MCPA

MCPA This is the Official page of Myanmar Computer Professionals Association (MCPA).

💢 FE Exam Intensive Training ဖွင့်လှစ်မည်။🍀 ဖွင့်လှစ်မည့်နေ့ ... 5-9-2026 (Saturday)
28/08/2026

💢 FE Exam Intensive Training ဖွင့်လှစ်မည်။

🍀 ဖွင့်လှစ်မည့်နေ့ ... 5-9-2026 (Saturday)

APICTA Awards 2026 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ကြားခြင်းAPICTA Awards 2026 ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်လို...
26/08/2026

APICTA Awards 2026 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ကြားခြင်း

APICTA Awards 2026 ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မိမိတို့၏ Project/ Product အချက်အလက်များ နှင့်အတူ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် Email ဖြစ်သော [email protected] သို့ (၁၄-၉-၂၀၂၆) ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါကြောင်း နှင့် သိရှိလိုပါက 09-456087038 နှင့် 09-677687038 သို့ ဆက်သွယ်နိုင်ပါသည်။

05/08/2026
ကွန်ပျူတာတက္ကသိုလ်များက ကျောင်းသား/ ကျောင်းသူများကို လုပ်ငန်းခွင်လေ့လာရေး စီစဉ်ဆောင်ရွက် ပေးခဲ့ခြင်း။သတင်းအချက်အလက်နည်းပ...
04/08/2026

ကွန်ပျူတာတက္ကသိုလ်များက ကျောင်းသား/ ကျောင်းသူများကို လုပ်ငန်းခွင်လေ့လာရေး စီစဉ်ဆောင်ရွက် ပေးခဲ့ခြင်း။
သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT) ကျောင်းတွင် အလုပ်သင် သင်တန်းတက်ရောက်နေသည့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ ကွန်ပျူတာတက္ကသိုလ်များက ကျောင်းသား/ ကျောင်းသူ (၄၃) ဦး သည် MICT Park ရှိ ICT ဆိုင်ရာ နည်းပညာကုမ္ပဏီများသို့ လက်တွေ့ကွင်းဆင်း လေ့လာခြင်းကို ၂၀၂၆ခုနှစ်၊ သြဂုတ်လ (၄) ရက် အင်္ဂါနေ့တွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ လေ့လာရေးအစီအစဉ်တွင် (1) Global Net Technology Company Limited (2) ACE Data Systems (3) Myanmar World Distribution Company Limited (4) STI Myanmar College (5) Concordia Company Limited တို့ကို သွားရောက်ခဲ့ပြီး ကုမ္ပဏီ၏ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးခဲ့ပြီး၊
ဆက်လက်၍MICTDC ၏ Consultant ဒေါက်တာအေးအေးသင်းက MICTDC အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဒေါက်တာမျိုးမျိုးနိုင်က ရှင်းလင်းပြောကြားပေးခဲ့ပါသည်။

“Digital-First, Digital Trust to AI Smart” အမျိုးသားဉာဏ်ရည်တုနည်းပညာ ဆွေးနွေးပွဲစကားဝိုင်း ကျင်းပ
04/08/2026

“Digital-First, Digital Trust to AI Smart” အမျိုးသားဉာဏ်ရည်တုနည်းပညာ ဆွေးနွေးပွဲစကားဝိုင်း ကျင်းပ

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းITPEC (IP, FE) စာမေးပွဲများ ကျင်းပမည်။ITPEC FE Exam အတွက် Intensive Training ဖွင့်လှစ်...
01/08/2026

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

ITPEC (IP, FE) စာမေးပွဲများ ကျင်းပမည်။
ITPEC FE Exam အတွက် Intensive Training ဖွင့်လှစ်မည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး ကျင်းပလျှက်ရှိသည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြုစာမေးပွဲများဖြစ်သည့်
Information Technology Passport Examination (IT passport) နှင့် Fundamental Information Technology Engineer Examination (FE) စာမေးပွဲများကို ၂၅-၁၀-၂၀၂၆ (တနင်္ဂနွေနေ့) တွင် ကျင်းပမည်ဖြစ်သည်။

စာမေးပွဲများသို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ နည်းပညာတက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် IT စိတ်ပါဝင်စားသည့် မည်သူမဆို ဝင်ရောက် ဖြေဆိုနိုင်သည်။

စာမေးပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)၊ ဖုန်းနံပါတ်- ၀၁-၆၅၂၂၇၆၊ ၀၉-၅၀၆၇၁၆၈ သို့ ဆက်သွယ် မေးမြန်းနိုင်သည်။

