Myanmar Container Trucking Association

Myanmar Container Trucking Association MCTA is always making efforts for facilitating and developing of container transportation industry.

ပို့​ဆောင်​ရေးဝန်ကြီးဌာန၊ ပို့​ဆောင်​ရေးစီမံကိန်းဦးစီးဌာန (DOTP) နှင့် မြန်မာနိုင်ငံပို့ဆောင်ရေးနှင့်ထောက်ပံ့ဖြည့်ဆည်းစ...
16/09/2026

ပို့​ဆောင်​ရေးဝန်ကြီးဌာန၊ ပို့​ဆောင်​ရေးစီမံကိန်းဦးစီးဌာန (DOTP) နှင့် မြန်မာနိုင်ငံပို့ဆောင်ရေးနှင့်ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှုအသင်းချုပ် (MTLF) တို့ ကြီးမှူးစီစဥ်သည့် "ပို့ဆောင်ရေး နှင့် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ" "Transport and Logistics Sector Development Workshop" ကို ၁၄.၉.၂၆
(တနလ်ာနေ့) တွင် ရန်ကုန်မြို့ Chatrium Hotel ၌ နံနက် ၉ နာရီမှ ည​နေ ၅:၃၀ အထိ ကျင်းပခဲ့ပါသည်။

အဆိုပါအလုပ်ရုံ​ဆွေး​နွေးပွဲသို့ DOTP ​ညွန်ကြား​ရေးမှုးချုပ် ​ဦး​ဆောင်​သော သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ MTLF အသင်းချုပ်ဥက္ကဌနှင့် အသင်းချုပ်ဝင် Transport & Logistics ညီ​နောင်အသင်းများဖြစ်ကြ​သော MCTA, MCBA, MHFTSA, MIFFA, MMMDA နှင့် CVSA တို့မှ ဥက္ကဌများနှင့် CEC EC များ စုံလင်စွာ တက်​ရောက်ခဲ့ကြပါသည်။

ဆွေး​​နွေးပွဲကို ​-
၁။ DOTP နှင့် Logistics အသင်းများ ​ပေါင်းစပ်​ဆောင်ရွက်နိုင်သည့်အ​ခြေအ​နေများ၊
၂။ GMS - Cross Border Transport Agreement ကိစ္စများ၊
၃။ Logistics Service Provider License မူကြမ်း ညှိနှိုင်းခြင်းကိစ္စများ၊
၄။ Logistics Performance Index တိုးတက်​ကောင်းမွန်​စေ​ရေးကိစ္စများ စသည့်​ခေါင်းစဥ်များဖြင့် ​​ဆွေး​နွေးခဲ့ကြရာ MCTA အသင်းကိုယ်စား ဥက္ကဌ၊ ဒုဥက္ကဌ နှင့် ဘဏ္ဍာ​ရေးမှူးတို့မှ ​​ခေါင်းစဥ်အလိုက် ပါဝင်ဆွေး​​နွေးခဲ့ကြပါ သည်။

မြန်မာနိုင်ငံ ကု​န်သေတ္တာတင်​မော်​တော်ယာဥ်များအသင်း (MCTA)၊ မြန်မာနိုင်ငံအ​ဝေးပြေးကုန်စည်ပို့​ဆောင်​ရေးဝန်​ဆောင်မှုလုပ်င...
09/09/2026

မြန်မာနိုင်ငံ ကု​န်သေတ္တာတင်​မော်​တော်ယာဥ်များအသင်း (MCTA)၊ မြန်မာနိုင်ငံအ​ဝေးပြေးကုန်စည်ပို့​ဆောင်​ရေးဝန်​ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) နှင့် မြန်မာနိုင်ငံအ​ကောက်ခွန်ဝန်​ဆောင်မှုလုပ်ငန်းရှင်များအသင်း (MCBA) တို့အကြား "နားလည်မှုစာချွန်လွှာ" Memorandum of Understanding (MoU) လက်မှတ်​ရေးထိုးပွဲအခမ်းအနားကို (၈.၉.၂၆) ရက်​နေ့တွင် Pan Pacific Hotel ၌ ကျင်းပခဲ့ပါသည်၊
လက်မှတ်​ရေးထိုးပွဲသို့ ညီ​နောင်အသင်း (၃) သင်း၏ ဥက္ကဌများ၊ ဒုဥက္ကဌများ၊ အ​ထွေ​ထွေအတွင်း​ရေးမှူးနှင့် တွဲဘက်အတွင်း​ရေးမှူးများ၊ CEC များ တက်​ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း မှ စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီဝင်များ၊ Asia World ဆိပ်ကမ်းမှတာဝန်ရှိ...
03/09/2026

