BUC Student Voice

BUC Student Voice To the moon✨

ဒီနေ့ ကျောင်းက ပို့ပေးတဲ့ Zalattaw သို့ Daytrip သွားဖြစ်တာမှာ ကျောင်းသား/သူများရဲ့ အမှတ်တရပုံရိပ်များဘဲ ဖြစ်ပါတယ် Snap လ...
26/10/2025

ဒီနေ့ ကျောင်းက ပို့ပေးတဲ့ Zalattaw သို့ Daytrip သွားဖြစ်တာမှာ ကျောင်းသား/သူများရဲ့ အမှတ်တရပုံရိပ်များဘဲ ဖြစ်ပါတယ် Snap လေးတွေလည်းပါတာမို့လို့ အပြစ်မယူပဲ နေပေးကြပါလ်ို့ 😃❤

These are just memorable photos of the students from today’s day trip to Zalattaw organized by our school. There are also some casual snaps included, so please don’t take them too seriously 😃❤



မနေ့ကမှပြီးဆုံးသွားတဲ့ Private ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ကျွန်တော်တို့ ကျောင်းမှ ကျောင်းသား/သူများရဲ့ အမှတ်တရပုံရိပ်မ...
25/12/2023

မနေ့ကမှပြီးဆုံးသွားတဲ့ Private ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ကျွန်တော်တို့ ကျောင်းမှ ကျောင်းသား/သူများရဲ့ အမှတ်တရပုံရိပ်များပဲ ဖြစ်ပါတယ် Snap လေးတွေလည်းပါတာမို့လို့ အပြစ်မယူပဲ နေပေးကြပါလ်ို့ 😃❤

In the private multi-school competition (Elite Universities Games: The Master of Mind and Muscle) that ended yesterday, these are the memorable pictures of the students from our school.



Congratulations to all winners! 🎉❤ဒါကတော့ PUSU x Wow Sports မှ ကျင်းပတဲ့ Private ကျောင်းပေါင်းစုံ Elite Universities Gam...
24/12/2023

Congratulations to all winners! 🎉❤

ဒါကတော့ PUSU x Wow Sports မှ ကျင်းပတဲ့ Private ကျောင်းပေါင်းစုံ Elite Universities Games: The Master of Mind and Muscle ပွဲ နောက်ဆုံးဖိုင်နယ်မှာ အသီးသီးအနိုင်ရရှိခဲ့ကြတဲ့ British University College မှ ကျောင်းသား/သူတွေပဲ ဖြစ်ပါတယ်၊ အားလုံးအတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ် 🍻

ဒီနှစ် 8 Balls ကစားနည်းမှာ မိမိတို့ BUC ကျောင်းကပဲ ဆရာကြီး နှစ်ယောက်စလုံးဟာဆိုရင်ဖြင့် အခြားသော Private ကျောင်းအားလုံးကို အနိုင်ရရှိခဲ့ပြီး နှစ်ယောက်စလုံး Grand Final မှာ အချင်းချင်းပြန်လည်ယှဥ်ပြိုင်ခဲ့ရပါတယ် 😁😃 ဂုဏ်ယူစရာပါပဲ။

အနိုင်မရလိုက်တဲ့ ကျောင်းသား/သူတွေ အတွက်လည်းဖိုက်တင်းပါ။ နောက်အကြိမ်တွေမှာ အနိုင်ရပြီး ဆုကြီးတွေသိမ်းပိုက်နိုင်ကြပါစေ။ 💪

Congratulations လုပ်ပေးလိုက်ကြပါဦး 🥳


BUC ကျောင်းသား/သူ များထံသို့ - ယနေ့ PUSU - Private ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ကျတော်တို့ ကျောင်းသား/သူများအနေနဲ့ ဝင်ရေ...
23/12/2023

BUC ကျောင်းသား/သူ များထံသို့ -

ယနေ့ PUSU - Private ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ကျတော်တို့ ကျောင်းသား/သူများအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာမှာ 80% ခန့်က အုပ်စုကိုအနိုင်ရရှိပြီး မနက်ဖြန်ပွဲနောက်ဆုံးနေ့ဖြစ်တဲ့ Semi-Final မှာအရင်ဆုံးဝင်ရောက်ယှဥ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

