Future The DAGON

Future The DAGON ဒဂုံတက္ကသိုလ် ကျောင်းသားကျောင်းသူများအသင်း
(478)

Future The DAGON "ဒဂုံတက္ကသိုလ်ကျောင်းသားကျောင်းသူများအသင်း"သည် ဒဂုံတက္ကသိုလ် အခြေပြုကျောင်းသားအဖွဲ့အစည်းတစ်ခုဖြစ်ပါသည် ။ ဆရာ/မ များနှင့် ကျောင်းသား/သူများအကြား၌ FTD ဟူ၍ ခေါ်ဝေါ်ကြသည် ။ FTD သည် ကျောင်းသားအကျိုးပြုလုပ်ငန်းများ ၊ သတင်းအချက်အလက် မျှဝေခြင်း နှင့် ကျောင်းသားအခွင့်အရေးအတွက် ရပ်တည်ဆောင်ရွက်နေသည် ။

6 years ago today
24/03/2026

6 years ago today

လွမ်းမိသောနေ့ရက်များမနက်အစော Tuto ရှိလို့ကျောင်းလာတဲ့အခါ နှင်းတွေကိုဖြတ်လာတဲ့ ဆောင်းတွင်းရဲ့ လေနုအေးလေးတွေကို ခံစားမိနေတ...
21/09/2025

လွမ်းမိသောနေ့ရက်များ

မနက်အစော Tuto ရှိလို့ကျောင်းလာတဲ့အခါ
နှင်းတွေကိုဖြတ်လာတဲ့ ဆောင်းတွင်းရဲ့
လေနုအေးလေးတွေကို ခံစားမိနေတုန်းပဲ
ပြီးတော့လက်ထဲကိုင်ထားတဲ့ စက္ကူခွက်ထဲက ကော်ဖီနံ့လေးရယ်
အဆောင်နားရောက်တော့ အဆောင်ဘေးက အသုပ်ဆိုင်က သင်္ဘောသီးထောင်းအနံ့လေးကလည်း
ဗိုက်ဆာအောင်ဆွဲဆောင်ရင် ဆွဲဆောင်နေမှာပေါ့
အခန်းနားရောက်တော့ လူစုံရင်စကားများတော့မယ်
သူငယ်ချင်းတွေရဲ့စာကျက်သံတွေ
လူစုံပြီဆိုတာနဲ့ ရောက်တက်ရာရာပြောကျတော့မယ်လေ
Tuto ပြီးလို့ canteen သွားဖို့အောက်ဆင်းတဲ့အခါ
ရေစင်ဘေးက လှေကားထစ်လေးမှာ ရေဖြည့်တဲ့ကျောင်းသားတွေ မုန့်ဝယ်တဲ့‌ကျောင်းသားတွေ
အတက်အဆင်လုပ်တဲ့ကျောင်းသားတွေနဲ့ စည်ကားလို့
Canteen ရောက်တော့လည်း ဝိုင်းအပြည့်နီးပါး
ကိုယ့်အဖွဲ့နဲ့ကိုယ် ‌စကားပြောနေကျတဲ့ကျောင်းသားတွေ
ဘာသောကမှမရှိဘဲနဲ့ပေါ့
အတန်းပြန်တက်တော့လည်း တချို့ကရှေ့ဆုံးတန်းကနေမသိမသာစကားများ တချို့ကျအလယ်တန်းကနေမုန့်ခို့စား
တချို့ကျနောက်ဆုံးတန်းကနေပေါက်ကရတွေလုပ်ရင်း
စာလိုက်မှတ်ကျတာပေါ့
ဒီလိုနဲ့ အတန်းချိန်တွေပြီးသွားတဲ့အခါ
ကားဝန်းထဲကိုသွားတဲ့လမ်းမှာ အိမ်ပြန်တဲ့လူတွေနဲ့ရှုပ်ရှတ်ခပ်လို့ အိမ်မပြန်သေးဘဲ Canteen ထပ်ထိုင်တဲ့လူတွေ အတန်းထဲမှာပဲစကားထိုင်ပြောကျတဲ့ ကျောင်းသားတွေလည်းရှိတာပဲ
အဲ့အချိန်ထိကျွန်တော်တို့ပျော်ခဲ့ကျပါတယ်

