Thant Myanmar

Thant Myanmar Thant Myanmar is a grassroots movement fighting plastic pollution in Myanmar.

"ဆေးကူမှ အသီးသီးတဲ့ အပင်မျိုး... ကျွန်ုပ်တို့ မလိုချင်ပါ" 🚫🧪အပင်စိုက်ပျိုးသူတိုင်း အပင်ကိုချည်းပဲ မြေဩဇာကျွေးတာမျိုးမလုပ...
07/08/2026

"ဆေးကူမှ အသီးသီးတဲ့ အပင်မျိုး... ကျွန်ုပ်တို့ မလိုချင်ပါ" 🚫🧪

အပင်စိုက်ပျိုးသူတိုင်း အပင်ကိုချည်းပဲ မြေဩဇာကျွေးတာမျိုးမလုပ်ဘဲနဲ့ မြေကြီးကိုပဲ အာဟာရ ပြည့်ဝအောင် ပြုစုကျွေးမွေးပါတယ်။ မြေဆီလွှာ ကျန်းမာနေမှ အမြစ်တွေသန်မာပြီး အသီးအပွင့်တွေ သဘာဝအတိုင်း ဝေဆာလှပလာမှာပါ။

"Black Gold" (အနက်ရောင်ရွှေ) လို့ ခေါ်တဲ့ သန့်မြန်မာရဲ့ သဘာဝမြေဩဇာကတော့ သဘာဝနည်းလမ်းအတိုင်း အပင်တွေကို ကျန်းမာစွာ ကြီးထွားအောင် ကူညီပေးပါတယ်။

ဒီသဘာဝမြေဩဇာကို ဆွေးမြေ့နိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်လုပ်ထားတာဖြစ်ပြီး နေအိမ်၊ ဈေးနဲ့ ဆိုင်တွေက ထွက်ရှိတဲ့ သဘာဝအော်ဂဲနစ်ပစ္စည်းမျိုးစုံ ပါဝင်တာကြောင့် အပင်လိုအပ်တဲ့ အာဟာရဓာတ်တွေကို သဘာဝကျကျ ဖြည့်ဆည်းပေးနိုင်ပါတယ်။

ဒါကြောင့် သင့်စိုက်ခင်းနဲ့ အိမ်စိုက်အပင်လေးတွေ ရေရှည် ကျန်းမာသန်စွမ်းစေဖို့ ၁၀၀% ဓာတုကင်းလွတ် သဘာဝစစ်စစ် ထုတ်ကုန် (၂) မျိုး နဲ့ မိတ်ဆက်ပေးပါရစေ။

🌱 သဘာဝမြေဆွေး (Compost) မြေဆီလွှာ အစိုဓာတ်ကို ကြာရှည် ထိန်းပေးပြီး အမြစ်စနစ်ကို ခိုင်မာစေကာ အပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို လွယ်ကူစွာ စုပ်ယူနိုင်စေပါတယ်။
💰 (6 kg - ၆,၀၀၀ ကျပ် / 12 kg - ၁၂,၀၀၀ ကျပ်)

🌾 ဘိုကာရှီ (Bokashi Organic Fertilizer) အကျိုးပြု အဏုဇီဝဓာတ်များ ပါဝင်တာကြောင့် အသီးအပွင့် ဝေဆာစေပြီး ပိုးမွှားနဲ့ သီးနှံရောဂါဒဏ်ခံနိုင်ရည်ကို သိသိသာသာ မြှင့်တင်ပေးပါတယ်။
💰 (6 kg - ၁၅,၀၀၀ ကျပ် / 12 kg - ၃၀,၀၀၀ ကျပ်)

"သဘာဝကနေ… သဘာဝဆီသို့ ပြန်လည်မျှဝေကြမယ်" 🍃✨
၁၀၀% ဓာတုကင်းလွတ်ပြီး ရောဂါဒဏ်ခံနိုင်တဲ့ အပင်တွေ ပိုင်ဆိုင်ဖို့ အခုပဲ စတင်လိုက်ပါ။
📦 ဆက်သွယ်မှာယူရန်
• Page Messenger မှတစ်ဆင့် စာပို့၍ဖြစ်စေ၊
• 📞 ဖုန်းနံပါတ် - 09-447541805 သို့ တိုက်ရိုက် ဆက်သွယ်၍ဖြစ်စေ အလွယ်တကူမှာယူရရှိနိုင်ပါပြီ။
#သန့်မြန်မာ #သဘာဝမြေဩဇာ #အော်ဂဲနစ်မြေဩဇာ #အိမ်စိုက်အပင်များ #စိုက်ပျိုးရေး #သဘာဝပတ်ဝန်းကျင်

