Lan Pya Kyel

Lan Pya Kyel Lan Pya Kyel (LPK), formerly known as TOP Center Myanmar, is a digital space dedicated to providing up-to-date HIV information and community support.

A nationwide community-led organization building a society in which marginalized population claim their rights and dignity and live healthy lives.

"ကျွန်မတို့ကို ကျွန်မတို့အဖြစ်နဲ့ပဲ ရှင်သန်ခွင့်လေးပေးပါ ''
04/05/2026

"ကျွန်မတို့ကို ကျွန်မတို့အဖြစ်နဲ့ပဲ ရှင်သန်ခွင့်လေးပေးပါ ''

"ကျွန်မတို့ကို ကျွန်မတို့အဖြစ်နဲ့ပဲ ရှင်သန်ခွင့်လေးပေးပါ

ဗေဒါတို့ရေ...

ကျမတို့ TG (အမျိုးသမီးကဲ့သို့ လိင်စိတ်ခံယူထားသူ) တွေရဲ့ ဘဝက ပြင်ပအလှအပတွေနဲ့ ဗေဒါပန်းလို ဝေဆာနေပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ "ခွဲခြားဆက်ဆံမှု" ဆိုတဲ့ အမှောင်ထုကြီးကို နေ့တိုင်း ရင်ဆိုင်နေရပါတယ်။

ကျွန်မတို့တွေလည်း လူပဲလေ။ လူရယ်လို့ဖြစ်လာပြီဆိုရင် ဆင်းရဲချမ်းသာမရွေး၊ သက်ကြီးသက်ငယ်မရွေး၊ ကျားမ မရွေး အားလုံးဟာ လွတ်လပ်ခွင့်ဆိုတဲ့အရာနဲ့ ထိုက်တန်ပါတယ်ရှင်။ ကျွန်မတို့ရဲ့ လိင်စိတ်တိမ်းညွတ်မှု၊ ဖြစ်တည်မှု ကိုလက်ခံပြီး စိတ်တိုင်းကျ နေချင်တာကလည်း အိပ်မက်တစ်မျိုးပါပဲ။ ဘယ်သူတွေက ဘယ်လိုပဲ လှောင်ပြောင်ပါစေ၊ ကိုယ့်ရဲ့ ဖြစ်တည်မှုဟာ လှပပြီးသားဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ၊ ရှင်တို့ တစ်ယောက်တည်း မဟုတ်ပါဘူး။ မဗေဒါနဲ့အတူ ရှင်တို့ကို နားလည်ပေးမယ့် အသိုင်းအဝိုင်းက အမြဲတမ်း ဘေးနားမှာ ရှိနေမှာပါ။

ဒါကြောင့် လိင်စိတ်ခံယူမှုကွဲပြားတာက သဘာဝသာဖြစ်ကြောင်း၊ ကျွန်မတို့ရဲ့ လုပ်နိုင်စွမ်း၊ကိုယ်ကျင့်တရား နဲ့ အရည်အချင်းတွေအပေါ် ထိခိုက်စေနိုင်မှာမဟုတ်ကြောင်းကို အတူတကွသက်သေပြသလိုက်ကြရအောင်ရှင်.....

#အမျိုးသမီးကဲ့သို့ လိင်စိတ်ခံယူထားသူ #မဗေဒါ

နာမည်တပ်ပြီးပြောပိုင်ခွင့်မရှိတဲ့ Relationshipမှာ ပိတ်မိနေပြီလား  (The Loop of Situationship)ချစ်သူတွေလိုမျိုး "Good Mor...
03/05/2026

နာမည်တပ်ပြီးပြောပိုင်ခွင့်မရှိတဲ့ Relationshipမှာ ပိတ်မိနေပြီလား (The Loop of Situationship)

ချစ်သူတွေလိုမျိုး "Good Morning" နဲ့ စပြီး "Good Night" နဲ့ အဆုံးသတ်တဲ့ နေ့ရက်တွေရှိပေမဲ့ ၊ တကယ်တမ်း "ငါတို့က ဘာလဲ" လို့ မေးလိုက်ရင် အဖြေပျောက်သွားတတ်တဲ့ အခြေအနေမျိုးကို တကယ်ပဲ စိတ်တိုင်းကျရဲ့လား ? ဒါဟာ Situationship ရဲ့ အပိုင်းကဏ္ဍထဲက တစ်ခုပါပဲ။