အဲ့အတွက်ကြောင့် BUC က ကျောင်းသား/သူ များအနေဖြင့် မနက်ဖြန်မှာ မဖြစ်မနေ လာရောက်အားပေးဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။ ကျွန်တော်တို့ကျောင်းမှ အားပေးသူများမှာ တခြားသောကျောင်းနဲ့ယှဥ်ရင် အလွန်ကိုနည်းပါးနေတဲ့အတွက်ကြောင့် ကျောင်းသားများအနေနဲ့ မိမိတို့ကျောင်းမှသူများကိို လာရောက်အားပေးဖို့အတွက် တောင်းဆိုအပ်ပါတယ် ။

မနက်ဖြန် Semi-Final ကို Yangon United Sports Complex မှာ လာရောက်အားပေးကြပါဦးလို့.... 😎😊 လက်မှတ်မရှိလည်းရပါတယ်နော် အဓိကကကျောင်းသားကဒ်ပါရင်ကိုရပါပြီ။ ကျောင်းသားကဒ် မေ့ကျန်ခဲ့ပါကလည်း မိမိတို့ကျောင်းမှဖြစ်ကြောင်းပြောလိုက်ရင်ကိုရပါပီ ။

ကဲ မနက်ဖြန် နောက်ဆုံးရက်နော်..... 😃❤


Tomorrow!!! 😎✅😃
20/12/2023

Tomorrow!!! 😎✅😃

"Get Ready to Chill! ❄️🎉 Join us for Frosty Fiesta, jointly organised with James Cook University (Singapore Campus), our coolest event of the season! Embrace the winter wonderland vibes for everyone! Save the date: Frosty Fiesta with JCU and let the frosty festivities begin! ⛄️

There will be a free ice cream 🍨 for each student.

Date - 21 December 2023
Time - 11 AM to 4 PM
Venue - British University College, Building B - reception area.

"


BUC Students Vlogs Contest ပြိုင်ပွဲစပြီတဲ့နော်။ စိတ်ပါဝင်စားတဲ့သူတွေဝင်ရောက်ယှဥ်ပြိုင်နိုင်ပါပြီ 😎🎉ဆုကြေးအနေနဲ့ အမိုက်စ...
20/12/2023

BUC Students Vlogs Contest ပြိုင်ပွဲစပြီတဲ့နော်။ စိတ်ပါဝင်စားတဲ့သူတွေဝင်ရောက်ယှဥ်ပြိုင်နိုင်ပါပြီ 😎🎉

ဆုကြေးအနေနဲ့ အမိုက်စား ပထမဆုက ငါးသိန်း ၊ ဒုတိယဆုက သုံးသိန်း ၊ တတိယဆုက နှစ်သိန်းတဲ့နော် 😃 ဝင်ပြိုင်လိုက်ကြတော့... ရိုက်ကူးပြီး တင်မည့် Video များကို Marketing Team မှ Ko Pyae Phyo Oo ထံ အရင်ပြပြီးမှသာ တင်ပေးဖို့ လိုပါတယ်တဲ့ခဗျာ။

------------------------------------
What you will do-

- Shoot the VLOG Video that mostly featured BUC. (e.g Daily Activity at BUC / BUC Student Life etc.)

- Post your VLOG on your own facebook profile or page or page with the public.(Must shoot with BUC Uniform)

Must include , Tag BUC (I.E )

* VIDEO MUST BE WITHIN 1 MIN TO 2:30 MINS *

13/12/2023

School Prom 2023: Memorable video 👑

Video: Rangoon Frame
Location: Golden Inya Island

- students with BUC



School Prom 2023: Reflection in Romance These are memorable images from the "School Prom 2023: Reflections In Romance" e...
12/12/2023

School Prom 2023: Reflection in Romance

These are memorable images from the "School Prom 2023: Reflections In Romance" event, which was held for the first time by BUC Students.

This year's 2023 Prom King and Queen are Thu Rein Tint Zaw and Myat Mon Oo. 👑👑👑

We apologize for any inconvenience caused as the population (approximately 230 people attended) is larger than expected. Please understand and forgive us if we made any mistakes during the event. We successfully held the event on Dec 2nd 2023. Thank you all.

We will be uploading a commemorative video soon, so stay tuned. If there is any inconvenience in uploading your picture, you can come to the page chat box and ask them to delete it.

