13/08/2026
ပြီးခဲ့တဲ့ ဇွန်လတုန်းက Thant Myanmar ရဲ့ EEST ( Environmental Education School Team)အဖွဲ့ဟာ Myanmar Council of Churches (MCC) ရဲ့ "Building an Inclusive World" အစီအစဉ်အောက်မှာ လူငယ်တွေအတွက် အထူးပတ်ဝန်းကျင်ထိန်းသိမ်းရေး အထူးသင်တန်းလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဒီတစ်ခေါက်မှာတော့ စာတွေ့တွေချည်းပဲ သင်နေတဲ့ ပုံစံခွက်ထဲကနေ ခွဲထွက်ပြီး "ကစားရင်းသင်ယူ၊ လက်တွေ့လုပ်ဆောင်ရင်း သိမြင်ခြင်း" (Learning through play) ဆိုတဲ့ နည်းလမ်းကို အဓိကထားပြီး သင်တန်းလေးကို လှုပ်ရှားခဲ့ကြပါတယ်…
Educational Games တွေ၊ အဖွဲ့လိုက် စိန်ခေါ်မှုဂိမ်းတွေကို သင်ခန်းစာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ သင်တန်းတစ်ခုလုံး လူငယ်တွေ အိပ်ငိုက်သွားခြင်းမျိုးမရှိဘဲ အလွန်တက်ကြွစွာ ပါဝင်ခဲ့ကြတာကို တွေ့မြင်ရတာက အင်မတန် အားရှိစရာေကာင်းလှပါတယ်
ဒီသင်တန်းမှာ ကလေးတွေ ဘာတွေ လေ့လာခွင့်ရခဲ့လဲဆိုရင် -
🌿 ဂေဟစနစ်ရဲ့ ချိတ်ဆက်မှု (Ecosystems) - သဘာဝပတ်ဝန်းကျင်က အရာရာတိုင်းဟာ ဘာကြောင့် အရေးကြီးပြီး တစ်ခုနဲ့တစ်ခု ဘယ်လို ချိတ်ဆက်နေသလဲဆိုတာကို ကိုယ်တိုင် စူးစမ်းတွေ့ရှိသွားကြတယ်။
🌏 ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) - သဘာဝပတ်ဝန်းကျင် မပျက်စီးဘဲ ဘယ်လို ဟန်ချက်ညီညီ ဖွံ့ဖြိုးအောင် လုပ်မလဲဆိုတဲ့ လက်တွေ့ကျ ဖြေရှင်းနည်း (Solutions) တွေကို စိတ်ပါဝင်စားစွာ အဖြေရှာ အကြံပြုလာကြတယ်။
🤝 Inclusivity နဲ့ အားလုံးပါဝင်ရေး - လူတိုင်း ပါဝင်ဆောင်ရွက်နိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အခန်းကဏ္ဍကို သဘောပေါက်လာကြတယ်။
💡 သဘောတရားအသိများ မိတ်ဆက်ခြင်း - အမှိုက်စီမံခန့်ခွဲခြင်း (Waste Management) ဆိုင်ရာ အခြေခံဗဟုသုတတွေအပြင် စက်ဝိုင်းပုံဆောင် စီးပွားရေးစနစ် (Circular Economy) သဘောတရားတွေကိုပါ မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။
လူငယ်တွေရဲ့ တက်ကြွစွာပါဝင်ပူးပေါင်းမှုတွေက တကယ်ကိုအားရှိစေပြီးတော့ အနာဂတ်ဟာသူတို့လက်ထဲ ပိုလှပါလာမယ်ဆိုတာ ယုံကြည်ရပါတယ်ရှင်…
အခုလိုမျိုး လူငယ်တွေအတွက် အခွင့်အရေးမျိုးဖန်တီးပေးတဲ့ MCC၊ တက်တက်ကြွကြွ ပါဝင်ပေးခဲ့ကြတဲ့ ဆရာ/မများ၊ စေတနာဝန်ထမ်းများနှင့် လူငယ်မောင်မယ်များ အားလုံးကို ကျေးဇူးအထူးတင်ရှိရပါတယ်ရှင်။ ❤️
EEST အနေနဲ့ နောက်ထပ်လည်း ဒီလို Game-based Learning နည်းလမ်းတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းတွေကို ဆက်လက် ပံ့ပိုးပေးသွားဦးမှာမို့ စောင့်မျှော်ပေးကြပါဦးနော် ✨
English Version
Last June, Thant Myanmar’s Environmental Education School Team (EEST) partnered with the Myanmar Council of Churches (MCC) under the "Building an Inclusive World" program to host an environmental workshop for youth! ✨
Stepping away from traditional lectures, we embraced "Learning through play" as our core approach for this session... 🎈
By combining educational games and team challenges with environmental lessons, the participants stayed completely energized and drowsiness-free throughout the entire workshop. Seeing their enthusiasm was truly inspiring! ⚡️
Here is what the youth explored and discovered:
🌿 Interconnected Ecosystems – Discovering firsthand how every element in nature is linked and why each plays a vital role.
🌏 Sustainable Development – Brainstorming real-world, sustainable solutions to balance community development with environmental protection.
🤝 Inclusivity – Exploring how everyone can participate in and contribute to a greener, more inclusive future.
💡 Foundational Concepts – Gaining essential knowledge on Waste Management alongside an introduction to the principles of the Circular Economy.
Their active participation gives us immense hope that the future is in good hands... 💚
A heartfelt thank you to MCC for creating this opportunity for the youth, as well as to all the teachers, volunteers, and energetic young participants who joined us! ❤️
EEST remains dedicated to providing interactive, game-based learning experiences for environmental education. Stay tuned for more! ✨
🌍 Together, we inspire young people to care for the environment and build a more sustainable future.