HIV ကာလသား prevention treatment တိုက်ဖျက်ရေး

  • Home
  • Myanmar
  • Yangon
  • HIV ကာလသား prevention treatment တိုက်ဖျက်ရေး

HIV ကာလသား prevention treatment တိုက်ဖျက်ရေး HIV/ကာလသား သိလိုရာမေး

PEP (Post Exposure Prophylaxis) ဆေးနှင့် ဆောင်ရန်၊ ရှောင်ရန်များ....ဆောင်ရန်အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှု၊ ကာကွယ်မှုနည်း...
01/04/2025

PEP (Post Exposure Prophylaxis) ဆေးနှင့် ဆောင်ရန်၊ ရှောင်ရန်များ....

ဆောင်ရန်

အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှု၊ ကာကွယ်မှုနည်း
လမ်းများနှင့် ကူးစက်နိုင်ချေဆန်းစစ်မှုများ
အရင်ဆုံး ဆွေးနွေးပေးရပါမယ်၊

အနည်းဆုံး ဆေး (၃)မျိုး ပါဝင်ရပါမယ်၊
(ဆေးအဟောင်းထက်စာရင် ဆေးအသစ်
ကိုပိုပြီး ရွေးချယ်သင့်ပါတယ်)

ထိတွေ့မှုဖြစ်ပြီး (၇၂)နာရီအတွင်းသောက်
ရမှာဖြစ်ပေမယ့် စောနိုင်သမျှ စောသောက်
တာက ပိုပြီး ကာကွယ်မှုကောင်းပါတယ်၊

ဆေးရနိုင်ဖို့ အခက်အခဲ ရှိတဲ့နေရာတွေမှာ
(၇၂)နာရီထက် နာရီပိုင်း နောက်ကျတာမျိုး
ဖြစ်ရင်လည်း ဆေးရဲ့အာနိသင်ကို ရရှိနိုင်
ပါတယ်၊ (ဆေးအပေါ် မူတည်ပါတယ်)

ဆေးသောက်နေစဥ် (၂၈)ရက်တာကာလ
အတွင်းမှာ ဆေးဝယ်ယူထားတဲ့ နေရာနဲ့
အဆက်အသွယ် ရှိနေရပါမယ်၊
(လိုအပ်ရင် ဆေးပြောင်းပေးရမှာပါ)

နေ့စဉ်အချိန်မှန် သောက်နိုင်ဖို့ရန်အတွက်
အချိန်တစ်ချိန် သတ်မှတ်ထားရပါမယ်၊
(ဆေးသောက်ဖို့ အဆင်ပြေတဲ့အချိန်ပါ)

ဆေးသောက်မေ့သွားတာ၊ အချိန်နောက်ကျ
သွားတာမျိုးဖြစ်ရင် ဆေးရယူထားတဲ့နေရာ
ကို ဆက်သွယ်ပြောပြရပါမယ်၊
(လိုအပ်တဲ့ လမ်းညွှန်မှုအချိန်မှီလုပ်ရပါမယ်)

ဆေးကုန်တဲ့အချိန်မှာ သွေးစစ်ဖို့ရန်အတွက်
ဆေးရယူတဲ့ နေရာမှာပဲ နှစ်သိမ့်ဆွေးနွေးမှု
ခံယူပြီး လမ်းညွှန်ချက်အတိုင်း သွေးစစ်ပါ၊

ရှောင်ရန်

ဆေးသောက်နေစဥ် (၂၈)ရက်တာကာလမှာ
အကာအကွယ်မဲ့ လိင်ဆက်ဆံမှုရှောင်ပါ၊
(မလွှဲမရှောင်သာရင် အကာအကွယ်သုံးပါ)

အရက်ဘီယာနဲ့ ဆေးသောက်ချိန်ကို အချိန်
တစ်ခုခြားရမှာဖြစ်ပြီး တတ်နိုင်ရင်မသောက်
တာက အကောင်းဆုံးပါ၊
(ဆေးအာနိသင်ထိခိုက်တာ မဖြစ်နိုင်ပေမယ့်
အရက်မူးလို့ ဆေးသောက်မေ့သွားတာ၊ဆေး
သောက် ပျက်ကွက်သွားတာမျိုးဖြစ်နိုင်လို့ပါ)

တခြားဆေးတွေ သောက်နေရတာမျိုးရှိရင်
ဆေးအပေါ်မူတည်ပြီး အချိန်ခြားရတာမျိုး
တွေ ရှိပါတယ်၊
(ဆေးရယူတဲ့နေရာမှာ ပြောပြပြီးမေးပါ)

ဆေးကုန်တဲ့အချိန်မှာ သွေးစစ်ဖို့ မလုပ်ဘူး
ဆိုတာမျိုးတော့ ရှောင်ကြဥ်ရပါမယ်၊
(အနည်းဆုံး တစ်ကြိမ်တော့စစ်ရပါမယ်)
PEP နှင့်ပက်ပီး အထွေထွေမေးမြန်းလိုပါက

📱09450929973 ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်










#အိပ်ချ်အိုင်ဗွီပိုးကာကွယ်ဆေး
#အိပ်ချ်အိုင်ဗွီပိုးကာကွယ်မှု

18/01/2025

လိင်ဆက်ဆံခြင်းမှ HIV ပိုး ကူးစက်မခံရစေဖို့
အိပ်၊ စား၊ ကာမ ဆိုတာ လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါနေတဲ့ အရာတွေပါ။ ကာမ ကိစ္စနဲ့ ပတ်သက်လာရင်လည်း လူတိုင်းက ကာမသုခကို အပြည့်အဝ ခံစားချင်ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့နောက်က ကပ်ပါလာနိုင်တဲ့ HIV လို ရောဂါပိုးတွေ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေတော့ လိုချင်ကြမယ် မထင်ပါဘူးနော်။ ခုဆောင်းပါးမှာတော့ HIV ပိုးကို ထိရောက်စွာ ကာကွယ်ပေးနိုင်မယ့် နည်းလမ်း ၃ ခု အကြောင်း ရှင်းပြပေးချင်ပါတယ်။

၁။ ကွန်ဒုံး အသုံးပြုခြင်း
လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ကွန်ဒုံးကို စနစ်တကျ အသုံးပြုတာပါပဲ။ ကွန်ဒုံးတွေကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ၉၅ ရာခိုင်နှုန်းအထိ ထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။ ကွန်ဒုံးနဲ့ ပတ်သက်ပြီး စိတ်ချရတဲ့ ကွန်ဒုံးကို ရွေးချယ်ဝယ်ယူတဲ့အခါ

သက်တမ်း ကုန်ဆုံးနေတဲ့ ရက်လွန် ကွန်ဒုံးတွေကို မဝယ်ယူရပါဘူး

ဝယ်မယ့် ကွန်ဒုံးက ကိုယ့်ပစ္စည်းနဲ့ ကွက်တိဖြစ်လောက်မယ့် အရွယ်အစားမျိုးသာ ဖြစ်ရပါမယ်

ကွန်ဒုံးအထုတ်က ဖြဲထားတာ၊ ချောဆီတွေ စိမ့်ထွက်နေတာမျိုး မရှိရပါဘူး

ကွန်ဒုံးကို အရမ်းပူလွန်းတဲ့ နေရာတွေမှာ မထားရပါဘူး၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း မရှိရပါဘူး

