Institute of Public Health Studies - IPHS

Institute of Public Health Studies - IPHS Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Institute of Public Health Studies - IPHS, Community Service, Yangon.

နောက်ခံ သမိုင်းအကျဉ်း။

ပြည်သူ့ကျန်းမာရေး ပညာလေ့လာမှု အဖွဲ့ (Institute of Public Health Studies) သည် ပြည်သူ့ကျန်းမာရေး ပညာရပ် နယ်ပယ်တွင် ပါဝင် လုပ်ကိုင်နေသူများ၊ လေ့လာမှု ပြုနေသူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခုဖြစ်ပါသည်။ စတင်ဖွဲ့စည်းရန်အတွက် ၂၀၁၅ ခုနှစ်တွင် စီစဉ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီ လတွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးများ

၊ လုပ်ငန်းများ၊ မူဝါဒများ နှင့် စနစ်များ ပိုမိုခိုင်မာအားကောင်းလာစေရန် ရည်ရွယ်ပြီး ထို့အတွက် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးများ၊ လုပ်ငန်းများ၊ မူဝါဒများ နှင့် စနစ်များကို စနစ်တကျလေ့လာဝေဖန်သုံးသပ်ပြီး အခြေခံကျန်းမာရေး ၀န်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်မားရေးအတွက် ပံ့ပိုးကူညီသွားရန်အတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခုဖြစ်ပါသည်။

( Vision ) အနာဂါတ်မျှော်မှန်းချက် ။

မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးများ၊ လုပ်ငန်းများ၊ မူဝါဒများ နှင့် စနစ်များ ပိုမိုခိုင်မာအားကောင်းလာစေရန် ရည်ရွယ်ပါသည်။

Mission ( မစ်ရှင် )
မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးများ၊ လုပ်ငန်းများ၊ မူဝါဒများ နှင့် စနစ်များကို စနစ်တကျလေ့လာဝေဖန်သုံးသပ်ပြီး အခြေခံကျန်းမာရေး ၀န်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်မားရေးအတွက် ပံ့ပိုးကူညီသွားရန် ဖြစ်ပါသည်။

လုပ်ဆောင်မည့် လုပ်ငန်းများ။

ပြည်သူ့ကျန်းမာရေး ပညာလေ့လာမှု အဖွဲ့ (Institute of Public Health Studies) သည် အောက်ပါလုပ်ငန်းများကို ကနဦးအနေဖြင့် စတင် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ မူဝါဒများကို စနစ်တကျ စုပေါင်းလေ့လာခြင်း။
၂။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ပါတ်သတ်ပြီး စာတမ်းငယ်များ၊ ဆောင်းပါးများ ကို ရေးသားပြုစုခြင်း/ ဖြန့်ဝေခြင်း။
၃။ အခြေခံကျန်းမာရေး ၀န်ထမ်းများ၏ စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန် ပံ့ပိုးကူညီခြင်း။
၎။ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို စုဆောင်းခြင်း၊ ရေးသားထုတ်ဝေခြင်း။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Institute of Public Health Studies - IPHS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share