Clean Yangon

Directions Website Contact the organization

Clean Yangon မျှ ဝေ ခြင်း သည် မေ တ္တာ
(1616)

Would like to introduce that we're volunteers to do clean rubbish around our Yangon City.Our mission is giving awareness to the public become Clean Myanmar

ဒီညလည်း RCS ပေးကြစို့နော်။ 💛တစ်နေ့တာ ပင်ပန်းခဲ့သမျှ အနားယူရင်း မေတ္တာလေးတစ်ခု မျှဝေပေးခဲ့ပါဦး။Clean Yangon ရဲ့ ပို့စ်လေး...
13/10/2026

ဒီညလည်း RCS ပေးကြစို့နော်။ 💛

တစ်နေ့တာ ပင်ပန်းခဲ့သမျှ အနားယူရင်း မေတ္တာလေးတစ်ခု မျှဝေပေးခဲ့ပါဦး။

Clean Yangon ရဲ့ ပို့စ်လေးတွေမှာ
💛 React လေးပေးပါ။
💬 Comment လေးရေးပါ။
🔁 Share လေးလုပ်ပေးပါ။

ကိုယ်တိုင် မရောက်နိုင်တဲ့နေရာတွေအထိ ကူညီမှုတွေ ဆက်ရောက်နိုင်ဖို့၊ လိုအပ်နေသူတွေနဲ့ ဖေးကူချင်သူတွေ ဆုံနိုင်ဖို့ အားလုံးရဲ့ ပါဝင်မှုလေးက အရေးပါပါတယ်။

ဒီညလည်း မေတ္တာနဲ့ လက်တွဲကြမယ်နော်။
မျှဝေခြင်းသည် မေတ္တာပါ။

ေတ္တာ
#မျှဝေဖေးကူဒို့အတူ

ဒီနေ့အတွက်အာဟာရအစီအစဉ်ကိုတော့ ဝက်သားကြော်လေးရယ် ဗူးသီးရွှေဖရုံသီးအရောလေးရယ် ခရမ်းချဉ်သီးငပပိချက် စပ်စပ်လေးရယ်ပေါ့အာဟာရဒါ...
13/10/2026

ဒီနေ့အတွက်အာဟာရအစီအစဉ်ကိုတော့ ဝက်သားကြော်လေးရယ် ဗူးသီးရွှေဖရုံသီးအရောလေးရယ် ခရမ်းချဉ်သီးငပပိချက် စပ်စပ်လေးရယ်ပေါ့

အာဟာရဒါနတစ်ဦးစာလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ပါဝင်ကူညီနိုင်ပါတယ်။

ဘေးရန်ကင်းကြပါစေ 🙏
ဆာလောင်မှုများပြေပျောက်ကြပါစေ 🙏

Like, Comment, Share နဲ့ ကြည့်ရှုမှုတွေကနေ နေ့စဉ် ဝင်ငွေလေးတွေ ရရှိနေပြီဖြစ်တာကြောင့် R C S လေးတွေနဲ့ ကူညီပေးလို့ရပါတယ်။

#စစ်ဘေးရှောင်
#မျှဝေဖေးကူဒို့အတူ

အညာစစ်ရှောင်မိသားစုများအတွက် ခိုလှုံရာတဲများ ဆောက်လုပ်ပေးနေဆဲပါ။စေတနာရှင်များကိုယ်စား ကျနော်တို့ Clean Yangon က မိသားစုတ...
13/10/2026

အညာစစ်ရှောင်မိသားစုများအတွက် ခိုလှုံရာတဲများ ဆောက်လုပ်ပေးနေဆဲပါ။

စေတနာရှင်များကိုယ်စား ကျနော်တို့ Clean Yangon က မိသားစုတစ်စုချင်းစီအတွက် နေပူဒဏ်၊ မိုးဒဏ်ကို ကာကွယ်ပေးနိုင်မယ့် နေရာလေးတွေ ဖန်တီးပေးနေပါတယ်။