တခြားသူတွေနဲ့ မိတ်ဆက်ပေးတဲ့အခါမှာလည်း "သူငယ်ချင်း ၊ အသိမိတ်ဆွေပါပဲ" ဆိုတဲ့ စကားလုံးနောက်မှာ ကိုယ့်ရဲ့ ခံစားချက်တွေကို ဖျောက်ဖျက်ပစ်လိုက်ရတာမျိုးက အချိန်ကြာလာတာနဲ့အမျှ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။

အနီးဆုံးမှာ ရှိနေပေမဲ့ အဝေးကလူထက် ပိုစိမ်းကားတဲ့ အခိုက်အတန့်တွေက အချိန်ကြာလာတာနဲ့အမျှ Stress တစ်ခုအနေနဲ့ ဖြစ်လာပါတယ်။

တကယ်တော့ ရှင်းလင်းပြတ်သားမှုမရှိတဲ့ ဆက်ဆံရေးမှာ ပိတ်မိနေတာဟာ ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်တိုင် ဖြတ်တောက်နေတာနဲ့ တူတူပါပဲ။ကိုယ်ဟာ တစ်စုံတစ်ယောက်ရဲ့ အားလပ်ချိန်မှ သတိရရုံ သက်သက်မဟုတ်ဘဲ၊ သူတို့ရဲ့ အနာဂတ်တိုင်းမှာ မရှိမဖြစ်တဲ့ "ဦးစားပေး" ဖြစ်သင့်တယ်ဆိုတာကို သတိရပြီး ဒီထွက်ပေါက်မဲ့ လမ်းကလေးကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

ကိုယ်တိုင်ရော Situationship မှာ ပိတ်မိနေပြီလား ? ပိတ်မိနေတဲ့ သူငယ်ချင်းတွေအတွက်လည်း ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ဖို့အတွက် မျှဝေပေးသွားပါအုံနော် ။ ။

Source : Reddit

HIV နဲ့ပတ်သက်ပြီး အမှားနဲ့အမှန် &Fact     #လမ်းပြကြယ်
02/05/2026

HIV နဲ့ပတ်သက်ပြီး အမှားနဲ့အမှန်

&Fact #လမ်းပြကြယ်

အမျိုးသမီးကွန်ဒုံးကို ဈေးကွက်ထဲမှာကျယ်ကျယ်ပြန့်ပြန့် မတွေ့ရပေမယ့် လက်လှမ်းမှီတဲ့နေရာကနေ အမျိုးသားအချို့ အသုံးပြုလာကြတာတွ...
01/05/2026

အမျိုးသမီးကွန်ဒုံးကို ဈေးကွက်ထဲမှာကျယ်ကျယ်ပြန့်ပြန့် မတွေ့ရပေမယ့် လက်လှမ်းမှီတဲ့နေရာကနေ အမျိုးသားအချို့ အသုံးပြုလာကြတာတွေ့ရပါတယ်။

အမျိုးသမီးသုံးကွန်ဒုံးဟာ အမျိုးသားသုံးထက် သိသိသာသာ ပိုကြီးပြီး ပိုကျယ်ပါတယ်။ သူ့ရဲ့အကျယ်က ပျှမ်းမျှ ၇၅ မီလီမီတာ (၃ လက်မခန့်) အထိ ရှိတာကြောင့် ပုံမှန်ကွန်ဒုံးတွေထက် ၁ ဆခွဲနီးပါး ပိုကျယ်နေတာကြောင့် လ-ိင်တံဆိုဒ်ကြီးလွန်းတဲ့ အမျိုးသားအချို့အသုံးပြုလာကြပါတယ်။

