Impact Across Border

Impact Across Border “Impact Across Border” is a social entrepreneurship and economic empowerment initiative.

“Impact Across Border” is a cross-border social innovation empowerment initiative, and along with its goal of raising awareness of sustainable social solutions as well as scaling up impact-driven start-ups and enterprises among young individuals.

📌Impact Across Border (IAB) ရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Community Alliance Initiatives - CAI မိတ်ဆွေစစ်ရဲ့ ၂၀၂၆ လူ...
18/06/2026

📌Impact Across Border (IAB) ရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Community Alliance Initiatives - CAI မိတ်ဆွေစစ်ရဲ့ ၂၀၂၆ လူမှုအကျိုးပြု ရင်းနှီးမြှုပ်နှံမှုနှင့် ပံ့ပိုးကူညီခြင်းအစီအစဉ် (Social Impact Investment Program 2026)

မိတ်ဆွေစစ် (CAI) သည် ဒေသတွင်းရှိ လူမှုအကျိုးပြုစွန့်ဦးတီထွင်လုပ်ငန်းများ (Social Enterprises) နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ငန်းစတင်ရန် သို့မဟုတ် လက်ရှိလုပ်ငန်းများ တိုးချဲ့နိုင်ရန်အတွက် ငွေကြေးပံ့ပိုးမှု နှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို ၂၀၁၉ မှစ၍ ပံ့ပိုးကူညီပေးနေတာဖြစ်ပါတယ်။

SII Program မှရရှိနိုင်မည့် အကျိုးခံစားခွင့်များနှင့် ပံ့ပိုးမှုများ
✅ငွေကြေးထောက်ပံ့မှု (Financial Investment): ရွေးချယ်ခံရသည့် အဆိုပြုလွှာများအတွက် လုပ်ငန်းတစ်ခုလျှင် အမြင့်ဆုံး မြန်မာငွေကျပ် သိန်း ၁၂၀ အထိ ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးမှုအပြင်
✅နည်းပညာနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု (Technical Assistance): စနစ်တကျ လုပ်ငန်းစီမံခန့်ခွဲမှုနှင့် လည်ပတ်မှုများ၊ ဈေးကွက်ချဲ့ထွင်ရေးနှင့် ရေရှည်တည်တံ့မှုရှိစေမည့် ဘဏ္ဍာရေးဆိုင်ရာ စနစ်တကျ တွက်ချက် စီမံခန့်ခွဲမှုနည်းပညာများ

နောက်ဆုံးလျှောက်ထားနိုင်မည့်နေ့ရက်ကတော့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် မြန်မာစံတော်ချိန် ညနေ (၅:၀၀) နာရီ နောက်ဆုံးထား၍ လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်လွှာနှင့် အသေးစိတ်အချက်အလက် လေ့လာရန် ဖော်ပြပါ link ကနေ (https://surl.li/wftkrd) ဝင်ရောက်ကြည့်ရှုနိုင်ပြီး၊ အောက်ပါ အီးမေးလ်ကနေ [email protected]⁠ ရုံးချိန်အတွင်း လျှောက်လွှာများပေးပို့ရမှာဖြစ်ပါတယ်။

[English below]

🌟 လူမှုအကျိုးပြု တနိုင်တပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အရေး ရယူလိုက်ပါ 🌟

📢 လူမှုအကျိုးပြု တနိုင်တပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီပေးခြင်း အစီအစဉ် 📢

မိတ်ဆွေစစ်/ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐈𝐧𝐢𝐭𝐢𝐚𝐭𝐢𝐯𝐞𝐬 (𝐂𝐀𝐈) သည် ဒေသအတွင်း လူမှုအကျိုးပြုစွန့်ဦးတီထွင် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းရည်ရွယ်ချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၏ လုပ်ငန်းစတင်ဆောင်ရွက်မှုနှင့် လက်ရှိလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီ နှင့် ငွေကြေးပံ့ပိုးမှု များကို ပေးအပ်သွားမည်ဖြစ်ပါသည်။

မိတ်ဆွေစစ် (CAI) သည် ၂၀၁၉ ခုနှစ်မှ စတင်ကာ ယခု ၂၀၂၆ ခုနှစ်အထိ ရှစ်နှစ်တိုင်တိုင် စဉ်ဆက်မပြတ် ဆောင်ရွက်လာခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုကာလအတွင်း အထူးသဖြင့် ၂၀၂၅ ခုနှစ်တွင် လူမှုအကျိုးပြုစွန့်ဦးတီထွင်လုပ်ငန်း ၉ ခုအား လုပ်ငန်းချဲ့ထွင်ရေးအတွက် အောင်မြင်စွာ ပံ့ပိုးကူညီနိုင်ခဲ့ပြီး ဒေသတွင်း စွန့်ဦးတီထွင် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသာထင်ရှားသော အထောက်အကူပြု နိုင်ခဲ့ပါသည်။