ဘောင်းဘီအိတ်ကပ်၊ ပိုက်ဆံအိတ်၊ လွယ်အိတ်တွေထဲမှာ အကြာကြီး သိမ်းပြီး ဆောင်တာမျိုးတော့မလုပ်ပါနဲ့

အသုံးမပြုခင်မှာ
ကွန်ဒုံးမှာ ပေါက်နေတာ၊ ပြဲနေတာမျိုး ရှိမရှိ သေချာစစ်ပါ

အနံ့က အောက်သိုးသိုးအနံ့ ဖြစ်နေရင် အသုံးမပြုပါနဲ့

ချောဆီတွေ ခမ်းခြောက်ပြီး ခြောက်ကပ်ကပ်ကြီး ဖြစ်နေရင် အသုံးမပြုပါနဲ့

အသုံးပြုမယ့်နေ့မှာ နောက်ဆုံးသက်တမ်းကုန်မယ့် နေ့ကို တစ်ချက်ပြန်စစ်ပါ

မှန်ကန်စွာ ဘယ်လိုအသုံးပြုမလဲ ဆိုရင်
ကွန်ဒုံးထည့်ထားတဲ့ အထုတ်ကို သတိထားပြီး ဖွင့်ပါ။ သွားနဲ့ ကိုက်ဖွင့်လိုက်တာ၊ ကပ်ကြေးနဲ့ ညှပ်တာမျိုးမလုပ်ပါနဲ့။ အခန့်မသင့်ရင် ကွန်ဒုံးပါ ပေါက်ပြီးပြဲသွားနိုင်ပါတယ်။

ကွန်ဒုံးကို မစွပ်ခင်မှာ ပေါက်ပြဲနေတာ၊ ထိခိုက်မှု တစ်စုံတစ်ရာ ရှိ၊ မရှိ အရင်စစ်ဆေးပါ။

ကွန်ဒုံးရဲ့ ဖုဖောင်းနေတဲ့ ထိပ်ကလေးကို လက်မနဲ့ လက်ညှိုးဖြင့် ဖိထားပါ။ အဲ့ဒီထိပ်က လိင်ဆက်ဆံပြီးတဲ့အခါ ထွက်လာမယ့် သုက်ရည်တွေကို အပြင်မထွက်အောင် သိမ်းဆည်းထားဖို့ပါ။

ထောင်မတ်နေတဲ့ လိင်တံထိပ်ကနေ ကွန်ဒုံးအနားသားတွေကို အောက်ကို ဖြည်းဖြည်းချင်း လိပ်ဆွဲပါ။ ဆွဲလို့ အဆင်မပြေတာ၊ အရမ်းကျပ်နေတာ၊ ဆွဲနေရင်းနဲ့ ပြဲသွားတာဆိုရင် လွှင့်ပစ်ပြီး အသစ်တစ်ခု ယူသုံးပါ။

ထိခိုက်ပွန်းပဲ့မှု နည်းစေဖို့နဲ့ ထိုးသွင်းဆက်ဆံတာ ပိုလွယ်သွားအောင် ရေအခြေပြု (Water-based) ချောဆီနည်းနည်းကို ကွန်ဒုံးအပြင်ဘက်ကို သုတ်လိမ်းထားပါ။

သုက်လွှတ်ပြီးသွားချိန် လိင်တံမပျော့သွားခင် အမြန်ဆွဲထုတ်ပြီး ကွန်ဒုံးကို လွှင့်ပစ်ပါ။ လိင်တံပျော့သွားတဲ့အခါ စွပ်ထားတဲ့ ကွန်ဒုံးက ချောင်ပြီး အပြင်ကို ကျွတ်ထွက်သွားနိုင်သလို သုက်ရည်တွေပါ စိမ့်သွားနိုင်တာကြောင့်ပါ။

ကွန်ဒုံးကို ဆွဲချွတ်တဲ့အခါ ထိပ်နားကို လက်နဲ့ထိန်းပြီး ကျန်လက်တစ်ဖက်ဖြင့် ဖြည်းဖြည်းချင်း ဆွဲချွတ်ပေးရပါမယ်။

ပြီးတာနဲ့ သုက်ရည်တွေကို အပြင်ဘက် မဖိတ်ကျအောင် သေချာဂရုစိုက်ပြီး အမှိုက်ပုံးထဲ ကွန်ဒုံးကို ပစ်လိုက်ရုံပါပဲ။

နောက်ထပ်နည်းလမ်းကတော့ ကွန်ဒုံးအသုံးပြုရတာ မကြိုက်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။ ဒီနည်းလမ်းကတော့ ကြိုတင်ကာကွယ်တဲ့ ဆေး (PrEP) နဲ့ အရေးပေါ် ကာကွယ်ဆေး (PEP) တို့ပဲ ဖြစ်ပါတယ်။ မကောင်းတဲ့အချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ ဒီဆေးတွေက ရှာရခက်သလို အတုအပတွေ ပေါနိုင်ပါတယ်။ အရေးပေါ် ကာကွယ်ဆေး (PEP) ကတော့ ဆေးရုံကြီးတွေမှာ သွားရောက် စစ်ဆေးပြသပြီး လိုအပ်မှသာ ဆရာဝန်က ထုတ်ပေးမှာဖြစ်ပါတယ်။

PrEP ဆေးဆိုတာဘာလဲ။
ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။

အဓိကကတော့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။

HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ သောက်ပေးရတာဖြစ်ပါတယ်။

နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး ကာကွယ်မှုအာနိသင်အမြင့်ဆုံးကို ရောက်ဖို့ ဆေးသောက်တာ အနည်းဆုံး ၇ရကျ ရှိဖို့ လိုအပ်ပါတယ်။

နေ့တိုင်း PrEP ဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက် မနည်း လျှော့ချပေးနိုင်ပါတယ်။

ဆေးထိုးအပ်မျှဝေသုံးစွဲရာမှ HIV ကူးစက်နိုင်ခြေကိုတော့ ၇၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။

မူးဝေတာ၊ အော့အန်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆေးသောက်ကာစအချိန်မှာ တွေ့ရတတ်ပါတယ်။

ဆေးပညာကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ တရားဝင် PrEP ဆေးဝါးတွေကို သုံးစွဲတာက ပိုထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။

PrEP ဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ လိုပါတယ်။

ဒီဆေးဟာ HIV ကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။

၃လခြား တစ်ခါ HIV ပိုးရှိ၊ မရှိကို သွေးစစ်ကြည့်ဖို့ လိုပါတယ်။

PEP ဆေးကို ဘာအတွက် သောက်တာလဲ။
Post-exposure prophylaxis လို့ အမည်ရတဲ့ PEP ဆေးဟာ အရေးပေါ် သောက်ရတဲ့ HIV ပိုးကာကွယ်ဆေးဖြစ်ပါတယ်။

ကိုယ့်မှာတော့ HIV ရောဂါပိုးမရှိဘူး။ ဒါပေမယ့် HIV ရှိတယ်လို့ သံသယဖြစ်ရတဲ့ သူတစ်ယောက်နဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိတဲ့အခါ ဒီဆေးကို အရေးပေါ်အနေနဲ့ သောက်ဖို့ လိုပါတယ်။

လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်မှ ဆေးရဲ့ အာနိသင်ကို အပြည့်အဝခံစားရမှာဖြစ်ပါတယ်။

