WE love DIM SUM

WE love DIM SUM WE love DIM SUM TRAINING CENTER

https://invites.waveful.app/6H9Aကဲ …….သူငယ်ချင်းတို့လာလည်ကြပါအုံးလိုစ့်🥰🥰
27/04/2025

https://invites.waveful.app/6H9A

ကဲ …….သူငယ်ချင်းတို့လာလည်ကြပါအုံးလိုစ့်🥰🥰

"အိပ်ရေးပျက်''(မာရဇ္ဇ) 💔မသေချာမရေရာတာတွေများတဲ့ ကောင်းကင်အောက်အချိန်တန်အိမ်ပြန်ချိန်တွေ နှုတ်ဆက်လမ်းခွဲတိုင်းကျန်ခဲ့တဲ့ ...
24/01/2025

"အိပ်ရေးပျက်''(မာရဇ္ဇ) 💔

မသေချာမရေရာတာတွေများတဲ့ ကောင်းကင်အောက်

အချိန်တန်အိမ်ပြန်ချိန်တွေ နှုတ်ဆက်လမ်းခွဲတိုင်း

ကျန်ခဲ့တဲ့ ငါ့စိတ်တို့ ချစ်သူမင်းအပါးက တစ်ဖဝါးမခွာကြဘူး

ကမ္ဘာမြေပြိုသလို နာကျင်ကွဲရှဖူးသူမို့

ကြယ်တွေကြွေတာ မြင်ရင်တောင် ကြိတ်ကာဝမ်းနည်းမဆုံး

တကယ်မင်းနဲ့ မဝေးရဲလို့ ညစဥ်စိတ္တဇနဲ့ အတွေးပင်လယ်မျော

ဟိုအရင်ဒဏ်ရာတွေက သွေးမတိတ်သေးခင်မှာ

ထိတ်လန့်ခြင်းက အစဥ်အမြဲစိုးမိုး

မင်းရင်ထဲမှာ ဘယ်သူများရှိလို့နေမလဲ

စွဲလမ်းစိတ်နဲ့ ကိုယ်အိပ်စက်မရနိုင်ပါ

တကယ်အလေးအနက်ထားပြီး ငါ့အပေါ်ချစ်ရဲ့လား

စိတ်မချခြင်းနဲ့ အိပ်ရေးပျက်ပျက်နေတာ

ဒါတွေ မင်းမသိခဲ့တဲ့ စိတ္တဇညဆိုးများ 🎼🎤

💔 ထပ်ပြီးမရှိနိုင်တော့တဲ့ 💔 ဖန်တီးမှုအသစ်တွေ

အတွက် စိတ်မကောင်းပါဘူး 💔

17/01/2025

လူတွေကို ကူညီဖို့အသင့်ဖြစ်နေတဲ့
အမြဲ ကြိုးစားပေးနေတဲ့ သူတွေကို
ကျေးဇူးတင်ပါတယ် ....
မီးပြန်ချိန် လာချိန် ကြည့်တဲ့ web App လေးပါ
link လေးကို နှိပ်လိုက်ရုံပဲ
🪩

A new Flutter project.

သီတင်းကျွတ်အကြောင်းပြောမယ်ဆို မယ်တော်မာယာ /ဘုရားလောင်းသိဒ္ဓတ္ထမင်းသားအကြောင်းတွေကပါလာပါပီ အခါခွင့်သင့်တုန်း တခါထဲ သမီးကိ...
12/10/2024