တဲလေးတစ်လုံးဟာ မိသားစုတစ်စုအတွက် ခဏတာနားခိုရာ၊ ကလေးတွေအတွက် အိပ်စက်ရာ၊ ခက်ခဲတဲ့နေ့ရက်တွေကို အတူတူဖြတ်သန်းဖို့ အားယူရာလေးပါ။

အိမ်ပြန်နိုင်မယ့်နေ့ကို စောင့်ရင်း ရုန်းကန်နေကြတဲ့ မိသားစုတွေအတွက် ဒီခိုလှုံရာလေးတွေ ဖြစ်လာအောင် ပါဝင်ပံ့ပိုးပေးကြတဲ့ စေတနာရှင်အားလုံးကို ကျေးဇူးတင်ပါတယ်။

မျှဝေတဲ့ မေတ္တာတွေက ခိုလှုံရာလေးတွေအဖြစ် ရောက်ရှိနေပါတယ်။

#အညာစစ်ဘေးရှောင်
#မျှဝေဖေးကူဒို့အတူ

ဘာလို့လဲတော့ မသိဘူး(၂) ပတ်လောက်နေရင် Reach ကျကျသွားတယ်။ဒီပိုစ့်မြင်ရင် တခုခုပြောခဲ့ပေးကြပါဦးနော်
13/10/2026

ဘာလို့လဲတော့ မသိဘူး
(၂) ပတ်လောက်နေရင် Reach ကျကျသွားတယ်။
ဒီပိုစ့်မြင်ရင် တခုခုပြောခဲ့ပေးကြပါဦးနော်

ဒီနေ့အတွက်အာဟာရအစီအစဉ်ကိုတော့ ကြက်သားဆီပြန်ဟင်း၊ပဲ-ကြာဆံဟင်းရည်လေးနဲ့ မုန့်ညှင်းအစပ်သုပ်လေးနဲ့ပါတွဲစပ်စီစဉ်ပေးဖြစ်ပါတယ်။...
13/10/2026

ဒီနေ့အတွက်အာဟာရအစီအစဉ်ကိုတော့ ကြက်သားဆီပြန်ဟင်း၊ပဲ-ကြာဆံဟင်းရည်လေးနဲ့ မုန့်ညှင်းအစပ်သုပ်လေးနဲ့ပါတွဲစပ်စီစဉ်ပေးဖြစ်ပါတယ်။

အာဟာရဒါနတစ်ဦးစာလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ပါဝင်ကူညီနိုင်ပါတယ်။

ဘေးရန်ကင်းကြပါစေ 🙏
ဆာလောင်မှုများပြေပျောက်ကြပါစေ 🙏

Like, Comment, Share နဲ့ ကြည့်ရှုမှုတွေကနေ နေ့စဉ် ဝင်ငွေလေးတွေ ရရှိနေပြီဖြစ်တာကြောင့် R C S လေးတွေနဲ့ ကူညီပေးလို့ရပါတယ်။

#စစ်ဘေးရှောင်
#မျှဝေဖေးကူဒို့အတူ

ခဏပဲ ရှောင်ရမှာပါ ဆိုတဲ့စိတ်နဲ့ အိမ်ကနေ ထွက်လာခဲ့ကြပေမယ့် ပြန်ရမယ့်နေ့ကို စောင့်ရင်း လတွေ၊ နှစ်တွေ ကြာလာခဲ့ကြပါတယ်။ ယာယီ...
13/10/2026

ခဏပဲ ရှောင်ရမှာပါ ဆိုတဲ့စိတ်နဲ့ အိမ်ကနေ ထွက်လာခဲ့ကြပေမယ့် ပြန်ရမယ့်နေ့ကို စောင့်ရင်း လတွေ၊ နှစ်တွေ ကြာလာခဲ့ကြပါတယ်။ ယာယီလို့ ထင်ခဲ့တဲ့ နေရာလေးတွေမှာ မိုးရာသီတွေ ဖြတ်ခဲ့ရတယ်။ နွေရာသီတွေ ကျော်ခဲ့ရတယ်။ ကလေးတွေတောင် အရွယ်ကြီးလာခဲ့ကြပြီ။