ဒီနေ့ကျောင်းသွားတက်မယ် ပျော်စရာတွေဖန်တီးမယ်
အိမ်ပြန်သွားမယ် နောက်နေ့လည်းဒီအတိုင်းပဲဆက်ဖြစ်ဦးမှာပဲ
အခုတော့အဲ့အချိန်တွေက မနီးမဝေးတဲ့ အတိတ်မှာကျန်ခဲ့ပါပြီ
ကျောင်းနဲ့အချိန်အတိုင်းအတာတစ်ခုအထိဝေးခဲ့ပြီဆိုပေမယ့်
တစ်ချက်တစ်ချက်တော့လည်း မနက်နိုးရင်
လွယ်အိတ်လေးလွယ်ပြီးကျောင်းသွားတက်ရမယ်ထင်နေတုန်းပဲ


◾"ဒဂုံတက္ကသိုလ်တော်ဝင်လမ်း" အား "ဝတ်ရည်လမ်း" အဖြစ်သို့ ‌ပြောင်းလဲသမုတ် ခေါ်ဆိုပေးပါရန် ဒဂုံတက္ကသိုလ် ကျောင်းသားထု ကိုယ်စ...
06/08/2025

◾"ဒဂုံတက္ကသိုလ်တော်ဝင်လမ်း" အား "ဝတ်ရည်လမ်း" အဖြစ်သို့ ‌ပြောင်းလဲသမုတ် ခေါ်ဆိုပေးပါရန် ဒဂုံတက္ကသိုလ် ကျောင်းသားထု ကိုယ်စား ဒဂုံတက္ကသိုလ်ယာယီကောင်စီ အား တောင်းဆိုခြင်း။

စာအမှတ်။ ။ ဒတကသ/ရုံး/၀၁-၀၈/၂၀၂၅
ရက်စွဲ။ ။ဩဂုတ်လ ၆ရက်၊ ၂၀၂၅ခုနှစ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်မဝတ်ရည်အောင်(၂၀၀၀- ၂၀၂၅)၂၀၀၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် အဖ ဦးသန်...
22/07/2025

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်

မဝတ်ရည်အောင်
(၂၀၀၀- ၂၀၂၅)

၂၀၀၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် အဖ ဦးသန်းမောင် (ကွယ်လွန်) ၊ အမိ ဒေါ်လှလှအေးတို့မှ ရန်ကုန်မြို့၌ မွေးဖွားသည်။

မွေးချင်း ငါးဦးအနက် အငယ်ဆုံးသမီး ဖြစ်သည်။ ငယ်မည် မီးမီး၊အပြုံး။

အ.ထ.က.(သုဝဏ္ဏ) တွင် ဆယ်တန်းအောင်မြင်ပြီး ၂၀၁၇ ခုနှစ်တွင် ဒဂုံတက္ကသိုလ်၌ သတ္တဗေဒဘာသာရပ်အထူးပြုဖြင့် ပညာသင်ယူခဲ့သည်။

၂၀၁၈ ခုနှစ်တွင် Unity & Progress ဒဂုံတက္ကသိုလ် ကျောင်းသားအစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ဒဂုံတက္ကသိုလ် Cheer leaders အဖွဲ့တွင်လည်းပါဝင်ခဲ့သည်။ ထို့နောက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂသို့ဝင်ရောက်ပြီး ကျောင်းသားအရေးကိစ္စများတွင် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကို Unity & Progress ကျောင်းသားများအစည်းအရုံး ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တွဲဖက်အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။

၂၀၂၀ပြည့်နှစ် ကိုဗစ်ကပ်ရောဂါကာလအတွင်း ရောဂါထိန်းချုပ်၊ကုသရေးအတွက် Quaratine Center များတွင် စေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ခဲ့သည်။ ရန်ကုန်မြို့တွင်သာမက ရခိုင်ပြည်နယ်အထိသွားရောက်၍ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲဘော် ၅ဦးနှင့်အတူ စစ်တပ်၏ ဖမ်းဆီးခြင်းခံရသည်။ စစ်ကြောရေး၏ ပြင်းထန်သော နှိပ်စက်မှုများကြောင့် ဖမ်းဆီးခံရပြီး သုံးလအကြာတွင် လေဖြန်းဝေဒနါခံစားရသည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရသည်။ ဧပြီလတွင် ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရသည်။ ထို့နောက် ကျန်းမာရေးဆိုးရွားလာသဖြင့် အင်းစိန်ထောင်သို့ ပြန်လည်ပြောင်းရွှေ့ခံရသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၄နှစ်ချမှတ်ခံရရာ စုစုပေါင်း ထောင်ဒဏ် ၇နှစ်ဖြစ်လာသည်။

