင်း ချက်ချင်းတုန့်ပြန်မိရာကနေ မလိုအပ်တဲ့ relationship ပြဿနာတွေဖြစ်ပေါ်စေတတ်ပါတယ်။

ကိုယ်က အရမ်း sensitive ဖြစ်လွန်းတာက ကိုယ့်ကိုချစ်တဲ့ အသိုက်အမြုံထဲမှာဆိုရင် ပြဿနာမရှိပေမယ့် အလုပ်ခွင်ထဲမှာ၊ အပြင်လောက ပေါင်းသင်းဆက်ဆံရေးမှာတော့ ထိန်းချုပ်သင့်တဲ့အရာဖြစ်ပါတယ်။

လူမှုဆက်ဆံရေးက အခက်ခဲဆုံးပညာရပ်တစ်ခုပါ။ လူတွေနဲ့ အမြဲအဆင်ပြေဖို့ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စပါ။ ဒါပေမယ့် မဖြစ်မနေပေါင်းသင်းနေရမှာပါ။ တစ်ယောက်တည်း ခွဲထွက်နေလို့မှ အဆင်မပြေတာ။

ပေါင်းသင်းလာရပြီဆိုရင်လည်း အတတ်နိုင်ဆုံးအဆင်ပြေအောင် ကိုယ့်စိတ်ရိုင်းကို regulation လုပ်နိုင်မှုနဲ့ သည်းခံခွင့်လွှတ်မှုတွေက အတိုင်းအတာတစ်ခုထိလိုပါတယ်။

🔷 သည်းခံတယ် ဆိုတာက ဘယ်လိုမျိုးလဲ။

ဥပမာ လူတစ်ယောက်က ကိုယ့်ကို အပြစ်လာပြောတယ်၊ မဟုတ်တာတွေ စွပ်စွဲတယ်။ ဒေါသထွက်တာပေါ့။ ဒါပေမယ့် သူက မနေ့ကမှ စိတ်ကျန်းမာရေးဆေးရုံးက ဆင်းလာတာကို သိလိုက်ရတယ်။ ဒေါသမထွက်မိတော့တဲ့အပြင် သနားချင်သနားမိမယ်။ ဘာဖြစ်လို့လဲ‌ဆိုတော့ သူဘယ်လိုလူလဲဆိုတာ သိလိုက်လို့ပဲ။ တနုံ့နုံ့လည်း မခံစားရတော့ဘူး‌။

အဲ့တော့ ရင်ထဲမှာ ပူလောင်မှုမခံစားရစေတဲ့ သည်းခံခွင့်လွှတ်မှုမျိုး ရှိစေဖို့ လူတွေအကြောင်းကို ပိုသိဖို့ လိုပါတယ်။ လူတွေအကြောင်းကို သိတယ်ဆိုတာကိုက EQ ပါပဲ။ လူတစ်ယောက်ရဲ့ ခံစားချက်တွေကို နားလည်ခြင်းတစ်မျိုးပါပဲ။

‘‘ပိုသိလေ ပိုပြီးခွင့်လွှတ်နိုင်လေပါ။’’

ဒါ့ကြောင့် ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းတွေ၊ ချစ်သူရည်းစားတွေ၊ မိသားစုတွေမှာ EQ မြင့်တဲ့သူ‌တွေကို ပိုပြီးလိုအပ်ပါတယ်။