သန့်မြန်မာရဲ့ သဘာဝမြေဩဇာအကြောင်း အသေးစိတ်ကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
သဘာဝမြေဆွေး 🔗 https://www.facebook.com/share/p/19XjiEVECv/
ဘိုကာရှီ 🔗 https://www.facebook.com/share/p/185HpbzpgX/

Thant Myanmar နဲ့ LP4Y Myanmar တို့ရဲ့ partnership အစီအစဉ်အနေနဲ့ LP4Y က လူငယ်တွေအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ awareness t...
01/08/2026

Thant Myanmar နဲ့ LP4Y Myanmar တို့ရဲ့ partnership အစီအစဉ်အနေနဲ့ LP4Y က လူငယ်တွေအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ awareness training တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ 💚

သင်တန်းမှာတော့ ရာသီဥတုပြောင်းလဲမှု၊ အမှိုက်လျှော့ချရေးနဲ့ စနစ်တကျစီမံခန့်ခွဲရေး၊ နေ့စဉ်ဘဝမှာ လက်တွေ့လုပ်ဆောင်နိုင်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေ့အထတွေအကြောင်းကို အတူတူ သင်ယူဆွေးနွေးခဲ့ကြပါတယ်။

LP4Y Myanmar လူငယ်တွေက ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေကို စိတ်ဝင်စားစွာ ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချနိုင်မယ့် အတွေးအမြင်တွေကိုလည်း မျှဝေခဲ့ကြပါတယ်။ 🌱♻️

👗 အမရပူရမြို့နယ်၊ သပိတ်တန်းကျေးရွာမှ ဘေထုတ်ဖက်ရှင်ပြိုင်ပွဲ ♻️✨သန့်မြန်မာရဲ့ “ဘေထုတ်ဖက်ရှင်ပြိုင်ပွဲ" ကို မန္တလေးတိုင်းဒ...
16/07/2026

👗 အမရပူရမြို့နယ်၊ သပိတ်တန်းကျေးရွာမှ ဘေထုတ်ဖက်ရှင်ပြိုင်ပွဲ ♻️✨

သန့်မြန်မာရဲ့ “ဘေထုတ်ဖက်ရှင်ပြိုင်ပွဲ" ကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှာရှိတဲ့ သပိတ်တန်းကျေးရွာမှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဝတ်အစားတစ်ထည်ရဲ့ တန်ဖိုးဟာ အသစ်ဖြစ်ခြင်းနဲ့ပဲ ဆုံးဖြတ်တာမဟုတ်ပါဘူး။ စိတ်ကူးဖန်တီးမှု၊ ပြန်လည်အသုံးချမှုနဲ့ ပိုင်ရှင်အသစ်တစ်ယောက်ရဲ့ အတွေးအမြင်တွေကလည်း အဝတ်အစားတစ်ထည် ရဲ့ တန်ဖိုးအသစ်တစ်ခုကို ပေးနိုင်ပါတယ်။ 💚

သပိတ်တန်းကျေးရွာမှ ပြိုင်ပွဲဝင်များက ဘေထုတ်အဝတ်အစားများကို ကိုယ်ပိုင်စိတ်ကူး၊ ဖန်တီးမှုများနဲ့ ပေါင်းစပ်ပြီး အသုံးပြုပြီးသား အဝတ်အစားတွေကို စွန့်ပစ်ပစ္စည်းအဖြစ် မမြင်ဘဲ ပြန်လည်အသုံးချလို့ရပြီး တန်ဖိုးရှိတဲ့ ဖက်ရှင်အသစ်များအဖြစ် ဖန်တီးနိုင်တာကို လက်တွေ့ပြသခဲ့ကြပါတယ်။ 👏🌟

ဒီ Community Thrift Fashion ပြိုင်ပွဲကို EU SWITCH-Asia Program မှ Prevent Plastics+ ပရောဂျက်ကို သန့်မြန်မာမှ အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

သဘာဝကနေ သဘာဝထဲကို ပြန်ပို့ကြမယ် 🌿နေ့စဉ် လေထုညစ်ညမ်းမှု ပိုမိုများပြားလာတဲ့ ဒီနေ့ခေတ်မှာ ကိုယ့်အိမ်စိုက် အလှပင်၊ သီးပင်စာ...
06/07/2026

သဘာဝကနေ သဘာဝထဲကို ပြန်ပို့ကြမယ် 🌿

နေ့စဉ် လေထုညစ်ညမ်းမှု ပိုမိုများပြားလာတဲ့ ဒီနေ့ခေတ်မှာ ကိုယ့်အိမ်စိုက် အလှပင်၊ သီးပင်စားပင်နဲ့ အရိပ်ရအပင်တွေကို ဓာတုမြေဩဇာတွေနဲ့ပဲ ဆက်သုံးပြီး ကိုယ့်အပင်လေးတွေကို ဆက်အပင်ပန်းခံဦးမလို့လား။

ဓာတုမြေဩဇာတွေဟာ အာဟာရဓာတ် များပြားပေမယ့် ဆားဓာတ်မြင့်မားတာကြောင့် အသုံးများလွန်းရင် အပင်ရဲ့ အရွက်နဲ့ အမြစ်တွေကို ထိခိုက်လာနိုင်ပါတယ်။ အရွက်ထိပ်တွေ ဝါလာတာ၊ အရွက်ကြွေတာ၊ အမြစ်ပျက်စီးတာတွေ ဖြစ်ပေါ်စေနိုင်ပြီး ရေရှည်မှာတော့ အပင်သေဆုံးတဲ့အထိပါ ဖြစ်စေပါတယ်။

ဒါ့အပြင် အာဟာရဓာတ်တစ်မျိုး လွန်ကဲသွားရင် အခြားလိုအပ်တဲ့ အာဟာရဓာတ်တွေကို အပင်က စုပ်ယူနိုင်စွမ်း လျော့နည်းစေပြီး ပိုးမွှားနဲ့ အပင်ရောဂါတွေ ဝင်ရောက်လွယ်စေပါတယ်။

"Black Gold" (အနက်ရောင်ရွှေ) လို့ ခေါ်တဲ့ သန့်မြန်မာရဲ့ သဘာဝမြေဩဇာကတော့ သဘာဝနည်းလမ်းအတိုင်း အပင်တွေကို ကျန်းမာစွာ ကြီးထွားအောင် ကူညီပေးပါတယ်။

ဒီသဘာဝမြေဩဇာကို ဆွေးမြေ့နိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်လုပ်ထားတာဖြစ်ပြီး နေအိမ်၊ ဈေးနဲ့ ဆိုင်တွေက ထွက်ရှိတဲ့ သဘာဝအော်ဂဲနစ်ပစ္စည်းမျိုးစုံ ပါဝင်တာကြောင့် အပင်လိုအပ်တဲ့ အာဟာရဓာတ်တွေကို သဘာဝကျကျ ဖြည့်ဆည်းပေးနိုင်ပါတယ်။

အထူးသဖြင့် Humus Matter (မြေဆွေးဓာတ်) မြင့်မားစွာ ပါဝင်တာကြောင့် -
🌍 မြေဆီလွှာကို ပိုမိုကျန်းမာစေတယ်။
💧 မြေဆီလွှာရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတယ်။
💨 ရေနဲ့ လေဝင်လေထွက် ကောင်းမွန်စေတယ်။
🌱 အမြစ်ကြီးထွားမှုကို အားပေးတယ်။
🌿 နိုင်ထရိုဂျင်၊ ဖော့စဖရပ် စတဲ့ အာဟာရဓာတ်တွေကို မြေထဲမှာ ထိန်းသိမ်းပေးပြီး အပင်က လိုအပ်တဲ့အချိန်မှာ တဖြည်းဖြည်း စုပ်ယူနိုင်အောင် ကူညီပေးတယ်။