စစ်ရှောင်မိသားစုတွေအတွက် ဒီခရီးဟာ အိမ်ပြန်ဖို့ စောင့်နေတဲ့ခရီးတစ်ခုတည်း မဟုတ်ပါဘူး။ နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းရင်း၊ ကလေးတွေ ပညာမပြတ်ဖို့ ကြိုးစားရင်း၊ နာမကျန်းသူနဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရင်း မိသားစုဘဝကို ဆက်ထိန်းထားရတဲ့ ခရီးရှည်တစ်ခုပါ။

သူတို့ရဲ့ခံနိုင်ရည်ကို ကြည့်မိတဲ့အခါ ကြီးမားတဲ့စကားလုံးတွေထက် နေ့စဉ်လုပ်ရပ်လေးတွေကို မြင်ရပါတယ်။ ကိုယ်တိုင် စိတ်ပူနေပေမယ့် ကလေးကို စိတ်ချရအောင် ချော့သိပ်ပေးတဲ့ မိဘတစ်ယောက်။ စားစရာနည်းနည်းထဲက အိမ်နီးချင်းကို မျှဝေပေးတဲ့ မိသားစုတစ်စု။ နေရာထပ်ရွှေ့ရပေမယ့် ကလေးရဲ့ စာအုပ်လေးတွေကို မပျောက်အောင် ယူလာပေးတဲ့ လက်တစ်စုံ။ အဲဒီလုပ်ရပ်တွေထဲမှာ ဘဝကို လက်မလွှတ်ဘဲ ဆက်ထိန်းထားတဲ့ အားအင်တွေ ရှိနေပါတယ်။

ကြံ့ကြံ့ခံတယ်ဆိုတာ မနာကျင်တော့လို့ မဟုတ်ပါဘူး။ မပင်ပန်းလို့လည်း မဟုတ်ပါဘူး။ အိမ်ကို လွမ်းကြတယ်။ အရင်ဘဝကို သတိရကြတယ်။ သားသမီးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်ကြတယ်။ ဘယ်တော့မှ ပြန်ရမလဲဆိုတဲ့ မေးခွန်းကို အဖြေမရှိဘဲ ထပ်ခါထပ်ခါ မေးမိကြတယ်။ အဲဒီခံစားချက်တွေနဲ့အတူပဲ မနက်ရောက်ရင် မိသားစုအတွက် ပြန်ထပြီး လုပ်စရာရှိတာကို ဆက်လုပ်နေကြရတာပါ။

ကျနော်တို့ Clean Yangon အနေနဲ့ စစ်ရှောင်မိသားစုတွေနဲ့အတူ လုပ်ကိုင်ရင်း ခံနိုင်ရည်ဆိုတာကို သူတို့ဆီက ပြန်သင်ယူနေရပါတယ်။ ခက်ခဲတဲ့အခြေအနေမှာတောင် အချင်းချင်း ဖေးမပေးကြတာ၊ ကလေးတွေအတွက် အတတ်နိုင်ဆုံး ကြိုးစားကြတာ၊ ရသမျှလေးနဲ့ ဘဝကို ပြန်တည်ဆောက်ကြတာတွေက ကျနော်တို့အတွက်လည်း ဆက်လုပ်ဖို့ အားဖြစ်စေပါတယ်။

ဒါပေမယ့် သူတို့ရဲ့ခံနိုင်ရည်ကို လေးစားရင်း သူတို့ ခံနိုင်ပါတယ်ဆိုပြီး လိုအပ်ချက်တွေကို ကျော်မကြည့်မိဖို့ လိုပါတယ်။ ခံနိုင်ရည်ရှိသူလည်း နားခိုစရာ လိုတယ်။ နေ့တိုင်းအားတင်းနေသူလည်း ဖေးမမယ့်လက် လိုတယ်။ မိသားစုအတွက် ကြိုးစားနေသူလည်း စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကလေးတွေရဲ့ ပညာရေးအတွက် အထောက်အပံ့ လိုပါတယ်။