အင်းစိန်အကျဉ်းထောင်အတွင်း ဆိုးရွားသော အကျဉ်းထောင်စနစ်များကြောင့် ဆေးကုသမှူလုံလောက်စွာမရရှိဘဲ ဒဏ်ရာအခံကြောင့် မကြာခဏတက်ခြင်း၊ သတိလစ်ခြင်း ၊ နှလုံးရပ်ခြင်းများ ဖြစ်ပွားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် နံနက် (၃) နာရီတွင် အင်းစိန်အကျဉ်းထောင်အတွင်း၌ ကျဆုံးခဲ့သည်။

#မဝတ်ရည်အောင်_အတ္ထုပ္ပတ္တိအကျဉ်း

ကျဆုံးရဲဘော် ဒဂုံတက္ကသိုလ်ကျောင်းသူ မဝတ်ရည်အောင်၏ စျာပနအား နာရေးကူညီမှုအသင်း - ရန်ကုန်မှ ကူညီပို့ဆောင်။(၂၁-၇-၂၀၂၅)ရက်နေ့...
21/07/2025

ကျဆုံးရဲဘော် ဒဂုံတက္ကသိုလ်ကျောင်းသူ မဝတ်ရည်အောင်၏ စျာပနအား နာရေးကူညီမှုအသင်း - ရန်ကုန်မှ ကူညီပို့ဆောင်။

(၂၁-၇-၂၀၂၅)ရက်နေ့တွင် ကွယ်လွန်သူ မဝတ်ရည်အောင် အသက် (၂၆)နှစ်​၏ ကျန်ရစ်သော ရုပ်အလောင်းအား အင်းစိန်းဆေးရုံကြီးမှ ရေဝေးသုဿန်အအေးခန်းသို့ ပို့ဆောင်ရာတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ နာယကကြီးဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင် သရုပ်ဆောင်ထွန်းကိုကိုနှင့် အသင်းသူ/သားများမှ ပို့ဆောင်ကာ ကူညီပေးခဲ့ကြောင်း သိရပါသည်။

Photo - FFSS Ygn

❐ စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာများဖြင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ထောင်တွင်း၌ ကျဆုံ...
20/07/2025

❐ စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာများဖြင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ထောင်တွင်း၌ ကျဆုံး။

‌ဇူလိုင် ၂၀၊ ၂၀၂၅။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မ၀တ်ရည်အောင်သည် စစ်ကြောရေးအတွင်း စစ်ကောင်စီတပ်၏ နှိပ်စက်ဒဏ်ရာများကြောင့် လေးနှစ်နီးပါးအကြာ၌ အကျဉ်းထောင်တွင်း ကျဆုံးသွားခဲ့ပြီဖြစ်သည်။

မ၀တ်ရည်အောင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ဖမ်းဆီးခံရပြီး မတရား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၃) နှစ်၊ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် (၄) နှစ် ချမှတ်ခံထားရပြီး စစ်ကြောရေးအတွင်းလည်း ပြင်းထန်စွာ နှိပ်စက်ခံခဲ့ရသည်။

၂၀၂၂၊ ဧပြီလ (၂၄) ရက်နေ့တွင် အင်းစိန်ထောင်မှ ဒိုက်ဦးထောင်သို့လည်းကောင်း၊ ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ လည်းကောင်း ရွှေ့ပြောင်းခံခဲ့ရသည်။

ဒိုက်ဦးထောင်မှ အင်းစိန်‌ထောင်သို့ ပြောင်းရွှေ့ခံရပြီးနောက် စစ်ကြောရေးတွင်း နှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် ဦးနှောင်အကျိတ်တည်ဒဏ်ရာဖြင့် (၂၂) နာရီကြာခန့် သတိလစ်သွားခဲ့သေးသည်။

ထို့နောက် မဝတ်ရည်အောင်ကို အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသခဲ့သော်လည်း ဒဏ်ရာအခံကြောင့် မကြာခဏ တက်ခြင်း၊ သတိလစ်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်ကာ အရေးပေါ်အခြေအနေအထိ ဖြစ်ပေါ်ခံစားခဲ့ရသည်။