အမျိုးသားအချို့က ဘာကြောင့်သုံးရလဲဆိုရင်တော့ "လွတ်လပ်မှု" ကြောင့်ပါ။လ-ိင်တံအရွယ်အစားကြီးလွန်းတာကြောင့် ပုံမှန်ကွန်ဒုံးတွေက အရမ်းကျပ်ပိတ်နေတယ်လို့ ခံစားရသူတွေ၊ ဒါမှမဟုတ် ရာဘာ (Latex) နဲ့ မတည့်သူတွေအတွက် အမျိုးသမီးသုံးမှာပါတဲ့ ပိုလီယူရီသိန်း (Polyurethane) သားက ပိုပြီး သက်သောင့်သက်သာရှိစေသလို၊ အပူချိန်ကိုလည်း ပိုမိုထိတွေ့ခံစားရစေလို့ ဖြစ်ပါတယ်။

ဒါပေမဲ့ သတိထားရမှာက အမျိုးသမီးကွန်ဒုံးရဲ့ ဒီဇိုင်းက မိန်းမကိုယ်အတွင်းပိုင်းမှာ ငြိမ်နေအောင် ပြုလုပ်ထားတာဖြစ်လို့ အမျိုးသားက စွပ်ပြီး သုံးတဲ့အခါ "ချော်ထွက်ဖို့" အခွင့်အလမ်း အလွန်များပါတယ်။ လိင်ဆက်ဆံနေစဉ် ချော်ထွက်သွားရင် အကာအကွယ်မဲ့သွားတာနဲ့ အတူတူပဲမို့ HIV / ကာလသားကူးစက်နိုင်ခြေရှိပါတယ်။

အမျိုးသမီးသုံးကွန်ဒုံးဟာ အမျိုးသမီးတွေအတွက် ကိုယ့်စိတ်တိုင်းကျ ရွေးချယ်မှုဆိုပေမယ့် ၊ ပိုကျယ်တဲ့ King Size အမျိုးသားသုံးကွန်ဒုံးတွေကိုသာ ရွေးချယ်တာက စိတ်ရောကိုယ်ပါ အလုံခြုံဆုံးဖြစ်မှာပါ။

( အမျိုးသမီးများအတွက် ကွန်ဒုံးကိုတော့ https://www.facebook.com/lanpyakyelprettygirl မှာ သွေးစစ်ဆေးရင်း အခမဲ့ရယူနိုင်ပါတယ်ခင်ဗျာ။ )

Booking တင်ရန် - - - https://forms.cloud.microsoft/r/6RUyZZMnTs

ဆက်သွယ်ရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#ကွန်ဒုံး #အခမဲ့

📌 HIV ကနေ AIDS ဖြစ်ဖို့ ဘယ်လောက်ကြာသလဲ?"HIV ပိုးရှိနေတာ သိပေမဲ့ ဆေးမသောက်ရင် ဘာဖြစ်မလဲ?“"ပိုးရှိမှန်း မသိဘဲ နေမိရင်ရော A...
30/04/2026

📌 HIV ကနေ AIDS ဖြစ်ဖို့ ဘယ်လောက်ကြာသလဲ?

"HIV ပိုးရှိနေတာ သိပေမဲ့ ဆေးမသောက်ရင် ဘာဖြစ်မလဲ?“

"ပိုးရှိမှန်း မသိဘဲ နေမိရင်ရော AIDS အဆင့်ကို ရောက်သွားနိုင်လား?“

ဒီမေးခွန်းတွေက လူတော်တော်များများ သိချင်နေကြတဲ့ မေးခွန်းတွေပါ။ HIV ပိုးဟာ ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ ကုသမှု မခံယူဘူးဆိုရင် ကိုယ်ခံအားစနစ်ကို တဖြည်းဖြည်း တိုက်ခိုက်ပြီး အဆိုးဆုံးအဆင့်ဖြစ်တဲ့ AIDS (အေအိုင်ဒီအက်စ်) ကို ရောက်ရှိသွားနိုင်ပါတယ်။
⏳ AIDS ဖြစ်ဖို့ ဘယ်လောက်ကြာတတ်သလဲ?

ဒီကြာချိန်က တစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး။ ကိုယ်ခံအား အခြေအနေပေါ် မူတည်ပြီး ပျမ်းမျှအားဖြင့် ၅ နှစ် ကနေ ၁၀ နှစ်အထိ ကြာမြင့်တတ်ပါတယ်။ တချို့သူတွေမှာ ဒီထက်ပိုမြန်နိုင်သလို၊ တချို့မှာတော့ ၁၀ နှစ်ထက် ပိုကြာတတ်ပါတယ်။

📉 AIDS အဆင့်ကို မရောက်ခင် ကြားထဲမှာ ဘာတွေဖြစ်တတ်လဲ?

AIDS ဆိုတာ ရုတ်တရက်ကြီး ဖြစ်လာတာ မဟုတ်ပါဘူး။ အဆင့် (၂) ဆင့်ကို အရင်ကျော်ဖြတ်ရပါတယ်။

၁။ ကနဦးအဆင့် (Acute Stage): ပိုးကူးစက်ခံရပြီး ပထမ ရက်သတ္တပတ် အနည်းငယ်အတွင်း ဖြစ်ပါတယ်။ တုပ်ကွေးလို လက္ခဏာပြတတ်ပြီး ခန္ဓာကိုယ်ထဲမှာ ပိုးကောင်ရေ အလွန်များနေတဲ့ အချိန်ပါ။

၂။ နာတာရှည်အဆင့် (Chronic Stage): ဒီအဆင့်မှာ ဘာလက္ခဏာမှ မပြဘဲ နှစ်နဲ့ချီပြီး ငြိမ်နေတတ်ပါတယ်။ ဒါကြောင့် လူတော်တော်များများက မိမိမှာ ပိုးရှိနေမှန်း မသိလိုက်ဘဲ AIDS အဆင့်ရောက်မှ သိကြရတာပါ။.

ဒါပေမဲ့ အခုခေတ်မှာ HIV ဟာ အရင်လို ကြောက်စရာကောင်းတဲ့ ရောဂါမဟုတ်တော့ပါဘူး။
စောစောသိလို့ ဆေးကုသမှု (ART) ကို စနစ်တကျ ခံယူမယ်ဆိုရင် AIDS အဆင့်ကို လုံးဝ (လုံးဝ) မရောက်အောင် တားဆီးထားနိုင်ပါတယ်။

ဆေးပုံမှန်သောက်လို့ ပိုးကောင်ရေ မတွေ့ရတော့တဲ့အဆ‌င့် (Undetectable) ရောက်ရင် သာမာန်လူတွေလိုပဲ အသက်ရှည်ရှည် ကျန်းကျန်းမာမာနေနိုင်သလို၊ လိင်မှတစ်ဆင့် တခြားသူကိုလည်း ပိုးမကူးစက်နိုင်တော့ပါဘူး။

"မသိလိုက်လို့ နောက်ကျသွားတာမျိုး မဖြစ်ရအောင် စောစောစီးစီး သွေးစစ်ကြည့်ဖို့ တိုက်တွန်းပါရစေ။"

Booking တင်ရန် - - - https://forms.cloud.microsoft/r/6RUyZZMnTs

ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#အခမဲ့ #လမ်းပြကြယ်

၂၀၂၆ခုနှစ် ၊ ဧပြီလ (၃၀) ရက် (ကြာသပတေးနေ့)ကဆုန်လပြည့်နေ့ နှင့် မေလ (၁) ရက် (သောကြာနေ့) အလုပ်သမားနေ့သည် ရုံးပိတ်ရက်ဖြစ်သော...
29/04/2026

၂၀၂၆ခုနှစ် ၊ ဧပြီလ (၃၀) ရက် (ကြာသပတေးနေ့)ကဆုန်လပြည့်နေ့ နှင့် မေလ (၁) ရက် (သောကြာနေ့) အလုပ်သမားနေ့သည် ရုံးပိတ်ရက်ဖြစ်သောကြောင့် လမ်းပြကြယ်ဆေးခန်းများအားလုံးပိတ်ပါသည်။

(၄.၅.၂၀၂၆) ရက်နေ့တွင် ဆေးခန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်ရရှိနိုင်မည် ဖြစ်ပါသည်။

