Community Agency for Rural Development - CAD

Community Agency for Rural Development - CAD CAD is always looking for new ways to partners, locally or internationally, with proven development programming activities, developing innovative methods.

04/08/2026
04/08/2026

Leadership Style ကို တစ်ခါရွေးပြီး အမြဲသုံးလို့ရလား?

လုပ်ငန်းခွင်မှာ Leader တော်တော်များများက
ကိုယ့်ရဲ့ Leadership Style တစ်ခုကို ရွေးပြီး
အမြဲတမ်း အဲဒီပုံစံနဲ့ ဦးဆောင်တတ်ကြပါတယ်။

တချို့က
"ကျွန်တော်က Strict Leader ပါ။"
"ကျွန်မက Participative Leader ပါ။"
"ကျွန်တော်က Empowerment ပေးတဲ့ Leader ပါ။"

ဆိုပြီး ကိုယ့် Style တစ်ခုကို သတ်မှတ်ထားကြတယ်။

ဒါပေမယ့်
Leadership က Personality မဟုတ်ပါဘူး။

Situation နဲ့ Task အလိုက် ပြောင်းလဲနိုင်တဲ့ Capability ဖြစ်ပါတယ်။

အတွေ့အကြုံရှိတဲ့ Team Member တစ်ယောက်ကို
အသေးစိတ် လိုက်ညွှန်ကြားနေမယ်ဆိုရင်
သူ့ရဲ့ Ownership နဲ့ Growth ကို
ကန့်သတ်သလို ဖြစ်သွားနိုင်တယ်။

သို့​သော်
အလုပ်အသစ်တစ်ခုမှာ
အတွေ့အကြုံမရှိသေးတဲ့ Task တစ်ခုမှာ
"မင်းလုပ်လိုက်"
ဆိုပြီး လွှတ်ထားလိုက်ရင်လည်း
သူ့အတွက် မျှော်လင့်ချက်မရှင်းဘဲ ဖြစ်သွားနိုင်တယ်။

ဒါကြောင့်

Great Leader တွေက
"ငါ ဘယ်လို Leader ဖြစ်ချင်လဲ?"
ဆိုတာထက်
"ဒီအခြေအနေမှာ Team က ဘာလိုအပ်နေလဲ?"
ဆိုတာကို အရင်စဉ်းစားတယ်။

တစ်ခါတလေ . Direction ပေးရမယ်။ (Directing)
တစ်ခါတလေ . Coaching လုပ်ရမယ်။ (Coaching)
တစ်ခါတလေ . Support ပေးရမယ်။ (Supporting)
တစ်ခါတလေ . ယုံကြည်ပြီး Delegation လုပ်ရမယ်။ (Delegating)

Leadership Effectiveness ဆိုတာ
Style တစ်ခုကို အမြဲကိုင်ထားနိုင်ခြင်း မဟုတ်ပါဘူး။

အခြေအနေမှန်မှာ မှန်ကန်တဲ့ Leadership Style ကို ရွေးချယ်နိုင်ခြင်း ဖြစ်ပါတယ်။

မေးကြည့်ပါ

"ငါ့ရဲ့ Leadership Style ကို ကာကွယ်နေတာလား ?"
ဒါမှမဟုတ်
"Team ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတာလား ?"

ဒါဆိုရင် သင်ကော

ဒီတစ်ပတ်မှာ သင်ပြောင်းလဲသင့်တဲ့ Leadership Style တစ်ခုကို ပြန်စဉ်းစားကြည့်ပါ။

Comment မှာ ရေးခဲ့ပါ။

----

Zar Ni Kyaw – Leadership & OD Coach

မိခင် အလုပ်အကိုင် - မှီခိုမှီခိုဟူသော အမည်နာမနှင့် ကိုက်ညီသူပေါ့😔(အဘယ်ကြောင့်ဆိုသည် သူမကို တစ်အိမ်လုံးက မှီခိုကြသောကြောင...
11/06/2026

မိခင် အလုပ်အကိုင် - မှီခို
မှီခိုဟူသော အမည်နာမနှင့် ကိုက်ညီသူပေါ့😔
(အဘယ်ကြောင့်ဆိုသည်
သူမကို တစ်အိမ်လုံးက မှီခိုကြသောကြောင့်တည်း)