🔷 သည်းခံတာက အတိုင်းအတာ တစ်ခုထိပဲ ကောင်းပါတယ်။

တစ်ချို့လူတွေဟာ အရမ်းကို ရင့်ကျက်သလိုနေတတ်ကြပါတယ်။ သူ့ကို လာပြီးအပြစ်ပြောတာကို ဒေါသမထွက်ဘူး။ တော်တော်လေး သည်းခံတတ်ပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာ ကိုယ့်ဒေါသတွေကို မနည်းထိန်းချုပ်လိုက်ရပြီး တနုံ့နုံ့နဲ့ခံစားနေရမယ်ဆိုရင်လည်း ဒါကလည်း စိတ်ကျန်းမာရေးအတွက် အန္တရာယ်တစ်ခုပါပဲ။ အတော်များများ ကြုံဖူးကြမှာပါ။ တစ်ချို့အရမ်းကို အပေါ်စီးကနေဖိပြီး ပြောတတ်တဲ့သူတွေရှိပါတယ်။ အမြဲတမ်းသူတို့ပြောတဲ့ စကားတွေက တစ်ဖက်သားကိုခနဲ့သလို၊ လှောင်သလိုမျိုး‌နဲ့။ သူတို့လိုမျိုးလူတွေနဲ့ တွေ့တဲ့အခါ သည်းခံပေးရတာတွေရှိတယ်။

တကယ်တော့ ကိုယ်က သည်းခံနားလည်တတ်လို့ မဟုတ်ပါဘူး။မဖြစ်သာလို့ ငြိမ်ခံလိုက်ရတဲ့သဘောပါ။ ဒီကိစ္စကိုပြောရတာ နည်းနည်းတော့ ရှုပ်ပါတယ်။ ကိုယ့်ဘက်က သည်းခံပေး၊ နားလည်ပေးပြန်တော့လည်း အမြဲတမ်းအနိုင်ယူချင်တဲ့သူတွေနဲ့လည်း ကြုံရပြန်တယ်။ Emotion ‌တွေကို မျိုသိပ်ရတာများလာပြန်တော့လည်း depression တွေကဝင်ပြန်ပါတယ်။ မဟုတ်မခံပဲ ဘယ်သူဖြစ်ဖြစ် မကျေနပ်ရင်မကျေနပ်ဘူး ပြောပြန်တော့လည်း ကိုယ့်အတွက် ဒုက္ခတွေဖြစ်ရပြန်ပါတယ်။

မပြောရင်လည်းမဖြစ်၊ ပြောပြန်ရင်လည်း ကိုယ့်အမှားဖြစ်ရတဲ့ အခြေအနေမျိုးတွေကို ရင်ဆိုင်ရတဲ့အခါ မှန်ကန်ပြီး safe ဖြစ်တဲ့ တုန့်ပြန်မှုမျိုးကို လိုလာပြန်ပါတယ်။

🔷 တည်ငြိမ်စွာတုန့်ပြန်ပါ။

သားက အမေကို ပြန်အော်တာ၊ ရည်းစားတွေတစ်ယောက်နဲ့ တစ်ယောက် အော်ကြ ဆဲကြတာတွေကို မြင်ဖူး၊ ကြားဖူးမှာပါ။

တစ်ခါတစ်လေ လူတစ်ယောက် ကိုယ့်ကိုဘာမှမဟုတ်တာလေးနဲ့ စိတ်ဆိုးနေတာကို ကြုံဖူးမှာပါ။ တကယ်တော့ နောက်ကွယ်မှာ အကြောင်းအရင်းက ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်က သူရဲ့ ခံစားချက်တွေကို ဖော်ပြပေမယ့် တစ်ဖက်က နားမလည်နိုင်တဲ့အခါ ဖြစ်ပေါ်သွားလေ့ရှိတဲ့အရာပါ။

ဒီလိုတွေမဖြစ်အောင် ကိုယ်တိုင်က ကိုယ့်ရဲ့ခံစားချက်တွေကို expression လုပ်တဲ့နေရာမှာ အရေးကြီးသလို ကိုယ့်အပေါ်သူတို့က တုန့်ပြန်လာတဲ့အခါမှာလည်း နားလည်တတ်ဖို့လိုပါတယ်။ ဒါ့ကြောင့်ကိုယ့်ဘေးမှာရှိတဲ့ သူတွေရဲ့ အကြောင်းကို သေချာသိဖို့ အရေးကြီးပါတယ်။ လိုအပ်ရင် တုန့်ပြန်မှုတွေလုပ်ဖို့ လိုပါတယ်။