Booking တင်ရန် - - - https://forms.cloud.microsoft/r/6RUyZZMnTs

ဆက်သွယ်ရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

နှုတ်ခမ်းမှာရေယုန်ပေါက်တိုင်း HIV ရှိနေတာ မဟုတ်သလို၊ HIV ရှိတိုင်းလည်း ရေယုန်ပေါက်တာ မဟုတ်ပါဘူး။ဒါပေမယ့် ရေယုန်ပေါက်တဲ့အ...
27/04/2026

နှုတ်ခမ်းမှာရေယုန်ပေါက်တိုင်း HIV ရှိနေတာ မဟုတ်သလို၊ HIV ရှိတိုင်းလည်း ရေယုန်ပေါက်တာ မဟုတ်ပါဘူး။ဒါပေမယ့် ရေယုန်ပေါက်တဲ့အခါမှာ HIV ပိုးရှိနေနိုင်မလားဆိုတဲ့ အတွေးတော့ အများစုမှာရှိတက်ကြပါတယ်။

လူအတော်များများမှာ ရေယုန် ရှိတတ်ပြီး ကိုယ်ခံအားကျခြင်း ၊ ဖျားခြင်း၊ စိတ်ဖိစီးခြင်းတို့ဖြစ်တဲ့အခါမှာ ပေါ်လာတတ်ပါတယ်။

အကယ်၍ HIV ပိုးကြောင့် ကိုယ်ခံအား အလွန်ကျဆင်းတဲ့အခါမှာလည်း ရေယုန်ပိုး ပိုကြွလာတတ်ပါတယ်။HIV ရှိသူအချို့မှာတော့ ရေယုန်နာဟာ ပိုကြီးခြင်း၊ ပိုနာခြင်းနှင့် ပျောက်ကင်းရန် အချိန်ပိုကြာခြင်းတို့ ဖြစ်တတ်ပါတယ်။

နှုတ်ခမ်းရေယုန်ပေါက်ရုံနဲ့တော့ စိုးရိမ်စရာမလိုပါဘူး ။

- ရေယုန် ခဏခဏ ပြန်ဖြစ်နေခြင်း။

- ဆေးသောက်သော်လည်း ၃ ပတ်ထက်ကျော်၍ မပျောက်ခြင်း။

- ကိုယ်အလေးချိန်ကျခြင်း၊ အကျိတ်ထွက်ခြင်း၊ ညဘက်ချွေးထွက်ခြင်း တို့ပါရှိနေရင်တော့ သွေးစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

HIV ရှိမရှိအတိအကျသိနိုင်မယ့် နည်းလမ်းကတော့ သွေးစစ်ကြည့်ခြင်းပါပဲ။ ။

Booking တင်ရန် - - - https://forms.cloud.microsoft/r/6RUyZZMnTs

09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#ရေယုန် #အခမဲ့ #ကာလသား

HIV နဲ့ပတ်သက်ရင် လူတော်တော်များများဟာ တစ်ငွေ့ငွေ့ဖျားတာ၊ အနီစက်တွေထွက်တာ၊ ရေယုန်ပေါက်တာ၊ ကိုယ်အလေးချိန်ကျတာ စတဲ့လက္ခဏာတွ...
26/04/2026

HIV နဲ့ပတ်သက်ရင် လူတော်တော်များများဟာ တစ်ငွေ့ငွေ့ဖျားတာ၊ အနီစက်တွေထွက်တာ၊ ရေယုန်ပေါက်တာ၊ ကိုယ်အလေးချိန်ကျတာ စတဲ့လက္ခဏာတွေကိုကြည့်ပြီး HIV ပိုးရှိနေပြီလို့ ထင်ကြေးပေးတတ်ကြပါတယ်။

ဒါဟာ မှားယွင်းတဲ့အယူအဆတစ်ခုပါ။❌

HIV ရဲ့ လက္ခဏာတွေဟာ တခြားရောဂါအတော်များများနဲ့ဆင်တူတာမို့ လက္ခဏာကြည့်ရုံနဲ့ အတည်မပြုနိုင်ပါဘူး။ ပိုးရှိ/မရှိကို သေချာသိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ “သွေးစစ်ဆေးခြင်း” ဖြစ်ပါတယ်။🩸💉