သီတင်းကျွတ်အကြောင်းပြောမယ်ဆို

မယ်တော်မာယာ /ဘုရားလောင်းသိဒ္ဓတ္ထမင်းသားအကြောင်းတွေကပါလာပါပီ

အခါခွင့်သင့်တုန်း တခါထဲ သမီးကို ရှင်းပြထားတာလေးပါ

ကလေးရဲ့ အသက်အလိုက်သိထားသင့်တာ သူတို့သိနိုင်တာမျိုးကိုပဲ ပြောပြထားပါတယ်

မဟုတ်ရင် သူတို့မေးခွန်းတွေနဲ့တင် တထောင့်တည ဖြစ်နေလိမ့်မယ်

ကိုယ့်ကလေး အသက်အရွယ် နားလည်နိုင်တာပေါ်မူတည်ပီး ပြောသွားပေးလို့ရပါတယ်

ပထမဆုံးပြောတဲ့အခါမှာတော့ အရိုးရှင်းဆုံးရှင်းပြပါ

တချို့အရာတွေ ကိုနောက်မှ တဖြည်းဖြည်း ထည့်ပြောသွားလို့ရပါတယ်

ပုံလေးတွေ က ဓမ္မစကူးစာအုပ်ကပုံလေးတွေ ယူထားပီးစာပြန်ရေးထားတာပါ

🏹ဟိုးရှေးရှေးတုန်းကပေါ့ တိုင်းပြည်ကြီးတခုမှာ

ဘုရင်ကြီး သုဒ္ဓေါဒန နဲ့ မိဖုရားကြီး မာယာဒေဝီ တို့ရှိကြသတဲ့

(ပထမဆုံး စပြောချိန်မှာ နာမည်တွေမထည့်ပြောသေးပါဘူး )

🏹တနေ့ မိဖုရားကြီး အိပ်နေတုန်း မှာ ဆင်ဖြူတော်လေး မိဖုရားဗိုက်ထဲ ဝင်သွား တယ်လို့ အိပ်မက် မက်သတဲ့ကွယ်

အိမ်မက်မက်ပီး ၁၀လကြာတဲ့အခါမှာတော့

အရမ်းလှတဲ့ အင်ကြင်းဥယျာဉ်ကြီးထဲမှာ မိဖုရားကြီးက အင်ကြင်းကိုင်းကို ကိုင်ပီး မင်းသားလေးကို မွေးဖွားခဲ့တယ် သမီး

🏹မင်းသားလေးအမည်ကို သိဒ္ဓတ္ထ လို့ ခေါ်စေသတဲ့

မင်းသားလေးကို ဖခင်ဘုရင်ကြီးနဲ့ ဆွေမျိုးတွေက အရမ်းချစ်ကြသတဲ့ကွယ်

စိတ်မကောင်းစရာကတော့

🏹မင်းသားလေးရဲ့ မိခင် မိဖုရား မာယာဒေဝီကတော့ သားတော်လေး မွေးဖွားပီး ၇ရက်မြောက်နေ့မှာပဲ နတ်ရွာစံသွားသတဲ့ သမီးရယ် 😔

မင်းသားလေးကိုက မိထွေးတော် ဂေါတမီ မိဖုရားက

​ပြုစုစောင့်ရှောက်ပေးသတဲ့ကွယ် (မိထွေးမှာ မနဲရှင်းပြလိုက်ရ သူ့မိထွေးဘယ်မှာလဲမေးလို့ 🥴🥴)

ဘုရင်ကြီးက မင်းသားလေးအရွယ်ရောက်လာတဲ့အခါ မှာတော့

ယသော်ဓရာ မင်းသမီးလေးနဲ့ လက်ထပ်ပေးလိုက်သတဲ့ 🤴👸

ထီးနန်းစည်းစိမ် ခံစားနေတဲ့ မင်းသားလေးဟာ

သူအို၊သူနာ၊သူသေ၊သူရဟန်း နမိတ်ကြီးလေးပါးကို တွေ့မြင်ခဲ့ရသတဲ့ ကွယ်

အဲ့ဒါနဲ့ မင်းသားလေးဟာ ယသော်ဓရာမင်းသမီးနု့ သားတော် ရာဟုလာတို့ကို ထားခဲ့ပီး တရားရှာဖို့ တောထွက်သွားသတဲ့

(ကဏ္ဍကမြင်းကို စီးပီး ဆန္န အမတ်နဲ့အတူ ထွက်သွားလေသတဲ့

အနော်မာမြစ်ကမ်းမှာ ဆံတော်ကိုဖြတ်ပီးမင်းဝတ်တန်ဆာတွေ ကိုစွန့်ပယ်တော်မူခဲ့တယ် )

🏹ရဟန်းဝတ်နဲ့ တောထဲမှာ တပါးတည်းတရားကျင့်တော်မူနေတော့သတဲ့ကွယ်

တရားကျင့်နေတဲ့ ဘုရားအလောင်းတော်ကို မာန်နတ်တွေက အမျိုးမျိုး တိုက်ခိုက်ခဲ့ကြတာပေါ့

🏹နောက်ဆုံး ကဆုန်လပြည့်နေ့မှာတော့ မာန်နတ်တွေရဲ့ ရန်ကနေ အောင်နိုင်ပီး ဘုရားအဖြစ်သို့ ရောက်ရှိသွားပါတယ်