သူတို့ဟာ အကူအညီကိုပဲ စောင့်နေသူတွေ မဟုတ်ကြပါဘူး။ အခွင့်အရေးနဲ့ အခြေအနေပေးတာနဲ့ ကိုယ့်ဝမ်းစာကို ကိုယ်ရှာဖွေချင်သူတွေ၊ ကိုယ့်မိသားစုကို ကိုယ်စောင့်ရှောက်ချင်သူတွေ၊ ကိုယ့်ဘဝကို ကိုယ်ပြန်တည်ဆောက်ချင်သူတွေပါ။ ကျနော်တို့ရဲ့ ဖေးကူမှုက အဲဒီကြိုးစားမှုတွေ ဆက်ရှင်သန်နိုင်ဖို့ အားဖြည့်ပေးနိုင်ရမှာ ဖြစ်ပါတယ်။

ခရီးရှည်ကြီးကို ကြံ့ကြံ့ခံပေးနေကြတဲ့ စစ်ရှောင်မိသားစုအားလုံးကို Clean Yangon က လေးစားပါတယ်။ နေ့စဉ်ဘဝထဲက သူတို့ရဲ့ ကြိုးစားမှုတွေကို မြင်ပါတယ်။ ပင်ပန်းနေတဲ့နေ့တွေမှာလည်း အားတင်းထားရုံနဲ့ မလုံလောက်ဘူးဆိုတာလည်း နားလည်ပါတယ်။

အဲဒါကြောင့် ကျနော်တို့ တတ်နိုင်တဲ့နေရာကနေ ဆက်လက်မျှဝေဖေးကူကြပါစို့။ ထမင်းတစ်နပ် စိတ်ချရဖို့၊ နာမကျန်းတဲ့အခါ ဆေးကုခွင့်ရဖို့၊ ကလေးတစ်ယောက် စာဆက်သင်နိုင်ဖို့ ကူညီမှုတစ်ခုချင်းစီဟာ မိသားစုတစ်စုရဲ့ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေနိုင်ပါတယ်။

သူတို့ ကြံ့ကြံ့ခံခဲ့ရတဲ့ နေ့တွေ များလှပါပြီ။
ရှေ့ကခရီးမှာတော့ သူတို့နဲ့အတူ ဝန်မျှထမ်းပေးမယ့် လက်တွေ ပိုများလာစေချင်ပါတယ်။

#စစ်ဘေးရှောင်
#မျှဝေဖေးကူဒို့အတူ
#မျှဝေခြင်းသည်မေတ္တာ

တတ်နိုင်တာလေးကနေ စတင်လို့ရပါတယ်။ကျွန်တော်တို့ အစပြုခဲ့တာလည်း ကိုယ့်ပတ်ဝန်းကျင်အတွက် ကိုယ်တတ်နိုင်သလောက် ပါဝင်လုပ်ပေးချင်...
13/10/2026

တတ်နိုင်တာလေးကနေ စတင်လို့ရပါတယ်။
ကျွန်တော်တို့ အစပြုခဲ့တာလည်း ကိုယ့်ပတ်ဝန်းကျင်အတွက် ကိုယ်တတ်နိုင်သလောက် ပါဝင်လုပ်ပေးချင်တဲ့ စိတ်လေးကနေပါပဲ။

အစကတည်းက အများကြီး လုပ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ တတ်နိုင်တာလေးတွေ လုပ်ရင်း၊ လိုအပ်တာတွေ သင်ယူရင်း၊ အတူလက်တွဲမယ့်သူတွေ တိုးလာရင်းနဲ့ ဒီနေ့အထိ ခရီးဆက်လာခဲ့ကြတာပါ။

အရာအားလုံး ပြည့်စုံတဲ့နေ့ကို စောင့်နေစရာမလိုပါဘူး။ ဒီနေ့ ကိုယ်လုပ်ပေးနိုင်တာလေးကနေ စတင်လို့ရပါတယ်။

မင်္ဂလာရှိတဲ့ မနက်ခင်းလေးပါ ဒီနေ့မနက်မှာ စိတ်ပင်ပန်းနေသူတွေ စိတ်သက်သာရာရပါစေ။နာမကျန်းသူတွေ ကျန်းမာလာပါစေ။ဘေးအန္တရာယ်ကြား...
13/10/2026

