24/10/2025
HIV ပိုးကူးစက်မှုနဲ့ ဆက်စပ်တဲ့အပြုအမူတွေကို လေ့လာတဲ့ စစ်တမ်း (IBBS) ဖြေလို့ရနေပြီနော်….
စစ်တမ်းအကြောင်း အသေးစိတ်မသိသေးဘူးဆိုရင် ဒီလင့်ခ်ကနေ သွားဖတ်ကြည့်ဦးနော်
(https://www.facebook.com/photo?fbid=1188890806601291&set=a.478883444268701)
မိမိရဲ့ အသိုင်းအဝန်းကို ကိုယ်စားပြုပြီး ကိုယ်တိုင်ပါဝင်ဖြေဆိုဖို့ တိုက်တွန်းလိုက်ပါတယ်။
မိမိ သူငယ်ချင်းတွေဆီက ကူပွန်ရပြီဆိုရင် စစ်တမ်းကို ပါဝင်ဖြေဆိုဖို့ မမေ့ကြနဲ့နော်...
#စစ်တမ်း
သူငယ်ချင်းတို့ရေ ....
IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား...
ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊ အမျိုးသမီးကဲ့သို့ လိင်ဝိသေသခံယူထားသူနဲ့ လိင်အလုပ်သမ (MSM, TGW, FSW) များအကြား ခေတ်ကာလအရ ပြောင်းလဲလာတဲ့ လိင်မှုကိစ္စဆိုင်ရာအမူအကျင့်များနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် HIV ကာကွယ်ရေးနှင့်ကုသရေး ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေကို နိုင်ငံအဝှမ်း ပိုပြီး ထိထိရောက်ရောက် ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ National AIDS Programme မှ ဉီးဆောင်ပြုလုပ်တဲ့ အရေးပါတဲ့စစ်တမ်း ဖြစ်ပါတယ်။
စစ်တမ်းကောက်ယူမယ့်ကာလ - စက်တင်ဘာလ မှ ဒီဇင်ဘာလ အထိ
သတ်မှတ်မြို့နယ် - ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ တာချီလိတ်၊ တောင်ကြီး၊ ထားဝယ်၊ ပျဉ်းမနား။
(အဆိုပါမြို့နယ် အတွင်းနေထိုင်သူများသာ ဖြေဆိုရပါမယ်) ဒီအွန်လိုင်းစစ်တမ်းကိုဖြေမယ်ဆိုရင်....
⭐️အမည်နဲ့ လိပ်စာ ဖော်ပြစရာမလိုဘဲ လုံခြုံစိတ်ချစွာ ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ရမယ်
⭐️မိမိတို့အသိုင်းအဝန်းအတွင်း ကြုံတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖော်ပြနိုင်မယ်
⭐️အဆင်ပြေတဲ့အချိန် အွန်လိုင်းကနေ ဖြေဆိုနိုင်ပြီး သတ်မှတ်ထားတဲ့ နီးစပ်ရာနေရာမှာ အခမဲ့ သွေးစစ်ဆေးနိုင်မယ်
⭐️ဖြေဆို သွေးစစ်ပြီးရင် ဖုန်းဘေလ်နှင့် ခရီးစားရိတ် ရရှိပြီး သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ဖြေဆိုနိုင်ရန် ကူပွန်များရပါမယ်
ကိုယ့်သူငယ်ချင်းတွေဆီက ကူပွန်ရပြီဆိုရင် စစ်တမ်းကို ဖြေဆိုလိုက်ကြရအောင်နော်.....
အွန်လိုင်းဖြေဆိုပြီးပါက သွေးစစ်ဆေးခြင်းကိုပြုလုပ်မှသာ စစ်တမ်းအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်များ ရရှိမှာဖြစ်ပါတယ်။
#စစ်တမ်း