Emotion တွေကို ထိန်းချုပ်လွန်းရင် အန္တရာယ်ဖြစ်စေတယ်ဆိုရင် မှန်ကန်တဲ့နည်းလမ်း၊ တည်ငြိမ်တဲ့ ပုံစံတွေနဲ့ တုန့်ပြန်ရပါတယ်။

ဒီမှာက အပိုင်းနှစ်ပိုင်းခွဲဖို့ လိုပါတယ်။

၁ - တုန့်ပြန်ရမယ့် သူတွေ
လူမှန်သမျှ တစ်ခါတစ်ရံ ပေါက်ကွဲတတ်ကြပါတယ်။ အထူးသဖြင့် သူတို့နိုင်စားရာ နေရာမျိုးတွေမှာဆိုရင် ပိုပြီးဒေါသထွက်လွယ်ကြပါတယ်။ မနိုင်စားတဲ့နေရာတွေမှာဆိုရင် upset ဖြစ်တတ်ပါတယ်။ upset ဆိုတာက ဝမ်းနည်းဒေါသ ဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ပါစေ အရင်းဆုံးဖြစ်ပေါ်လာတဲ့ ကိုယ့်ရဲ့emotion ကို အရင်ထိန်းသင့်ပါတယ်။ ပြီးမှ အတည်ငြိမ်ဆုံးပုံစံနဲ့ ထုတ်ဖော်ဖို့လိုပါတယ်။

ကိုယ့်အထက်လူကြီး၊ ဆရာ၊ မိဘ စတဲ့သူတွေကြောင့် ဖြစ်လာတဲ့ ဝမ်းနည်းမှု၊ နာကျည်းမှုတွေကြောင့် ပြန်အော်မိတာ၊ ခနဲ့မိတာမျိုးတွေ မဖြစ်အောင် ထိန်းဖို့လိုပါတယ်။ ဖြစ်နိုင်ရင် ချက်ချင်းမတုန့်ပြန်သေးပဲ အချိန်တစ်ခုယူပြီးမှ တစ်ဦးချင်းတွေ့တာက အကောင်းဆုံးပါ။ ကိုယ့်အထက်က လူတွေကို ဘယ်တော့မှ လူအများကြားမှာ ပြန်မပြောမိဖို့ လိုသလို ဘယ်တော့မှ သူတို့မှားကြောင်း သက်သေမပြမိပါစေနဲ့။

ကိုယ်နိုင်စားတဲ့ လူတွေကြောင့် ဖြစ်လာတဲ့ဒေါသတွေကိုလည်း သတိထားထိန်းသင့်ပြီး ဒေါသမပါပဲ တုန့်ပြန်နိုင်ဖို့က အရေးကြီးပါတယ်။

၂ - တုန့်ပြန်စရာမလိုတဲ့ သူတွေ
ကိုယ့်ဘဝမှာ အရေးမပါတဲ့သူတွေ၊ facebook ပေါ်က အဆိုးမြင်တဲ့ comment တွေ၊ ဖြေရှင်းလေ ပိုဆိုးလေ လူစားမျိုးတွေက တုန့်ပြန်စရာ မလိုတဲ့ သူတွေပါ။

EQ မြင့်ဖို့ အရေးကြီးဆုံးက mindfulness နဲ့ awareness ဖြစ်ပါတယ်။

Mindfulness ဆိုတာက "သတိ"ပါ။ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို အရင်ဆုံး သတိလေးထားဖို့ လိုပါတယ်။ ဒေါသထွက်ရင် ထွက်မှန်းသိတာ၊ မနာလိုဖြစ်ရင်ဖြစ်မှန်းသိတာ စတဲ့ စိတ်မှာဖြစ်နေသမျှကို သတိကပ်နိုင်ဖို့လိုပါတယ်။

Awareness ဆိုတာက "အသိ"ပါ။ လူ‌တွေရဲ့ အကြောင်းတွေ၊ ပေါင်းသင်းဆက်ဆံရေး ကျင့်ဝတ်တွေကို သိခြင်းနဲ့ သူတစ်ပါးဘက်ကနေ ခံစားနားလည်ပေးနိုင်ခြင်းတွေပါ။

