08/11/2024
Microfinance အသေးစားချေးငွေဆိုတာ ဘဏ်တွေမှာ အရင်းအနှီးအတွက်အာမခံပေး ငွေချေးလို့မရတဲ့ ဆင်းရဲနွမ်းပါးသူ ခေါင်းရွက်ဗျတ်ထိုးဈေးသည်နှင့်အသေးစားလုပ်ငန်း လုပ်ငန်းငယ်လေးတွေကိုကို အရင်းအနှီးချေးငွေပေးရတဲ့လုပ်ငန်းပါ။ နေပူထဲကလူကိုထိမိုးပေးရသူတွေပါ။ ဘဏ်ကြီးတွေက လုပ်ငန်းရှင်ကြီးတွေ သူအရိပ်နဲ့သူပြည့်စုံနေသူတွေကို ချေးငွေပမာဏ များစွာချေးပေးကြပေမဲ့ နေပူထဲကလုပ်ငန်ငယ်လေးတွေကတော့ ဘဏ်အရိပ်တောင်မကပ်နိုင်ပါဘူး။ အသေးစားချေးငွေ တာဝန်ခံများဟာ ဆင်းရဲနွမ်းပါးသူတွေကိုထီးမိုးပေးသူတွေပါ။ ခင်ဗျာတို့ဟာ နေပူထဲက သူတွေကိုထီးမိုးပေးသူတွေသာဖြစ်စေခြင်ပါတယ်။ နေပူထဲကလူကို အချုပ်ထဲထောင်ထဲပို့တဲ့လူတွေတော့မဖြစ်စေခြင်ပါဘူး လို့ ယခင်ဗဟိုသမဝါယမအသင်းဥက္ကကြီးဖြစ်ခဲ့သူ ဦးခင်မောင်အေးက ပြောကြားခဲ့တယ်။ အခုတော့ ... အသေးစားချေးငွေလုပ်ငန်းတွေဟာ ဆုံးရှုံးမူများစွာနဲ့ အချို့ဆို လုပ်ငန်းတွေပိတ်သိမ်းသွားရတဲ့အထိထိခိုက်လျှက်ရှိနေပြီးသူတို့ကိုတိုင် ကန္တရထဲရောက်နေသလိုဖြစ်နေတယ်ဆိုရင်လွန်ပါသလား?