ဘုရားအမည်ကို ဂေါတမမြတ်စွာဘုရား လို့ခေါ်တယ်သမီး

တနေ့ သူ့မယ်တော်မာယာကို သတိရလာတာပေါ့ကွယ်

အဲ့ဒါနဲ့ သူ့မယ်တော်ကို မွေးကျေးဇူးဆပ်မယ်ဆို လိုက်ရှာတော့ မယ်တော်မာယာက နတ်ပြည်မှာ နတ်သားလေးဖြစ်နေသတဲ့

ဒါကြောင့် ဘုရားရှင်က မွေးကျေးဇူးဆပ်ဖို့အတွက် နှစ်တိုင်း တာဝတိံသာနတ်ပြည်ကို တက်ပီး နတ် ဗြဟ္မာတွေကို အဘိဓမ္မာတရားဟောကြားတော်မူသတဲ့ကွယ်

သီတင်းကျွတ်လပြည့်နေ့မှာတော့ နတ်ပြည်ကနေ လူပြည် သို့ ပြန်ဆင်းသက်တော်မူတယ်

ဒါကြောင့် သီတင်းကျွတ်လပြည့်နေမှာ

မြတ်စွာဘုရားကို မီးရောင်စုံထွန်းညှိ

ပူဇော်လေ့ရှိကြတာပေါ့ သမီးရေ

ဒီလောက်ဆို ဘာလို့လပြည့်နေ့မှ မီးတွေထွန်းကြတယ်ဆိုတာ သမီးသိပီနော်

ဒါကသမီးကို အရိုးရှင်းဆုံး ရှင်းပြထားတာပါ

အောက်ကတော့ ကိုယ်ဖတ်ထားတာလေးပါ

အမှားအယွင်းရှိရင်ပြောသွားနော်

👇👇👇👇👇


🌳သီဒ္ဓတ္ထမင်းသား မွေးဖွားခြင်း 🌳

ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသားကို

သက္ကတိုင်း၊ ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့်

မိဖုရားခေါင် သိရီမဟာမာယာ မိဖုရားကြီးတို့မှ

မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ နံနက် ၁ ချက်တီးအချိန်

ဝိသာခါနက္ခတ်နှင့်စန်းအယှဉ်တွင်

ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော (နီပေါနိုင်ငံ) မှာ ဖွားမြင်တော်မူပါတယ် 👼🏻👼🏻

🌳ဖွားမြင်တော်မူခန်း🌳

မယ်တော်မဟာ မာယာဒေဝီသည် ဘုရားအလောင်းတော်ကို ဝမ်းကြာတိုက်ဖြင့်
ဆယ်လပတ်လုံး ဆောင်လျှက် ရင့်မာခြင်းသို့ ရောက်သောအခါ မိမိ၏ မွေးရပ်မြေဖြစ်သော

ဒေဝဒဟပြည် သို့ သွားရောက်လိုကြောင်း သုဒ္ဓေါနမင်းကြီးထံ ခွင့်ပန်ပြီး

အခြွေအရံ များစွာနဲ့တကွ ထွက်ခွာလာရာ လမ်းခရီး တစ်ထောက်အဖြစ်…
ကပိလဝတ်ပြည် နှင့် ဒေဝဒဟပြည် ကြားရှိ လုမ္ဗီနီမည်သော အင်ကြင်းတော၌ နားနေစဉ်
အင်ကြင်းပင်မှ အခက်ကို လက်ဖြင့် ကိုင်ဆွဲကာ ရပ်နေသော ခဏ၌ပင်

အလောင်းတော်ကို ဖွားမြင်ရန် ကမ္မဇလေတို့သည် တုန်လှုပ်လာပြီးနောက်

မဟာသမုဒ္ဒရာနှင့်ပထဝီမြေကြီးသည်သိမ့်သိမ့်တုန်ခါပြီးထစ်ချုန်း မြည်ဟိန်းလျှက်

နတ်ဗြဟ္မာတို့ကောင်းချီးပေးသောနမိတ်ကြီး ၃၂ပါးတို့တပြိုင်တည်းဖြစ်စေလျက်

မဟာသက္ကရာဇ်၆၈ခု ကဆုန်လပြည့်သောကြာနေ့တွင်လက္ခဏာကြီး၃၂ပါး

လက္ခဏာငယ်၈၀အသွယ်သွယ်တို့ဖြင့်တင့်တယ်အပ်သောလူနတ် ဗြဟ္မာတို့၏ အတုမရှိအပ်သောဘုရားလောင်းသိဒ္ဓတ္ထမင်းသား ကိုဖွားမြင်တော်မူလေသည်။