မင်္ဂလာရှိတဲ့ မနက်ခင်းလေးပါ

ဒီနေ့မနက်မှာ စိတ်ပင်ပန်းနေသူတွေ စိတ်သက်သာရာရပါစေ။
နာမကျန်းသူတွေ ကျန်းမာလာပါစေ။
ဘေးအန္တရာယ်ကြားက မိသားစုတွေ ဘေးကင်းလုံခြုံကြပါစေ။
ဝမ်းစာအတွက် ပူပန်နေသူတွေ ဒီနေ့အတွက် စားစရာလေး ပြည့်စုံပါစေ။

မနေ့က အမောတွေရှိနေသေးရင်လည်း
ဒီနေ့ကို ဖြတ်သန်းဖို့ အားအင်လေး ရပါစေ။
ခက်ခဲနေချိန်မှာ ဖေးမပေးမယ့် လက်တစ်စုံ၊
နားလည်ပေးမယ့် လူတစ်ယောက်နဲ့ ဆုံတွေ့ကြပါစေ။

ကိုယ်တိုင်လည်း အေးချမ်းရသလို
တခြားသူတစ်ယောက်အတွက်လည်း
အေးချမ်းမှုလေး မျှဝေပေးနိုင်တဲ့ နေ့တစ်နေ့ ဖြစ်ပါစေ။

#မျှဝေခြင်းသည်မေတ္တာ

ခရီးကရှည်လွန်းတော့ ပင်ပန်းကြရတယ်။ အခက်အခဲတွေများလို့ စိတ်မောကြရတယ်။ အဲဒီလိုနေ့တွေမှာ တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း အားတင်...
12/10/2026

ခရီးကရှည်လွန်းတော့ ပင်ပန်းကြရတယ်။ အခက်အခဲတွေများလို့ စိတ်မောကြရတယ်။

အဲဒီလိုနေ့တွေမှာ တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း အားတင်းကြရအောင်နော်။

ခက်ခဲတဲ့နေ့ရက်တွေကို ဖြတ်သန်းနေရသူတွေအတွက် အတူရှိနေပါတယ် ဆိုတဲ့ မေတ္တာလေးကလည်း ဆက်လျှောက်ဖို့ အားတစ်ခုပါပဲ။

ဒီညလည်း Clean Yangon ရဲ့ မျှဝေဖေးကူမှုတွေမှာ RCS လေးနဲ့ ပါဝင်ပေးကြပါဦး။

React လေးပေး၊ အားပေးစကားလေး Comment ရေး၊ Share လေးလုပ်ရင်း မေတ္တာကို လက်ဆင့်ကမ်းကြမယ်နော်။

ကြံ့ကြံ့ခံနေရသူတွေကို အတူဖေးမရင်း ကျနော်တို့လည်း ကြံ့ကြံ့ခံရင်း ဆက်လျှောက်ကြစို့။

ေတ္တာ
#မျှဝေခြင်းသည်မေတ္တာ

စားကောင်းကြစေဖို့ အာဟာရဖြစ်စေဖို့အဓိကပါပဲအာဟာရဒါနတစ်ဦးစာလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ပါဝင်ကူညီနိုင်ပါတယ်။ဘေးရန်ကင်းကြပါစေ...
12/10/2026

စားကောင်းကြစေဖို့ အာဟာရဖြစ်စေဖို့အဓိကပါပဲ

အာဟာရဒါနတစ်ဦးစာလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ပါဝင်ကူညီနိုင်ပါတယ်။

ဘေးရန်ကင်းကြပါစေ 🙏
ဆာလောင်မှုများပြေပျောက်ကြပါစေ 🙏

Like, Comment, Share နဲ့ ကြည့်ရှုမှုတွေကနေ နေ့စဉ် ဝင်ငွေလေးတွေ ရရှိနေပြီဖြစ်တာကြောင့် R C S လေးတွေနဲ့ ကူညီပေးလို့ရပါတယ်။

#စစ်ဘေးရှောင်
#မျှဝေဖေးကူဒို့အတူ

Address

No. 27
Yangon

Alerts

Be the first to know and let us send you an email when Clean Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Clean Yangon:

Shortcuts

Share