သဘာဝမြေဩဇာဖြစ်တဲ့အတွက် "ဟပ်ချလောင်း" ဆိုပြီး ချက်ချင်း သိသာတဲ့ရလဒ်ကိုတော့ မပေးနိုင်ပါဘူး။ ဒါပေမယ့် ပုံမှန်အသုံးပြုပေးရင် အပင်တွေကို ရေရှည်ကျန်းမာသန်စွမ်းစေပြီး မြေဆီလွှာကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။

အထူးသဖြင့် အပင်အသစ်စိုက်ပျိုးချိန်၊ မြေပြင်ချိန်နဲ့ အပင်ကြီးထွားမှု နှေးကွေးနေတဲ့အချိန်တွေမှာ အသုံးပြုဖို့ အထူးသင့်တော်ပါတယ်။

သဘာဝကိုချစ်တဲ့ အပင်ချစ်သူတွေအနေနဲ့ သန့်မြန်မာရဲ့ သဘာဝမြေဩဇာကိုပဲ ရွေးချယ်လိုက်တော့နော် 💚
သန့်မြန်မာ သဘာဝမြေဩဇာ ဈေးနှုန်းများ
📦 6kg တစ်အိတ် – 6,000 ကျပ်
📦 12kg တစ်အိတ် - 12,000 ကျပ်

🛒 ဝယ်ယူလိုပါက - သန့်မြန်မာရဲ့ page Messenger မှတစ်ဆင့် မှာယူနိုင်သလို၊ သန့်မြန်မာရုံးတွင်လည်း ကိုယ်တိုင်လာရောက် ဝယ်ယူနိုင်ပါတယ်။ 💚

#သန့်မြန်မာ #သဘာဝမြေဩဇာ #အော်ဂဲနစ်မြေဩဇာ #အိမ်စိုက်အပင်များ #စိုက်ပျိုးရေး #သဘာဝပတ်ဝန်းကျင်

ဘိုကာရှီမြေသြဇာဆိုတာ ဘာလဲ? 🤔ဘိုကာရှီမြေသြဇာ ဆိုတာ ဖွဲနု၊ အရိုးမှုန့်၊ သဘာဝမြေဆွေး၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း စတဲ့ သဘာဝကုန...
03/07/2026

ဘိုကာရှီမြေသြဇာဆိုတာ ဘာလဲ? 🤔

ဘိုကာရှီမြေသြဇာ ဆိုတာ ဖွဲနု၊ အရိုးမှုန့်၊ သဘာဝမြေဆွေး၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း စတဲ့ သဘာဝကုန်ကြမ်းတွေကို မြေဆီလွှာထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးမွှားတွေနဲ့ အောက်ဆီဂျင်မဲ့ အချဉ်ဖောက်နည်း (Anaerobic Fermentation) ကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ အော်ဂဲနစ်မြေသြဇာတစ်မျိုး ဖြစ်ပါတယ်။ 🌱

သဘာဝစွန့်ပစ်ပစ္စည်းတွေကို ပုပ်သိုးစေမယ့်အစား အကျိုးပြုအဏုဇီဝပိုးမွှားတွေနဲ့ အချဉ်ဖောက်ထားတာကြောင့် အာဟာရဓာတ်တွေကို အပင်က ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်ပြီး မြေဆီလွှာရဲ့ အရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

ဘိုကာရှီမြေသြဇာကို ဘာကြောင့် အသုံးပြုသင့်လဲ? 💡

၁။ မြေဆီလွှာကျန်းမာရေးနဲ့ အထွက်နှုန်း တိုးစေခြင်း 🌾
ဘိုကာရှီမြေသြဇာဟာ EM လို့ခေါ်တဲ့ အကျိုးပြုအဏုဇီဝပိုးမွှားတွေကို တိုးပွားစေပြီး သီးနှံထွက်နှုန်းကို သိသိသာသာ တိုးတက်စေပါတယ်။ ဒါ့အပြင် ရေရှည်အတွက်ပါ မြေဆီလွှာကို အာဟာရပြည့်ဝစေပါတယ်။