အထူးသဖြင့် အလိုမတူဘဲ အဓမ္မပြုကျင့်ခံရပြီးနောက် HIV ပိုး ကူးစက်ခံရခြင်းမဖြစ်စေဖို့ PEP ဆေးကို စောနိုင်သမျှ အစောဆုံး သောက်ပေးရပါမယ်။

PrEP ဆေးလိုပဲ မူးဝေတာ၊ အော့အန်တာ၊ ခေါင်းမူးတာ၊ ကိုယ်လက်မအီမသာဖြစ်တာ အစရှိတဲ့ ဓာတ်မတည့်လက္ခဏာတချို့ကို တွေ့ရတတ်ပါတယ်။

ဒီဆေးကို သောက်ဖို့အတွက် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ဒီဆေးတွေက သေချာသောက်မယ်ဆိုရင် HIV ပိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပေမယ့် တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ လိင်အင်္ဂါကြွက်နို့၊ ဂနို၊ ကာလသားရောဂါတွေ၊ အရေပြားပြဿနာတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ဘေးကင်းအန္တရာယ်ရှင်းစွာ လိင်ဆက်ဆံနိုင်ဖို့ အမျိုးသား ဒါမှမဟုတ် အမျိုးသမီးက ကွန်ဒုံးအသုံးပြုဖို့ အကြံပေးလိုက်ချင်ပါတယ်။

လမ်းပြကြယ်ဆေးခန်း Hiv ကာလသား(sti)
TBအခမဲ့စစ်ဆေးပေးခြင်း PrEP Art & condom jelအခမဲ့ဖြန့်ဝေပေးခြင်း

လိပ်စာ တာမွေ မေတ္တာညွှန့်ရပ်ကွက် စက်မှု၃လမ်း
Hotel 72ဘေး လိုင်းကားလမ်းညွှန် (YBS 25 24 75 95 63 9 118 76 93 144 59 114 110) ဈေးလေးမှတ်တိုင်(သံသုမာလမ်း) ဆုံမှတ်မူကထဆိုင်ဘေးလမ်း ဈေးလေးရောက်လျင်ဆက်သွယ်ရန် 09986205407

ရောဂါအကြောင်းဆွေးနွေးတိုင်ပင်လိုလျင် ph & viber no 09986205407 နှင့် telegram no 09687472452 သို့ဆက်သွယ်နိုင်ပါတယ်။

#သတိပေးချက် စနေ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ဆေးခန်းပိတ်ပါတယ်။

ဆေးခန်းလိပ်စာ

တာမွေမြို့နယ်၊ရန်ကုန်မြို့။ မန်းလေးမြို့။

ဆက်သွယ်ရန်
ဖုန်း 09986205407or (viber)
သွေးစစ်ဖို့မမေ့ပါနဲ့နော်
လိင်မှတစ်ဆင့်ကူးစက်တတ်သော
Hiv ကာလသား ပိုးများကို အကာအကွယ်သုံးခြင်း
ဖြင့်ကာကွယ်နိုင်ပါတယ်
Hiv ကို ကာကွယ်ရန် prepဆိုတော့ ကာကွယ်ဆေးကို
သောက်သုံးပေးလို့ရပါတယ်
ကာလသားကိုတော့ ကွန်ဒုံးစနစ်တကျ
သုံးကာ ကာကွယ်နိုင်ပါတယ်
Hivရှိပါက Artပိုးထိန်းဆေးကို သောက်သုံးကာ
သာမာန်လူလို နေထိုင်နိုင်ပါသည်

HivကာလသားTbပိုးများ
အခမဲ့စစ်ရန် prep ART အခမဲ့ယူရန်
ကွန်ဒုံးနှင့်ချောဆီ အခမဲ့ရယူရန်
အကိုတို့ အမတို့ ကျနော့်ဖုန်း
Viber 09986205407
သို့ဆက်သွယ်ကာ အခမဲ့၀န်ဆောင်မှု
ရယူနိုင်ပါသည်။

တာမွေ ရန်ကုန် မန်းတလေး Monday to Friday ပါ


゚viral

08/12/2024

သွေးစစ်ဖို့မမေ့ပါနဲ့နော်
လိင်မှတစ်ဆင့်ကူးစက်တတ်သော
Hiv ကာလသား tb ပိုးများကို
အကာအကွယ်သုံးခြင်း
ဖြင့်ကာကွယ်နိုင်ပါတယ်
Hiv ကို ကာကွယ်ရန် prepဆိုတော့ ကာကွယ်ဆေးကို
သောက်သုံးပေးလို့ရပါတယ်
ကာလသားကိုတော့ ကွန်ဒုံးစနစ်တကျ
သုံးကာ ကာကွယ်နိုင်ပါတယ်
Hivရှိပါက Artပိုးထိန်းဆေးကို သောက်သုံးကာ
သာမာန်လူလို နေထိုင်နိုင်ပါသည်

HivကာလသားTbပိုးများ
အခမဲ့စစ်ရန် prep ART အခမဲ့ယူရန်
ကွန်ဒုံးနှင့်ချောဆီ အခမဲ့ရယူရန်
အကိုတို့ အမတို့ ကျနော့်ဖုန်း
09986205407
09687472452
Viber 09986205407
သို့ဆက်သွယ်ကာ အခမဲ့၀န်ဆောင်မှု
ရယူနိုင်ပါသည်။

တာမွေ ရန်ကုန် မန်းတလေး Monday to Friday ပါ


03/12/2024

ခဏခဏဆက်သွယ်မေးမြန်းနေကြတဲ့ ကာလသားရောဂါအကြောင်းလေးဝေမျှပေးချင်ပါတယ်ဗျ။

ကာလသားရောဂါက ကူးစက်ခံရပြီး နှစ်ပတ်လောက်အကြာမှာ သွေးစစ်ရင်အဖြေသိနိုင်သလို ရောဂါလက္ခဏာလဲ ပြပါတယ်(မပြတဲ့အခါလဲရှိတတ်ပါတယ်)

ကာလသားရောဂါ ကူးစက်ခံရပြီဆို များသောအားဖြင့် လက္ခဏာတွေက....

1.ဂနိုကျမယ်(လိင်တံကပြည်လိုအညစ်ကြေးယိုတာစိမ့်တာမျိုး ၊ဆီးပူဆီးအောင့်တာမျိုး ၊အနံ့ဆိုးထွက်မယ်၊လိင်တံနာကျင်တာမျိုးဖြစ်မယ်)

2.လိင်အင်္ဂါမှာကြွက်နို့ (သိူ့) ရေယုန်ပေါက်မယ်

3.လက်ဖဝါး မှာအနီစက်လေးတွေထွက်လာပြီး ရက်ဆက်ဖျားတာမျိုး လိင်တံတစ်ဝိုက် ယားနာလိုအဖုလေးတွေထွက်တတ်တယ်

ဒီလက္ခဏာတွေဟာ ကာလသားကူးစက်ခံရပြီဆိုတာနဲ့ အများဆူံးဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေပါပဲ။
အမျိုးသားရော အမျိုးသမီးမှာပါ အဆိုပါလက္ခဏာတွေဖြစ်ကြပါတယ်။