ထို့နောက် ယ‌နေ့ ဇူလိုင်လ (၂၀) ရက်တွင် အဆိုပါ‌ဒဏ်ရာများဖြင့်ပင် အင်းစိန်ထောင်တွင်း၌ ကျဆုံးသွားပြီဖြစ်ကြောင်း နီးစပ်သူများက အတည်ပြုထားပြီး မဝတ်ရည်အောင်သည် ကျဆုံးချိန်တွင် အသက် (၂၅) နှစ်သာ ရှိသေးသည်။

- မင်းဘုန်း (စာတည်း - မောင်ဘိုး)

#စစ်ကြောရေးအတွင်းနှိပ်စက်ဒဏ်ရာများ #မဝတ်ရည်အောင် #ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ #အလုပ်အမှုဆောင် #မဝတ်ရည်အောင် #ထောင်တွင်းကျဆုံး
#ဆီသို့

-----

13/04/2025

လွမ်းနေကြေရောပေါ့

#ကျောင်းသင်္ကြန်

မြေငလျင်နှင့်မြွေအန္တရာယ်မြေငလျင်လှုပ်ပြီးနောက် မြွေတွေ၊တွားသွားတွင်းအောင်သတ္တဝါတွေအများအပြားထွက်လာနိုင်ပါတယ်။ မြေကြီးတွ...
29/03/2025

မြေငလျင်နှင့်မြွေအန္တရာယ်

မြေငလျင်လှုပ်ပြီးနောက် မြွေတွေ၊တွားသွားတွင်းအောင်သတ္တဝါတွေအများအပြားထွက်လာနိုင်ပါတယ်။

မြေကြီးတွေလှုပ်ရှားမှုကြောင့် သူတို့ရဲ့ပုန်းကွယ်နေတဲ့နေရာတွေ စားကျက်မြေတွေ ပျက်စီးဆုံးရှုံးမှူကြောင့် မြွေတွေထွက်လာပြီး

ပြိုကျထားသော အဆောက်အအုံတွေမှာ ပြန်လည်ခိုအောင်းနေနိုင်ပါတယ်။

*ဒါကြောင့်မို့ကယ်ဆယ်ရေးတွေလုပ်တဲ့အခါ
အိမ်တွေပြန်ရှင်းကြတဲ့အခါ ပစ္စည်းတစ်ခုခုကို မ မ ခင် သေချာစစ်ဆေးကြပါ။

*ခြေထောက်ချရာနေရာကိုဂရုစိုက်ကြပါ (ညအမှောင်မှာပိုပြီးသတိထားကြပါ) ဖြစ်နိုင်ရင် Rescue team တွေ တခြားသောကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ မြွေအစွယ်မပေါက်နိုင်လောက်သော ဖိနပ်ရှည်အထူများ၊လက်အိတ်များ၊ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း(မန္တလေး၊စစ်ကိုင်း၊နေပြည်တော်) တွင်အဓိကကျက်စားကြသော မန္တလေးအဆိပ်မှုတ်မြွေဟောက်များ အများအပြားထွက်လာနိုင်ပါတယ်။ အဆိပ်မှုတ်မြွေဟောက်တကောင်ဟာ သူအန္တရာယ်ရှိတယ်လို့ယူဆပါက သားကောင်ရဲ့မျက်လုံးတည့်တည့်ကို ခြောက်ပေအကွာခန့်လောက်ထိ အဆိပ်မှုတ်နိုင်ပါတယ်။
အဲ့ဒါကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ မြွေတွေ့တဲ့အခါ မျက်မှန်များတပ်ဆင်ဂရုပြုကြဖို့လိုပါတယ်။ မျက်လုံးကိုအဆိပ်မှုတ်ခံရပါက အရေးပေါ်အနေနဲ့ ရေသန့်နဲ့ အကြိမ်ရေများများ ဆေးကြောချဖို့လိုပါတယ်။

*မြက်တောတွေ ခြုံပုတ်နားတွေကို မကပ်ကြပါနဲ့

*အကောင်ကိုက်ခံရပြီထင်တာနဲ့ ဆေးကုသနိုင်သောနေရာကိုချက်ချင်းရှာဖွေပါ။ ရှေးဦးသူနာပြုစုနည်း အတိုင်း လိုက်နာဆောင်ရွက်ပါ။ ရှေးဦးသူနာပြုစုနည်း ကို မန့်မှာဖော်ပြပေးထားပါတယ်။

