02/08/2026
🙏ဝမ်းမြောက်နုမော် သာဓုခေါ်ဆို နိုင်ပါရန် 🙏
ကရင်ဆိပ်ကျေးရွာသို့
MWEA ၏ (၂၅ )ကြိမ်မြောက်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း။
ဩဂုတ်လရဲ့ အသင်းသူများနေ့ မှာ
ဝါဆိုသင်္ကန်း နှင့် သံဃိကအလှူ ကုသိုလ်ပြုရန်
သန်လျှင်မြို့နယ် ၊ကရင်ဆိပ်စံပြကျေးရွာသို့
အသင်း၏ ဒုတိယဥက္ကဌ (၁) ဒေါ်ခင်သက်မော်၊ ဒုတိယ ဥက္ကဌ (၃) ဒေါက်တာသဲမြတ်စိုး နှင့်
အကြံပေးများ၊ဗဟိုအလုပ်အမှု့ဆောင်များ၊ အလုပ်အမှု့ဆောင်များ၊
အသင်းသူညီအစ်မများက
ယနေ့ ၂. ၈.၂၀၂၆
တွင် သွားရောက်ကာဖြင့်
ဝါဆိုသင်္ကန်း ကပ်လှူခဲ့ကြရာတွင်
ကြွရောက်ကြသည့်
သံဃာများအတွက်
တစ်ပါးလျှင် တစ်သိန်းကျပ် ဖြင့်
တစ်ဆယ့်လေးသိန်းကျပ် (၁၄၀၀၀၀၀)၊
စာသင်သား သာမဏေငယ်များအတွက် တစ်ပါးလျှင် ငါးသောင်းကျပ် ဖြင့် နှစ်သိန်းငါးသောင်းကျပ်(၂၅၀၀၀၀) ၊
သံဃိကအလှူအဖြစ် အောင်မင်္ဂလာကျောင်းတိုက်သို့ ကျပ်သိန်း ငါးဆယ်
(၅၀၀၀၀၀၀)
ထို့အတူ သံဃာတော်များအား ဒံပေါက်ဆွမ်းဖြင့် လှူဒါန်းခြင်း၊ သင်္ကန်းခြင်းများ၊ဆေးဝါးလှူဒါန်းမှု့ ကုသိုလ်ပြုကြရာတွင်
ကျေးဇူးတော်ရှင်
အောင်မင်ဂင်္လာကျောင်းတိုက် ဆရာတော်ဘုရားကြီးမှ
လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်မှ စတင်ကာ ကရင်ဆိပ်ရွာအား ရွာဦးကျောင်း သိမ် အလှူရှင် အသင်း၏
ပထမဦးဆုံးသောဥက္ကဌ ဖြစ်သူ ဒေါ်စိန်စိန်၊
စေတီ အလှူရှင် အသင်း၏ ဒုတိယဥက္ကဌ ဖြစ်ခဲ့သော (ဒေါ်သက်ရီ) ၊
စာသင်ကျောင်း လှူဒါန်းပေးခဲ့ကြသော
အသင်း၏ (၂) ဦးမြောက် ဥက္ကဌ ဖြစ်ခဲ့သူ
( ဒေါ်ခင်မြင့်မြင့် )(ဦးမြတ်သင်းအောင်) မိသားစုတို့၏ ကျေးဇူးတို့အားလည်းကောင်း၊
ကျေးရွာလမ်းဖောက်ခြင်း၊လျှပ်စစ်မီးသွယ်တန်းခဲ့ခြင်း၊
ကျေးရွာတယ်လီဖုန်းလိုင်း ရရှိခဲ့ခြင်း၊
ကျေးရွာတွင် ကွမ်းစိုက်တောင်သူတို့အား စိုက်ပျိုးရေးချေးငွေ ပံ့ပိုးမှု့တို့ အား
အမြဲ အမှတ်ရစွာဖြင့်၊
ကောင်းစွာသော မေတ္တာများကို ပို့ပေးနေခဲ့ကြောင်း တရားဒေသနာဟောကြားရင်း
ရှင်းလင်းသောအခါ
ကုသိုလ်ရှင် ညီအစ်မများက
ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆို ခဲ့ကြပါသည်။
လှူဖွယ်ဝတ္တူအစုစုတို့ကို ပံ့ပိုးလှူဒါန်းပေးခဲ့ကြသော ဥက္ကဌ နှင့် အသင်းသူညီအစ်မများအားလုံးတို့သည်လည်း ယနေ့ကုသိုလ်ထပ်တူရကြပါစေ။
ကုသိုလ်ပြုသည့် ခရီးလမ်းသာယာစေဖို့ (၄၅ယောက်စီး) မော်တော်ယာဉ်ဖြင့်
ပံ့ပိုးကုသိုလ်ယူပေးသည့်
#မန္တလာမင်း အဆင့်မြင့် ယာဉ်လိုင်းကိုလည်း ကျေးဇူးတင်စွာ မှတ်တမ်းတင်ပါသည်။
#ကရင်ဆိပ်စံပြကျေးရွာသည်
MWEA ၏ ဂုဏ်ယူဖွယ်ရာ အောင်မြင်ခဲ့သော Community Development Project တစ်ခုဖြစ်ခဲ့သည်ကိုလည်းကောင်း၊
Micro Business ဖြစ်ခဲ့သော ပန်းစိုက်၊ကွမ်းစိုက်တောင်သူများအား ပံ့ပိုးပေးခဲ့ရာတွင် အောင်မြင်ခဲ့သော မှတ်တမ်းအားလည်း
အသင်းသူအသစ်များလည်း သိရှိစေရန် ရည်ရွယ်ပါသည်။
ကုသိုလ်များအား
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့
#အမျိုးသမီးများ၏ခွန်အား
၂.၈.၂၀၂၆