ဒီလက္ခဏာတွေခံစားနေရပြီဆိုရင် ကျွန်တော်တို့ အသိပေးချင်တာတစ်ခုက သွေးစစ်ဖို့ပါပဲ
ဖြစ်ဖြစ်ချင်း သိသိချင်းမှာ ကုသမှုခံယူခြင်းဟာ အထိရောက်ဆူံးနဲ့အကောင်းဆူံးပါပဲ
သာမန်ဆေးမီးတိုနဲ့ ကုသလို့ သက်သာပျောက်ကင်းသွားတယ်ဆိုတာမရှိပါဘူး ခဏတာမြုံသွားတာမျိူး ဆေးအရှိန်ကြောင့် ငြိမ်သွားတာမျိုးပဲဖြစ်ပါတယ်။ ဒါကြောင့်ဖြစ်ပြီဆိုတာနဲ့ သိတတ်ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ကုသမှုခံယူခြင်းကသာအကောင်းဆုံးသောနည်းလမ်းပါ။

ကုသမှုအပိုင်းနဲ့ပတ်သတ်ပြီး အမေးများတာကတော့ (ကာလသားဆေးလဲထိုးပြီးပြီ.. ဆေးလဲသောက်ပြီးပြီ..ဘာလို့ခဏခဏစစ်တိုင်းပြန်ပေါ်နေရတာလဲ? ) ဒီမေးခွန်းကို client. တော်တော်များများက သိချင်ကြတယ် စိုးရိမ်ကြတယ်။
ဟုတ်ကဲ့ သွေးစစ်ပြီးမိမိမှာကာလသားရှိပြီဆိုတာနဲ့ ကုသမှုခံယူဖို့ ဆေးထိုး (သို့) ဆေးသောက် မိမိအဆင်ပြေရာရွေးချယ်နိုင်ပါတယ်....
ဆရာဝန်က ဆေးထိုးဆေးသောက်ရပ်လို့ရပြီဆိုတဲ့အနေထားမှာ စိတ်ချလို့ပါပြီ။
တစ်နှစ် (သို့) နှစ်နှစ်လောက်မှာပျောက်ကင်းပါတယ်ဗျ။
အဲ့အတောတွင်းမှာတော့ ကာလသားက ဘယ်ချိန်စစ်စစ်ပေါ်နေတတ်ပါတယ် စိုးရိမ်ကြီးပြီး သွေးခဏခဏစစ်တော့အသားနာတာပဲရှိပါတယ် အချိန်တစ်ခုတော့စောင့်ရပါလိမ့်မယ်ဗျ။

အဲ့တော့မိမိမှာ ကာလသားရောဂါနဲ့ပတ်သတ်ပြီး သံသယရှိနေပြီဆိုရင် သွေးစစ်ပါ။ ကာလသားရောဂါလက္ခဏာပြနေပြီဆိုတာနဲ့ HIV ရောဂါကိုပါ သံသယဝင်စရာဖြစ်တာမို့
HIV / ကာလသား နှစ်မျိူးလုံးစစ်သင့်ပါတယ်ဗျ

စစ်ဆေးကုသမှုများအတွက်လဲ အခမဲ့ဝန်ဆောင်မှုကို ကျွန်တော်တို့ဆေးခန်းမှာ လာရောက်ရယူနိုင်ပါပြီ။

prep အခမဲ့ထုပ်ပေးခြင်း
ကွန်ဒုံးနှင့် ဂျယ် အခမဲ့ပေးခြင်း
အခမဲ့သွေးစစ်ပေးခြင်း
အခမဲ့ကုသပေးခြင်း
သိလိုသမျှ ဆွေးနွေးအကြံပြုပေးခြင်း
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ Privacy ကိုအထူးစောင့်ထိန်းပေးခြင်း...ကို အလေးနက် ဝန်ဆောင်မှုပေးနေတာမို့

09986205407 or viber ကိုဆက်သွယ်ပြီးလာရောက်စစ်ဆေးနိုင်သလို သိလိုသမျှမေးမြန်းနိုင်ပါတယ်ခင်ဗျာ။



HIV ပိုးနဲ့ AIDS  ရောဂါ အကြောင်းHIV နှင့် AIDSHIV  ဆိုတာလူ့ခန္ဓာကိုယ်ထဲမှာအသက်ရှင်နေထိုင်ပြီးလူ၏ ကိုယ်ခံစွမ်းအားစနစ်ကိုဖ...
15/11/2024

HIV ပိုးနဲ့ AIDS ရောဂါ အကြောင်း

HIV နှင့် AIDS
HIV ဆိုတာလူ့ခန္ဓာကိုယ်ထဲမှာအသက်ရှင်နေထိုင်ပြီးလူ၏ ကိုယ်ခံစွမ်းအားစနစ်ကိုဖျက်ဆီးသောဗိုင်းရပ်စ်ပိုးတမျိုးဖြစ်သည်။လူတယောက် HIV ပိုးကူးစက်ခံရတဲ့ အခါ ဆေးဝါးကုသမှု မခံယူပါကHIVပိုးကြောင့် ကိုယ်ခံအားစနစ် ပျက်စီးလာပြီး ခန္ဓာကိုယ်မှ (၀မ်းပျက်၀မ်းလျှောခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ တစ်လထက်ပို၍ ဖျားခြင်းစသောရောဂါလက္ခဏာအမျိူးမျိုးကိုခံစားလာရသည်။ ထိုသို့ ခုခံအားကျဆင်းသည့် ရောဂါလက္ခဏာစုကို AIDS ဟုခေါ်သည်။
ဘယ်သူတွေ HIV ပိုးကူးစက်နိုင်ပါသလဲ။
အန္တရာယ်များတဲ့ အမူအကျင့်ရှိတဲ့ ဘယ်သူမဆိုဒီဗိုင်းရပ်စ်ပိုးကူးစက်နိုင်ပါတယ်။အဆင်အတန်းမရွေး၊ အသက်အရွယ်မရွေး၊ပညာအရည်အချင်းမရွေး၊ လူမျိုးစုံကိုကူးစက်နိုင်ပါတယ်။HIV ပိုးရှိသောမိခင်မှ မွေးကင်းစကလေးငယ်တွေဆီကူးစက်ခံရတာလည်းရှိနိုင်တယ်။

HIV ပိုးဘယ်လိုကူးသလဲ။
 သွေး ( HIV ပိုးရှိ၊ မရှိမစစ်ဆေးပဲသွင်းမိခြင်း)
 ဆေးထိုးအပ် (ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း)
 အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း( ကွန်ဒုံးမပါ)
 HIV ပိုးရှိသောမိခင်မှ ကလေးသို့ (ကိုယ်၀န်ဆောင်ချိန်၊ မီးပွားချိန်၊ နို့တိုက်ချိန်)

HIV ပိုးရှိမရှိဘယ်လိုသိနိုင်မလဲ။
HIV ပိုးရှိ၊ မရှိအပြင်ပုံပန်းသဏ္ဍန်၊လက္ခဏာတွေနဲ့ လုံး၀မသိနိုင်ပါ။
သွေးစစ်ကြည့်မှ သိနိုင်ပါတယ်။ရောဂါပိုးကူးစက်ခံရပြီးနောက် ကြားကာလ (Window Period) သုံးလကြာပြီးမှ သွေးထဲမှာပိုးရှိမရှိပေါ်ပါတယ်။
ဒါ့ကြောင့် သွေးစစ်လို့ ပိုးမရှိဘူးအဖြေထွက်တိုင်းလည်းစိတ်မချရသေးပါဘူး။ နောက်ထပ် သုံးလအကြာမှာ ပြန်စစ်ကြည့်ဖို့ လိုပါလိမ့်မယ်။