ယခုအကြိမ်အစီအစဉ်တွင် ရွေးချယ်ခံရသည့် လုပ်ငန်းများအား အမြင့်ဆုံး မြန်မာငွေကျပ်သိန်း ၁၂၀ အထိ ငွေကြေးအကူအညီ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကျွမ်းကျင်မှုများ၊ စျေးကွက်ချဲ့ထွင်ရေးနည်းလမ်းများနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာအကူအညီများကိုလည်း ထည့်သွင်းပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

လူမှုအကျိုးပြု စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် ဤအခွင့်အလမ်းကို ရယူနိုင်ရန် လျှောက်လွှာတင်သွင်း ခြင်းဆိုင်ရာ သတ်မှတ်ချက်များ၊ လိုအပ်သည့် အထောက်အထားစာရွက်စာတမ်းများနှင့် အသေးစိတ် အချက်အလက်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

https://docs.google.com/document/d/1InlycdMdzYL04VBeY2zBAVBSQ-8i1XnE/edit?usp=drive_link&ouid=114420768099198301627&rtpof=true&sd=true

👉အဆိုပြုလွှာလျှောက်ထားရန်အတွက် လမ်းညွှန်ချက်👈

✅ ဖော်ပြပါလျှောက်လွှာform အား Download ပြုလုပ်ပြီး Form မှာ ပါဝင်သော မေးခွန်းများကို ဖြည့်ပေးရပါမည်။

✅အချက်အလက်ဖြည့်စွက်ပြီးသော လျှောက်လွှာများကို [email protected] သို့ ရုံးချိန်အတွင်း လျှောက်ထားရမည် ဖြစ်သည်။

✅လျှောက်လွှာ တင်သွင်းပြီးပါက သင်၏လျှောက်လွှာကို မိတ်ဆွေစစ် မှလက်ခံရရှိကြောင်း အတည်ပြုသည့် အီးမေး(လ်)ကို (၂၄)နာရီအတွင်း ပြန်လည်ပေးပို့လာမည် ဖြစ်သည်။

✅လျှောက်လွှာနှင့်ပတ်သက်၍ ထပ်မံ မေးမြန်းလိုပါက 📞09 943 437 000 သို့ ရုံးချိန်အတွင်း တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

👉နောက်ဆုံးလျှောက်လွှာတင်ရမည့် နေ့ရက်နှင့် အချိန်👈
📅 နေ့ရက်: ဇူလိုင် ၁၅ ရက်၊ ၂၀၂၆။
🕠 အချိန်: မြန်မာစံတော်ချိန် ညနေ (၅း၀၀) နာရီအထိ။

🌟 𝐒𝐨𝐜𝐢𝐚𝐥 𝐈𝐦𝐩𝐚𝐜𝐭 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐟𝐨𝐫 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭🌟

𝐌𝐚𝐭𝐞 𝐒𝐰𝐞 𝐒𝐢𝐭𝐭, so called 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐈𝐧𝐢𝐭𝐢𝐚𝐭𝐢𝐯𝐞𝐬 (𝐂𝐀𝐈) in Myanmar is proud to play a pivotal role in nurturing the growth of social enterprises within our local communities. As part of our ongoing mission, we are pleased to offer a comprehensive support package specifically designed for Micro, Small, and Medium-sized entrepreneurs. This initiative provides both the technical expertise and financial support needed to help entrepreneurs confidently launch new ventures or expand current business operations.

Since 2019, Community Alliance Initiatives - CAI has been continuously supporting micro, small and medium entrepreneurs with the aim of promoting the growth of social enterprise. In 2025, we successfully supported 9 social enterprises to scale up their business activities, creating a tangible and positive impact on the local entrepreneurial landscape. For this year, selected micro, small and medium entrepreneurs will be eligible to receive financial assistance of up to 120 Lakhs MMK. Beyond funding, we are equally dedicated to offering strategic guidance on operational management, market expansion, and financial system to ensure long-term operation success.

We warmly invite passionate social entrepreneurs to take advantage of this incredible opportunity. To find all the details on eligibility, required documents, and how to apply, please visit the official link below. We can’t wait to partner with you and support your journey toward meaningful, lasting growth!

https://docs.google.com/document/d/1InlycdMdzYL04VBeY2zBAVBSQ-8i1XnE/edit?usp=drive_link&ouid=114420768099198301627&rtpof=true&sd=true

👉𝐒𝐮𝐛𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧𝐬👈

✅Please kindly submit your completed application form to the [email protected]

✅Please be noted that CAI receiving confirmation email will be sent back within 24 hours.

✅Any detailed information, contact 📞09 943 437 000 during office hours.

👉Application Deadline:👈
📅 Date: July 15, 2026
🕠 Time: 5:00 PM Myanmar Time

‼️𝐔𝐧𝐥𝐨𝐜𝐤 𝐧𝐞𝐰 𝐨𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 𝐟𝐨𝐫 𝐠𝐫𝐨𝐰𝐭𝐡 𝐚𝐧𝐝 𝐜𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐢𝐦𝐩𝐚𝐜𝐭!‼️

𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐚𝐧𝐝 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬
Impact Hub Yangon
SME Hub Asia - Myanmar
The Lab
SheCreates သူမလက်ရာ
Impact Across Border






Address

Yangon

Website

Alerts

Be the first to know and let us send you an email when Impact Across Border posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Impact Across Border:

Shortcuts

Share