11/08/2026
🌊 ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ ရေဘေးသင့်ဒေသများသို့ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) သွားရောက်လှူဒါန်း 🤝
________________________________________
မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) ဥက္ကဋ္ဌ ဦးမျိုးမင်းဦး၏ လမ်းညွှန်မှုဖြင့် MCIA ဒု-ဥက္ကဋ္ဌ ဒေါက်တာဇော်လင်း ဦးဆောင်သောအဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်(၈)ရက်နေ့တွင် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ရှိ ရေဘေးသင့်ဒေသများသို့ ကိုယ်တိုင်သွားရောက်၍ အားပေးကူညီ လှူဒါန်းခဲ့ကြပါသည်။ 🚚💨
ဤခရီးစဉ်တွင် MCIA မှ အလှူငွေ စုစုပေါင်း ၁၂,၂၀၀,၀၀၀/- ကျပ် ကျပ်(၁၂၂)သိန်း ကို မတည်လှူဒါန်းခဲ့ပြီး၊ ရေဘေးသင့်အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာခြောက်များ 🍜၊ ရေသန့်ဗူးများ 💧၊ ဆေးဝါးများနှင့် ငွေသားများကို စနစ်တကျ ခွဲဝေလှူဒါန်းပေးနိုင်ခဲ့ပါသည်။ 📦✨
ဒေသခံ ဧရာ၀တီတိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Ayeyarwady-MCIA) နှင့် ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများထံအရောက် သွားရောက်လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။ 🛶☔
ယခုကဲ့သို့ ကူညီလှူဒါန်းမှုများတွင် ပါဝင်ကူညီခဲ့ကြသည့် အလှူရှင်များ၊ ဒေသခံအသင်းအဖွဲ့များနှင့် ဝိုင်းဝန်းပံ့ပိုးပေးသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။ 🙏❤️
#လေးမျက်နှာရေဘေး #ကူညီလှူဒါန်းမှု