၂။ အာဟာရဓာတ်များကို ထိရောက်စွာ ထိန်းညှိပေးခြင်း 🧪
အကျိုးပြုအဏုဇီဝပိုးမွှားတွေက ၎င်းတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထိန်းသိမ်းထားနိုင်တာကြောင့် အာဟာရတွေကို ရေရှည်နဲ့ စွမ်းဆောင်ရည်မြင့်မားစွာ ထောက်ပံ့ပေးပါတယ်။

၃။ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုခြင်း 🌍
တိုးပွားလာတဲ့ အကျိုးပြုအဏုဇီဝပိုးမွှားတွေက ကော်လိုစေးကပ်တဲ့ သဘာဝပစ္စည်းတွေကို ထုတ်ပေးပြီး မြေမှုန်တွေကို စုစည်းပေးပါတယ်။ မြေဆီလွှာကို အလွှာတစ်ခုအနေနဲ့ ကာကွယ်ပေးတာကြောင့် မြေဆီလွှာတိုက်စားခြင်းနဲ့ ပျက်စီးခြင်းတို့ကို လျော့နည်းစေတဲ့အပြင် အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးလို့ မြေခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။

၄။ ပိုးမွှားနဲ့ ရောဂါတွေကို ကာကွယ်ပေးခြင်း 🐛
ဘိုကာရှီထဲက အကျိုးပြုအဏုဇီဝပိုးမွှားတွေက အချဉ်ဖောက်နေစဉ်အတောအတွင်း အပင်ရဲ့ အမြစ်နဲ့ အရွက်တွေကို ကာကွယ်ပေးတဲ့ သဘာဝပစ္စည်းတွေကို ထုတ်လွှတ်ပေးပါတယ်။ အဲ့ဒါကြောင့် အမြစ်နဲ့ အရွက်တွေမှာ ကျရောက်တတ်တဲ့ ပိုးမွှားတွေကိုလည်း ကာကွယ်ပေးပါတယ်။

၅။ ကုန်ကျစရိတ်ကို လျှော့ချပေးခြင်း 💰
အလတ်စားနဲ့ အကြီးစား စိုက်ပျိုးရေးသမားတွေအတွက် ဘိုကာရှီမြေသြဇာကို သုံးခြင်းအားဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုကို ၅၀ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်တာကြောင့် ကုန်ကျစရိတ်သက်သာစေပြီး အသားတင်အမြတ်ကို ၂ ဆအထိ တိုးတက်စေနိုင်ပါတယ်။

အနှစ်ချုပ် 📝
ဘိုကာရှီမြေသြဇာဟာ မြေဆီလွှာကျန်းမာရေးကို မြှင့်တင်ပေးပြီး အပင်ကြီးထွားဖွံ့ဖြိုးမှုကို များစွာအထောက်အကူပြုတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း အကျိုးပြုတဲ့ အော်ဂဲနစ်မြေသြဇာတစ်မျိုး ဖြစ်ပါတယ်။ သဘာဝနည်းနဲ့ လိုက်ရောညီထွေတဲ့ စိုက်ပျိုးရေးစနစ်ကို ဖော်ဆောင်လိုသူတွေအတွက် ရွေးချယ်သင့်တဲ့ မြေသြဇာတစ်မျိုးပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပိတ်ရက်က ပြုလုပ်ခဲ့တဲ့ သန့်မြန်မာရဲ့ “Youth Climate Project Debate” ပွဲလေးကတော့ တက်ကြွတဲ့ လူငယ်တွေရဲ့ အားမာန်...
30/06/2026

ပြီးခဲ့တဲ့ ပိတ်ရက်က ပြုလုပ်ခဲ့တဲ့ သန့်မြန်မာရဲ့ “Youth Climate Project Debate” ပွဲလေးကတော့ တက်ကြွတဲ့ လူငယ်တွေရဲ့ အားမာန်တွေနဲ့အတူ အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါပြီ။ 🎉