တကယ်လို့ မိမိမှာ “အကာအကွယ်မဲ့ ဆက်ဆံမှု” လို အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုခု ကြုံခဲ့ရပြီး Window Period (ကြားကာလ) ကို ကျော်လွန်ပြီးရင် မဖြစ်မနေသွေးစစ်ဆေးကြည့်ဖို့လိုပါမယ်။
ထင်ကြေးပေးပြီး အချိန်ဖြုန်းနေမဲ့အစား အမြန်ဆုံးသွေးစစ်ဆေးကြည့်လိုက်ပါနော်။💙
Booking တင်ရန် -

https://forms.cloud.microsoft/r/6RUyZZMnTs

ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#အခမဲ့ #သွေးစစ် #လမ်းပြကြယ်

ကျန်းမာရေးအတွက် သွေးစစ်ဖို့ လိုအပ်နေမှန်း သိပေမဲ့ ဆေးခန်းရှေ့ရောက်မှ လှည့်ပြန်သွားဖူးပါသလား? ဒါမှမဟုတ် တစ်ယောက်တည်း Onli...
25/04/2026

ကျန်းမာရေးအတွက် သွေးစစ်ဖို့ လိုအပ်နေမှန်း သိပေမဲ့ ဆေးခန်းရှေ့ရောက်မှ လှည့်ပြန်သွားဖူးပါသလား? ဒါမှမဟုတ် တစ်ယောက်တည်း Online မှာ ဆေးမြီးတိုတွေကို လေ့လာနေမိပါသလား?

တကယ်တော့ ဒါဟာ လူအတော်များများ ခံစားရတဲ့ Social Anxiety (လူမှုဆက်ဆံရေး စိုးရိမ်သောက) တစ်ခုဖြစ်ပြီး HIV လိုမျိုး အလေးထားရမယ့် ကျန်းမာရေးကိစ္စတွေမှာ ပိုပြီးစိုးရိမ်တက်ကြပါတယ်။

Social Anxiety ကို ဘယ်လို ထိန်းချုပ်မလဲ?

ကြိုတင်ချိန်းဆိုပါ - ဆေးခန်းမှာသာမန်ထပ်လူနည်းနိုင်တဲ့ အချိန်ကို မေးမြန်းပြီး Appointment(Online Booking) ယူထားခြင်းက ဆေးခန်းမှာ ကြာကြာထိုင်စောင့်ရတဲ့ စိတ်ဖိအားကို လျော့ကျစေပါတယ်။

ယုံကြည်ရသူတစ်ဦးကို ခေါ်သွားပါ - ကိုယ့်ရဲ့ စိုးရိမ်စိတ်ကို နားလည်ပေးနိုင်မယ့် သူငယ်ချင်း (သို့) မိသားစုဝင်တစ်ဦးဦး အဖော်ပါခြင်းက စိတ်ကို အများကြီး တည်ငြိမ်စေပါတယ်။

အာရုံလွှဲပါ - စောင့်ဆိုင်းနေစဉ်အတွင်း နားကြပ်တပ်ပြီး သီချင်းနားထောင်တာ (သို့) ဖုန်းထဲမှာ ဂိမ်းတစ်ခုခု ဆော့နေတာမျိုးက စိတ်သက်သာယာရစေပါတယ်။

ဒီလိုနည်းလေးတွေနဲ့ Social Anxiety ကို လျော့ချလို့ရပါတယ်။ ကျွန်တော်တို့ရဲ့လမ်းပြကြယ်ဆေးခန်းမှာလည်း ကျန်းမာရေးနဲ့ပတ်သတ်ပြီး Privacy ကိုအဓိကထား ဝန်ဆောင်မှုပေးတာကြောင့် Online Booking လေးကြိုတင်ပြီး လာရောက်စစ်ဆေးဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

Booking တင်ရန် - https://forms.cloud.microsoft/r/6RUyZZMnTs

ဆက်သွယ်ရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#ကလသား #အခမဲ့

ကွန်ဒုံးအိတ်ကို ဖောက်တဲ့အခါ ဘယ်နည်းလမ်းက အသင့်တော်ဆုံးလဲ ? အဖြေလေးကို မန့်သွားပေးအုံးနော်  !!!(A)  သွားနဲ့ပဲ အထာကျကျကိုက...
24/04/2026

ကွန်ဒုံးအိတ်ကို ဖောက်တဲ့အခါ ဘယ်နည်းလမ်းက အသင့်တော်ဆုံးလဲ ? အဖြေလေးကို မန့်သွားပေးအုံးနော် !!!