အလောင်းတော်ဖွားသည်နှင့်တစ်ပြိုင်နက်

ဖွားဖက်တော်ခုနစ်ဦးဖြစ်သော

ဘဒ္ဒကစ္စနာမင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်းတို့ကိုအသီးသီးဖွားမြင်ကြပီး

မဟာဗောဓိပင်နှင့် ရွှေအိုးကြီးလေးလုံးတို့လည်းပေါ်ပေါက်လာပါတယ် 🌳🌳

သုဒ္ဓေါဒနမင်းကြီး၏ဆရာဖြစ်သောကာဠဒေဝီလရသေ့က

ဘုရားလောင်းမင်းသားဖွားမြင်ကြောင်းကို

နတ်တို့ထံမှ ကြားသိရလို့

မင်းကြီးနန်းတော်သို့ကြွလာခဲ့ပါတယ် 🏰🏰

မင်းကြီးက သားတော်ကိုရင်ခွင်ထဲထားပီး

ရသေ့အားရှိခိုးဖို့ လက်နှစ်ဖက်ကိုယှက်ပေးတဲ့အခါ

ဘုရားအလောင်းမင်းသားရဲ့ ဖဝါးတော်အစုံက

လျှပ်ခြည်စက်ကဲ့သို့ပျံတက်ကာ

ရသေ့၏ဦးထိပ်ပြင်ထက်မှာ သွားတည်ပါတယ်

ဒီဖြစ်ရပ်ကိုမြင်ရချင်း ရသေ့က ထပီး ရှိခိုးလိုက်ပါတယ်။

မင်းကြီးကိုယ်တိုင်လဲ သားတော်မြတ်ကို

တုပ်ဝပ်ရိုကျိုးရှိခိုးလေပါတော့တယ်။ 🙏🙏🙏🙏

ထိုနောက် ရှင်ရသေ့က ဤမင်းသားသည်စင်စစ်လျှင်ဘုရားဖြစ်လတ္တံ့။

သို့သော် ငါမူကားမင်းသားဘုရားဖြစ်သည်ကို ဖူးမြော်ရမည်မဟုတ်ဟု မိန့်တော်မူလေသည်။

🌳အမည် မှည့်ခေါ်ခြင်း 🌳

အလောင်းတော်မင်းသားကိုဖွားမြင်ပြီးနောက်

ငါးရက်မြောက်နေ့တွင်

အမည်မှည့်ရန်ရွေးချယ်ကြရာ

အလုံးစုံသောလူနတ်တို့၏အလိုခပ်သိမ်းကို ပြီးငြိမ်းစေတတ်သော

သိဒ္ဓတ္ထကုမာရ ဟူသော အမည် မှည့်ခေါ်လိုက်လေတယ်

ခုနစ်ရက်မြောက်သောနေ့တွင်

မယ်တော်သိရီမဟာမာယာမိဖုရားကြီး စုတေ(သေဆုံး) ပီး ဘုရားမယ်တော် ဖြစ်သူမို့

တုသိတာနတ်ပြည်မှာ သန္တုဿိတအမည်ရှိသောနတ်မင်းဖြစ်သွားပါတယ်

🌳ဖြစ်ရပ်ဆန်းများ 🌳

မယ်တော် နတ်ရွာစံသွားတော့

မိထွေးတော် မဟာပဇာပတိဂေါတမီ မိဖုရားက

သားတော်နန္ဒမင်းသားကို နို့ထိန်းကို အပ်ပီး

အလောင်းမင်းသားကိုကိုယ်တိုင်နို့တိုက်ပီး စောင့်ရှောက်ပေးခဲ့ပါတယ်

သိဒ္ဓတ္ထမင်းသားကိုဖွားပီး တစ်လမြောက်သောအခါ ခမည်းတော်မင်းကြီးက အခြံအရံတို့နှင့် လယ်ထွန်မင်္ဂလာပြုတော်မူရာတွင် မင်းသားကို ဇမ္ဗူ့သပြေပင်ရင်းဝယ် ကောင်းမြတ်သောနေရာ၌ ထားခဲ့ပါတယ်