လမ်းပြကြယ်ဆေးခန်း Hiv ကာလသား(sti)
TBအခမဲ့စစ်ဆေးပေးခြင်း PrEP Art & condom jelအခမဲ့ဖြန့်ဝေပေးခြင်း

ရောဂါအကြောင်းဆွေးနွေးတိုင်ပင်လိုလျင် ph/viber no 09755080577ဆက်သွယ်နိုင်ပါတယ်။

#သတိပေးချက် စနေ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်မ​ျားတွင်ဆေးခန်းပိတ်ပါတယ်။

HIVပိုးနှင့်ပတ်သက်၍ အခြေခံများ၁။HIVသည် ပိုးအမည် AIDSသည်ရောဂါအမည်ဖြစ်သည်။HIV= human immunodeficiency virusAIDS= Acquired ...
11/11/2024

HIVပိုးနှင့်ပတ်သက်၍ အခြေခံများ

၁။HIVသည် ပိုးအမည် AIDSသည်ရောဂါအမည်ဖြစ်သည်။
HIV= human immunodeficiency virus
AIDS= Acquired Immune Deficiency Syndrome

၂။ HIVအတွက် အဖြစ်သင့်ဆုံးနှင့် ကျန်းမာရေးဌာနများHIV expertsများမှထောက်ခံထားသော ဆေးစစ်နည်းမှာ ELISA methodဖြင့် antibody testကိုစစ်ခြင်းဖြစ်သည်။

အမှားကျူးလွန်မိသောရက်ကို
မမှတ်မိပါက ပထမတစ်ကြိမ်သွေးစစ်ပါ။ ၃လခြား၍ နောက်တစ်ခါသွေးထပ်စစ်ပါ။ နှစ်ခါလုံး negativeဆိုလျှင် သင့်မှာ HIV အကူးမခံရပါ။ ခြားသော ၃ လအတွင်းအန္တရာယ်ရှိသော အပြုအမူ ဘာမှ မလုပ်ရပါ။ ဤ ၃ လကာလသည် စစ်မှန်သော window periodစောင့်ဆိုင်းကာလဖြစ်သည်။

အမှားကျူးလွန်မိသောရက်ကို အတိအကျမှတ်မိပါက
ထိုရက်မှရေတွက် ၃ လပြည့်သောနေ့မှာသွေးတစ်ကြိမ်တည်းစစ်ပါ။ non-reactiveဟုအဖြေထွက်လျှင်negativeဟုသတ်မှတ်ပါ။ ယင်း စောင့်ဆိုင်း ၃လအတွင်း အမှားထပ်မလုပ်ပါနှင့်။

၃။ window period 6လသည် ကမ္ဘာ့နိုင်ငံအများအပြားတွင်ပင်လက်မခံခဲ့သော ခေတ်နောက်ကျနေပြီဖြစ်သော ကာလဖြစ်သည်။ ၂၀၀၀ ခုနှစ်၀န်းကျင်က အခြေအနေတွင် ၆ လစောင့်ဆိုင်းခိုင်းသည်။ ယခု ၃ လနှင့်ပင်စိတ်ချနိုင်သည်။

၄။ ၆လစောင့်ရမည့်သူများမှာကိုယ်အင်္ဂါအစားထိုးကုသထားသူများ organ transplants,ကင်ဆာဆေးပြင်းများကိုသောက်နေရသူများ chemotherapy cases နှင့် မူးဟ
ယစ်ဆေးအကြောထဲထိုးသွင်းလေ့ရှိသူများ chronic IV drug usersများဖြစ်သည်။

၅။ p24 antigen only test သည် ၂၈ရက်သို့မဟုတ် ၁ လအကြာတွင်စစ်မှသာ mostly reliable result များစွာယုံထိုက်သော အဖြေအဖြစ်ယူဆနိုင်သည်။

၆။ HIVပိုးအများဆုံးရှိသော အရည်မှာ သွေးနှင့်သွေးရည်ကြည်ဖြစ်သည်။ ယောကျာ်းသုက်ရည်နှင့် မိန်းမကိုယ်မှထွက်သောအရည်တို့တွင် ဒုတိယအများဆုံးပါသည်။ လိင်ကိစ္စမပြီးခင်စိမ့်ထွက်သော အရည်precum တွင်လည်း HIVပါသဖြင့် အထဲပြီးပြီးမပြီးပြီးကူးနိုင်သည်။

၇။ ချွေးနှင့်တံတွေးတို့မှ HIV ကူးစက်လေ့မရှိပါ။

၈။အကာအကွယ်မဲ့ စအိုဖြင့်လိင်ဆက်ဆံခြင်း(ခံရသူက ပိုအလားအလာများ)လုပ်သူမှာလည်း ကူးနိုင်ချေဒုတ်ိယပြင်းထန်သည်။ခံသူထက်တော့လျော့သည်။
အကာအကွယ်မဲ့ ကျား-မ အင်္ဂါသုံးကူးစက်ခြင်း ကကူးစက်မှုတတိယလိုက်သည်။ ယောကျာ်းမှ မိန်းမကို ပိုကူးတတ်သည်။

၉။ ပါးစပ်ဖြင့်ဆက်ဆံခြင်းသည် theory အရကူးစက်သည်ဟုဆိုထားသော်လည်းလက်တွေ့ကူးစက်ခြင်း documented caseခိုင်ခိုင်မာမာပြနိုင်ခြင်းမျိုးရှိသည်မရှိပါဟူ၍အယူအဆကွဲလွဲဆဲဖြစ်သည်။
မိမိရဲလျှင်ဆက်ဆံပါ။ ကြောက်တတ်လျှင်တော့ရှောင်ပါ။almost equal to zero risk ဟုပြဆိုထားသောကြောင့် တအားကြီးလန့်စရာမလိုပါ။

၁၀။လက်ဖြင့်လိင်အင်္ဂါကိုနှိုက်ခြင်း၊ကလိခြင်း၊အပြန်အလှန်စိတ်ဖြေခြင်း၊sex toyများမှ ကူးစက်ခြင်းမျိုးမတွေ့ရဟု HIV sitesများက ဆိုကြ။ ကိုယ့်အပေါ်မူတည်ပြီး ရှောင်ချင်လျှင်ရှောင်ပါ။ အမှန်တရားအတိုင်းဖော်ပြခြင်းဖြစ်သည်။

Hiv ကာလသား(sti)
TBအခမဲ့စစ်ဆေးပေးခြင်း PrEP Art & condom jelအခမဲ့ဖြန့်ဝေပေးခြင်း

ရောဂါအကြောင်းဆွေးနွေးတိုင်ပင်လိုလျင် ph 09755080577(viber) ဆက်သွယ်နိုင်ပါတယ်။

#သတိပေးချက် စနေ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်မ​ျားတွင်ဆေးခန်းပိတ်ပါတယ်။

HIV ပိုး ဝင်ရောက်ခံသူတွေရဲ့ ၄၀% မှ ၉၀% ဟာ တစ်လမှ နှစ်လအတွင်း Acute retroviral syndrome လို့ခေါ်တဲ့ တုပ်ကွေးရောဂါလိုမျိုး...
06/11/2024