⭐စာမေးပွဲအတွက် နောက်ဆုံး Registration Form ပိတ်မည့်နေ့ 30-9-2026 (Wednesday) ညနေ (၃) နာရီ ဖြစ်ပါသည်။

ITPEC စာမေးပွဲကြေးနှင့် သင်တန်းကြေးများကို Mobile Banking နှင့် QuickPay တို့မှ တစ်ဆင့်ငွေပေးသွင်းနိုင်ပါသည်။

Exam Form နှင့် Training Form များအတွက် Registration ပြုလုပ်ရန် အောက်ပါ link သို့ ဝင်ရောက်ပေးပါ။

Link >> https://forms.gle/K11tKdtx4hcWXbau5

🟧 Payment Information
Bank Account Name : Myanmar Computer Professionals Association

AYA Bank : 2001 4961 262
KBZ Bank : 0043 0400 4033 93901

🔵 MMQR scan ဖြင့်လည်း ပေးသွင်းနိုင်ပါသည်။

🟢 မှတ်ချက်
ငွေပေးသွင်းသည့်အခါ ဖြေဆိုမည့်သူအမည်နှင့် စာမေးပွဲအမည်ကို မှတ်ချက်တွင် ထည့်သွင်းရေးသားပေးရန် နှင့် ငွေပေးသွင်းပြီးကြောင်း Bank Slip (သို့) QuickPay Slip ကို [email protected] သို့ ပြန်လည်ပေးပို့ပေးရန် လိုအပ်ပါသည်။

"AI Panel Discussion ဖိတ်ကြားခြင်း"ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့...
27/07/2026

"AI Panel Discussion ဖိတ်ကြားခြင်း"

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပညာရေးနှင့် ပုဂ္ဂလိက ကဏ္ဍများအကြား အသိပညာ၊ အတွေ့အကြုံနှင့် အတွေးအမြင်များဖလှယ်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်မည့် “AI Panel Discussion” အား စိတ်ပါဝင်စားသူများတက်ရောက်နိုင်ရေးဖိတ်ကြားအပ်ပါသည်။

Registration Link: https://forms.gle/U4ZGgEM9UDPS3WdQ9

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

26/07/2026
ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) တွင် ICT အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်းကွန်ပျူတာတက္ကသိုလ်(တောင်ငူ) နှင့် ပဲခူးတိုင်းဒေသကြ...
24/07/2026

ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) တွင် ICT အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) နှင့် ပဲခူးတိုင်းဒေသကြီးကွန်ပျူတာပညာရှင် အသင်းတို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက် သောကြာနေ့တွင် ICT အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ၏ ပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်နွယ်ဝင်းက ကွန်ပျူတာအသင်းဖြစ်‌ပေါ် လာပုံနှင့် ITPEC Exam အကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး၊ စာမေးပွဲကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မြင့်က “ICT Career & today Technical Challenge ” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

နည်းပညာတက္ကသိုလ် (စစ်ကိုင်း) တွင် အနာဂတ်အတွက် AI အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်းနည်းပညာတက္ကသိုလ်(စစ်ကိုင်း) နှင့် စစ်ကိ...
22/07/2026

နည်းပညာတက္ကသိုလ် (စစ်ကိုင်း) တွင် အနာဂတ်အတွက် AI အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း

နည်းပညာတက္ကသိုလ်(စစ်ကိုင်း) နှင့် စစ်ကိုင်းတိုင်းဒေသကြီးကွန်ပျူတာပညာရှင် အသင်းတို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက် ဗုဒ္ဓဟူးနေ့တွင် အနာဂတ်အတွက် AI အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် နည်းပညာတက္ကသိုလ် (စစ်ကိုင်း) ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင့်ဝင့်လင်းက ကွန်ပျူတာအသင်းဖြစ်‌ပေါ်လာပုံကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဒေါက်တာမိုးအောင်က “Your Future with AI” အကြောင်း ဟောပြောခဲ့ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း စစ်ကိုင်း၏ ဥက္ကဋ္ဌ ဒေါက်တာလှမျိုးအောင်က ငလျင်ဒဏ်ခံနိုင်သည့် အိမ်များအကြောင်း ဟောပြောခြင်း၊ မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးနေဝင်းအောင်က ITPEC Exam အကြောင်း ဟောပြောပေးခဲ့ခြင်း နှင့် နည်းပညာတက္ကသိုလ် မြို့ပြဌာနမှူး ဒေါက်တာလှမျိုး‌အောင်က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

Address

Building (9), Ground Floor, MICT Park, Hlaing Campus
Yangon
95

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

(01)-652276

Alerts

Be the first to know and let us send you an email when MCPA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MCPA:

Shortcuts

Share