အထိန်းမိန်းမတို့လည်း

မင်းကြီး၏လယ်ထွန်သဘင်ကို ကြည့်ရှုနေသဖြင့် မေ့လျော့သွားပါတယ်

ဘုရား အလောင်းမင်းသားသည် သိပ်ထားရာမှ ထ၍ထိုင်နေတော် မူပြီးလျှင်

အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းရင်း

ပဌမဈာန်ကို ဝင်စားတော်မူပါတယ် ။

အလောင်းမင်းသား၏ အာနု ဘော်ကြောင့်

ဇမ္ဗူ့သပြေပင်ရိပ်သည် နံနက်မှ မွန်းစောင်းသည့်တိုင်အောင်မပြောင်းမရွှေ့ပဲ ထီးဝန်းအုပ်သကဲ့သို့ တည်နေပါတော့တယ် ။

ထိုအချင်းအရာကိုမြင်သော မင်းကြီးက

ဝမ်းမြောက်စွာဖြင့် လက်အုပ်ချီမိုး၍ ရှိခိုးပူဇော်တော်မူပါတယ် ။ 🙏🙏🙏

ဤကား ခမည်းတော်၏ နှစ်ကြိမ်မြောက် ရှိခိုးခြင်းဖြစ်သည်။

🌳ထိမ်းမြားခြင်း 🌳

အလောင်းတော်မင်းသား ၁၆ နှစ်အရွယ်သို့ရောက်သောအခါ

ဒေဝဒဟပြည့်ရှင်သုပ္ပဗုဒ္ဓမင်း၏သမီးတော် ဘဒ္ဒကစ္စနာနှင့် ထိမ်းမြား၍ ယသောဓရာဗိမ္ဗာဒေဝီဟူသောအမည်ဖြင့်

ဘိသိက်ခံကာ အဂ္ဂမဟေသီ ထားတော်မူသည်။

ထိုနောက် ပြာဿာဒ်သုံးခုဝယ် ဥတုအလှည့်အလည်အားဖြင့် မိန်းမအခြံအရံများဖြင့်သာလျှင် ၁၃ နှစ်တိုင်တိုင် ပျော်စံတော်မူလေသည်။

🌳သံဝေဂရခြင်း 🌳

မင်းသားသက်တော် နှစ်ဆယ့်ရှစ်နှစ်သို့ရောက်သောအခါ

ဥယျာဉ်တော်သို့ထွက်တော်မူရာ ဥယျာဉ်အနီးတွင် နတ်တို့က

သူအိုအသွင် ဖန်ဆင်း၍ ပြပါတယ် ။

နောက်လေးလအကြာ ဥယျာဉ်တော်သို့ ထွက်ပြန်ရာ သူနာအသွင်ကို ဖန်ဆင်း၍ ပြပါတယ် ။

နောက်လေးလအကြာထွက်တော်မူပြန်လျှင်

သူသေအသွင်ကို ဖန်ဆင်း၍ပြပါတယ် ။

နောက်လေးလတစ်ကြိမ်တွင်လည်း ရဟန်းအသွင်ကိုဖန်ဆင်းပြလိုက်ပါတယ်။

ဤသို့ သူအို၊ သူနာ၊ သူသေ၊ ရဟန်းတည်းဟူသော နိမိတ်လေးပါးထင်လာသည်နှင့်ကြောက်လန့်ပြီးလျှင် အလွန်သံဝေဂ ရှိတော်မူလေသည်။


🌳တောထွက်ခြင်း 🌳

ယသော်ဓရာတွင်လည်း

သားတော်ရာဟုလာကိုဖွားမြင်တော်မူပြန်ရာ

ကျဉ်းကျပ်သော နှလုံးတော်ရှိလှသဖြင့်

ထိုညဉ့်တွင်ပင် တောထွက်အံ့ဟု ကြံတော်မူ၏။

ကြံသည့်အတိုင်း

သက်တော် ၂၉နှစ် မဟာသက္ကရာဇ် ၉၇ ခုဝါဆိုလပြည့်တနင်္လာနေ့ ညဉ့်သန်းခေါင်ယံအချိန်တွင်

ဖွားဖက်တော်ကဏ္ဍကမြင်းကို စီး၍

ငယ်ဖော်ဆန္ဒကိုအမြီးကဆွဲစေလျက်

တောထွက်တော်မူလေသည်။

တောထွက်၍ ယူဇနာ ၃ဝကျော်မျှဝေးသော

အနောမာမြစ်တစ်ဘက်ကမ်းသို့ရောက်သောအခါ

ဗြဟ္မာမင်းဆက်ကပ်လှူဒါန်းသောပရိက္ခရာရှစ်ပါးနှင့်

ကြာသင်္ကန်းဖြင့်ရဟန်းပြုတော်မူ၏။

ရဟန်းအဖြစ်ဖြင့် ဒုက္ကရစရိယာ

ခြောက်နှစ်တိုင်အောင်ကျင့်တော်မူပြီးသည်၏

အဆုံး၌ သဗ္ဗညုတရွှေဉာဏ်တော်ကိုရ၍

သက်တော် ၃၅နှစ် သက္ကရာဇ် ၁ဝ၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့အကုန် နေအရုဏ်တက်သည်နှင့်