HIV ပိုး ဝင်ရောက်ခံသူတွေရဲ့ ၄၀% မှ ၉၀% ဟာ တစ်လမှ နှစ်လအတွင်း Acute retroviral syndrome လို့ခေါ်တဲ့ တုပ်ကွေးရောဂါလိုမျိုး လက္ခဏာ ဖြစ်ပေါ်တတ်ပါတယ်။ တခါတရံမှာ HIV ရောဂါပိုး ဝင်တဲ့ လက္ခဏာဟာ နှစ်ပေါင်းများစွာ ဒါမှမဟုတ် ဆယ်စုနှစ် ထိတောင် မပေါ်ပေါက်ပဲ ရှိနေတတ်ပါတယ်။ ဒါကြောင့် HIV ရောဂါပိုး ရှိနေသူ ငါးယောက်မှာ တစ်ယောက်နှုန်းဟာ သူတို့မှာ ပိုးရှိမှန်း မသိကြပါဘူး။ ပိုးရှိမရှိ သွေးစစ်ဆေးကြည့်ဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် မိမိ အိမ် ထောင်ဖက်အပေါ် သစ္စာမရှိဘဲ အခြားသူတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုသူတွေနဲ့ မူးယစ်ဆေးကို အကြောဆေးအဖြစ် ထိုးသွင်းသူအနေနဲ့ HIV ပိုးအတွက် စစ်ဆေးမှုပြုလုပ်ဖို့က လိုအပ်ပါတယ်။

အောက်ပါတို့ဟာ HIV ပိုး ရှိနိုင်မှန်းသိနိုင်တဲ့ လက္ခဏာ တစ်ချို့ပါ။

၁။ အဖျားရှိခြင်း HIV ပိုး ဝင်ရောက်တဲ့ ပထမဦးဆုံ လက္ခဏာအနေနဲ့ အဖျားရှိတာပါ။ 102 ံ လောက်ထိရှိ တတ်ပါတယ်။ မောပန်းတာ၊ အကျိတ်ရောင်တာနဲ့ လည်ချောင်းနာတာတွေပါ တွဲပြီး ဖြစ်တတ် ပါတယ်။ ဗိုင်းရပ်စ် ပိုးဟာ သွေးအတွင်းရွှေ့လျားနေပြီး အများအပြား ပေါက်ဖွားလာတဲ့အခါ ခုခံအားစနစ်တုံ့ပြန်တာကြောင့် ဖြစ်ပေါ်တဲ့ လက္ခဏာပါ။

၂။ မောပန်းခြင်း ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် မောပန်းတဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။ မောပန်းတာဟာ HIV ပိုးရှိတဲ့ ပထမနဲ့ နောက်ဆုံး လက္ခဏာလဲ ဖြစ်နိုင်ပါတယ်။

၃။ ကြွက်သား နဲ့ အဆစ်တွေ နာကျင်ကိုက်ခဲခြင်း HIV ပိုးဝင်ရောက်တဲ့ လက္ခဏာဟာ တုပ်ကွေးနဲ့ မှားယွင်းတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကာလသားရောဂါ သို့မဟုတ် အသည်းရောင်ရောဂါနဲ့လဲ မှားယွင်းတတ်ပါတယ်။ အဲဒီရောဂါတွေ အားလုံးမှာ အဆစ်နဲ့ ကြွက်သား ကိုက်ခဲနာကျင်တာ၊ အကျိတ်တွေ ရောင်တာတွေ ဖြစ်ပေါ်တတ်လို့ပါ။ ခန္ဓာကိုယ်တွင်း ပိုးဝင်ရောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုကြောင့် အကျိတ်ရောင်တာ ဖြစ်ပြီး များသောအားဖြင့် လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံနေရာက အကျိတ်တွေမှာ ရောင်ရမ်းနေတတ်ပါတယ်။

၄။ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း လည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာဟာလည်း အကျိတ်ရောင်တာလိုပဲ HIV ပိုးဝင်ရောက်တဲ့ တခြား လက္ခဏာ ပါ။

၅။ အရေပြား တွင် အဖုအပိမ့် ပေါက်ခြင်း အရေပြားမှာ အဖုအပိမ့် ပေါက်တာဟာလည်း HIV ပိုး ဝင်ရောက်တဲ့ စောစောစီးစီး လက္ခဏာ ဒါမှမဟုတ် နောက်ကျတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ပြည်တည်နာလိုမျိုး အနာတွေဟာ လက်မောင်းနဲ့ ခန္ဓာကိုယ် အတွင်း ပေါက်နေတတ်ပါတယ်။

၆။ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင် HIV ပိုး ဝင်ရောက်သူ ၃၀% မှ ၆၀% ဟာ ပျို့တာ၊ အန်တာ ဒါမှမဟုတ် ဝမ်းပျက် တာတွေဖြစ်တတ်ပါတယ်။

၇။ ကိုုယ်အလေးချိန် ကျဆင်းခြင်း HV ပိုး ဝင်ရောက်တာကြောင့်ဖြစ်တဲ့ AIDS ရောဂါ ရဲ့ နောက်ဆုံးအဆင့်ကြောင့် ဖြစ်နိုင်သလို ဆိုးဆိုးဝါးဝါး ဝမ်းပျက်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန် ကျဆင်းနေတာဟာ ခုခံအားစနစ် ကျဆင်းနေတယ်လို့ မှတ်ယူရပါမယ်။ မိမိခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၀% သို့မဟုတ် ဒါထက်ပိုပြီး ကျဆင်းကာ ဝမ်းပျက်နေပြီး ရက်ပေါင်း ၃၀ ကျော်အထိ အဖျားရှိနေမယ်ဆိုရင် HIV ပိုးဝင်ရောက်နိုင်တယ်လို့ သံသရရှိရပါမယ်။

၈။ ချောင်းခြောက်ဆိုးခြင်း ချောင်းခြောက်ဆိုးနေပြီး ချောင်းဆိုးပျောက်ဆေးနဲ့ တခြားဆေးဝါးတွေ အသုံးပြု ရင်တောင် မပျောက်ကင်းခဲ့ရင် HIV ပိုးရှိတယ်လို့ သံသယ ဝင်ရပါမယ်.

၉။ နမိုးနီးယား အဆုတ်ရောင်ရောဂါ ချောင်းဆိုးတာနဲ့ ကိုယ် အလေးချိန် ကျတာဟာ HIV ပိုး ဆိုးဝါးစွာ ဝင်ရောက်တဲ့ လက္ခဏာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခဲအားစနစ်ကလည်း ကောင်းကောင်း အလုပ် မလုပ်နိုင်လို့ ဖြစ်ပါတယ်။ ခုခံအားစနစ် ကျဆင်း တာကြောင့် ဒါကို အခွင့်ကောင်းယူပြီး ရောဂါ ပိုးများစွာ ဝင်ရောက်နိုင်ပါတယ်။ နမိုးနီးယားအပြင် ရေယုန်နဲ့ မှိုပိုးတွေပါ ဝင်ရောက်နိုင်ပါတယ်။