ငလျင်ဖြစ်ပေါ်နေသော ဒေသများ အကူအညီတောင်းခံသောပိုစ့်များကို Snakes of Myanmar မှာ လာရောက်တင်နိုင်ပါတယ် မြွေကိုက်ခံရသော ကိစ္စများနှင့် မြွေ ID များ သိလိုပါကလည်း လာရောက်မေးမြန်းနိုင်ပါတယ်။

Snake Of Myanmar Page မှ ကူးယူဖော်ပြပါသည်။

မြေငလျင်နှင့် မြွေအန္တရာယ်
https://www.facebook.com/share/p/18pgwExMiH/

ရှေးဦးသူနာပြုစုနည်း ပုံ
https://www.facebook.com/share/p/15MaijwkJf/

ရှေးဦးသူနာပြုစုနည်း video
https://www.facebook.com/share/v/15XJ6BsZvG/

မြွေကို.က်ခံရရင် ဘာတွေဆက်လုပ်ရမလဲ

https://www.facebook.com/share/p/18shW2wCWE/

https://www.facebook.com/share/p/15JVkoqM6H/

အရေးပေါ်ဖုန်းအားသွင်းဖို့လိုပါက အခမဲ့ ဖုန်းအားသွင်းနိုင်သောနေရာများ စုစည်းမှုPro Tech Care - ရန်ကုန် တာမွေhttps://www.fa...
29/03/2025

အရေးပေါ်ဖုန်းအားသွင်းဖို့လိုပါက အခမဲ့ ဖုန်းအားသွင်းနိုင်သောနေရာများ စုစည်းမှု

Pro Tech Care - ရန်ကုန် တာမွေ
https://www.facebook.com/share/p/1A3ZYMcHWg/

Great One အိမ်ခြံမြေ - ရန်ကုန် ရွှေပြည်သာ
https://www.facebook.com/share/p/1DePYAvLKF/

Nail House by Grace - ရန်ကုန် ရွှေပြည်သာ
https://www.facebook.com/share/p/15RCwf1McG/

ZZ Mobile Service & Training - ရန်ကုန် လှည်းတန်း
https://www.facebook.com/share/p/169dqTDes2/

Computer Doctor - ရန်ကုန် လှိုင်
https://www.facebook.com/share/p/12FwcBJ2m5n/

နဝရတ် ဆန်ဆီရောင်းဝယ်ရေး - ‌ရန်ကုန် မြောက်ဒဂုံ
https://www.facebook.com/share/p/197HgWPfpM/

Htun Brother Electronics - ရန်ကုန် ယုဇနဥယျာဉ်မြို့တော်
https://www.facebook.com/share/p/1ADJf5uHwd/

MIGT သင်တန်းကျောင်း - ရန်ကုန် ယုဇနဥယျာဉ်မြို့တော်
https://www.facebook.com/share/p/12KsQToxsLJ/

Real Choice မီးအားမြှင့်စက်ဆိုင် - ရန်ကုန် မြောက်ဥက္ကလာပ
https://www.facebook.com/share/p/1A9Z8frMJV/

မမပို - ရန်ကုန် တောင်ဥက္ကလာပ
https://www.facebook.com/share/p/19MTXNbt8T/

Little Bee Bakery - ရန်ကုန် တောင်ဥက္ကလာပ
https://www.facebook.com/share/p/199xTobbcJ/

Dear D'sert - ရန်ကုန် တောင်ဥက္ကလာပ
https://www.facebook.com/share/p/1DUM86qzMN/

Family Music Land - ရန်ကုန် တောင်ဥက္ကလာပ
https://www.facebook.com/share/p/1QemZCsZ2f/

Electronic City - ရန်ကုန် တောင်ဥက္ကလာပ
https://www.facebook.com/share/p/1NVA6sHsyt/

Flamingo Beauty Salon - ရန်ကုန် သင်္ဃန်းကျွန်း
https://www.facebook.com/share/p/18JTst9QMz/

Ringo Myanmar - ရန်ကုန် ဗိုလ်တထောင် ၊ လှည်းတန်း
https://www.facebook.com/share/p/1AYN9DoGpB/

