Empower My Yangon

Directions

Empower My Yangon နွေးထွေးသော လက်များဖြင့် ဖေးမကူညီရန် My Yangonမှ အသင့်ရှိနေပါသည်

ပညာရေးသည် ကလေးများ၏ အနာဂတ်ကို ပုံဖော်ပေးနိုင်သည့် အရေးပါဆုံးအခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်ပါသည်။ 📚ကျောင်းသား၊ ကျောင်းသ...
26/08/2026

ပညာရေးသည် ကလေးများ၏ အနာဂတ်ကို ပုံဖော်ပေးနိုင်သည့် အရေးပါဆုံးအခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်ပါသည်။ 📚

ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်ပြီး ထိရောက်သော သင်ယူမှုပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ Empower My Yangon မှ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အနောက်အုတ်ကျင်းကျောင်းတိုက် (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) သို့ စာရေးကိရိယာများ၊ ခုံတန်းများ၊ Solar System နှင့် အခြားလိုအပ်သော အထွေထွေပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။

ပံ့ပိုးကူညီမှုတစ်ရပ်ချင်းစီသည် ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူခွင့်နှင့် ပညာရေးအခွင့်အလမ်းများကို ပိုမိုတိုးတက်ကောင်းမွန်စေပြီး ၎င်းတို့၏ အနာဂတ်အတွက် အလင်းရောင်တစ်စင်း ဖြစ်လာစေနိုင်မည်ဟု ယုံကြည်ပါသည်။ 🤝

လူငယ်များ၏ အနာဂတ်ကို ပိုမိုတောက်ပစေရန် ပညာရေးကဏ္ဍတွင် အတူတကွ ဆက်လက်ပံ့ပိုးကြပါစို့။ 💙

အလှူဆိုတာ ပေးကမ်းခြင်းတစ်ခုတည်းမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် မျှဝေပြီး နွေးထွေးမှုတွေ ဖန်တီးပေးနိုင်တဲ့ အခွင့်အရေးတစ်ခုလည်...
25/08/2026

အလှူဆိုတာ ပေးကမ်းခြင်းတစ်ခုတည်းမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် မျှဝေပြီး နွေးထွေးမှုတွေ ဖန်တီးပေးနိုင်တဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ 🤍

Empower My Yangon မှ ရင်ခွင်သစ်ဂေဟာကလေးငယ်လေးများအတွက် နို့မှုန့်၊Diaper နှင့် ကလေးကစားစရာပစ္စည်းများမျှဝေလှူဒါန်းရင်း သူတို့ရဲ့ ရိုးရှင်းတဲ့အပြုံးလေးတွေကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ အနည်းငယ်မျှဝေလိုက်ခြင်းကနေ တစ်စုံတစ်ယောက်ရဲ့နေ့ရက်ကို ပိုမိုကောင်းမွန်စေနိုင်တယ်ဆိုတာ ဒီနေ့မှာ ထပ်မံခံစားခဲ့ရပါတယ်။ 🥹

ကောင်းမွန်တဲ့အရာတွေကို အတူတူမျှဝေပြီး ပိုမိုနွေးထွေးတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို အတူတူတည်ဆောက်ကြပါစို့။ 🤝🤍

ကလေးငယ်တွေရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ကျန်းမာသန်စွမ်းတဲ့ အနာဂတ်အတွက် "Empower My Yangon" မှတစ်ဆင့် ဂရုဏာဂ...
24/08/2026

ကလေးငယ်တွေရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ကျန်းမာသန်စွမ်းတဲ့ အနာဂတ်အတွက် "Empower My Yangon" မှတစ်ဆင့် ဂရုဏာဂေဟာသို့ Dumex နို့မှုန့်များနှင့် Diaper များကို သွားရောက်လှူဒါန်းခဲ့ပါတယ် 🤝✨

တစ်ဦးချင်းစီရဲ့ သေးငယ်တဲ့ အလှူလေးတွေက ကလေးတွေရဲ့ ဘဝအတွက် ကြီးမားတဲ့ အထောက်အကူနဲ့ အပြုံးတွေကို ဖန်တီးပေးနိုင်ပါတယ်။ ပါဝင်ကူညီပေးကြသူများနဲ့ အလှူရှင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ကလေးတွေရဲ့ တောက်ပတဲ့ အနာဂတ်အတွက် ဆက်လက်ပြီး ချစ်ခြင်းမေတ္တာတွေ မျှဝေပေးသွားပါဦးမယ် ❤️🌟

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် “EMPOWER MY YANGON” ပရဟိတအသင်းမှ ထန်းတပင်မြို့နယ်၊ကောက်ကွေ့ကျေးရွာရှိ အခြေခံပညာမူလတန...
23/08/2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် “EMPOWER MY YANGON” ပရဟိတအသင်းမှ ထန်းတပင်မြို့နယ်၊ကောက်ကွေ့ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သော ကျောင်းသုံးပစ္စည်းများ၊ရေစည်/စင်နှင့်ရေသန့်စက်အစရှိသည့် အထွေထွေအထောက်အပံ့များကို လှူဒါန်းခဲ့ပါတယ်။

ပညာရေးသည် ကလေးများ၏ အနာဂတ်အတွက် အရေးကြီးသောအခြေခံဖြစ်သည့်အတွက် ယခုအစီအစဉ်မှတစ်ဆင့် ကလေးငယ်များ၏ ပညာသင်ယူမှုကို အထောက်အကူပြုနိုင်စေရန်ရည်ရွယ်ပါသည်။

Solar လမ်းမီးတိုင်များ လှူဒါန်းခြင်း~~~~~~~~~~~~~~~~~~~~~~~~ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဝါးရ...
20/11/2025

Solar လမ်းမီးတိုင်များ လှူဒါန်းခြင်း
~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဝါးရုံစွန်းကျေးရွာအုပ်စု၊ ဝါးရုံစွန်းကျေးရွာလမ်းမကြီး လမ်းဘေးတွင် Solar လမ်းမီးတိုင် (၃၂) တိုင် လှုဒါန်းပြီး ရွာသူ ရွာသားများအား မုန့်ဟင်းခါးစတုဒီသာ ကျွေးမွေး လှူဒါန်းခဲ့သော အမှတ်တရ ဓာတ်ပုံများအား သာဓု ခေါ်ဆိုနိုင်ရန် မျှဝေပေးလိုက်ပါတယ် 🙏


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Empower My Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share