10/04/2026
Jazz ဂီတကို စတင်လေ့လာတဲ့အခါ Major scale, Minor scale, Diminished Scale, Altered Scale, Wholetone နဲ့ သူတို့ရဲ့ Mode တွေ စသဖြင့် လေ့ကျင့်စရာက Scale ပေါင်း သောင်းခြာက်ေထာင် ဖြစ်နတတ်ပါတယ်။ အဲ့တော့ သင်တန်းသားအများစုက ရှေ့မရောက်ဘဲ လေ့ကျင့်နေရင်းပဲ အသက်တွေသာ ကြီးသွားရပါတယ်။ ဒီလိုမဖြစ်ရအာင် ကျနော်တို့လို့ သင်ကြားသူေတွက Jazz ဂီတကိုရှိရင်းစွဲထပ် ပိုမရှုပ်ဘဲ လေ့လာရ၊ သင်ယူရ လွယ်ကူအောင် ရိုးရှင်းတဲ့ ရှုထောင့်၊ နည်းစနစ်ေတွနဲ့ သင်ကြားသင့်ပါတယ်။ ဒီနေ့မှာတာ့ Jazz Guitar အတွက် ကျနော့်ရဲ့ Scale တွေ၊ Mode တွေအပေါ် မြင်ပုံနဲ့ သင်ကြားပုံတွေထဲက တစ်ခုကို ရှင်းပြပေးချင်ပါတယ်။
ရှေ့ပိုစ့်ေတွမှာ G7 နဲ့ C #7 က B နဲ့ F Tritone Interval ပါဝင်ကြလို့ ဖလှယ်အစားထိုးလို့ရကြောင်း ပြောခဲ့ပါတယ်။
Tritone Substitution အကြောင်းကို ဒီမှာဖတ်နိုင်ပါတယ်။
https://www.facebook.com/share/p/1B6NYzrSoK/
B နဲ့ F Tritone ပါဝင်တဲ့ Chord က နောက် နှစ်ခုရှိပါသေးတယ်။ သူတို့တွေကတော့ Bm7b5 ( B D F A ) နဲ့ Fm7b5 ( F G # B D # ) တို့ပဲ ဖြစ်ပါတယ်။ သေချာကြည့်ရင် Bm7b5 က D ကနေ ကြည့်ရင် Dm6 ဖြစ်နေပြီး၊ Fm7b5 ကလဲ G # ကနေကြည့်ရင် G ဖြစ်နေပြန်ပါတယ်။ အဲ့တော့ အလွယ်မှတ်ရရင် Minor7b5 ကောဒ့်တွေဟာ သူတို့ရဲ့ 3rd Minor6 ကောဒ့်တွေနဲ့ Synonym ဖြစ်နေပါတယ်။ ရှေ့ပိုစ့်တွကို သေချာဖတ်ထားတဲ့ သူတွေကတာ့ ဒီအထိကို နားလည်မယ်လို့ ထင်ပါတယ်။ မဖတ်ရသးတဲ့ လူတွေကလဲ Synonym အကြောင်းကို အောက်က link မှာ ဖတ်နိုင်ပါတယ်။
https://www.facebook.com/share/v/1CpYWcW5tN/
ဒါဆို ဆက်ပြောရအောင်။
အဲ့တော့ G7 နေရာမှာ G နဲ့ Dm6 ကို တီး နိုင်ပါတယ်။ Minor6 ရဲ့ Chord Scale ချိတ်ဆက်မှုအရ Jazz ဂီတမှာ Minor6 ပေါ်မှာ Melodic minor Scale ကို တီးရပါတယ်။ အဲ့တော့ G ပေါ်မှာ G # Melodic minor နဲ့ Dm6 အပေါ်မှာ D Melodic minor scale ကို တီးခတ်နိုင် သွားပါတယ်။
အရင်ဆုံး G # Melodic minor scale ကိုကြည့်ပါမယ်။ Melodic minor scale ဖွဲ့စည်းပုံက b3 , Natural 7 ဖြစ်ပါတယ်။ Scale ဖွဲ့စည်းပုံေတွကိုတာ့ ပိုစ့်တစ်ခုနဲ့ ရှင်းပြပေးပါမယ်။
ဆက်ရရင် G # Melodic minor က
G # A # B C # D # E # F # # G # ဖြစ်ပါတယ်။
ဒါကို G ကနေကြည့်ရင်
G # က b9
A # က #9
B က 3rd
C # က b5
D # က #5
F ဖြစ်တဲ့ E # က b7
