Nyan Lynn Thit Analytica

Nyan Lynn Thit Analytica Nyan Lynn Thit Analytica is an independent, non-partisan, and non-governmental research organization.

Conflict Diary----------------------အောက်တိုဘာလ ၉ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထာ...
10/10/2026

Conflict Diary
----------------------
အောက်တိုဘာလ ၉ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထား တိုက်ခိုက်ခံရမှုဖြစ်စဥ်များ အနည်း ဆုံး ၂၁ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြားထိတွေ့တိုက်ပွဲဖြစ်စဥ်သည် အများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၅ ကြိမ်ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်၊ စစ်ကြောင်းထိုး၀င်ရောက်မှုဖြစ်စဥ်နှင့် ဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်စဥ်တို့သည် ဒုတိယအများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၃ ကြိမ်စီ ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၁၁ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရကာ ၃ ဦးဖမ်းဆီးခံခဲ့ရသည်။
မြန်မာ >>> nolog.link/s/IlBt8D
English >>> nolog.link/s/TS6Jfg

မြင်ကွင်း - တော်လှန်စစ်ဆင်ရေး၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အတွင်း နိုင်ငံတဝန်းတွင် စစ်ရေးလှုပ်ရှားမှုများန...
09/10/2026

မြင်ကွင်း - တော်လှန်စစ်ဆင်ရေး

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အတွင်း နိုင်ငံတဝန်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဥ်များ စုစုပေါင်း ၁၄၉ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် မြို့နယ်ပေါင်း ၂၂ မြို့နယ်တွင် စစ်ရေးလှုပ်ရှားမှု အနည်းဆုံး ၄၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ရခိုင်ဒေသတွင် ဖြစ်စဥ် ၁၀ ခုဖြင့် အများဆုံးဖြစ်ပွားခဲ့သည်။ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအနေဖြင့် မြို့နယ်ပေါင်း ၅၈ မြို့နယ်တွင် အနည်းဆုံး ဖြစ်စဉ် ၁၀၈ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားအနည်းဆုံး ၄၀ ဦး သေဆုံးခဲ့ပြီး ၁၂၁ ဦး ဒဏ်ရာရရှိခဲ့ကာ အရပ်သား ၉၄ ဦး မတရားဖမ်းဆီးခံခဲ့ရသည်
မြန်မာ >>> nolog.link/s/yXgQwO
အင်္ဂလိပ် >>> nolog.link/s/6QbsyP

08/10/2026

Conflict Diary (8.10.2026)

CJ Platform

အောက်တိုဘာ ၇ ရက် အတွက် နောက်ဆုံးရရှိထားတဲ့ မြန်မာနိုင်ငံတဝန်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်၊ ဗုဒ္ဓဟူးနေ့က နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၈ မြို့နယ်မှာ၊ စစ်ရေးလှုပ်ရှားမှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း ၂၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီအထဲမှာဆိုရင် ဖမ်းဆီးသတ်ဖြတ်မှု ၁၀ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှုနဲ့ ထိတွေ့တိုက်ပွဲ ၅ ကြိမ်စီ၊ စစ်ကြောင်းထိုးဝင်ရောက်မှု ၄ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်အပြင် အခြားဖြစ်စဉ် ၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်အထိကဖြစ်ပွားခဲ့တဲ့ဒေသကတော့ မန္တလေးတိုင်း ဖြစ်ပြီး ရခိုင်ပြည်က ဒုတိယအများဆုံးဖြစ်ပါတယ်။

အရပ်သား ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့ပြီး အောက်တိုဘာ ၇ ရက် တစ်ရက်တည်းမှာပဲ တိုက်ခိုက်မှုတွေအတွင်း အရပ်သား အနည်းဆုံး ၃ ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

Conflict Diary----------------------အောက်တိုဘာလ ၇ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထာ...
08/10/2026

Conflict Diary
----------------------
အောက်တိုဘာလ ၇ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထား တိုက်ခိုက်ခံရမှုဖြစ်စဥ်များ အနည်း ဆုံး ၂၉ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် အရပ်သားဖမ်းဆီးမှုဖြစ်စဥ်သည် အများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၁၀ ကြိမ်ဖြစ်ပွားခဲ့သည်။ စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်စဥ်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်စဥ်တို့သည် ဒုတိယအများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၅ ကြိမ်စီ ဖြစ်ပွားခဲ့သည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်နှင့် စစ်ကြောင်းထိုး၀င်ရောက်မှုဖြစ်စဥ်တို့သည် တတိယအများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၄ ကြိမ်စီ ဖြစ်ပွားခဲ့သည်။ စစ်အုပ်စုနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့၏ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၂၁ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရကာ ၃၃ ဦးဖမ်းဆီးခံခဲ့ရသည်။
မြန်မာ >>> nolog.link/s/C3rcW1
English >>> nolog.link/s/bi4eo4

08/10/2026

Human Security Across Borders: Myanmar’s Forced Conscription, Displacement and Protection Crisis in ASEAN

07/10/2026

Conflict Diary (7.10.2026)

CJ Platform

အောက်တိုဘာ ၆ ရက် အတွက် နောက်ဆုံးရရှိထားတဲ့ မြန်မာနိုင်ငံတဝန်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက် အင်္ဂါနေ့က နိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၁ မြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း အကြိမ် ၃၀ ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။

ဒီအထဲမှာဆိုရင် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်၊ စစ်ကြောင်းထိုးဝင်ရောက်မှု ၉ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၇ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၅ ကြိမ်၊ လက်နက်ငယ် ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ်နဲ့အခြားဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်အထိက ဖြစ်ပွားခဲ့တာကတော့ ရခိုင်ပြည်ဖြစ်ပြီး ဒုတိယအများဆုံးက ပဲခူးတိုင်းအနောက်ခြမ်းနဲ့ မကွေးတိုင်းဖြစ်ပါတယ်။