"What is the best climate change solution for Myanmar?" ဆိုတဲ့ မေးခွန်းကြီးအောက်မှာ လူငယ်တွေက မိမိတို့ စိတ်ပါဝင်စားရာ အောက်ပါကဏ္ဍ (၈) ခုနဲ့ ပတ်သက်ပြီး အချက်အလက်အပြည့်၊ အားကြိုးမာန်တက် ယှဉ်ပြိုင်ဆွေးနွေးခဲ့ကြပါတယ်။

🔧 လျှပ်စစ်ပစ္စည်းပြုပြင်ရောင်းဝယ်ရေးလုပ်ငန်း
👕 ဘေထုတ်အထည်ရောင်းဝယ်ရေးလုပ်ငန်း
📱 Second-hand Mobile Phone ရောင်းဝယ်ပြုပြင်ရေးလုပ်ငန်း
🧴 ဘက်စုံသုံးဆပ်ပြာဆီလုပ်ငန်း (Refill System)
🚲 စက်ဘီးပြုပြင်ရောင်းဝယ်ရေးလုပ်ငန်း
🗑️ စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေးလုပ်ငန်း
🌱 သစ်ပင်စိုက်ပျိုးရေးလုပ်ငန်း
💧 ရေအရင်းအမြစ် ထိန်းသိမ်းရေးလုပ်ငန်း

Climate Change အတွက် လုပ်ဆောင်တဲ့ ဘယ်လို Small Action မျိုးမဆို အရေးကြီးတာ အမှန်ပဲဖြစ်ပေမဲ့၊ ဒီ Debate ပွဲလေးမှာတော့ ခိုင်မာတဲ့အချက်အလက်တွေ၊ ပြောင်မြောက်တဲ့ တင်ဆက်မှုတွေနဲ့အတူ ဒိုင်လူကြီးတွေကို အကြိတ်အနယ် ဆွဲဆောင်နိုင်ခဲ့တဲ့ "Tree Planting (သစ်ပင်စိုက်ပျိုးရေး)" အဖွဲ့က Winner ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ 🏆✨

ဒီပွဲလေးဖြစ်မြောက်အောင် အဘက်ဘက်က ကူညီပေးခဲ့ကြတဲ့ Myanmar Ocean Project မှ မသန္တာကိုကြီး၊ UNDP မှ မလတ်လတ်အေး နဲ့ သန့်မြန်မာမှ မနွယ်နီဝင်း တို့ကို ဒိုင်လူကြီးများအဖြစ် ဂုဏ်ပြုပါဝင်ပေးခဲ့ကြတဲ့အတွက် သန့်မြန်မာအဖွဲ့သားများမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။

စိတ်ပါဝင်စားစွာနဲ့ ပါဝင်ယှဉ်ပြိုင်ပေးခဲ့ကြတဲ့ လူငယ်တစ်ဦးချင်းစီနဲ့ လာရောက်အားပေးခဲ့ကြတဲ့ ပရိတ်သတ်အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပြီး... သန့်မြန်မာရဲ့ ရှေ့ဆက်မယ့် လှုပ်ရှားမှုတွေမှာလည်း ဆက်လက်ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ 💚

28/06/2026

Youth Climate Project Debate

သန့်မြန်မာ Debate ပွဲလေးကတော့ တဖြည်းဖြည်းနဲ့ နီးကပ်လာပါပြီးနော်… 🌿 ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ စကားရည်လုပွဲကို စိတ်...
22/06/2026

သန့်မြန်မာ Debate ပွဲလေးကတော့ တဖြည်းဖြည်းနဲ့ နီးကပ်လာပါပြီးနော်…

🌿 ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ စကားရည်လုပွဲကို စိတ်ဝင်စားသူ မည်သူမဆို လာရောက်နားထောင်၊ လေ့လာပြီး လူငယ်တွေရဲ့အမြင်နဲ့ အကြံဉာဏ်တွေကို အတူမျှဝေနိုင်ဖို့အတွက်အားလုံးကို ဖိတ်ခေါ်လိုက်ပါ တယ်။

စိတ်ဝင်စားလို့ ဝင်ရောက်ယှဉ်ပြိုင်ချင်တဲ့သူတွေကလည်း အောက်ကလင့်ကနေတစ်ဆင့် ပြိုင်ပွဲဝင်အဖြစ် စာရင်း ပေးသွင်းနိုင်ပါတယ်။
👇
https://docs.google.com/forms/d/e/1FAIpQLSfX9hUflPpwU9ZGi9tPfaWkZ83wjrDyJfsJjh9m0yDSzZfbng/viewform?usp=header