ကိုယ်တစ်ယောက်တည်းမဟုတ်ပဲ လူတိုင်းက ပေါင်းသင်းဆက်‌ဆံရေးနဲ့ပတ်သက်ပြီး mindfulness နဲ့ awareness ရှိရင် အလွန်ကောင်းမှာပါ။ ဝမ်းနည်းစရာကောင်းတာက လူတိုင်းမှာ ရှိမနေတာပါ။ ဒါ့ကြောင့် ဘယ်လိုလူကို ကိုယ့်ဘဝမှာ လက်ခံသင့်တယ်၊ ဘယ်လိုလူတွေနဲ့ ပေါင်းသင်းသင့်တယ်ဆိုတာကို ကိုယ်တိုင်ရွေးချယ်ဖို့ လိုပါတယ်။

ကိုရဲ

4/ 3/ 2023

🎓 Brackett Refugee Education Fund – University Scholarship Form ဖွင့်ပါပြီ 🎓 (2026–2027 Academic Year)Brackett Refugee E...
27/01/2026

🎓 Brackett Refugee Education Fund – University Scholarship Form ဖွင့်ပါပြီ 🎓

(2026–2027 Academic Year)

Brackett Refugee Education Fund ဟာ ပညာရေးအခက်အခဲများကြုံတွေ့နေရတဲ့ Refugee & Displaced Youth များအတွက် တက္ကသိုလ်ပညာကို ဆက်လက်လေ့လာနိုင်စေရန် ရည်ရွယ်ထားသော University Scholarship Program တစ်ခုဖြစ်ပါတယ်။

Scholarship က ဘာတွေ ထောက်ပံ့ပေးမှာလဲ⁉️

✅University Tuition Fees
✅ပညာရေးနဲ့ ဆိုင်သော လိုအပ်ချက်တွေ ( စာအုပ်၊ သင်တန်းဆိုင်ရာ ကုန်ကျစရိတ် )
✅ပညာရေးကို အဆက်မပြတ် ဆက်လက်လေ့လာနိုင်ရန် ရည်ရွယ်ထားတာမို့ University တက်နေဆဲကျောင်းသားတွေပါ လျှောက်လို့ရပါတယ်

ဘယ်သူတွေ လျှောက်ထားနိုင်လဲ⁉️
✅2026–2027 ပညာသင်နှစ်တွင် University အသစ်တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ
✅Refugee / Displaced background ရှိသူ
✅Financial Difficulty ကြုံတွေ့နေရသူ

လျှောက်ထားရန် Application Form
👉 https://forms.gle/xhRbb2f4LJe6g5s37

⏰ Application Deadline
📅 March 1, 2026

📧 အသေးစိတ်မေးမြန်းလိုပါက
[email protected]

📍ဒါလေးကတော့ FCC မှာ Brackett Scholarship Winner ပြောပြပေးထားတဲ့ Video လေးကနေလဲ ဝင်ရောက်လေ့လာနိုင်ပါတယ်
https://www.facebook.com/share/v/1CHEQfVKvj/?mibextid=wwXIfr

ဒီအခွင့်အရေးကို လိုအပ်နေသူများဆီသို့ မျှဝေပေးလိုက်ပါဦးနော်💛

ပညာရေး / 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 တွေနဲ့ ပတ်သက်တဲ့ သတင်း 𝐔𝐩𝐝𝐚𝐭𝐞 တွေ သိရဖို့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥
🔺https://t.me/fccfocuscentere

𝐈𝐄𝐋𝐓𝐒 / 𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨 အစကနေ 𝐄𝐱𝐚𝐦 ဖြေတဲ့အထိ သင်ယူချင်သူများအတွက်
🔺https://www.facebook.com/share/p/1CYnKJPpHo/?mibextid=wwXIfr

