Karenni Students Fellowship "Yangon" - KSF'Ygn'

Karenni Students Fellowship "Yangon" - KSF'Ygn' Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Karenni Students Fellowship "Yangon" - KSF'Ygn', Community Organization, Yangon.

26/12/2025

ပညာတော်သင်ဆုဖြင့် နိုင်ငံတကာတက္ကသိုလ်နဲ့ အွန်လိုင်းတက္ကသိုလ်အစရှိသဖြင့် နယ်ပယ်အရပ်ရပ်မှာ ပညာသင်ယူနေကြတဲ့ ကရင်နီလူငယ်တွေရဲ့ ပညာ့ခရီးနှီးနှောဖလှယ်ပွဲကို မတက်ရောက်နိုင်သူများအတွက် ပြန်လည်ဝေမျှချင်ပါတယ်။

We are starting now! Topic: University Educational FairTime: Dec 23, 2025 09:00 AM BangkokJoin Zoom Meetinghttps://us02w...
23/12/2025

We are starting now!

Topic: University Educational Fair
Time: Dec 23, 2025 09:00 AM Bangkok
Join Zoom Meeting
https://us02web.zoom.us/j/85895355822?pwd=sbtO78tH8JEpFQYX9TZH9DU0FcHbPA.1

Meeting ID: 858 9535 5822
Passcode: 914308

နယ်ပယ်အရပ်ရပ်မှာ ပညာသင်ယူနေကြတဲ့ ကရင်နီလူငယ်တွေရဲ့ ပညာ့ခရီးနှီးနှောဖလှယ်ပွဲကို Online Platform ကနေ ပါဝင်မယ့်သူတွေအတွက် အချိန်ရောက်လို့လာပါပြီ။ 🤩

Zoom Platform ကနေတစ်ဆင့် တွေ့ဆုံစကားဝိုင်းကို ပြုလုပ်သွားမှာဖြစ်တယ်။

Note‼️ အချိန်အပြောင်းအလဲလေးရှိပါမယ်။

December 23 မနက် ၉ မှ ညနေ ၃ နာရီထိ စကားဝိုင်းကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အသုံးပြုသွားမယ့် Zoom Link ကို Email တွေကနေပို့ပေးမှာ ဖြစ်တဲ့အတွက် Email စစ်ပေးဖို့ မမေ့နဲ့နော်။

See you all soon!

နယ်ပယ်အရပ်ရပ်မှာ ပညာသင်ယူနေကြတဲ့ ကရင်နီလူငယ်တွေရဲ့ ပညာ့ခရီးနှီးနှောဖလှယ်ပွဲကို Online Platform ကနေ ပါဝင်မယ့်သူတွေအတွက် အ...
21/12/2025

နယ်ပယ်အရပ်ရပ်မှာ ပညာသင်ယူနေကြတဲ့ ကရင်နီလူငယ်တွေရဲ့ ပညာ့ခရီးနှီးနှောဖလှယ်ပွဲကို Online Platform ကနေ ပါဝင်မယ့်သူတွေအတွက် အချိန်ရောက်လို့လာပါပြီ။ 🤩

Zoom Platform ကနေတစ်ဆင့် တွေ့ဆုံစကားဝိုင်းကို ပြုလုပ်သွားမှာဖြစ်တယ်။

Note‼️ အချိန်အပြောင်းအလဲလေးရှိပါမယ်။

December 23 မနက် ၉ မှ ညနေ ၃ နာရီထိ စကားဝိုင်းကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အသုံးပြုသွားမယ့် Zoom Link ကို Email တွေကနေပို့ပေးမှာ ဖြစ်တဲ့အတွက် Email စစ်ပေးဖို့ မမေ့နဲ့နော်။

See you all soon!