ဘုရားအဖြစ်သို့ရောက်တော်မူလေသည်။

ဘုရား၏အမည်ကား ဂေါတမမြတ်စွာဘုရားတည်း။

ဘုရားဖြစ်တော်မူပြီးနောက် ၄၅ ဝါပတ်လုံး လူနတ်ဗြဟ္မာအပေါင်းတို့အား တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူပြီးလျှင်

သက်တော် ၈ဝသက္ကရာဇ် ၁၄၈ခု ကဆုန်လပြည့် အင်္ဂါနေ့နံနက် မိုးသောက်ယံတွင် ပရိနိဗ္ဗာန်စံဝင်တော်မူလေသည်

Card:Little Leo World

တတိယ ဠင်းတ မဖြစ်ကြစေနဲ့🖤💔❤️‍🔥🖤💔❤️‍🔥🖤💔❤️‍🔥🖤ဓာတ်ပုံက ၁၉၉၃-ခုနှစ် ဆူဒန်နိုင်ငံမှာ အငတ်ဘေးကပ်ဆိုက်လို့ အစာမစားရတဲ့ ကလေးမလေး ...
24/09/2024

တတိယ ဠင်းတ မဖြစ်ကြစေနဲ့
🖤💔❤️‍🔥🖤💔❤️‍🔥🖤💔❤️‍🔥🖤

ဓာတ်ပုံက ၁၉၉၃-ခုနှစ် ဆူဒန်နိုင်ငံမှာ အငတ်ဘေးကပ်ဆိုက်လို့ အစာမစားရတဲ့ ကလေးမလေး သေရခါနီးနီး ဖြစ်နေချိန်မှာ အနားက ဠင်းတတစ်ကောင်က စားမလို့ စောင့်နေတဲ့ပုံကို သတင်းထောက်က ရိုက်လာခဲ့တာပါ။

ဒီဓာတ်ပုံက ကမ္ဘာကို လှုပ်ခတ်သွားစေလောက်အောင်လဲ တကယ်ထိမိပါတယ်။
ဓာတ်ပုံဆရာလဲ ကမ္ဘာ့အဆင့်ဆုတွေဘာတွေ ရပြီး နာမည်ကြီးသွားတာပေါ့။

အဲဒီနောက် တခြား(ပညာရှင်)တစ်ယောက်ကဓာတ်ပုံဆရာကို ဖုန်းနဲ့ အင်တာဗျူးရာမှာ
“အဲဒီကလေးမလေး နောက်ဆက်တွဲ
ဘာဖြစ်သွားလဲ”လို့မေးတဲ့ခါ

ဓာတ်ပုံဆရာက သူလဲပုံရိုက်ပြီး
လေယာဉ်မီဖို့ ကမန်းကတန်းလှည့်ပြန်လာခဲ့လို့ ဘာဖြစ်တယ် မသိရဘူး”လို့ ဖြေတဲ့အတွက်

မေးတဲ့သူက-
“အဲဒီတုန်းက ဠင်းတက နှစ်ကောင်ဗျ၊ တစ်ကောင်က ကင်မရာကြီးနဲ့”လို့ ပြန်ပြောလိုက်သတဲ့။

အဲဒီစကားကြားပြီးကတည်းက
ဓာတ်ပုံဆရာ ယူကြုံးမရနောင်တဖိစီးပြီး နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားသတဲ့။

ဟုတ်တယ်လေ၊ ဓာတ်ပုံဆရာက အဲဒီအခြေအနေမှာ ကလေးမလေးကို ကူညီခဲ့ရင်အခြေအနေက တစ်မျိုး ပြောင်းလဲသွားမှာ၊
ဘာမှ မကူညီခဲ့တော့ ဘာဖြစ်သွားမယ်တောင် မသိနိုင်ဘူး။