🔺 https://www.facebook.com/share/p/1AogZv399K/?mibextid=wwXIfr

________________________________________________

ဒါ့အပြင် 𝐔𝐊/𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝/ 𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚 အစရှိတဲ့ နိုင်ငံကြီးတွေမှ ပါတနာချိတ်ထားတဲ့ ကျောင်းဝင်ခွင့်တွေအတွက် လျှောက်ထားချင်တယ်ဆိုရင်တော့ 𝐀𝐝𝐦𝐢𝐧 တို့ 𝐅𝐂𝐂 ကနေပြီး
🫶🏻ကျောင်းအခမဲ့လျှောက်ထားပေးခြင်း
🫶🏻 𝐄𝐃 𝐕𝐢𝐬𝐚 လျှောက်ပေးခြင်း
🫶🏻 𝐀𝐢𝐫 𝐓𝐢𝐜𝐤𝐞𝐭 နှင့် 𝐀𝐜𝐜𝐨𝐦𝐨𝐝𝐚𝐭𝐢𝐨𝐧 ရှာပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေကိုလည်း "အခမဲ့" ကူညီဆောင်ရွက်ပေးနေပါတယ်ဗျ

သင်ကြားပုံများနှင့် 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 များကိုလဲ 𝐏𝐨𝐬𝐭 𝐂𝐨𝐦𝐦𝐞𝐧𝐭 နဲ့ 𝐅𝐂𝐂 𝐏𝐚𝐠𝐞 မှာ စိတ်ကြိုက်ဝင်ရောက်လေ့လာကြည့်ပါ

သင်တန်းအကြောင်း အသေးစိတ်ကိုတော့
☎️ 𝟎𝟗𝟕𝟕𝟒𝟑𝟐𝟎𝟔𝟐𝟏 ( 𝐕𝐢𝐛𝐞𝐫 / 𝐋𝐢𝐧𝐞 ) ဒါမှမဟုတ်
📮 𝐅𝐂𝐂 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ အခုပဲ လာရောက်စုံစမ်းနိုင်ပါပြီဗျ✨







စင်ကာပူကို ထိပ်ဆုံးရောက်စေခဲ့တဲ့ လီကွမ်ယုရဲ့ မူဝါဒ ၅ ရပ်၁၉၆၅ ခုနှစ်မှာ မလေးရှားလက်အောက်ကနေ ခွဲထွက်ခဲ့ရတဲ့ စင်ကာပူနိုင်ငံ...
16/01/2026

စင်ကာပူကို ထိပ်ဆုံးရောက်စေခဲ့တဲ့ လီကွမ်ယုရဲ့ မူဝါဒ ၅ ရပ်

၁၉၆၅ ခုနှစ်မှာ မလေးရှားလက်အောက်ကနေ ခွဲထွက်ခဲ့ရတဲ့ စင်ကာပူနိုင်ငံဟာ သဘာဝသယံဇာတ ဘာမှမရှိ ရေတောင်ဝယ်သောက်ရတဲ့ အခြေအနေမှာ ရှိခဲ့တယ် ဆိုတာ တော်တော်များများ သိကြပြီးဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ ရာစုနှစ်ဝက် အတွင်းမှာ ဒီကျွန်းငယ်လေးဟာ တတိယကမ္ဘာ့နိုင်ငံ (Third World) အဆင့်ကနေ ပထမကမ္ဘာ့နိုင်ငံ (First World) အဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။

ဒီအံ့ဖွယ်ပြောင်းလဲမှုရဲ့ နောက်ကွယ်က ဗိသုကာကြီးကတော့ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုဖြစ်ပြီး သူ့ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်ကတော့ လက်တွေ့ကျခြင်း ဆိုတဲ့ အခြေခံပေါ်မှာ တည်ဆောက်ထားတဲ့ မူဝါဒကြီး ၅ ရပ်ကြောင့်ပဲ ဖြစ်ပါတယ်။

၁။ အင်္ဂလိပ်စာကို အဓိကထားခြင်း

ဒါဟာ လီကွမ်ယုရဲ့ အမြော်အမြင်အရှိဆုံးနဲ့ အခက်ခဲဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။

စင်ကာပူမှာ တရုတ်၊ မလေး၊ အိန္ဒိယ စတဲ့ လူမျိုးပေါင်းစုံ နေထိုင်ကြပါတယ်။ လူမျိုးတစ်မျိုးရဲ့ ဘာသာစကားကို ရုံးသုံးလုပ်လိုက်ရင် ကျန်တဲ့လူမျိုးတွေ မကျေနပ်နိုင်ပါဘူး။

