Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Language and Social Development Organization - LSDO, Non-Governmental Organization (NGO), 2B-890, Muditar Housing (2), Phancheset Road, West Ywarma, Yangon.
Address
2B-890, Muditar Housing (2), Phancheset Road, West Ywarma
Yangon
INSEIN
Opening Hours
| Monday | 08:30 - 16:30 |
| Tuesday | 08:30 - 16:30 |
| Wednesday | 08:30 - 16:30 |
| Thursday | 08:30 - 16:30 |
| Friday | 08:30 - 16:30 |
Telephone
Website
Alerts
Be the first to know and let us send you an email when Language and Social Development Organization - LSDO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Organization
Send a message to Language and Social Development Organization - LSDO:
Shortcuts
Category
Our Story
Zawgyi: ဘာသာစကားႏွင့္လူမႈဖြံ႔ၿဖဳိးေရးအဖြဲ႔သည္ ၿမန္မာနုိင္ငံတြင္ တရား၀င္မွတ္ပုံတင္ထားသည့္အစုိးရမဟုတ္ေသာ ေဒသခံအဖြဲ႔အစည္းတစ္ခုၿဖစ္ပါသည္။ အဖြဲ႔၏ေမွ်ာ္မွန္းခ်က္မွာ လူမ်ဳိးႏြယ္စုမ်ားသည္ မိမိတုိ႔၏စာေပႏွင့္ယဥ္ေက်းမႈကုိ တန္ဖုိးထားအသုံးၿပဳၿခင္းအားၿဖင့္ ဘက္စုံဖြံ႔ၿဖဳိးတုိးတက္ရန္ၿဖစ္သည္။ အဖြဲ႔သည္ လူမ်ဳိးစုမ်ားအား မိမိတုိ႔၏ဘာသာစကား၊ ယဥ္ေက်းမႈႏွင့္ ပညာေရးအခြင့္အလမ္းမ်ား ဖြံ႔ၿဖဳိးလာနုိင္ရန္ စြမ္းရည္ၿမွင့္တင္ေပးပါသည္။ ဘာသာစကားႏွင့္လူမွုဖြံ့ၿဖိဳးေရးအဖြဲ႕သည္ ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္၊ ျပည္ထဲေရးဝန္ႀကီးဌာန၏ ျပည္တြင္းအသင္းအဖြဲ႕ မွတ္ပုံတင္လက္မွတ္ အမွတ္ ၁/ျပည္တြင္း/၀၁၇၀ျဖင့္ အသင္းအဖြဲ႕မ်ားမွတ္ပုံတင္ျခင္းဆိုင္ရာဥပေဒႏွင့္အညီ ခြင့္ျပဳထားေသာ အဖြဲ႕အစည္း တစ္ခု ျဖစ္ပါသည္။ အဖြဲ႕၏ လုပ္ငန္းစဥ္မ်ား ၁။ စာေပဖြံ့ၿဖိဳးမွုလုပ္ငန္းမ်ားကို ေဆာင္ရြက္နိုင္ရန္အတြက္ ဘာသာစကားႏွင့္ဆိုင္ေသာ ကြင္းဆင္း သုေတသနလုပ္ငန္းမ်ား လုပ္ေဆာင္ျခင္း၊ သုေတသနစာတမ္းျပဳစုေရးသား မွတ္တမ္းတင္ျခင္းတို႔ကို ေဆာင္ရြက္ရန္။ ၂။ ျမန္မာနိုင္ငံ၏ နိုင္ငံသုံးဘာသာစကားျဖစ္သည့္ ျမန္မာစကားကို တိုင္းရင္းသားလူမ်ိဳးမ်ား အလြယ္တကူ ေရးတတ္၊ ဖတ္တတ္၊ ေျပာတတ္လာနိုင္ေစရန္အတြက္ မိခင္ဘာသာစကား အေျခခံေသာ သင္ၾကားေရးမွ ျမန္မာစာသင္ၾကာေရးကို ေပါင္းကူးေပးနိုင္ေသာ သင္ၾကားနည္းမ်ားကို တိုင္းရင္းသားလူမ်ိဳးမ်ား ကိုယ္တိုင္ဖန္တီးနိုင္ေစရန္ နည္းပညာပိုင္း ဆိုင္ရာ အကူအညီမ်ားေပးရန္။ ၃။ ျမန္မာစာ၊ အဂၤလိပ္စာႏွင့္ အျခားဘာသာစကားမ်ားကို တိုင္းရင္းသားလူမ်ိဳးမ်ား အလြယ္တကူ ေလ့လာနိုင္ေစရန္အတြက္ မိခင္ဘာသာစကားကိုအေျခခံသည့္ အဘိဓာန္ႏွင့္ အျခားစာအုပ္ စာေပမ်ားကို တိုင္းရင္းသားလူမ်ိဳးမ်ားကိုယ္တိုင္ ေရးသားျပဳစုနိုင္ေစရန္ အတြက္ နည္းပညာပိုင္းဆိုင္ရာ အကူအညီမ်ားေပးရန္။ ၄။ စာေပေရးသားရန္အတြက္ အကၡရာႏွင့္သတ္ပုံသတ္ညႊန္း မရွိေသးေသာ တိုင္းရင္းသား ဘာသာစကားမ်ားအတြက္ လိုအပ္ပါက အကၡရာႏွင့္သတ္ပုံသတ္ညႊန္းကို ေဒသခံမ်ား ကိုယ္တိုင္ တီထြင္နိုင္ေစရန္ နည္းပညာပိုင္းဆိုင္ရာ အကူအညီမ်ား ပံ့ပိုးေပးရန္။ ၅။ စာေပဖြံ့ၿဖိဳးမွုႏွင့္ စာတတ္ေျမာက္ေရးလုပ္ငန္းမ်ားကို ေဒသခံစာေပႏွင့္ ယဥ္ေက်းမွု အဖြဲ႕မ်ားက လုပ္ေဆာင္ရာတြင္ နည္းပညာပိုင္းဆိုင္ရာ အကူအညီမ်ားေပးရန္။ ၆။ ဘာသာစကားႏွင့္ဆိုင္ေသာသင္တန္းမ်ားကို အဓိကအားျဖင့္ ျပည္တြင္းမွ ပညာရွင္မ်ားျဖင့္ ပို႔ခ်ရန္လိုအပ္ပါက ျပည္ပမွပညာရွင္မ်ား၊ အဖြဲ႕အစည္းမ်ား၊ အႀကံေပးပုဂၢိဳလ္မ်ား ကိုလည္း ဖိတ္ေခၚ၍ ပို႔ခ်ရန္။ ၇။ ဘာသာေဗဒႏွင့္ပတ္သက္ေသာ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ ႏွီးေႏွာဖလွယ္ပြဲမ်ား၊ သုေတသန စာတမ္းဖတ္ပြဲမ်ားတြင္ပါဝင္ရန္။ ၈။ မိခင္ဘာသာစကားျဖင့္ စာအုပ္စာေပမ်ားကို ေရးသားထုတ္ေဝရာတြင္ နည္းပညာပိုင္း ဆိုင္ရာ အကူအညီမ်ား ေပးရန္။ ၉။ ဘာသာေဗဒႏွင့္ပတ္သက္ေသာစာေပမ်ား၊ ရိုးရာယဥ္ေက်းမွုႏွင့္ပတ္သက္ေသာ စာေပမ်ား၊ အသိအလိမၼာႏွင့္ ဗဟုသုတတိုးပြားေစေသာစာေပမ်ားကို ေရးသားျပဳစုျခင္း၊ ဘာသာျပန္ ျခင္း၊ ထုတ္ေဝျခင္းတို႔ကို ေဆာင္ရြက္ရန္။
LSDO အဖြဲ႕သည္ မည္သူတို႔ျဖင့္ ဖြဲ႕စည္းထားေသာ အဖြဲ႕အျဖစ္သနည္း။
LSDO အဖြဲ႕သည္ ခရစ္ယာန္ဝန္ထမ္းမ်ားျဖင့္ ဖြဲ႕စည္းထားေသာ ျပည္တြင္းလူမႈေရးအသင္းအဖြဲ႕ျဖစ္ၿပီး ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အတြင္း၌ မွီတင္းေနထိုင္ၾကေသာ တိုင္းရင္းသားမ်ားႏွင့္မ်ိဳးႏြယ္စုမ်ား ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္အေရးပါသည့္ စာေပဖြံ႕ၿဖိဳးမႈ က႑၊ ဘာသာစကားႏွင့္႐ိုးရာယဥ္ေက်းမႈအႏုပညာအေမြအႏွစ္မ်ားကို ထိန္းသိမ္းသည့္က႑တို႔တြင္ လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး၊ ေနရာေဒသမေ႐ႊး နည္းပညာပိုင္းဆိုင္ရာ ပံ့ပိုးကူညီမႈမ်ားကို အဖြဲ႕ အစည္းတစ္ခုအသြင္ျဖင့္ ထိေရာက္စြာပံ့ပိုးကူညီေပးႏိုင္ရန္အတြက္ ဘာဘာစကား၊ ယဥ္ေက်းမႈ ႏွင့္ပညာေရးဆိုင္ရာ လူမႈဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားလုပ္ကိုင္သည့္ ျပည္တြင္းလူမႈေရး အဖြဲ႕အစည္းတစ္ခု ျဖစ္သည္။
Unicode: ဘာသာစကားနှင့်လူမှုဖွံ့ဖြိုးရေးအဖွဲ့သည် မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့်အစိုးရမဟုတ်သော ဒေသခံအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အဖွဲ့၏မျှော်မှန်းချက်မှာ လူမျိုးနွယ်စုများသည် မိမိတို့၏စာပေနှင့်ယဉ်ကျေးမှုကို တန်ဖိုးထားအသုံးပြုခြင်းအားဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်ဖြစ်သည်။ အဖွဲ့သည် လူမျိုးစုများအား မိမိတို့၏ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ပညာရေးအခွင့်အလမ်းများ ဖွံ့ဖြိုးလာနိုင်ရန် စွမ်းရည်မြှင့်တင်ပေးပါသည်။ ဘာသာစကားနှင့်လူမှုဖွံ့ဖြိုးရေးအဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ် အမှတ် ၁/ပြည်တွင်း/၀၁၇၀ဖြင့် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ ခွင့်ပြုထားသော အဖွဲ့အစည်း တစ်ခု ဖြစ်ပါသည်။ အဖွဲ့၏ လုပ်ငန်းစဉ်များ ၁။ စာပေဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဘာသာစကားနှင့်ဆိုင်သော ကွင်းဆင်း သုတေသနလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ သုတေသနစာတမ်းပြုစုရေးသား မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ရန်။ ၂။ မြန်မာနိုင်ငံ၏ နိုင်ငံသုံးဘာသာစကားဖြစ်သည့် မြန်မာစကားကို တိုင်းရင်းသားလူမျိုးများ အလွယ်တကူ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်လာနိုင်စေရန်အတွက် မိခင်ဘာသာစကား အခြေခံသော သင်ကြားရေးမှ မြန်မာစာသင်ကြာရေးကို ပေါင်းကူးပေးနိုင်သော သင်ကြားနည်းများကို တိုင်းရင်းသားလူမျိုးများ ကိုယ်တိုင်ဖန်တီးနိုင်စေရန် နည်းပညာပိုင်း ဆိုင်ရာ အကူအညီများပေးရန်။ ၃။ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အခြားဘာသာစကားများကို တိုင်းရင်းသားလူမျိုးများ အလွယ်တကူ လေ့လာနိုင်စေရန်အတွက် မိခင်ဘာသာစကားကိုအခြေခံသည့် အဘိဓာန်နှင့် အခြားစာအုပ် စာပေများကို တိုင်းရင်းသားလူမျိုးများကိုယ်တိုင် ရေးသားပြုစုနိုင်စေရန် အတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီများပေးရန်။ ၄။ စာပေရေးသားရန်အတွက် အက္ခရာနှင့်သတ်ပုံသတ်ညွှန်း မရှိသေးသော တိုင်းရင်းသား ဘာသာစကားများအတွက် လိုအပ်ပါက အက္ခရာနှင့်သတ်ပုံသတ်ညွှန်းကို ဒေသခံများ ကိုယ်တိုင် တီထွင်နိုင်စေရန် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးရန်။ ၅။ စာပေဖွံ့ဖြိုးမှုနှင့် စာတတ်မြောက်ရေးလုပ်ငန်းများကို ဒေသခံစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များက လုပ်ဆောင်ရာတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများပေးရန်။ ၆။ ဘာသာစကားနှင့်ဆိုင်သောသင်တန်းများကို အဓိကအားဖြင့် ပြည်တွင်းမှ ပညာရှင်များဖြင့် ပို့ချရန်လိုအပ်ပါက ပြည်ပမှပညာရှင်များ၊ အဖွဲ့အစည်းများ၊ အကြံပေးပုဂ္ဂိုလ်များ ကိုလည်း ဖိတ်ခေါ်၍ ပို့ချရန်။ ၇။ ဘာသာဗေဒနှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ သုတေသန စာတမ်းဖတ်ပွဲများတွင်ပါဝင်ရန်။ ၈။ မိခင်ဘာသာစကားဖြင့် စာအုပ်စာပေများကို ရေးသားထုတ်ဝေရာတွင် နည်းပညာပိုင်း ဆိုင်ရာ အကူအညီများ ပေးရန်။ ၉။ ဘာသာဗေဒနှင့်ပတ်သက်သောစာပေများ၊ ရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်သော စာပေများ၊ အသိအလိမ္မာနှင့် ဗဟုသုတတိုးပွားစေသောစာပေများကို ရေးသားပြုစုခြင်း၊ ဘာသာပြန် ခြင်း၊ ထုတ်ဝေခြင်းတို့ကို ဆောင်ရွက်ရန်။