ငှက်ဠင်းတက သေမှစားဖို့ စောင့်နေတာ၊
ဓာတ်ပုံဆရာက မသေခင်ရိုက်စားလိုက်တာ၊
ပြောသူက ဒါကို ရည်ရွယ်ပြောသလို
ဓာတ်ပုံဆရာလဲ ဒါကို သဘောပေါက်ပြီး
တနုံ့နုံ့ နောင်တပူပန်မှု နှိပ်စက်ခံရရာက
မခံနိုင်တော့တဲ့အတွက်အဆုံးစီရင်သွားတာပါ။

😱 ဒီခေတ်မှာလည်း အသက်ထွက်ခါနီးဖြစ်တဲ့ လူတွေ နိုင်ငံတွေကို အကြောင်းပြုပြီး စီးပွါးရှာနေကြတဲ့ တတိယ ဠင်းတ လူသားတွေ အများကြီး ရှိနေပါတယ်၊ သတိထား ဆင်ခြင်နိုင်ကြပါစေ။

 #ရေကြီးရေတက်လာချိန်မှာ ပြည်သူတွေမှားယွင်းလုပ်မိနေကြတဲ့အရာတစ်ခုသတိပေးပြောပြပေးချင်ပါတယ်။အဲ့တာက အိမ်ထုတ်တန်းတွေအပေါ်မှာတက...
13/09/2024

#ရေကြီးရေတက်လာချိန်မှာ ပြည်သူတွေ

မှားယွင်းလုပ်မိနေကြတဲ့အရာတစ်ခု

သတိပေးပြောပြပေးချင်ပါတယ်။

အဲ့တာက အိမ်ထုတ်တန်းတွေအပေါ်မှာ

တက်နေကြတာပါပဲ။

တက်နေလို့မရဘူးလားဆိုတော့ရပါတယ်။

တက်နေမယ်ဆိုရင် ရေအရမ်းတက်လာချိန်မှာထွတ်ပေါက်

မရှိပဲပိတ်မိနိင်တဲ့အတွက်အသက်တွေဆုံးရှုံးရနိင်ပါတယ်

ဒါကြောင့်ရေတက်လာချိန်အိမ်အပေါ်ဆုံးထပ်ကိုတက်နေကြမဲ့

သူတွေ ဒီအချက်ကလေးတွေကို သတိထားပေးစေချင်ပါတယ်

- အိမ်ခေါင်မိုးကိုအရေးပေါ်ထွတ်ပေါက်အနေနဲ့ဖွင့်ထား

ရပါမယ်

(သွပ် ၂ ချက် ၃ ချက်လောက်လှန်ထားသင့်ပါတယ်)

- အ၀တ်အစားကိုချွတ်ရ၀တ်ရလွယ်တာမျိုး၀တ်စားထားဖို့လို

ပါတယ် (ရေကူးရချိန်မှာအ၀တ်တွေက လူကိုပိုလေးစေလို့

ပေါ့ပါးချွတ်ရလွယ်တဲ့အ၀တ်အစားတွေ၀တ်ထားသင့်ပါတယ်)

- အရေးကြီးစာရွက်စာတမ်းတွေ ၊ ဖုန်း ၊ပါဝါဘန့် စတာတွေကို

ရေလုံအောင်ထုတ်ပိုးပြီးပေါ့ပေါ့ပါးပါးပုံစံနဲ့ကိုယ်နဲ့မကွာ

အောင်ဆောင်ထားဖို့လိုပါမယ်

- ကိုယ့်အိမ်ပတ်၀န်းကျင်ရဲ့ရေအတက်အကျကို

အချိန်ပြည့်စောင့်ကြည့်ဖို့လိုပါမယ်

(မြစ်ချောင်း၊အင်းအိုင်နီးရင်ပိုပြီးသတိထား

စောင့်ကြည့်ဖို့လိုပါမယ် )

- အကောင်းဆုံးကတော့ အိမ်ခြံထဲ (သို့) လမ်းမပေါ်

ရေတိုးလာတာနဲ့ခေါင်းမမာပဲ ကုန်းမြင့် (သို့ )

ရေလွတ်ရာကိုကြိုတင်ရှောင်ရှားကြဖို့ပါပဲ

Credit

 #တတ်နိုင်သမျှပါဝင်ကူညီပေးကြပါ 📢  #ရေဘေး  ပါဝင်လှူဒါန်းချင် ကူညီချင်သူတွေ အတွက် သွားရောက်ကူညီကယ်ဆယ်လှူဒါန်းနေတဲ့ အဖွဲ့အစ...
12/09/2024