ဒါကြောင့် လီကွမ်ယုဟာ ဘယ်သူနဲ့မှ မဆိုင်တဲ့ "အင်္ဂလိပ်စာ" ကို ရုံးသုံး၊ ကျောင်းသုံး ဘုံဘာသာစကားအဖြစ် သတ်မှတ်လိုက်ပါတယ်။

ပြည်တွင်းအကျိုး အနေနဲ့ လူမျိုးရေးပဋိပက္ခတွေကို ရှောင်ရှားနိုင်ပြီး နိုင်ငံသားအားလုံး စကားပြောဆို ဆက်သွယ်နိုင်သွားပါတယ်။

နိုင်ငံတကာအကျိုးအမြတ်အနေနဲ့ စင်ကာပူနိုင်ငံသားတွေ အင်္ဂလိပ်စာ ကျွမ်းကျင်သွားတဲ့အတွက် ကမ္ဘာ့စီးပွားရေး၊ သိပ္ပံနဲ့ နည်းပညာလောကထဲကို အလွယ်တကူ ဝင်ရောက်ချိတ်ဆက်နိုင်ခဲ့ပါတယ်။

၂။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ခြင်း

၁၉၆၀-၇၀ ဝန်းကျင်က အာရှနဲ့ အာဖရိက နိုင်ငံအများစုဟာ "နယ်ချဲ့ဆန့်ကျင်ရေး" ခေါင်းစဉ်နဲ့ နိုင်ငံခြားကုမ္ပဏီတွေကို မောင်းထုတ်၊ ပြည်သူပိုင်သိမ်းနေချိန်မှာ လီကွမ်ယုကတော့ ပြောင်းပြန်လုပ်ခဲ့ပါတယ်။

"ငါတို့မှာ အရင်းအနှီးမရှိဘူး၊ နည်းပညာမရှိဘူး၊ ဒါကြောင့် ရှိတဲ့သူတွေကို ဖိတ်ခေါ်မှရမယ်" ဆိုပြီး နိုင်ငံတကာ ကုမ္ပဏီကြီး (MNCs) တွေကို အခွန်သက်သာခွင့်တွေပေးပြီး စက်ရုံလာဖွင့်ခိုင်းပါတယ်။

သူဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ပဲ ရောင်းဝယ်ဖောက်ကားနေရင် မတိုးတက်နိုင်ဘူးဆိုတာ သိလို့ ဒေသတွင်းကို ကျော်ခွပြီး အမေရိကန်၊ ဥရောပ၊ ဂျပန်တို့နဲ့ တိုက်ရိုက်ကုန်သွယ်တဲ့ စနစ်ကို တည်ဆောက်ခဲ့ပါတယ်။

၃။ အဂတိလိုက်စားမှုကို လုံးဝလက်မခံခြင်း

"ယုံကြည်မှု (Trust)" ဟာ စင်ကာပူရဲ့ တန်ဖိုးအရှိဆုံး ငွေကြေးဖြစ်တယ်လို့ လီကွမ်ယု ခံယူပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ချဖို့ဆိုရင် နိုင်ငံက သန့်ရှင်းနေမှ ရပါမယ်။

တုတ်: အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (CPIB) ကို အာဏာကုန်လွှဲအပ်ထားပြီး ဝန်ကြီးတွေကိုတောင် ဖမ်းဆီးထောင်ချတဲ့အထိ တင်းကျပ်ပါတယ်။

တချိန်တည်းမှာပဲ "လူတော်တွေ အစိုးရလုပ်ဖို့ဆိုရင် လစာကောင်းမှရမယ်" ဆိုတဲ့ မူဝါဒနဲ့ ဝန်ကြီးတွေ၊ အရာရှိတွေကို ပုဂ္ဂလိကကုမ္ပဏီ CEO တွေနဲ့တန်းတူ ကမ္ဘာ့အမြင့်ဆုံး လစာတွေ ပေးထားပါတယ်။