Photo: Rangoon Frame
Location: Golden Inya Island

- students with BUC



ကျွန်တော်တို့အနေနဲ့ Nov 24/25 နှစ်ရက်တည်းနဲ့ကိုတင် Tickets အစောင်ရေ တစ်ရာကျော်သွားပါပြီဗျာ။ 😭❤🙏 ဒါပေမယ့် ကျွန်တော်တို့က ...
26/11/2023

ကျွန်တော်တို့အနေနဲ့ Nov 24/25 နှစ်ရက်တည်းနဲ့ကိုတင် Tickets အစောင်ရေ တစ်ရာကျော်သွားပါပြီဗျာ။ 😭❤🙏 ဒါပေမယ့် ကျွန်တော်တို့က အစောင်ရေ နှစ်ရာအတိရောင်းချသွားမှာဖြစ်ပါတယ်။

ပြီးတော့ သတင်းကောင်းလေးရှိပါသေးတယ်!!!! 😶

Organizers တွေက နှစ်ရက်အတွင်းလာဝယ်တဲ့သူအရမ်းများလို့ဆိုပြီး ပရိုမိုးရှင်းကာလကျော်လွန်ပြီးသွားတာတောင်မှ နောက်ထပ် 15 ယော​က်ကိုပရိုမိုးရှင်း ထပ်ပေးဦးမယ်လို့ပြောလာပါတယ်ဗျာ။

ဒါပေမယ့် ဒီဟာက နှစ်ရက်ပါပဲနော်!!! ကျောင်းကလည်းပိတ်ထားတော့ ကျောင်းပိတ်တဲ့နှစ်ရက်လေးကို ​ပရိုမိုးရှင်းလုပ်ပေးတာပါဗျ ❤ ( အက်မင် D လည်း ပရိုမိုးရှင်းထပ်လုပ်ပေးဖို့ ဝိုင်းပြောပေးထားတာဆိုတော့ မုန့်ဝယ်ကျွေးဖို့တော့မမေ့ပါနဲ့ 😎 )

ပရိုမိုးရှင်းကာလကတော့ တနလာ်နေ့ ည 12 နာရီမှာအပီးပိတ်သွားမှာဖြစ်ပါတယ် Register ကြိုသွင်းထားပေမယ့်လည်းနောက်ကျမှပိုက်ဆံလွှဲရင်လည်း ပရိုမိုးရှင်းကာလထဲမှာအကြုံးဝင်မည်မဟုတ်ပါ ။

အဲ့နောက်ပိုင်းမှငွေသွင်းတဲ့သူရော အကုန်လုံး Single - 40000 / Couple - 65000 ဖြစ်သွားမှာပါဗျ 🤥

| We sold more than 100 tickets in just two days, Nov 24/25. But we will sell exactly two hundred copies. And there is good news!!!! The organizers said that there were too many people who came to buy within two days, and even after the promotion period had passed, they said that they would give the promotion to another 15 people. But this is two days!!! The school is also closed, so we are doing a promotion for the two days when the school is closed (Admin D has also told us to do another promotion, so don't forget to buy bread and feed us). The promotion period will close at 12:00 PM on Monday. Even if you register in advance, if you transfer money late, you will not be eligible for the promotion period. Those who deposit money after that will be Single - 40000 / Couple - 65000.

- BUC Student Voice

Prom Time Change 👑⏰********************ယခုကာလဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကြောင့် ကျွန်တော်တို့အနေနဲ့  မိဘများနဲ့ ကျောင်း...
22/11/2023

Prom Time Change 👑⏰
********************

ယခုကာလဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကြောင့် ကျွန်တော်တို့အနေနဲ့ မိဘများနဲ့ ကျောင်းသား/သူ များရဲ့ တောင်းဆိုချက်များအရ အချိန်လေးကို ပြောင်းရွှေ့လိုက်ပါတယ်။ ရက်တော့မပြောင်းပါဘူးခဗျ ကျွန်တော်တို့ ပွဲချိန်လေးကိုပဲ အရှေ့ကိုစောပြီးလုပ်ထားပါတယ်ဗျ။ ယခင် ​ဒီဇင်ဘာလ္ ၂ ရက်နေ့ ညနေ 5 နာရီ - 9 အထိကနေ ယခု ဒီဇင်ဘာလ ၂ ရက်နေ့ 3 နာရီ မှ 7 နာရီအတွင်းသို့ပြောင်းလိုက်ပါတယ်။ 🔥👀

ကျွန်တော်တို့အနေနဲ့ မနက်ဖြန်ကစပြီး ကြာသပတေး + သောကြာ + စနေအထိ သုံးရက်တိုင်တိုင် ကျောင်းမှာ တရားဝင်ခွင့်ပြုချက်ရပြီးပြီမို့လို့ Tickets တွေကို အခန်းထဲထိကိုလာပြီး ပရိုမိုးရှင်းစျေးနဲ့ လိုက်ရောင်းပေးမှာပါဗျ။ 🤔🤘မနက်ဖြန်တော့ Campus B မှာရှိနေပါမယ်ဗျ