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း မှ စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီဝင်များ၊ Asia World ဆိပ်ကမ်းမှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ Asia World ဆိပ်ကမ်းရှေ့ကျောက်လမ်းမကြီးပေါ်တွင် ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများအား ၃၁/၈/၂၀၂၆ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း ၏ အသင်းဝင်ယာဉ်များကို မောင်းနှင်သော ယာဉ်မောင်းများအား ကျန်းမာရေးစောင့်ရှ...
02/09/2026

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း ၏ အသင်းဝင်ယာဉ်များကို မောင်းနှင်သော ယာဉ်မောင်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် အခမဲ့ဆေးခန်းဖွင့်လှစ်ခြင်းနှင့် ယာဉ်မောင်းသက်သေခံကတ်များပေးအပ်ပွဲအခမ်းအနားကို ၃၀/၈/၂၆ ရက်နေ့တွင်ဗိုလ်တစ်ထောင်ကုန်သေတ္တာတင်ယာဉ်ရပ်နားစခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမဲ့ဆေးခန်းသို့ အလှူငွေနှင့်ပစ္စည်းများထည့်ဝင်လှူဒါန်းပေးကြသူများအားလည်းဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းနှင့် Moon Sun Energy တို့အကြား MOU လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၁/၈/...
25/08/2026

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းနှင့် Moon Sun Energy တို့အကြား MOU လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၁/၈/၂၀၂၆ ရက်နေ့တွင်အသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အသင်း၏ ပညာရေးဖောင်ဒေးရှင်းသို့လည်း အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပခြင်း
20/08/2026

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပခြင်း

19/08/2026
ရန်ကုန်တိုင်းဒေသကြီး၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနမှဦးစီးဆောင်ရွက်သော တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းကို မြန်မာနိုင်ငံကုန်သေတ္...
17/08/2026

ရန်ကုန်တိုင်းဒေသကြီး၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနမှဦးစီးဆောင်ရွက်သော တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းကို မြန်မာနိုင်ငံကုန်သေတ္တာတင်‌မော်တော်ယာဥ်များအသင်းနှင့်ပူးပေါင်း၍ ၁၂/၈/၂၀၂၆ ရက်နေ့တွင် ဗိုလ်တစ်ထောင်ကုန်သေတ္တာတင်ယာဉ်ရပ်နားစခန်း၌ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကုန်‌သေတ္တာတင်မော်တော်ယာဉ်များအသင်းနှင့်ဗိုလ်တစ်ထောင်မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကုန်သေတ္တာတင်...
06/07/2026

မြန်မာနိုင်ငံကုန်‌သေတ္တာတင်မော်တော်ယာဉ်များအသင်းနှင့်ဗိုလ်တစ်ထောင်မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကုန်သေတ္တာတင်ယာဉ်မောင်းများအား Covid 19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို 5/7/2026 ရက်နေ့တွင် ဗိုလ်တစ်ထောင်ကုန်သေတ္တာတင်ယာဉ်ရပ်နားစခန်းဝင်းအတွင်း၌ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း၊ အလုပ်အမှုဆောင်များ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၅/၂၀၂၆ ကို အသင်းရုံးအစည်...
26/06/2026

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း၊ အလုပ်အမှုဆောင်များ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၅/၂၀၂၆ ကို အသင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Address

No. 84/88, Room 1101-02, 11th Floor, Botahtaung Zay Road, Botahtaung Township
Yangon
11162

Alerts

Be the first to know and let us send you an email when Myanmar Container Trucking Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Container Trucking Association:

Shortcuts

Share