အသေးစိတ်ကို မူရင်းပိုစ့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်
https://www.facebook.com/share/p/1EEnfwgajN/

Debate ဝါသနာရှင်များ အတွက် Super Weekendsခေတ်လူငယ်များ Debate ကို စိတ်၀င်စားလာကြတာဟာ ကောင်းမွန်တဲ့အပြုအမူဖြစ်ပါတယ်ဒီလို ...
20/06/2026

Debate ဝါသနာရှင်များ အတွက် Super Weekends

ခေတ်လူငယ်များ Debate ကို စိတ်၀င်စားလာကြတာဟာ ကောင်းမွန်တဲ့အပြုအမူဖြစ်ပါတယ်

ဒီလို ဝါသနာရှင်လူငယ်များအတွက် လာမယ့်အပတ်မှာ ကျင်းပသွားမယ့် Debate ပွဲ နှစ်ပွဲလေးနှင့် မိတ်ဆက်ပေးပါ‌ရစေ

လာမယ့် စနေနေ့ 27 ရက်နေ့ တွင် Prevent Plastics+ မှ ပူးပေါင်းပါ၀င်ထားသည့် Youth Nexus 2026 Debate ပွဲကြီးမှာတော့ Topic များအစုံအလင်နဲ့ အဖွဲ့၀င်များနှင့်အတူတကွပါ၀င် ယှဉ်ပြိုင်ရမှာဘဲဖြစ်ပါတယ်
Registration Form: https://forms.gle/Bttam6sLBMXritYt8

28 ရက်နေ့ တနင်္ဂနွေနေ့ မှာကတော့ Thant Myanmar မှကျင်းပသွားမည့် "What is the best climate change solution for Myanmar?" ဆိုသည့် ခေါင်းစဉ်ဖြင့် သန့်မြန်မာမှ လူငယ်များ၏ ရန်ကုန် နှင့် မကွေးတိုင်းဒေသကြီးတို့မှာ ပြုလုပ်နေသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံကိန်းများ အနက် ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ကို ရွေးယှဉ်ပြီး ၀င်ရောက်ယှဉ်ပြိုင်လို့ရမှာဘဲဖြစ်ပါတယ်
အသေးစိတ်ကို‌‌ေတာ့ အောက်ပါလင့်ခ်ရှိ Post တွင်၀င်ရောက်လေ့လာလို့ရပါတယ်
https://www.facebook.com/share/p/1LkjPLWSgy/

အစီအစဉ် နှစ်ခုလုံးကိုတော့ Turquoise Mountain Myanmar မှာ ကျင်းပသွားမှာပါ

🌍 ဘယ်စီမံကိန်းက မြန်မာနိုင်ငံအတွက် အကောင်းဆုံး Climate Solution ဖြစ်မလဲ?မြန်မာနိုင်ငံအတွက် အကောင်းဆုံး Climate Solution ...
16/06/2026

🌍 ဘယ်စီမံကိန်းက မြန်မာနိုင်ငံအတွက် အကောင်းဆုံး Climate Solution ဖြစ်မလဲ?
မြန်မာနိုင်ငံအတွက် အကောင်းဆုံး Climate Solution ကို သင်ကိုယ်တိုင် ပါဝင်အဖြေရှာချင်ပါသလား?🤔

ဒီအစီအစဉ်က Debate ကျွမ်းကျင်သူတွေအတွက်ပဲ မဟုတ်ပါဘူး။ မိမိရဲ့ အတွေးအမြင်၊ အကြံဉာဏ်နဲ့ သက်သေအထောက်အထားတွေကို ယုံကြည်ချက်ရှိရှိ တင်ပြချင်တဲ့လူငယ်တိုင်း ပါဝင်နိုင်ပါတယ်။ အကောင်းဆုံးစီမံကိန်းကို ရွေးချယ်ပြီး အကြောင်းပြချက်ခိုင်မာစွာနဲ့ Debate ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် Debate မှာ မယှဉ်ပြိုင်ဖြစ်ရင်တောင် စိတ်မပူပါနဲ့!
🌿 ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားသူ မည်သူမဆို လာရောက်နားထောင်၊ လေ့လာပြီး လူငယ်တွေရဲ့ အမြင်နဲ့ အကြံဉာဏ်တွေကို အတူမျှဝေနိုင်ပါတယ်။💚