အဲ့ဒါကြောင့်မို့လို့ Nov 25 လာမယ့်စနေနေ့ မတိုင်ခင်ပရိုမိုရှင်းစျေး Single 35000 / Couple 60000 နဲ့ရတုန်း အမြန်ဆုံးဝယ်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ် 🤩🥳❤️

လက်မှတ်ဝယ်ပြီး ကျွန်တော်တို့ရဲ့ Viber Group ထဲကိုမရောက်သေးရင်လည်း Chat box မှာလာပြောပေးပါနော် ☑

Prom Time Change
********************

Due to the current situation, we have moved the time according to the requests of parents and students. The date won't change, we just went to the east early for the event. From 5:00 PM to 9:00 PM on December 2nd, it has been changed to 3:00 PM to 7:00 PM on December 2nd.

Since we have received official permission from the school for three days from tomorrow to Thursday + Friday + Saturday, we will come to the room and sell tickets at a promotional price. We will be at Campus B tomorrow. That's why I encourage you to buy it as soon as possible before Saturday, Nov 25th, while you still have the promo price Single 35000 / Couple 60000.

If you haven't joined our Viber Group after buying a ticket, please tell us in the chat box.

- students with BUC

🔴 How to buy Tickets?

https://m.facebook.com/story.php?story_fbid=122108032484102650&id=61553079512581&mibextid=RtaFA8


ပွဲလက်မှတ်များကို စတင်ဝယ်ယူလို့ရပါပြီနော် 🎯😍ကျွန်တော်တို့အနေနဲ့ School Prom လက်မှတ်များကိုရောင်းချပေးဖို့အတွက် Ready ဖြစ...
15/11/2023

ပွဲလက်မှတ်များကို စတင်ဝယ်ယူလို့ရပါပြီနော် 🎯😍

ကျွန်တော်တို့အနေနဲ့ School Prom လက်မှတ်များကိုရောင်းချပေးဖို့အတွက် Ready ဖြစ်နေပါပြီ။ သူငယ်ချင်းတို့လည်း ပွဲအတွက် လက်မှတ်ဝယ်ဖို့ ရယ်ဒီဖြစ်နေပြီလား??? လက်မှတ်ပုံစံကတော့ရိုးရှင်းပါတယ် Single/Couple နှစ်မျိုးပဲရှိပါတယ်။

Single ကတော့ 35000 ဖြစ်ပြီး
Couple (နှစ်ယောက်စာအတွက်) ကတော့ 60000 ဖြစ်ပါတယ်ဗျ။

အပေါ်ကစျေးနှုန်းတွေက Promotion စျေးပါနော် 😍

Couple သမားတွေကတော့မိမိတို့ရဲ့ပါတနာဟာ အပြင်လူဖြစ်လည်းလက်ခံပါတယ်နော်။ ဒါပေမယ့် မိမိခေါ်လာတဲ့ပါတနာကို ကိုယ်တိုင်တာဝန်ယူပေးဖို့တော့လိုပါတယ်နော် 😎

လက်မှတ်များဝယ်ယူရန် 🔴

09 775 085 517
09 765 402 786
09 260 099 918
09 960 868 998
09 255 553 599
09 790 923 693

အစရှိတဲ့နံပတ်တွေနဲ့ Viber ကနေ မေးမြန်းဝယ်ယူနိုင်သလို Page chat box ကနေလည်းဝယ်ယူနိုင်ပါတယ်။

ငွေလွှဲဖို့အတွက် ငွေသားနဲ့လည်းရသလို Kpay / Wave ကနေလည်းလွှဲလို့ရပါတယ်ဗျ။ 💷💳💳💷 Kpay/Wave နဲ့ဆိုရင်တော့ ငွေလွှဲထားတဲ့ ss မှတ်တမ်းလေးတော့ပြပေးဖို့လိုပါတယ်ဗျ

လက်မှတ်ယူဖို့ရယ် / ငွေသားနဲ့ရှင်းမယ် ဆိုရင်တော့ ကိုယ်ဝယ်ယူထားတဲ့ Viber နံပတ်ကသူနဲ့သာ အဆက်အသွယ်လုပ်ပြီး နှစ်ဦးသား ရက်ချိန်းပြီး Tickets တွေကို ဝယ်ယူလို့ရပါတယ်။