အဆင့်မြင့်ပညာရေးလမ်းကြောင်းဆီကို လှမ်းနေကြတဲ့ လူငယ်တွေအတွက် အစီအစဉ်တစ်ခုလေးနဲ့ ကျွန်တော်တို့ ပြန်လာပါပြီ။ဒီအစီအစဉ်ကို ထိ...
10/12/2025

အဆင့်မြင့်ပညာရေးလမ်းကြောင်းဆီကို လှမ်းနေကြတဲ့ လူငယ်တွေအတွက် အစီအစဉ်တစ်ခုလေးနဲ့ ကျွန်တော်တို့ ပြန်လာပါပြီ။

ဒီအစီအစဉ်ကို ထိုင်းနိုင်ငံ၊အင်ဒိုနီးရှားရဲ့တက္ကသိုလ်တွေသာမက onlineတက္ကသိုလ်တွေမှာ ပညာသင်ဆုတွေရယူပြီး မိမိပညာရေးအိမ်မက်ကို အကောင်အထည်ဖော်နေကြတဲ့ ကျောင်းသားလူငယ်တွေနဲ့ ဆုံတွေ့စကားပြောကြမယ့် အစီအစဉ်လေးအဖြစ် ပြင်ဆင်ပါတယ်။

မတူညီတဲ့နောက်ခံနဲ့ နိုင်ငံရေးမတည်ငြိမ်မှု စိန်ခေါ်မှုအမျိုးမျိုးကြားထဲကနေပြီး ယခုလို အဆင့်မြင့်ပညာရေးလမ်းကြောင်းတွေအပေါ် လျှောက်လှမ်းနေတဲ့ ကရင်နီဒေသအသိီးသီးမှ
ကျောင်းသားလူငယ်တွေက သူတို့ရဲ့ဖြတ်သန်းခဲ့ရတဲ့ ပညာရေးခရီး၊ ပညာရေးအတွေ့အကြုံတွေ၊ စိန်ခေါ်မှုတွေနဲ့ ချဉ်းကပ်ကြိုးစားမှုတွေကို ဝေမျှဖလှယ်ဖို့ ကျွန်တော်တို့နဲ့အတူ ဒီအစီအစဉ်တစ်ခုမှာ ရှိနေကြပါမယ်။

2025 December ဖော်ပြပါရက်တွေမှာ လူချင်းတွေ့ဝေမျှမယ့် အစီစဉ်တွေကိုပြုလုပ်သွားပါမယ်။
Online Platform ကနေလည်း ကျန်ရက်တွေမှာ ထပ်မံစီစဉ်ဖို့ ရှိနေတဲ့ အတွက်ကြောင့် ရက်စွဲတွေ ဖော်ပြထားပါတယ်။

ကျွန်တော်တို့ ဆုံကြမယ်။ အတူလေ့လာဆွေးနွေးမယ်။ ကွန်ရက်တွေဖလှယ်ကြမယ်။ Panel Speakerတွေနဲ့ Individually One by one consultation အသေးစိတ်ဆွေးနွေးနိုင်မယ့်အစီစဥ်လည်းရှိပါမယ်။​
အခက်အခဲတွေကို အတူကျော်ဖြတ်ကြမယ်။
နေ့လည်စာပြင်ဆင်ထားပါတယ်။ မေးခွန်းတွေယူလာဖို့ မမေ့ပါနဲ့ ။ စာရင်းသွင်းရန် - https://forms.gle/25gaotvFNsyNt4eG7
forms.gle

10/02/2025

✨An inspiring story of her Dream to Harvard✨
Dare to Dream Big Talk's Recording Video available here:
Let's learn together!



အဆင့်မြင့်ပညာရေးလမ်းကြောင်းတွေကို လှမ်းနေကြတဲ့လူငယ်တွေအတွက် အစီအစဉ်တစ်ခုလေးနဲ့ ထပ်မံမိတ်ဆက်ပေးပါရစေ။ဒီအစီအစဉ်မှာ ကမ္ဘာ့ထ...
26/01/2025

အဆင့်မြင့်ပညာရေးလမ်းကြောင်းတွေကို လှမ်းနေကြတဲ့လူငယ်တွေအတွက် အစီအစဉ်တစ်ခုလေးနဲ့ ထပ်မံမိတ်ဆက်ပေးပါရစေ။