2026 Mother’s Day

21/05/2026
ကျောင်းပြင်ပရောက် အသက် ၁၅ နှစ်အောက် ကလေးများကို Placement Test နဲ့ ကျောင်းပြန်တက်ခွင့်ပေးမယ်လို့ ပညာရေးဝန်ကြီးဌာကကြေညာမေ...
21/05/2026

ကျောင်းပြင်ပရောက် အသက် ၁၅ နှစ်အောက် ကလေးများကို Placement Test နဲ့ ကျောင်းပြန်တက်ခွင့်ပေးမယ်လို့ ပညာရေးဝန်ကြီးဌာကကြေညာ

မေလ ၂၁ ရက် ၂၀၂၆
ဂလိုရီယာ
ရန်ကုန်

ကျောင်းပြင်ပရောက်ကလေးတွေကို အဆင့်သတ်မှတ် စမ်းသပ်ချက် (Placement Test) ဖြေဆိုပြီး ကျောင်းပြန်တက်ခွင့်ပေးမယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ကျောင်းပညာရေးပြတ်တောက်သွားတဲ့ အသက် ၁၅ နှစ်အောက် ကလေးတွေကို အဆင့်သတ်မှတ် စမ်းသပ်ချက် (Placement Test) ဖြေဆိုစေပြီး ကျောင်းပြန်တက်ခွင့်ပေးမယ်လို့ နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနက မေ ၂၁ ရက်မှာ ကြေညာပါတယ်။

ပညာရေးဝန်ကြီးဌာနကကြေညာတဲ့ အဲဒီ အစီအစဉ်အရ ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေကို အသက်အရွယ်အလိုက် ကျောင်းတက်ခွင့် တန်းသတ်မှတ်တာမဟုတ်ဘဲ အတန်းအလိုက် တတ်မြောက်မှုပေါ် မူတည်ပြီး တက်ရောက်ခွင့်ပေးမယ်လို့ နားလည်ရပါတယ်။

ကြေညာချက်အရ ၂၀၂၁-၂ ပညာသင်နှစ်ကစပြီး ကျောင်းပြင်ပကို ရောက်ရှိခဲ့တဲ့ ကျောင်းသားတွေ ကိုပညာအရည်အချင်းအရ ဒါမှမဟုတ် အသက်အရွယ်အရ ကိုက်ညီတဲ့ အတန်းမှာ တက်ရောက်နိုင်ရေး စီစဥ်တဲ့စာမေးပွဲ လို့ဖော်ပြပါတယ်။

ဒါအပြင် ဖြေဆိုတဲ့အခါ ကျောင်းပြင်ပရောက် ကလေးရဲ့ အသက်အရွယ်အရ တက်ရောက်ရမမယ့် အတန်းရဲ့ တစ်ဆင့် နိမ့်အတန်းကို ဝင်ရောက်ဖြေဆိုရမယ်လို့ ဆိုပါတယ်။

သဘောဆန္ဒအရ အတန်းတဆင့်နိမ့် တက်ရောက်လိုသူကလည်း Placement Test ဖြေဆိုတဲ့အခါ အဲဒီအတန်းရဲ့ တဆင့်နိမ့်အတန်းကို ဝင်ရောက်ဖြေဆိုနိုင်တယ်လို့ ပြောထားပါတယ်။

ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းဆရာတစ်ဦးကတော့ နေပြည်တော်ရဲ့ အခုအစီအစဥ်က ကျောင်းမတက်ဘဲ မြို့ပြတွေမှာ နေထိုင်ပြီး အွန်လိုင်း၊ ပြင်ပကျူရှင်တွေမှာ စာသင်နေတဲ့ကျောင်းသားတွေအတွက် အဆင်ပြေပေနိုင်ပေမယ့် ပဋိပက္ခဒေသတွေက ကလေးတွေအတွက် အခက်အခဲရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

ထုတ်ပြန်ချက်အရ အသက် ၇ နှစ်ကနေ ၁၃ နှစ်အထိ ကလေးတွေကို Grade 1 ကနေ Grade 7 အထိ၊ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ်တွေကိုတော့ Grade 8 Placement Test ဖြေဆိုနိုင်တယ်လို့ဆိုပေမယ့် အထက်တန်းတွေအတွက်တော့ထည့်ပြောထားတာမရှိပါဘူး။

အဲဒီစာမေးပွဲတွေကို လာမယ့် ဇွန် ၁၅ ရက်ကနေ ၂၀ ရက်အထိ အခြေခံပညာမူလတန်းနဲ့ အလယ်တန်းအဆင့်တွေကို သက်ဆိုင်ရာမြို့နယ် စာစစ်ဌာနတွေမှာ စစ်ဆေးမယ်လို့ဆိုပါတယ်။

အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ပညာသင်ယူခဲ့ဖူးသူတွေ အကျုံးဝင်မှာဖြစ်ပြီး ရလဒ်ကို ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

❤️ ရန်ကုန်မြို့ လှိုင်သာယာက ကက်သလစ်ခရစ်ယာန်လူငယ်ပေါင်း ၃၀၀ နီးပါးကို လူ့အခွင့်အရေးအကြောင်း ဝေမျှပေး❤️ လူ့အခွင့်အရေးဟာ လူ...
15/04/2026

❤️ ရန်ကုန်မြို့ လှိုင်သာယာက ကက်သလစ်ခရစ်ယာန်လူငယ်ပေါင်း ၃၀၀ နီးပါးကို လူ့အခွင့်အရေးအကြောင်း ဝေမျှပေး

❤️ လူ့အခွင့်အရေးဟာ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာ

ဧပြီလ ၁၅ ရက် ၂၀၂၆
ဂလိုရီယာ
ရန်ကုန်

Community Agency for Rural Development - CAD ကို တည်ထောင်ခဲ့သူ၊ လက်ရှိတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ကက်သလစ်ခရစ်ယာန်ဘာသာဝင် ဦးဂျိုးဇက်ကုန်ဇမှုန်း @ ဝင်းလှိုင်ဦး (ပြည်ထောင်စုဒုတိယဝန်ကြီးအဆင့်) က
Fr. Bosco Bo Bo ၏ဖိတ်ခေါ်ချက်အရ

လှိုင်သာယာက ကက်သလစ်လူငယ်ပေါင်း ၃၀၀ နီးပါးကို
လူ့အခွင့်အရေးအကြောင်းကို ဝေမျှပေးခဲ့ပါတယ်

လူ့အခွင့်အ​​ရေးအ​ကြောင်း Human Rights

❤️❤️❤️❤️❤️❤️❤️❤️

၁၉၄၈ ခုနှစ်မှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ သဘောတူ ကြေညာထားတဲ့ Universal Declaration of Human Rights - UDHR) ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းမှာ လူ့အခွင့်အရေး Human Rights) အပိုဒ်ပေါင်း (၃၀) ပါဝင်ပါတယ်။

ဒီအပိုဒ်ပေါင်း (၃၀) ကို အမျိုးအစား (၅) ခုနဲ့ ခွဲထုတ်ရင်

၁။ Civil Rights ပြည်သူ့ရေးရာအခွင့်အရေး
၂။ Political Rights နိုင်ငံရေးအခွင့်အရေး
၃။ Economic Rights စီးပွါးရေးအခွင့်အရေး
၄။ Social Rights လူမှုရေးအခွင့်အရေး
၅။ Cultural Rights ယဉ်ကျေးမှုအခွင့်အရေး

#လူ့အခွင့်အရေး
#မြန်မာလူ့အခွင့်အရေး
#ကုန်ဇမှုန်း
#ဂျိုးဇက်
#ဝင်းလှိုင်ဦး

CAD အဖွဲ့အစည်းကိုတည်ထောင်ပြီး ညွန်ကြားရေးမှုး လုပ်နေသူ ဦးကုန်ဇမှုန်း Joseph Kung Za Hmung(ခ) ဝင်း​လှိုင်ဦး Win HlaingO...
13/04/2026

CAD အဖွဲ့အစည်းကိုတည်ထောင်ပြီး ညွန်ကြားရေးမှုး လုပ်နေသူ ဦးကုန်ဇမှုန်း Joseph Kung Za Hmung(ခ) ဝင်း​လှိုင်ဦး Win HlaingOo (အစိမ်းရောင်ဖြင့် ပြထား) အား နိုင်ငံတော်သမ္မတ မင်းအောင်လှိုင်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် Myanmar National Human Rights Commission ၏အဖွဲ့ဝင် (ပြည်ထောင်စုဒုတိယဝန်ကြီးအဆင့်) ဖြစ်ခန့်အပ်သည့်အတွက် အထူးဂုဏ်ယူပါသည်။





Address

No. 739-741, Quarter No. (123), Akasar Road, East Dagon
Yangon
11451

Alerts

Be the first to know and let us send you an email when Community Agency for Rural Development - CAD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Community Agency for Rural Development - CAD:

Shortcuts

Share