၁၀။ ညဘက် ချွေးထွက်ခြင်း HIV ပိုး ဝင်ရောက်သူ ထက်ဝက်ခန့်ဟာ ညဘက်မှာ ချွေးထွက်တတ်ပါတယ်။ မီးယပ်သွေးဆုံးပြီးသူ အမျိုးသမီးတွေ ခံစားရတဲ့ဝေဒနာလိုမျိုးပါ။ အခန်းအပူချိန် ဒါမှမဟုတ် လေ့ကျင့်ခန်းပြုလုပ်တာနဲ့ မသက်ဆိုင်ပါဘူး။

၁၁။ လက်သည်း ခြေသည်းပြောင်းလဲခြင်း HIV ပိုး ဝင်ရောက်တဲ့ လက္ခဏာ ဟာ လက်သည်းခြေသည်းတွေ တင်းပုတ်ပုံ ပြောင်းလဲတာ။ လက်သည်းကွဲတာ ဒါမှမဟုတ် လက်သည်းအရောင်ပြောင်း တာတွေ ဖြစ်တတ်ပါတယ်။ မှိုပိုးကူးစက်တာကြောင့် ဖြစ်တတ်ပြီး ခုခံအား ကျဆင်းနေတဲ့အတွက် ပိုးမွှားတွေ အလွယ်တကူဝင်ရောက်နိုင်လို့ပါ။

၁၂။ မှို ရောဂါပိုး ဝင်ရောက်ခြင်း မှက္ခရု ပေါက်တာဟာ HIV ပိုး ရှိသူတွေမှာ ဖြစ်များပါတယ်။ ကန်ဒိတာ မှိုပိုးကြောင့် ဖြစ်ပြီး ပါးစပ် ဒါမှမဟုတ် အစာမျိုပြွန်မှာ ဖြစ်တတ်တာမို့ အစာမျိုရခက်ခဲတတ်ပါတယ်။

၁၃။ အာရုံစူးစိုက်ရန်ခက်ခဲခြင်း မှတ်ဉာဏ် ပြဿနာ၊ အာရုံစူးစိုက်ရ ခက်ခဲတဲ့ ပြဿနာကြောင့် စိတ်တိုလွယ်တာ ဒါမှမဟုတ် စိတ်ဆတ်တာဟာ HIV ပိုး ဝင်ရောက်ခံရတဲ့ လက္ခဏာပါ။ စာရေးတာလိုမျိုး နေ့စဉ် အလွယ်တကူ ပြုလုပ်ရတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ဖို့လည်း ခက်ခဲ တတ်ပါတယ်။

၁၄။ ရေယုန်ပေါက်ခြင်း သို့မဟုတ် လိင်အင်္ဂါ ရေယုန်ပေါက်ခြင်း ပါးစပ် ရေယုန် နဲ့ လိင်အင်္ဂါ ရေယုန်ပေါက်တာဟာ HIV ပိုးရဲ့ နောင်ဆုံးအဆင့် လက္ခဏာ တွေပါ။ ဒါ့အပြင် ရေယုန်ပေါက် တာကြောင့်လည်း HIV ပိုးကူးစက်ဖို့ ပိုလွယ်ကူသွားပါတယ်။ ရေယုန်ပေါက်တာကြောင့် အနာဖြစ်ရာမှ လိင်ဆက်ဆံ နေစဉ် အတွင်း HIV ပိုးဟာ ခန္ဓာကိုယ်တွင်း အလွယ်တကူ ဝင်ရောက်နိုင်လို့ပါ။

၁၅။ ထုံကျဉ်ခြင်း၊ အားနည်းခြင်း HIV ပိုး ရှိနေရင် ခြေထောက် နဲ့ လက်မှာ ထုံတာတွေ ကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ အာရုံကြော ပျက်စီးတာကြောင့် ဖြစ်ပြီး ဆီးချိုရောဂါကို မထိန်းနိုင်သူတွေမှာ ဖြစ်တတ်တာနဲ့ တူပါတယ်။ ၁၆။ ဓမ္မတာ မမှန်ခြင်း HIV ပိုးရှိသူတွေ အနေနဲ့ ရာသီသွေးနည်းတာ၊ သွေးကျဲတာတွေ ဖြစ်တတ်ပါတယ်။ အချိန်မတိုင်ခင် မီးယပ်သွေးဆုံးတာ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ၄၉ နှစ်မှ ၅၃ နှစ် အရွယ်မှာ သွေးဆုံးတတ်ပေမဲ့ HIV ပိုး ကူးစက်ခံရသူတွေမှာ ၄၇ မှ ၄၈နှစ်အရွယ်မှာ သွေးဆုံးတတ်ပါတယ်။

Hiv ကာလသား(sti)
TBအခမဲ့စစ်ဆေးပေးခြင်း PrEP Art & condom jelအခမဲ့ဖြန့်ဝေပေးခြင်း

ရောဂါအကြောင်းဆွေးနွေးတိုင်ပင်လိုလျင် ph 09755080577 viber ဆက်သွယ်နိုင်ပါတယ်။


ကွာခြားချက်ရှိသော HIV ကာကွယ်ဆေး(၂)မျိုး PrEP - Pre-Exposure Prophylaxis- PrEP ဆိုတာ HIV ပိုးမရှိသေးသောသူများ ရောဂါပိုးကူ...
27/09/2024

ကွာခြားချက်ရှိသော HIV ကာကွယ်ဆေး(၂)မျိုး

PrEP - Pre-Exposure Prophylaxis

- PrEP ဆိုတာ HIV ပိုးမရှိသေးသောသူများ ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် ကူးစက်နိုင်ခြေရှိနေစဥ် နေ့စဉ်ပုံမှန်ကြိုတင်သောက်သုံးရသော HIV ကြိုတင်ကာကွယ်ဆေးဖြစ်ပါတယ်။

PEP - Post Exposure Prophylaxis

- PEP သည် HIV ကူးစက်နိုင်သည့်အခြေအနေ နှင့် မမျှော်လင့်ဘဲ ကြုံတွေ့ရသည့်အခါများတွင် HIV ပိုးကူးစက်ခံရခြင်းမှ တားဆီးနိုင်ရန် သတ်မှတ်ထားသည့်အချိန် ၇၂ နာရီအတွင်း အရေးပေါ်သောက်ရသည့်ဆေးဖြစ်ပါသည်။

(မှတ်ချက် - ဆေး ၂ မျိုးစလုံးသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်ရမည့်ဆေးများဖြစ်ပါသည်။)

အခမဲ့ကျန်းမာရေးဝန်ဆောင်မှုများစုံစမ်းရန် >> 09-450929973

ြိုတင်ကာကွယ်ဆေး
#အရေးပေါ်ကာကွယ်ဆေး
ာလသားတီဘီအခမဲ့စစ်ဆေးကုသပေးရေး

အေအာတီ( ART )ဆေးဆိုသည်မှာ အိပ်ချ်အိုင်ဗွီ ( HIV) ကုသသောဆေးဝါးများ ( ARVs) ကိုပေါင်းစပ်အသုံးပြု၍ ( HIV) ပိုးကို ထိန်းချုပ...
16/07/2024