ဒီအစီအစဉ်မှာ ကမ္ဘာ့ထိပ်တန်း (Harvad University)ဟားဗတ်တက္ကသိုလ်မှာ ဒဿနိကဗေဒပညာရပ်ကို Full Scholarship ဖြင့် ပညာသင်ယူနေတဲ့ ကရင်နီလူငယ်အမျိုးသမီးတစ်ဦးနဲ့ ဆုံတွေ့စကားပြောကြမယ့် အစီအစဉ်လေးဖြစ်ပါတယ်။

သူမကတော့ ခင်လှဦးပါ။
ဒုက္ခသည်စခန်းမှတစ်ဆင့် အမေရိကန်သို့ရွေ့ပြောင်းနေထိုင်ကာ ယခုလိုအဆင့်မြင့် ပညာရေးလမ်းကြောင်းတစ်ခုအပေါ် ရောက်နေတဲ့ ခင်လှဦးရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝ၊ ပညာရေးအတွေ့အကြုံတွေ စိန်ခေါ်မှုတွေနဲ့ ချဉ်းကပ်ကြိုးစားမှုတွေကို ဝေမျှဖလှယ်ဖို့ ကျွန်တော်တို့နဲ့အတူ ဒီအစီအစဉ်တစ်ခုမှာ ရှိနေပါမယ်။

English လိုအသားပေးပြောဆိုကြမယ့် အစီအစဉ်လည်းဖြစ်လို့ အတူတကွ လာရောက်လေ့လာပြီးတော့ ဆွေးနွေးခန်းဝင်ကြဖို့ ဖိတ်ခေါ်လိုပါတယ်။
လာမယ့် Feb 1,2025 စနေနေ့ ည (၉နာရီ) အချိန်မှတ်ထားပေးပါ။

ကျွန်တော်တို့ ဆုံကြမယ်။ အတူလေ့လာမယ်။ အတူဆွေးနွေးမယ်။
အခက်အခဲတွေကို အတူကျော်ဖြတ်ကြမယ်။
ခါတိုင်းလိုပဲ registerလုပ်ထားပြီးတော့
👇
https://forms.gle/Kqdw6CkMrh21AdLf9
အီးမေးကနေ တဆင့် zoom linkပို့ပေးပါမယ်။

လာမယ့်အပတ်စနေည ပြန်ဆုံကြမယ်။
Dare to dream bigပါ။

18/11/2024

Heritage Talk's Recording Video available here:
Let's learn together!




Hello!ဒီတစ်ခေါက်ကတော့ ပေါ့ပေါ့ပါးပါး ဗဟုသုတရရှိဖို့ရန်အတွက် “ယဉ်ကျေးမှုအမွေအနှစ်ဆိုတာ ဘာတွေလဲ ဘာကြောင့် အရေးကြီးတာလဲ အခု...
12/11/2024

Hello!
ဒီတစ်ခေါက်ကတော့ ပေါ့ပေါ့ပါးပါး ဗဟုသုတရရှိဖို့ရန်အတွက်
“ယဉ်ကျေးမှုအမွေအနှစ်ဆိုတာ ဘာတွေလဲ ဘာကြောင့် အရေးကြီးတာလဲ အခုလို စစ်ပွဲကာလအတွင်းမှာ အမွေအနှစ်တွေကို ဘယ်လို ထိန်းသိမ်းကြမလဲ” ဆိုတဲ့ အစီအစဉ်တစ်ခုကို ပြန်လည်ဖိတ်ခေါ်ပါရစေ။
ဒီအစီအစဉ်မှာ ပါဝင်ပေးမယ့် speaker (၂)ယောက်ကတော့ Mable နဲ့ Stella ပဲဖြစ်ပါတယ်။