ငွေလွှဲတဲ့အကောင့်မှာဆိုရင်တော့ အောက်ဖော်ပြပါအကောင့်နှစ်ကောင့်မှလွဲပြီး တခြားအကောင့်များ (လုံးဝ) လုံးဝလက်မခံပါဗျ။ အောက်ဖော်ပြပါအကောင့်နှစ်ကောင့်ကိုသာလွှဲပေးဖို့ပဲ မေတ္တာရပ်ခံအပ်ပါတယ်။ ❤✔

Kpay = 09960868998
( Linn Lett )

Wave = 09765402786
( Yoon Thiri Kyaw )

လက်မှတ်တွေကိုအမြန်ဆုံးဝယ်ယူထားဖို့လိုပါတယ်နော်။ Nov 25 ကစပြီးလက်မှတ်စျေးများမှာ ပုံမှန်စျေး Single 40000/ Couple 65000 ပြန်ဖြစ်မှာမို့ ကြိုတင်ဝယ်ယူထားဖို့ ပြောချင်ပါတယ်ဗျ။ 😍😍😍

🔴 Rules and regulations:

- No refunds will be issued for ticket loss or broken tickets
- We kindly request you to arrive 15 minutes before the event
- Late entry permitted till 5:30
- Attendees under legal drinking age will have limitation on the consumption of alcohol
- Must dress up accordingly to the dress code


School Prom 2023 | REFLECTIONS IN ROMANCE 👑❤အားလုံးစောင့်နေကြတဲ့အတိုင်း School Prom 2023 ကတော့ ရောက်ရှ်ိလို့လာပြီဖြစ်ပါတ...
12/11/2023

School Prom 2023 | REFLECTIONS IN ROMANCE 👑❤

အားလုံးစောင့်နေကြတဲ့အတိုင်း School Prom 2023 ကတော့ ရောက်ရှ်ိလို့လာပြီဖြစ်ပါတယ်။ ဒီပွဲလေးမှာ ကျွန်တော်တို့အနေနဲ့ အမိုက်ဆုံး အခမ်းအနားအစီအစဥ်တွေနဲ့အတူ ပြုလုပ်ပေးသွားမှာဖြစ်လို့ ဆက်ဆက်လာရောက်ဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။ အရင်ဆုံးအနေနဲ့ အားလုံး မေးချင်နေကြမယ့် မေးခွန်းတွေကို ဖြေသွားပေးပါ့မယ် ။

1) ဒီအစီအစဥ်မှာဘာတွေပါလဲ? 🎯

ဟုတ်ကဲ့၊ School Prom ဆိုတဲ့အတိုင်း ကျွန်တော်တို့ Romantic Dance ကတော့မပါမဖြစ်ပါပဲ ပြီးတော့ Food Buffet နဲ့ Cocktail Buffet တို့ပါပါတယ်🥂🍽 နောက်ပြီး Music Band နဲ့အတူ အားလုံးနားဆင်ခံစားလို့လည်းရပါသေးတယ် BUC မှကျောင်းသား/သူတွေလည်းဖျော်ဖြေမှာပါခင်ဗျာ။ အဲ့ဒါအပြင်ကိုမှ Slow Dance + Match Making အပြင် တခြားသော Activities ပေါင်းများစွာလည်းကျန်ရှိနေပါသေးတယ်။ 🤸‍♂️🤸‍♀️

နောက်ဆုံးအနေနဲ့ ရှယ်ပလန်နှစ်ခုလည်းကျန်ရှိပါသေးတယ် ဒါတွေကဘာလဲဆိုတော့ King/Queen/Prince/Princess Selection တွေအပြင် Best Dressed Award 👑 ဆုများကိုလည်းထည့်သွင်းပေးထားပါသေးတယ် နောက်ဆုံးအချိန်မှာတော့ လူငယ်တွေတော်တော်များများ ကြိုက်နှစ်သက်ကြမယ့် DJ အစီအစဥ်များကိုလည်း ဒီပွဲလေးထဲမှာထည့်သွင်းပေးထားပါတယ်။ 🎹

2) ဒီပွဲကဘယ်နေ့ဘယ်ချိန်မှာလုပ်မှာလဲ? 🎯

ဟုတ်ကဲ့ ပုံမှာပြထားတဲ့အတိုင်းပါပဲ ကျွန်တော်တို့ ဒီဇင်ဘာလ ၂ ရက်နေ့ စနေနေ့ ညနေ ငါးနာရီကနေစပြီး ညကိုးနာရီအထိကို ရှယ် ကျင်းပသွားမှာပါ။