G ဖြစ်တဲ့ F # # က 1 ဆိုပြီး ရပါတယ်။
ပြန်စီလိုက်ရင် ဒါက G Dominant Altered Scale ပဲ ဖြစ်နေပါတယ်။ ဒီ Scale ကို G7Alt Chord ပေါ်မှာ တီးကြပါတယ်။ ဒါဆိုရင် ဘာလုပ်လို့ရလဲဆက်ပြောပါမယ်။
ကျနော်တို့က G7Alt ကော့ဒ်ပေါ်မှာ တီးဖို့အတွက် G Dominant Altered Scale ကို တကူးတကကြီး ရှာကျင့်နေစရာမလိုတော့ဘဲ မဖြစ်မနေ သိရမယ့် Minor scale ဖြစ်တဲ့ Melodic Minor Scale ကို လေ့ကျင့်ထားရုံနဲ့ Altered Scale ကို တီးခတ်နိုင်မှာဖြစ်ပါတယ်။ အလွယ်မှတ်ရရင် 7Alt ကောဒ့်ပေါ်မှာ Root ရဲ့ Halfstep မြင့်တဲ့ Melodic Minor scale ကို တီးနိုင်ပါတယ်။ စာနဲ့မို့ ရှုပ်ေနနိုင်ပမယ့် ဂစ်တာပေါ်မှာတော့ သူ့ရဲ့ နောက်တစ်ဘားက Melodic Minor scale ကို တီးလို့ ရတယ်လို့ တွေးရင်လွယ်ပါတယ်။ သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်။
G7Alt ပေါ်မှာ G # Melodic Minor
နောက်ထပ် Dm6 ကိုကြည့်ရအောင်။ သူ့ကိုလဲ Melodic Minor scale ပဲဆိုတော့ ဒီလိုဖြစ်သွားပါမယ်။
D E F G A B C # D
ဒါကိုပဲ G ကနေ ပြန်ကြည့်တဲ့အခါ G Lydian Dominant Scale ဖြစ်နေပါတယ်။ သူ့ကိုတော့ Lydian Dominant Chord ဖြစ်တဲ့ G7 #11 ပေါ်မှာသုံးပါတယ်။ ii minor Chord ကိုမသွားခင်မှာ II7, Tonic ကိုသွားတဲ့ bVII7 အနေနဲ့ အတွေ့များပါတယ်။
ဒီမှာလဲ တူတူပဲ။ G7 #11 Chord အတွက် တကူးတကကြီး Lydian Dominant ဆိုတဲ့ Scale ကို ကျင့်မေနေတာ့ဘဲ Synonym ရဲ့ ရှုထောင့်ကေန D Melodic Minor Scale ကို တီးနိုင်ပါတယ်။ အဲ့တော့ G7 #11 တွေ့တဲ့အခါ D Melodic Minor Scale ကို တီးနိုင်ပါတယ်။ အလွယ်မှတ်ရရင်တာ့ 5th Melodic Minor ကိုတီးတယ်လို့ မှတ်နိုင်ပါတယ်။
G7 #11 ပေါ်မှာ D Melodic Minor
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲ ဒီအယူအဆက ကျနော့်ရဲ့ ဂစ်တာပေါ်မှာကိုယ်ပိုင်မှတ်သားပံု အယူအဆဖြစ်လို့ သဘောထားကွဲလွဲနိုင်ပါတယ်။ ကျန်တဲ့ တူရိယာတွအပါ်မှာ အလုပ်ဖြစ်၊ မဖြစ် ( လွယ်သွား၊ မလွယ်သွား ) ကတော့ ကျေနာ်မသိပါဘူး ခင်ဗျာ။
ကျနော်ကတော့ Theo ဖြစ်ပါတယ်။ Jazz Guitar နဲ့ Jazz Theory ကို ဒီထပ်ပိုနားလည်ချင်ရင်တာ့ Rangoon Raccoons ရဲ့ Jazz Theory & Guitar Course ကို တက်ရောက်သင်ကြားနိုင်ပါတယ်။ အောက်က Link မှာ သင်တန်းအကြောင်း လေ့လာနိုင်ပါတယ်။
https://www.facebook.com/61554367288439/posts/122248634558145576/