Mabel ဟာ ရန်ကုန်တက္ကသိုလ်က ရှေးဟောင်းသုတေသနပညာရပ်နဲ့ ဘွဲ့ရထားပါတယ်။ Mongolia နိုင်ငံနဲ့ Austria နိုင်ငံတို့မှာ လုပ်ဆောင်ခဲ့တဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး Summer Program တွေကို နှစ်လကြာ တက်ရောက်ခဲ့တဲ့ အတွေ့အကြုံများ ရှိပြီး ယခုလက်ရှိမှာ Silpakorn University International College နဲ့ University of Applied Arts Vienna တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ Cultural Heritage Conservation and Management မာစတာဘွဲ့ကို ဆက်လက် တက်ရောက်နေပါတယ်။

Stella ဟာ မန္တလေးတက္ကသိုလ်က B.A (Hons:) Archaeology ဘွဲ့ ရထားပြီး EU-SHARE Scholarship Program (2017) ကနေ University of Cambodia မှာ Asian Studies ကို ၄ လကြာ ပညာသင်ခွင့်ရခဲ့ပါတယ်။ Archaeological တူးဖော်ရေးတွေမှာလည်း ၂ နှစ်တာ အတွေ့အကြုံရှိထားပြီး လက်ရှိမှာ Freelance teacher အနေနဲ့ Social Studies ဘာသာရပ်ကို သင်ကြားပေးနေပါတယ်။

ဒီအစီစဉ်ကို Zoom platformနဲ့လုပ်သွားမှာဖြစ်လို့ Registerလုပ်ထားမှသာ Zoom linkပို့ပေးမှာပါရှင့်။​
Register now : https://forms.gle/nUNVvJe45kwWAuBZA

ဒါဆိုရင်တော့လာမယ့်ကြာသပတေးနေ့မှာ ပြန်တွေ့ကြမယ်နော်။



Hello!ဒီတစ်ခေါက်ကတော့ GED, IElTS, TOFELတွေပြင်ဆင်နေတဲ့လူငယ်တွေအတွက် (သို့မဟုတ်) နိုင်ငံခြားကျောင်းလျှောက်ဖို့စိတ်ဝင်စားတ...
05/10/2024

Hello!
ဒီတစ်ခေါက်ကတော့ GED, IElTS, TOFELတွေပြင်ဆင်နေတဲ့လူငယ်တွေအတွက်
(သို့မဟုတ်) နိုင်ငံခြားကျောင်းလျှောက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေအတွက်

Scholarshipနဲ့ ပြင်ပနိုင်ငံမှာကျောင်းတက်နေတဲ့ ကရင်နီကျောင်းသူ၊သားတွေရဲ့ အတွေ့အကြုံဝေမျှပေးမယ့်အစီအစဉ်တစ်ခုကို ပြန်လည်ဖိတ်ခေါ်ပါရစေ။
ဒီအစီအစဉ်မှာ ပါဝင်ပေးမယ့် speaker (၂)ယောက်ကတော့ DISP Awardee, Naw Gay Ler Sayနဲ့ CD Awardee, Khu Bue Rehပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကို Zoom platformနဲ့လုပ်သွားမှာဖြစ်လို့ Registerလုပ်ထားမှသာ Zoom linkပို့ပေးမှာပါရှင့်။​
Register now : https://forms.gle/Qhvo8MRrbVe5ndSD9

ဒါဆိုရင်တော့ နောက်အပတ်မှာ ပြန်တွေ့ကြမယ်နော်။




29/09/2024

အဆင့်မြင့်ပညာရေးလမ်းကြောင်းတွေပေါ်မှာ အခက်အခဲ၊စိန်ခေါ်မှုများကြားထဲမှ လျှောက်လှမ်းနေကြတဲ့ ကရင်နီလူငယ်များထံမှ မိမိတို့ သက်ဆိုင်ရာနယ်ပယ်တွင် ရရှိခဲ့သည့် ပညာရေးအခွင့်အလမ်းများကို ပြန်လည်ဝေမျှခြင်းလုပ်ဆောင်သည့် အစီအစဉ်တစ်ရပ်ဖြစ်ပါတယ်။
ရှေ့ဆက်မှာ ဘယ်လိုအစီအစဉ်တွေ၊ ဘယ်လိုဝေမျှမှုတွေ ရှိလာမလဲဆိုတာကို စောင့်မျှော်ရင်း
အခွင့်အလမ်းတွေကို အမိအရ ရယူလိုက်ကြရအောင်ပါ။