အရပ်သား ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့ပြီး အောက်တိုဘာ ၆ ရက် တစ်ရက်တည်းမှာပဲ တိုက်ခိုက်မှုတွေအတွင်း အရပ်သားအနည်းဆုံး ၅ ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

Conflict Diary----------------------အောက်တိုဘာလ ၆ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထာ...
07/10/2026

Conflict Diary
----------------------
အောက်တိုဘာလ ၆ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထား တိုက်ခိုက်ခံရမှုဖြစ်စဥ်များ အနည်း ဆုံး ၃၀ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်သည် အများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၁၀ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ စစ်ကြောင်းထိုး၀င်ရောက်မှုဖြစ်စဥ်သည် ဒုတိယအများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၇ ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်စဥ်သည် တတိယအများဆုံးဖြစ်ပြီး ဖြစ်စဉ်စုစုပေါင်း ၅ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၂၀ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရကာ ၁ ဦးဖမ်းဆီးခံခဲ့ရသည်။
မြန်မာ >>> nolog.link/s/R4ETPl
English >>> nolog.link/s/k8Wgt2

07/10/2026

⁨
⁨📣📣 Join us at the ACSC/APF 2026 Convergence Space Online Workshop!

🟰 This is a pre-event leading up to ACSC/APF 2026, which will be held from October 27–29 in Manila.

▪️On 8 October, Myanmar National Organizing Committee (Myanmar NOC) for ACSC/APF, together with International Peace Bureau – Philippines, Thai Action Committee for Democracy in Burma(TACDB), ALTSEAN-Burma, and Asian Forum for Human Rights and Development (FORUM-ASIA), will host an online workshop under the Convergence theme of Peace and Human Security, entitled “Human Security Across Borders: Myanmar’s Forced Conscription, Displacement and Protection Crisis in ASEAN”

▪️The workshop aims to provide an updated analysis of the human security crisis in Myanmar, focusing on key threats such as forced conscription, displacement, forced deportation, persecution, and military violence. It will examine the regional impact of the crisis on Myanmar migrants, refugees, asylum seekers, and Rohingya communities across ASEAN Member States. Additionally, the workshop will evaluate existing ASEAN mechanisms to assess their effectiveness in responding to the Myanmar crisis and broader regional challenges. Finally, the workshop will also explore how the ACSC/APF platform can serve as a genuine space of solidarity for the people in the region.

⏰ Workshop Date/Time: Thursday, 8 October 2026/ 9:00 AM – 10:30 AM (Bangkok Time)

👤 Moderator: Corazon Valdez Fabros, Co-President, International Peace Bureau (IPB)

🗣️ Speakers:

📍 Nurhayati Ali, Director of Health and Human Services, Rohingya Maiyafuinor Collaborative Network (RMCN)

📍Dr Kyaw Kyaw, Researcher, Myanmar Defense & Security Institute (MDSI)

📍Thiha, Project Manager, Yaung Chi Oo Workers' Association (YCOWA)

📍Debbie Stothard, Founder and Coordinator, ALTSEAN-Burma

🔔 Simultaneous interpretation will be provided in Burmese !!

📍Register your attendance here: 👇👇https://us06web.zoom.us/meeting/register/KG98uqdiS96_Pl6VrQqDjA

📮 For media inquiries, please contact:
Myanmar National Organizing Committee, [email protected]⁩

Conflict Diary----------------------အောက်တိုဘာလ ၅ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထာ...
06/10/2026

Conflict Diary
----------------------
အောက်တိုဘာလ ၅ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထား တိုက်ခိုက်ခံရမှုဖြစ်စဥ်များ အနည်း ဆုံး ၉ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်သည် အများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၄ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်စဥ်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုတို့ ဒုတိယအများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၂ ကြိမ်စီ ဖြစ်ပွားခဲ့သည်။ ထို့အပြင် မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဥ်နှင့် ဂျိုင်ရိုကော်ပတာဖြင့် တိုက်ခိုက်မှုဖြစ်စဥ်တို့သည် တတိယအများဆုံးဖြစ်ပြီး ဖြစ်စဉ်စုစုပေါင်း ၁ ကြိမ်စီ ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၆ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့သည်။
မြန်မာ >>> nolog.link/s/QAMpej
English >>> nolog.link/s/YQlgug

Conflict Diary----------------------စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထား ...
06/09/2026

Conflict Diary
----------------------
စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထား တိုက်ခိုက်ခံရမှု ဖြစ်စဥ်များ အနည်းဆုံး ၂၃ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်စဥ်သည် အများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၇ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ စစ်ကြောင်းထိုး၀င်ရောက်မှုဖြစ်စဥ်သည် ဒုတိယအများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၆ ကြိမ်ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်စဉ်၊ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်၊ ဖမ်းဆီးမှုဖြစ်စဉ်နှင့် ဂျိုင်ရိုကော်ပတာဖြင့်တိုက်ခိုက်မှုဖြစ်စဥ်တို့သည် တတိယအများဆုံးဖြစ်ပြီး ဖြစ်စဥ်စုစုပေါင်း ၂ ကြိမ်စီဖြစ်ပွားခဲ့သည်။ စစ်အုပ်စုနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့များနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၁၅ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၇ ဦိးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိကာ ၃ ဦး ဖမ်းဆီးခံခဲ့ရသည်။
မြန်မာ >>> nolog.link/s/smhYeS
English >>> nolog.link/s/UFVOeR

Address

U Tun Lin Chan Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959770006360

Alerts

Be the first to know and let us send you an email when Nyan Lynn Thit Analytica posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Nyan Lynn Thit Analytica:

Shortcuts

Share