အေအာတီ( ART )ဆေးဆိုသည်မှာ အိပ်ချ်အိုင်ဗွီ ( HIV) ကုသသောဆေးဝါးများ ( ARVs) ကိုပေါင်းစပ်အသုံးပြု၍ ( HIV) ပိုးကို ထိန်းချုပ်ကုသသော ကုထုံးဖြစ်သည် အိပ်ချ်အိုင်ဗွီ / အေအိုင်ဒီအက်စ် ရောဂါကို အမြစ်ပြတ် ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသေးသော်လည်း အေအာတီဆေးကိူ နေ့စဥ်ပုံမှန် သောက်သုံးပါက အိပ်ချ်အိုင်ဗွီပိုး ပွားများမှုကို ထိန်းချုပ်နိုင်သောကြောင့် သင်သည် ပိုမိုကျန်းမာလာမည် ဖြစ်သည် ထို့ကြောင့် အေအာတီဆေးကို တစ်သက်လုံး စွဲမြဲမှန်ကန်စွာ သောက်သုံးရန် အထူးလိုအပ်ပါသည်။

ဒါကြောင့် ကုသခြင်းထက် မိမိကိုကိုယ် ကာကွယ်ပါ
မိမိကိုကိုယ် မိမိလဲ (HIV) ရှိမရှိ စောစီးစွာ စစ်ဆေးဖို့ တိုက်တွန်းချင်ပါတယ်

သွေးအခမဲ့စစ်ခြင်း/ ဆွေးနွေးတိုင်ပင်လိုပါက 👇👉 ဆက်သွယ်ရန် ☎09450929973

ာလသားအခမဲ့စစ်ဆေးကုသကူညီပေး

HIV ကူးစက်မှုကို ကုသခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဗိုင်းရပ်စ်နှင့် ဆက်နွယ်နေသော အခြေအနေများကြောင့် သေဆုံးမှုနှင့် ရောဂါဖြစ်...
13/07/2024

HIV ကူးစက်မှုကို ကုသခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဗိုင်းရပ်စ်နှင့် ဆက်နွယ်နေသော အခြေအနေများကြောင့် သေဆုံးမှုနှင့် ရောဂါဖြစ်ပွားမှုကို လျှော့ချရန်၊ အသက်ရှင်ရပ်တည်နိုင်မှု တိုးမြင့်လာစေရန်၊ ဘဝအရည်အသွေး မြှင့်တင်ရန်နှင့် HIV ကူးစက်မှုကို တားဆီးရန်ဖြစ်သည်။

HIV ကုသမှုတွင် ဗိုင်းရပ်စ်ပိုးဝင်ခြင်းကို ထိရောက်စွာ နှိမ်နင်းရန်၊ ခုခံအားစနစ်ကို ထိန်းသိမ်းရန် (သို့မဟုတ်) မြှင့်တင်ရန်နှင့် HIV နှင့် ဆက်စပ်လေ့ရှိသော အခွင့်အလမ်းနည်းသော ကူးစက်ရောဂါများနှင့် ကင်ဆာများ ဖြစ်နိုင်ခြေကို လျှော့ချရန် ပေါင်းစပ် ART ကုထုံးကို အသုံးပြုခြင်း ပါဝင်သည်။ HIV ပိုးရှိသူများသည် အခြားသူများထက် တီဘီရောဂါ (TB) ဖျားနာနိုင်ခြေ ပိုများသည်။ ကမ္ဘာတစ်ဝှမ်းတွင် တီဘီသည် HIV/AIDS တွင် သေဆုံးစေသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ ART ဖြင့် HIV ပိုးကို နှိမ်နင်းခြင်းဖြင့် HIV ပိုးရှိသူများတွင် အဖြစ်များသည့် နှလုံးသွေးကြော၊ ကျောက်ကပ်၊ အာရုံကြောနှင့် အခြား end-organ ရောဂါများ ဖြစ်ပွားမှု တိုးမြင့်လာစေသည့် နာတာရှည် HIV ပိုးကူးစက်မှုနှင့် ဆက်စပ်သော ကိုယ်ခံအား တက်ကြွမှုကြောင့် ရောင်ရမ်းမှုကိုလည်း လျော့နည်းစေသည်။

အဆင့်မြင့် HIV ရောဂါရှိသူများတွင် အဖြစ်များသော အခွင့်အလမ်းကောင်းရောဂါများကို ကာကွယ်ကုသရန်အတွက် အချို့သော ပဋိဇီဝပိုးသတ်ဆေးများကို အသုံးပြုခြင်းသည် စောင့်ရှောက်မှုအစီအစဉ်၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ ART ဆေးကို လိုက်နာခြင်းသည် သေဆုံးမှုနှင့် ဖျားနာမှုဆိုင်ရာ အကျိုးကျေးဇူးများကို အမြင့်ဆုံးရရှိရန်နှင့် ဆေးဝါးခုခံနိုင်ခြေကို လျှော့ချရန် အရေးကြီးပါသည်။ ART ဆေးဝါးများသည် ပြီးခဲ့သောနှစ်များအတွင်း တိုးတက်ပြောင်းလဲလာခဲ့ပြီး ကုသမှု၏ ထိရောက်မှုနှင့် ကြာရှည်ခံမှုကို တိုးမြှင့်ပေးသည့် အရွယ်ရောက်ပြီးသူများနှင့် ကလေးများအတွက် ပုံသေဆေးတွဲများတွင် ရရှိနိုင်ပါသည်။

HIV ကုသမှု၏ ပရိုဂရမ်အကျိုးသက်ရောက်မှုကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ရန်နှင့် ထိရောက်မှု မြှင့်တင်ရန်၊ နိုင်ငံများက လူကို ဗဟိုပြုကာ ကွဲပြားသော စောင့်ရှောက်မှုပုံစံများကို အသုံးပြုခြင်း၊ ကျန်းမာရေးစနစ်များတွင် HIV ရောဂါဝန်ထုပ်ဝန်ပိုးကို လျှော့ချခြင်းနှင့် လူနာ၏ စောင့်ရှောက်မှု အရည်အသွေးကို မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

(HIV )အခမဲ့ စစ်ရန် ☎ 09450929973 ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်

ဲ့စစ်ဆေးကုသကူညီပေး
#ကာလသား

ကျွန်တော်တို့ pageမှ အကူညီရယူနိုင်တဲ့အခမဲ့ကျန်းမာရေး ဝန်ဆောင်မှုများ ကိုယ်နဲ့ ကိုက်ညီတဲ့အခမဲ့ ဝန်ဆောင်မှုများကို အခုပဲရယ...
11/07/2024

ကျွန်တော်တို့ pageမှ အကူညီရယူနိုင်တဲ့အခမဲ့ကျန်းမာရေး ဝန်ဆောင်မှုများ

ကိုယ်နဲ့ ကိုက်ညီတဲ့အခမဲ့ ဝန်ဆောင်မှုများကို အခုပဲရယူလိုက်ပါ။ အခမဲ့ ပြုလုပ်ပေးဖို့ လုံးလုံးလျားလျား ဖယ်ရှားပစ်ဖို့အတွက် ကျွန်တော်တို့ရောက်ရှိနေပါပြီ။

ဝန်ဆောင်မှုများကိုအသေးစိတ်သိရှိရန်
Ph. 09450929973 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
( အကုန် လုံး အခမဲ့ ပါခဗျ)

#ကာလသား
ာလသားအခမဲ့စစ်ဆေးကုသကူညီပေး

Address

တာမွေမြို့နယ်
Yangon
11211

Telephone

+959672121744

Website

Alerts

Be the first to know and let us send you an email when HIV ကာလသား prevention treatment တိုက်ဖျက်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to HIV ကာလသား prevention treatment တိုက်ဖျက်ရေး:

Share