ဒါမှသာ လာဘ်စားစရာမလိုဘဲ တိုင်းပြည်အတွက် အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

၄။ အရည်အချင်းကိုသာ ကြည့်ခြင်း

စင်ကာပူမှာ ဘယ်သူ့သားလဲ၊ ဘယ်လူမျိုးလဲ ဆိုတာ အဓိက မဟုတ်ပါဘူး။ မင်း ဘာလုပ်တတ်လဲ ဆိုတာကသာ အဓိကပါ။

လူတော်ရင် နေရာရမယ့်စနစ်ကို တည်ဆောက်ထားတာကြောင့် နိုင်ငံရဲ့ အရေးပါတဲ့ နေရာတွေမှာ ဦးနှောက်အကောင်းဆုံး "လူတော်" တွေ ရောက်ရှိနေပြီး၊ နိုင်ငံကို ကုမ္ပဏီကြီးတစ်ခုလို စနစ်တကျ စီမံခန့်ခွဲနိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း စင်ကာပူရဲ့ ကဏ္ဍအသီးသီးကို ကြည့်လိုက်ရင် သက်ဆိုင်ရာ နယ်ပယ်က ထိပ်တန်းပုဂ္ဂိုလ်အသီးသီးက ဦးဆောင်နေတာကို တွေ့ရမှဖြစ်ပါတယ်။

၅။ ဥယျာဉ်မြို့တော် ဖန်တီးခြင်း

စင်ကာပူကို သစ်ပင်တွေနဲ့ စိမ်းလန်းနေအောင် လုပ်တာဟာ အလှသက်သက် မဟုတ်ပါဘူး။ ဒါဟာ စီးပွားရေး မဟာဗျူဟာ တစ်ခုလို့ ပြောရင် ပိုမှန်ပါတယ်။

လီကွမ်ယုက "နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လေဆိပ်က ဆင်းလာတာနဲ့ စင်ကာပူဟာ စိမ်းလန်း၊ သန့်ရှင်းပြီး စနစ်ကျနေရမယ်" လို့ သတ်မှတ်ပါတယ်။

ဒါဟာ တွေ့လိုက်တာနဲ့ အထင်ကြီးမှု ကို ရယူတာပါ။ ပတ်ဝန်းကျင်ကောင်းရင် နိုင်ငံတကာ ပညာရှင်တွေ လာရောက်နေထိုင်ချင်ကြမယ်၊ ဒါဆိုရင် နိုင်ငံတိုးတက်မယ်လို့ သူက တွက်ဆခဲ့ပါတယ်။

လီကွမ်ယုရဲ့ မူဝါဒအနှစ်ချုပ်ကတော့ "ငါတို့မှာ ဘာသယံဇာတမှ မရှိဘူး၊ ဒါကြောင့် ဘယ်သူမှ မလုပ်နိုင်တာကို လုပ်ပြမှ၊ ဘယ်သူမှ မပေးနိုင်တဲ့ ဝန်ဆောင်မှုကို ပေးမှ ငါတို့ အသက်ရှင်မယ်" ဆိုတဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။

ဒီမူဝါဒ ၅ ရပ်ကို အခြေခံပြီး တည်ဆေက်ခဲ့တဲ့ စင်ကာပူဟာ အာရှရဲ့ အသေးငယ်ဆုံး နိုင်ငံဖြစ်ပေမယ့် ကမ္ဘာ့ အချမ်းသာဆုံးနဲ့ လူနေမှုစနစ်အမြင့်ဆုံး ထိပ်တန်းနိုင်ငံ တနိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။

Address

No. 83, Aung Theik Hti Road, Mayangone Tsp
Yangon
11061

Telephone

+959777233372

Website

Alerts

Be the first to know and let us send you an email when အဖြေ လူမှုစီးပွား ဖွံ့ဖြိုးရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to အဖြေ လူမှုစီးပွား ဖွံ့ဖြိုးရေး:

Shortcuts

Share