🎉 Debate ပြိုင်ပွဲဝင်သူဖြစ်စေ၊ ပရိသတ်အနေနဲ့ဖြစ်စေ သင့်ကိုကြိုဆိုနေပါတယ်။
(👇 အသေးစိတ်အချက်အလက်များနှင့် လျှောက်လွှာ Link ကို အောက်ပါ မူရင်း Post တွင် ကြည့်ရှုနိုင်ပါတယ်)

မြန်မာနိုင်ငံမှာ အကောင်းဆုံး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံကိန်းက ဘာဖြစ်မလဲ?

ဒါနဲ့ပတ်သက်ပြီး သင်ကိုယ်တိုင်ပါဝင်ဆွေးနွေးလိုပါက သန့်မြန်မာရဲ့ debate အစီအစဉ်လေးမှာပါဝင်လိုက်ပါ..

လက်ရှိမှာ သန့်မြန်မာရဲ့ လူငယ်များက ရန်ကုန်နဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံကိန်းတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ စီမံကိန်းတွေကတော့ -

🛠️ လျှပ်စစ်ပစ္စည်း ပြုပြင်ရောင်းဝယ်ရေးလုပ်ငန်း
👕 ဘေထုတ်အထည် ရောင်းဝယ်ရေးလုပ်ငန်း
📱 Second-hand Mobile Phone ရောင်းဝယ်ပြုပြင်ရေးလုပ်ငန်း
🧴 ဘက်စုံသုံးဆပ်ပြာဆီလုပ်ငန်း (ပြန်လည်ဖြည့်တင်းသည့်စနစ် - Refill System)
🚲 စက်ဘီးပြုပြင်ရောင်းဝယ်ရေးလုပ်ငန်း
🗑️ စွန့်ပစ်အမှိုက် စီမံခန့်ခွဲရေး
🌱 သစ်ပင်စိုက်ပျိုးရေး
💧 ရေထိန်းသိမ်းရေး စတာတွေဖြစ်ပါတယ်။

🔥 Debate ဝင်ရောက်ယှဉ်ပြိုင်လိုသူ လူငယ်များအနေဖြင့် အထက်ပါစီမံကိန်းများထဲမှ မိမိကြိုက်နှစ်သက်ရာ အကြောင်းအရာခေါင်းစဉ်ကို ရွေးချယ်ယှဉ်ပြိုင်ပြီး ဆုကြေးငွေများ ရယူနိုင်မှာဖြစ်ပါတယ်။

🥇 ပထမဆု - ၇ သိန်းကျပ် 🥈 ဒုတိယဆု - ၃ သိန်းကျပ်
🔗 ယှဉ်ပြိုင်လိုသည့် စီမံကိန်းခေါင်းစဉ်ကို အောက်ပါ Link တွင် ဝင်ရောက်ရွေးချယ်နိုင်ပါသည် 👉 https://docs.google.com/forms/d/e/1FAIpQLSfX9hUflPpwU9ZGi9tPfaWkZ83wjrDyJfsJjh9m0yDSzZfbng/viewform?usp=header

📌 အစီအစဉ်အသေးစိတ် (Event Info)
📅 နေ့ရက် - ၂၈.၆.၂၀၂၆ (တနင်္ဂနွေနေ့)
📍 နေရာ - Turquoise Mountain Myanmar, 47B Pho Sein Street, Tarmwe Township, Yangon
⏰ အချိန် - 9:00 AM – 5:00 PM
👥 ပါဝင်နိုင်သည့်သူများ - သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို စိတ်ဝင်စားသည့် လူငယ်မည်သူမဆို

Address

No. 33 A, Mahar Social Street, Hleden, Kamaryut Township
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959967711540

Alerts

Be the first to know and let us send you an email when Thant Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Thant Myanmar:

Shortcuts

Share