Char Tate Mobile - ရန်ကုန် လှည်းတန်း
https://www.facebook.com/share/p/1BugAGjVSv/

Zaw Zaw Mobile Yangon - ရန်ကုန် မင်္ဂလာတောင်ညွန့်
https://www.facebook.com/share/p/16Ea3hvbrf/

AYCT Condo - ရန်ကုန် ဒဂုံဆိပ်ကမ်း
https://www.facebook.com/share/p/15bWHnpc6y/

Mobile Ayeyarwaddy - ရန်ကုန်
https://www.facebook.com/share/p/15E6UPbsij/

AUTO LIFE Car Service - မန္တလေး
https://www.facebook.com/share/p/1A4cRTsnP6/

Aye Myit Tar Store - ပဲခူး
https://www.facebook.com/share/p/12EYmadGetp/

ဦးတရုတ် Battery ဆိုင်ကယ် - ပဲခူး
https://www.facebook.com/share/p/1AXvqUiveD/

စွမ်းအားလျှပ်စစ် - ပဲခူး
https://www.facebook.com/share/p/1AShxEsHD6/

June အထည်ဆိုင် - ပဲခူး
https://www.facebook.com/share/p/1EuN5aCRE4/

အဆွေတော်-ကွမ်းဒိုင် - ပြည်
https://www.facebook.com/share/p/12GMQXExm3H/

A-One ဖိတ်စာဆိုင် - ပြည်
https://www.facebook.com/share/p/1EZkRsCzbm/

Sayargyi မူကထ - ပြည်
https://www.facebook.com/share/p/18sMfnG77G/

Golden Galaxy - ကစားကွင်း - ကျိုက်ထို
https://www.facebook.com/share/p/1BFRiYgkvQ/

စိန်ချယ်-စားသောက်ဆိုင် - လင်းခေး
https://www.facebook.com/share/p/18b33Ncd6Q/

အထင်ကရ မိုဘိုင်း - သာစည်
https://www.facebook.com/share/p/1697JEynWq/

Mobile City - သရက်မြို့
https://www.facebook.com/share/p/1EazGyDe5N/

အောင်မြင်သူ သင်တန်းကျောင်း - မကွေး
https://www.facebook.com/share/p/17L6u97YQg/

ဒေါ်လာလျှပ်စစ်ပစ္စည်းဆိုင် - မကွေး
https://www.facebook.com/share/p/1A5eHyq1ny/

Shwe Yi Win Mobile - သနပ်ပင်မြို့
https://www.facebook.com/share/p/14kpnuxqxQ/?mibextid=oFDknk

မိုးမခ Mobile - ပေါင်းတည်မြို့
https://www.facebook.com/share/p/15zr5VZbax/

ရုပ်စုံကမ္ဘာ - တောင်ငူ
https://www.facebook.com/share/p/18owT9Ev1u/

Heart Beat Restaurant - တောင်ကြီး
https://www.facebook.com/share/p/18t3orCjoF/

Moonlight Korea - အောင်ပန်း
https://www.facebook.com/share/p/1J7qokx2ps/

ရတနာ အလှပြင်ဆိုင် - စကုမြို့
https://www.facebook.com/share/p/19BEVKvgyR/

ဟိဏ်း မိုဘိုင်း - တပ်ကုန်းမြို့
https://www.facebook.com/share/p/1HTYTfoJk7/

AH Fashion - ကျိုက်ထိုမြို့
https://www.facebook.com/share/p/15gEgrScuG/

ရင်သွေးပီတိ ကျူရှင် - ကျုံပျော်မြို့
https://www.facebook.com/share/p/15Xo6zH7Ab/

အားသွင်းနိုင်တဲ့နေရာများ - ပုသိမ်
https://www.facebook.com/share/p/16H3RJ3r6P/

ထပ်မံ၍ ဖြည့်စွက်ပါမည်။

#ဖုန်းအားသွင်း #အရေးပေါ်အားသွင်း #ငလျင် #ငလျင်လှုပ် #မီးပြတ်

အယ် တမျိုးလေးနော်
27/03/2025

အယ် တမျိုးလေးနော်

Address

Future The DAGON , Cherry Street , Dagon University
Yangon
11422

Website

Alerts

Be the first to know and let us send you an email when Future The DAGON posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Future The DAGON:

Share