Hello! တယ်ရဘယ်စီးဒီလိုအချိန်မှာ အဆင့်မြင့်ပညာရေးဆက်သွားချင်ပေမယ့် နိုင်ငံပြင်ပထွက်ဖို့ခက်တာ၊ ငွေရေးကြေးရေးအခက်ခဲ၊ ပတ်စပိ...
20/09/2024

Hello! တယ်ရဘယ်စီး

ဒီလိုအချိန်မှာ အဆင့်မြင့်ပညာရေးဆက်သွားချင်ပေမယ့် နိုင်ငံပြင်ပထွက်ဖို့ခက်တာ၊ ငွေရေးကြေးရေးအခက်ခဲ၊ ပတ်စပို့လုပ်ရကြပ်တာတွေကြောင့် လမ်းပျောက်နေတဲ့လူငယ်တွေအတွက်
အွန်လိုင်းကနေ နိုင်ငံတကာအသိမှတ်ပြုတက္သိုလ်ကျောင်းတက်နေတဲ့ ကရင်နီကျောင်းသူ၊သားတွေရဲ့ အတွေ့အကြုံဝေမျှပေးမယ့်အစီအစဉ်တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်ပေးမယ့် speaker (၂)ယောက်အကြောင်းမိတ်ဆက်ပေးပါရစေ။
Radiant (Nickname)
Radiantကတော့ the University of the Peopleမှာ bachelor's degree in computer scienceနဲ့ လက်ရှိတက်နေပါတယ်။ University of the People က မြန်မာကျောင်းသားတွေအတွက် ပညာသင်စရိတ် scholarship ပေးတဲ့အစီအစဉ်ဖြစ်ပြီး အမေရိကန်နိုင်ငံက အဝေးသင်တက္ကသိုလ် တစ်ခုကနေ ပေးတာပါ။
online ကနေပဲ သင်ယူရမှာပါ။ ပြည်တွင်းမှာပဲနေပြီး အမေရိကန်က ဘွဲ့ ရနိုင်ပါတယ်။

Khu Bae Rehကတော့ နယ်စပ်ကရင်နီဒုက္ခသည်စခန်းကျောင်းသားတစ်ဦးဖြစ်ပါတယ်။ ကရင်နီအမျိုးသားကောလိပ်ပြီးမြောက်ထားပြီး Minmahaw Higher Education Programမှာ GEDရပြီး လက်ရှိ Parami Universityမှာ ပညာသင်စရိတ်ကင်းလွတ်ခွင့်အပြင် ေနထိုင်စရိတ်အပြည့်နဲ့ အွန်လိုင်းမှတက်နေပါတယ်။
နယ်စပ်ဒုက္ခသည်စခန်းမှာကြီးပြင်းလာခဲ့ရပေမယ့် သူသွားချင်တဲ့အိပ်မက်လမ်းပေါ် ဇွဲမလျှော့ပဲ သွားနေသူတစ်ဦးပါ။

ဒီအစီစဉ်ကို Zoom platformနဲ့လုပ်သွားမှာဖြစ်လို့ Registerလုပ်ထားမှသာ Zoom linkပို့ပေးမှာပါရှင့်။​
Register now : https://forms.gle/Xc2Uz8gnxBbWDk7H6

နောက်အစီအစဉ်ကျရင်တော့ Child’s Dream Scholarship နဲ့ Diversity Inclusion Scholarship Awardeesတွေနဲ့ မိတ်ဆက်ပေးသွားမှာဖြစ်လို့ Pageကို followလုပ်သွားပါအုံးရှင့်။



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Karenni Students Fellowship "Yangon" - KSF'Ygn' posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share