HTOO Foundation

HTOO Foundation Htoo Foundation is the non-profit foundation of the Htoo Group of Companies.

Htoo Foundation was established on 5th May 2008 and we are privately run, non-profit, non-political, and non-religious Foundation. Htoo Foundation is all about connecting Htoo Group of Companies and it's members to focus on reforestation of Myanmar natural forests, protection of Myanmar exotic wildlife species, enhancing the living standard of Myanmar national races in remote areas and offering ef

fective emergency relief assistance in affected areas within Myanmar using our entrepreneurial skills and resources.

“သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ ထူးဖောင်ဒေးရှင်း၏ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်”ထူးဖောင်ဒေးရှင်း၏ “FLOURI...
22/06/2024

“သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ ထူးဖောင်ဒေးရှင်း၏ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်”

ထူးဖောင်ဒေးရှင်း၏ “FLOURISH” CSR Campaign ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်ချက်ဖြင့် သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာ၊ ဘန့်ဘွေးကုန်းရေလှောင်တမံကြိုးဝိုင်းတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ HTOO Group of Companies ကွပ်ကဲမှု အောက်ရှိ Business Unit များနှင့် Functional Unit များမှ ဝန်ထမ်းများ စုပေါင်းပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နှစ်စဉ် ပြုလုပ်လျှက်ရှိရာ ယခုနှစ်တွင် ဘန့်ဘွေးကုန်း ရေလှောင်တမံကြိုးဝိုင်း အတွင်းရှိ မြေလွတ် (၁.၅) ဧက အကျယ်တွင် မဟော်ဂနီ၊ မန်ဂျန်ရှားနှင့် ပျဉ်းကတိုး အစရှိသောပျိုးပင် အမျိုးအစားပေါင်း (၁၅၀၀)ကို စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်ပါသည်။

စိုက်ပျိုးပင်များ ရှင်သန်မှု ရှိစေရန်အတွက် သစ်တောဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်အောင် သရုပ်ပြလမ်းညွှန်ပေးခဲ့ပြီး အဆိုပါ စိုက်ပျိုးပင်များ ရေရှည် အောင်မြင်ဖြစ်ထွန်းစေရန်အတွက်လည်း အချိန်မှန် မီးတား၊ ပေါင်းရှင်း၊ မြေဩဇာကျွေးခြင်းများပြုလုပ်ကာ ထိန်းသိမ်းစောင့်ရှောက်သွားရေး အစီအစဉ်များဖြင့် တာဝန်ယူထိန်းသိမ်းသွားမည်ဖြစ်ပါသည်။

ထူးဖောင်ဒေးရှင်း၏ “FLOURISH” Campaign အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပညာရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အဓိကထား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ ကမ္ဘာမြေကြီးစိမ်းလန်းစိုပြည်ရေးအတွက် နှစ်စဥ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းဖြင့် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင်ခွင့်ရရှိခြင်းအား ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါသည်။


Address

Ground Floor, Condo A, Mindama Housing, Mindama Road
Yangon

Alerts

Be the first to know and let us send you an email when HTOO Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share