#တတ်နိုင်သမျှပါဝင်ကူညီပေးကြပါ 📢

#ရေဘေး

ပါဝင်လှူဒါန်းချင် ကူညီချင်သူတွေ အတွက် သွားရောက်ကူညီကယ်ဆယ်လှူဒါန်းနေတဲ့
အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေရဲ့ Post တွေ Link တွေကို လက်လှမ်းမီသမျှ စုစည်းပေးထားပါတယ်။

ရေဘေးအန္တရာယ်၊ ရေဘေးဒုက္ခကို
နိုင်ငံရဲ့နေရာအနှံ့အပြားကြုံနေကြရတာမို့ တတ်နိုင်သမျှ
ပါဝင်ကူညီပေးကြပါ။

ကိုစိုးထိုက် Pha Do
https://www.facebook.com/share/p/GCAr7DkPod2KkujN/?mibextid=oFDknk

မိုးမာန်
https://www.facebook.com/share/v/D4LJQiYHsWV8iKvK/?mibextid=oFDknk

Than Min Kywe ပရဟိတ
https://www.facebook.com/share/v/FuWpCkYThbqEBefc/?mibextid=oFDknk

မန္တလေး အဖွဲ့အစည်း
https://www.facebook.com/share/p/ATyzEMX1sxfdRF1p/?mibextid=oFDknk

New Day Energy မှ ကယ်ဆယ်ရေးအဖွဲ့များအတွက်
https://www.facebook.com/share/p/WqvJdL2wmFMXPsUq/?mibextid=oFDknk

ရေဘေးကူညီကြသူများ group
https://www.facebook.com/share/p/ZnBMtioF8g9ah7Gf/?mibextid=oFDknk

https://www.facebook.com/share/p/1dckq4tYttbQzrt5/?mibextid=oFDknk

https://www.facebook.com/share/p/NeCd3Wyc3GL8ZDTr/?mibextid=oFDknk

ဆက်သွယ်အကူညီတောင်းရန် ဖုန်းနံပါတ်များ
https://www.facebook.com/share/p/vbPvM1KKXsRuFgMi/?mibextid=oFDknk

Golden Image နိဗ္ဗာန်ကုန်
https://www.facebook.com/share/p/6HQ8m8jZyMpyZN8F/?mibextid=oFDknk

https://www.facebook.com/share/p/q8f9iAGmTUs8ZUN3/?mibextid=oFDknk

https://www.facebook.com/share/v/St5RLjLnH5mTuxRu/?mibextid=oFDknk

https://www.facebook.com/share/p/Ygu4BSoRSVvqZEAk/?mibextid=oFDknk

https://www.facebook.com/share/p/pJy1P1it8e15RMSW/?mibextid=oFDknk

https://www.facebook.com/share/p/KZYVcYQzMX4TAYmG/?mibextid=oFDknk

https://www.facebook.com/share/p/23Si4g9rqqcz9dLR/?mibextid=oFDknk

https://www.facebook.com/share/p/bBxk2upCWGeFMpnp/?mibextid=oFDknk

https://www.facebook.com/share/p/YFUz8dhDzrhp6AH5/?mibextid=oFDknk

https://www.facebook.com/share/p/bWtyHHPTihfgm7dx/?mibextid=oFDknk

https://www.facebook.com/share/p/cyqDA52r8GWi2aHP/?mibextid=oFDknk

https://www.facebook.com/share/p/kXvpYUkfHqqDBpnj/?mibextid=oFDknk

https://www.facebook.com/share/p/oN44nLP8ZJjWddHw/?mibextid=oFDknk

ရေကြီးမှုနှင့်အတူ မြွေအန္တရာယ် မှ ကာကွယ်နိင်ရန်

(၁)https://www.facebook.com/share/p/n7WMUPSpax7Desxh/?mibextid=oFDknk

(၂)https://www.facebook.com/share/p/MdawNgKoiCGpjVhs/?mibextid=oFDknk

Photo Crd

Address

North Okkalapa Township, , Yangon,Myanmar
Yangon

Opening Hours

Monday 09:30 - 14:00
Tuesday 09:30 - 14:00
Wednesday 09:30 - 14:00
Friday 09:30 - 14:00
Saturday 09:30 - 14:00
Sunday 09:30 - 14:00

Alerts

Be the first to know and let us send you an email when WE love DIM SUM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share