(A) သွားနဲ့ပဲ အထာကျကျကိုက်ဖောက်မယ် ၊

(B) ကပ်ကြေး (သို့) ဓားနဲ့ ညီညီလေးလေး ဖြတ်မယ် ၊

(C) လက်ချောင်းလေးတွေ သုံးပြီး အိတ်ပါအရာလေးအတိုင်း ညှင်သာစွာ ဖောက်မယ်

#ကွန်ဒုံး #ကာလသား #အခမဲ့

Booking တင်ရန် - https://forms.cloud.microsoft/r/6RUyZZMnTs

ဆက်သွယ်ရန် - 09-979020465 ၊ 09-880005924 ၊ 09-880005924 ၊ 09-977773428

HIV ကူးစက်ခြင်းမှ ကာကွယ်နိုင်တဲ့ အလေ့အထ (၆) ခု 💡HIV ဆိုတာ စနစ်တကျကာကွယ်မယ်ဆိုရင် မကူးစက်နိုင်တဲ့ ရောဂါပိုး ဖြစ်ပါတယ်။ ဒီ...
23/04/2026

HIV ကူးစက်ခြင်းမှ ကာကွယ်နိုင်တဲ့ အလေ့အထ (၆) ခု 💡

HIV ဆိုတာ စနစ်တကျကာကွယ်မယ်ဆိုရင် မကူးစက်နိုင်တဲ့ ရောဂါပိုး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ HIV ကူးစက်ခြင်းကနေ ကာကွယ်ဖို့ နေ့စဉ်လိုက်နာသင့်တဲ့ အလေ့အထ (၆) ခု ကို မျှဝေပေးလိုက်ပါတယ်။

၁။ အကာအကွယ်သုံးပြီး ဆက်ဆံခြင်း

လ-ိင်ဆက်ဆံတိုင်း ကွန်ဒုံးကို စနစ်တကျနဲ့ မှန်ကန်စွာ အသုံးပြုခြင်းက HIV ကူးစက်မှုကို ကာကွယ်နိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။

၂။ HIV/STI ပုံမှန်စစ်ဆေးခြင်း

မိမိမှာ ပိုးရှိ/မရှိ သိရှိနိုင်ဖို့ HIV/STI စစ်ဆေးမှုကို ပုံမှန်(၆ လတစ်ကြိုမ်) ပြုလုပ်ပြီး ကိုယ်တိုင်သာမက မိမိရဲ့ လ-ိင်ဆက်ဆံဖော်ကိုလည်း စစ်ဆေးဖို့ တိုက်တွန်းပါ။

၃။ လ-ိင်ဆက်ဆံဖော်အရေအတွက်ကန့်သတ်ခြင်း

လ-ိင်ဆက်ဆံဖော်အရေအတွက် များလာလေလေ HIV ကူးစက်နိုင်ခြေကလည်း မြင့်တတ်တာမို့ အရေအတွက်ကို ကန့်သတ်ထားခြင်းက အန္တရာယ်ကို လျော့ချပေးနိုင်ပါတယ်။

၄။ ချွန်ထက်တဲ့အသုံးအဆောင်များကို မျှဝေသုံးစွဲခြင်းမှရှောင်ကြဉ်ခြင်း

ဆေးထိုးအပ်၊ မုတ်ဆိတ်ရိတ်ဓား သို့မဟုတ် ထိရှလွယ်သော ဘယ်ပစ္စည်းကိုမဆို အခြားသူနဲ့ မျှဝေသုံးစွဲခြင်း မပြုလုပ်သင့်ပါ။