3) နေရာကရော? 🎯

နေရာကတော့ Golden Inya မှာပါ။ နေရာမသိတဲ့သူတွေအတွက်လည်းစိတ်မပူပါနဲ့ ကျွန်တော်တို့အနေနဲ့ Map ထည့်ပေးထားတာမို့ အောက်က link လေးကိုဝင်ပြီးကြည့်ရှုနိုင်ပါတယ်။ ဒီမှာလွဲနေမှာတစ်ခုက Inya Lake မဟုတ်ပါဘူးခဗျ ။ အဲ့အနီးအနားမှာပါပဲ။ ( နောက်ထပ်ပို့စ်တွေမှာလည်း နေရာအသေးစိတ်ကိုတင်ပေးသွားပါမယ် )

https://maps.app.goo.gl/A6SApQVwRVXJL8R9A

4) လက်မှတ်စျေးကရော? 🎯

ဟုတ်ကဲ့ လက်မှတ်စျေးကတော့ တစ်ယောက် Single ဆို 35000 ပါဗျ ။ Couple ဆိုရင်တော့ နှစ်ယောက်လုံးမှ 60000 ပဲကျသင့်မှာဖြစ်ပါတယ်။

5) ဘာလို့ Single စျေးကပိုများနေတာလဲ? 🎯

ဘာလို့များနေရတာလဲဆိုတော့ Single တွေ၊ အထီးကျန်နေတဲ့သူတွေအပြင် တစ်သက်စာ FA တွေက ပွဲရောက်ပြီးမှ ရည်းစားတွေဘာတွေ ​ရသွားနိုင်တာမျိုးလည်းရှိတာမို့ single ကအမြတ်ပိုများနေပါတယ်နော် 😶

6) Promotion တွေဘာတွေမရှိဘူးလား? 🎯

ဟုတ်ကဲ့ အခုလောလောဆယ်ရောင်းချနေတာတွေအကုန်လုံးက ပရိုမိုးရှင်းပါပဲ ကျွန်တော်တို့ 25 Nov ​ကစပြီး လက်မှတ်စျေးနှုန်းတွေကို Single 40000 / Couple 65000 ဆိုပြီးပြောင်းမှာမို့လို့ လက်မနှေးပဲ အမြန်ဆုံးကြိုတင်ဝယ်ယူထားဖို့တော့လိုပါတယ်နော် ☑🔴

7) လက်မှတ်ကဘယ်လိုဝယ်ရမလဲ? 🎯

လက်မှတ်ဝယ်ချင်တယ်ဆိုရင်တော့ 09765402786, 09960868998 - Viber ကနေလည်းမေးမြန်းနိုင်သလို အခုပေ့ချ်ကနေလည်းဝယ်ယူနိုင်ပါတယ်။

8) ဘယ်လိုတွေငွေပေးချေလို့ရလဲ? 🎯

ဟုတ်ကဲ့ ငွေသားနဲ့လည်းရှင်းလို့ရသလို wave pay, kpay ကနေလည်းရှင်းလို့ရပါတယ်။ ဒါပေမယ့် အကနဲ့​ငွေရှင်းတာကိုတော့ ကျွန်တော်တို့အနေနဲ့ လက်မခံသေးဘူးပါခဗျ 💆‍♂️

Wave - 09765402786
Kpay - 09960868998 (Linn Lett)

ကျွန်တော်တို့အနေနဲ့ လက်မှတ်တွေကိုလည်း မနက်ဖြန်ကနေစပြီး စတင်ရောင်းချပေးသွားမှာဖြစ်လို့ လူကိုယ်တိုင်ဖြစ်ဖြစ် ပေ့ချ်ကနေပဲဖြစ်ဖြစ် လာရောက်ဝယ်ယူနိုင်ပါပြီ။

( Private ဖြစ်တာမို့ လူဦးရေအကန့်အသတ်လေးတော့ရှိပါတယ်ခဗျ လက်မှတ်မကုန်ခင် အမြန်ဆုံးဝယ်ယူပေးဖို့အတွက်မေတ္တာရပ်ခံအပ်ပါတယ် )

Address

Yangon
11211

Alerts

Be the first to know and let us send you an email when BUC Student Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to BUC Student Voice:

Share