၅။ ကာကွယ်ဆေးများသောက်သုံးခြင်း

HIV ကူးစက်နိုင်ခြေရှိတဲ့ အခြေအနေတွေမှာ ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ပြီး PrEP (ကြိုတင်ကာကွယ်ဆေး) သို့မဟုတ် PEP (အရေးပေါ်ကာကွယ်ဆေး) ကို သောက်သုံးနိုင်ပါတယ်။

၆။ စနစ်တကျ ဆေးကုသမှုခံယူခြင်း

တကယ်လို့ မတော်တဆ HIV ပိုးကူးစက်ခံခဲ့ရရင်လည်း စောစီးစွာကုသမှုခံယူပြီး ART ဆေးကို စနစ်တကျသောက်ခြင်းက ကျန်းမာစွာနဲ့ သက်တမ်းရှည်စွာ နေထိုင်နိုင်စေပါတယ်။ဒါ့အပြင် U=U (Undetectable = Untransmittable) အခြေအနေ ဖြစ်ပါက အခြားသူကို လ-ိင်မှတစ်ဆင့် မကူးစက်နိုင်ပါ။

Booking တင်ရန် - https://forms.cloud.microsoft/r/6RUyZZMnTs

ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#လမ်းပြကြယ်

ART ဆေးတွေဟာ HIV ပိုးကို ထိန်းချုပ်ပေးပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ဆေးမှန်မှန်သောက်မှသာ HIV ပိုးအရေအတွက်ကို အ...
22/04/2026

ART ဆေးတွေဟာ HIV ပိုးကို ထိန်းချုပ်ပေးပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ဆေးမှန်မှန်သောက်မှသာ HIV ပိုးအရေအတွက်ကို အနည်းဆုံးအဆင့်မှာ ထိန်းထားနိုင်မယ်။ဆေးရပ်လိုက်ရင် ပိုးပြန်ပွားများပြီး ကိုယ်ခံအားကျဆင်းကာ AIDS အဆင့်ကိုရောက်နိုင်ပါတယ်။

🔹 ဆေးသောက်ရင် ဘာကောင်းကျိုးရမလဲ?
✔ HIV ပိုးကြောင့် နောက်ဆက်တွဲအခွင့်ရေးယူရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတယ်။
✔ ပုံမှန်လူတစ်ဦးလိုပဲ ကျန်းမာစွာနေထိုင်နိုင်မယ်။
✔ U=U ဖြစ်ရင် အခြားသူများကို လိင်မှတစ်ဆင့် HIV ပိုး မကူးစက်နိုင်တော့ဘူး (U=U - Undetectable = Untransmittable)။

💊 ဆေးမှန်မှန်သောက်ဖို့ အရေးကြီးပါတယ်!
ညွှန်ကြားချက်အတိုင်း အချိန်တိတိကျကျ သောက်ပါ။
ဆေးသောက်ပျက်ကွက်ရင် ဆရာဝန်နဲ့တိုင်ပင်ပါ။
ဘေးထွက်ဆိုးကျိုးရှိရင် ဆရာဝန်ကိုအကြောင်းကြားပါ။
HIV ရှိပေမယ့် ART ဆေးမှန်မှန်သောက်ပါက ပုံမှန်လူတစ်ဦးလိုပဲ ကျန်းကျန်းမာမာ အသက်ရှည်ရှည်နေနိုင်ပါတယ်။

Booking တင်ရန် - https://forms.cloud.microsoft/r/6RUyZZMnTs

ဆက်သွယ်ရန် - - - 09-979020465 ၊ 09-880005923 ၊ 09-977773428

#အခမဲ့

Address

No/397 A, Gandamar Myaing Street, Su Paung Ein Yar Ward, Thingangyun Township
Yangon
11071

Opening Hours

Monday 08:30 - 16:00
Tuesday 08:30 - 16:00
Wednesday 08:30 - 16:00
Thursday 08:30 - 16:00
Friday 08:30 - 16:00

Telephone

+959979020465

Alerts

Be the first to know and let us send you an email when Lan Pya Kyel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Lan Pya Kyel:

Share