Myanmar Journalists Association

Myanmar Journalists Association Myanmar Journalists Association, Founded on 11th August, 2012.

 #မြန်မာနိုင်ငံသတင်းစာဆရာအသင်း_ရန်ကုန်တိုင်းဒေသကြီး_ဝါဆိုသင်္ကန်းဆက်ကပ်_လှူဒါန်းပွဲကျင်းပMJA Local Newsရန်ကုန်၊ ဩဂုတ် ၂၂...
22/08/2026

#မြန်မာနိုင်ငံသတင်းစာဆရာအသင်း_ရန်ကုန်တိုင်းဒေသကြီး_ဝါဆိုသင်္ကန်းဆက်ကပ်_လှူဒါန်းပွဲကျင်းပ
MJA Local News
ရန်ကုန်၊ ဩဂုတ် ၂၂ ရက်
မြန်မာနိုင်ငံသတင်းစာဆရာအင်း(ရန်ကုန်တိုင်းဒေသကြီး)၏ ဒုတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီး ကြီးငါးကြီးဓမ္မာရုံတွင် ဩဂုတ် ၂၂ ရက်နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)ဥက္ကဌဦးမြတ်ခိုင်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး)ဥက္ကဌဦးဘိုကြည်နှင့် အလုပ်အမှုဆောင်များ၊ နာယကကြီးများ၊ သတင်းစာဆရာအသင်း အဖွဲ့ဝင်အလှူရှင်များက ကြီးငါးကြီးဆုတောင်းပြည့်ဘုရားနှင့် ရန်ပြေမာန်ပြေမူလကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ ၏ ဩဝါဒါစရိယဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဆရတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 #စာရေးဆရာကြီးမောင်ဆွေသက်_ကွယ်လွန်ရှာအမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီး မောင်ဆွေသက်သည် ယနေ့ညနေ ၄ နာရီခန့်က ရန်ကုန်တွင...
19/08/2026

#စာရေးဆရာကြီးမောင်ဆွေသက်_ကွယ်လွန်ရှာ
အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီး မောင်ဆွေသက်သည် ယနေ့ညနေ ၄ နာရီခန့်က ရန်ကုန်တွင် ကွယ်လွန်သွားခဲ့သည်။
စာရေးဆရာကြီး မောင်ဆွေသက်၏ အမည်ရင်းမှာ ဦးညွန့်ဆွေဖြစ်ပြီး အဖဦးငွေဆိုင်(စာရေးဆရာငွေစိုး)၊ အမိဒေါ်ဆင့်တို့က စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၉၃၅ ခုနှစ် အောက်တိုဘာလတွင် မွေးဖွားခဲ့သည်။
၁၉၅၄ ခုနှစ် မတ်လတွင် တပ်မတော်ဗိုလ်လောင်းအဖြစ် ဝင်ရောက်ခဲ့သည်။ ဗိုလ်လောင်းသင်တန်းကျောင်းနည်းပြမှ ဒုတိယတိုင်းမှူး အဆင့်အထိ အဆင့်ဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။ နယ်ဘက်၊ အရပ်ဘက်တွင် ကုန်သွယ်ရေးဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး၊ ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင် သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန တွင် ဒုတိယဝန်ကြီးအဆင့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။
၁၉၅၁-၁၉၅၂ ခုနှစ်တွင် ကိုယ်တွေ့ စစ်ရေးမှတ်တမ်း၊ သုတ၊ ရသ၊ လုံးချင်းဝတ္ထုများ ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်မှစ၍ စာရေးခဲ့ပြီး ၁၉၇၇ ခုနှစ်မှစ၍ မြဝတီမဂ္ဂဇင်းတွင် ဝတ္ထုတိုများ ပြန်လည်ရေးသားသည်။ “မောင်ဆွေငယ်”ဟူသော ကလောင်အမည်နှင့်လည်း စာများရေးသားခဲ့သည်။
၂၀၀၂ ခုနှစ်တွင် ဒုတိယဝန်ကြီးတာဝန်မှ အငြိမ်းစားယူပြီး စာရေးခြင်းအလုပ်ကိုသာဆက်တိုက်လုပ်ခဲ့သည်။ လျှပ်တစ်ပြက်၊ ပေါ်ပြူလာ၊ အလင်းတန်း ဂျာနယ်တို့တွင် ဆောင်းပါးများဆက်တိုက်ရေးသည်။ Asian Fame Media Group တွင် အကြံပေး၊၂၀၁၀ ပြည့်နှစ်တွင် ဖွင့်လှစ်သော မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းတွင် ဒုတိယဥက္ကဋ္ဌဖြင့်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နာယကအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။
ဆရာကြီးသည် ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်(ပထမ အဆင့်)၊ လူမှုထူးချွန်(ပထမအဆင့်)နှင့် ပခုက္ကူ ဦးအုံးဖေတစ်သက်တာ စာပေဆု ရရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆုချီးမြှင့်ခြင်းခံရသည်။
ဆရာကြီး မောင်ဆွေသက်သည် ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီဖြစ်သည်။
Credit:Popular

ဝမ်းနည်းကြေကွဲခြင်းပခုက္ကူ ဦးအုံးဖေတစ်သက်တာ စာပေဆု ၊ အမျိုးသားစာပေ တစ်သက်တာဆုရှင် စာရေးဆရာကြီး မောင်ဆွေသက် အသက်(၉၁)နှစ်သ...
19/08/2026

ဝမ်းနည်းကြေကွဲခြင်း

ပခုက္ကူ ဦးအုံးဖေတစ်သက်တာ စာပေဆု ၊ အမျိုးသားစာပေ တစ်သက်တာဆုရှင် စာရေးဆရာကြီး မောင်ဆွေသက် အသက်(၉၁)နှစ်သည် ဩဂုတ် ၁၉ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ကြားသိရပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

#မြန်မာနိုင်ငံသတင်းစာဆရာအသင်း

 #အထူးဝမ်းနည်းကြေကွဲခြင်းဆရာကြီး စည်သူ ဦးသော်ကောင်း(၁၉၃၇-၂၀၂၆)မြန်မာနိုင်ငံ စာကြည့်တိုက်နှင့် စာပေလောကအတွက် အစဉ်တစိုက် အ...
29/07/2026

#အထူးဝမ်းနည်းကြေကွဲခြင်း
ဆရာကြီး စည်သူ ဦးသော်ကောင်း(၁၉၃၇-၂၀၂၆)
မြန်မာနိုင်ငံ စာကြည့်တိုက်နှင့် စာပေလောကအတွက် အစဉ်တစိုက် အကျိုးပြုခဲ့ပြီး စာကြည့်တိုက် ပညာရှင်များနှင့် စာဖတ်သူများအတွက် အဖိုးတန်သော အမွေအနှစ်များ ချန်ရစ်ပေးခဲ့သည့် ဆရာကြီး ဦးသော်ကောင်းသည် ယနေ့ ဝါဆိုလပြည့်နေ့ နံနက် ၅:၂၇ နာရီတွင် ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်း ကြားသိရသဖြင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (Myanmar Journalists Association – MJA) အနေဖြင့် အထူးဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းပြုဖော်ပြအပ်ပါသည်။
#မြန်မာနိုင်ငံသတင်းစာဆရာအသင်း

 #စာကြည့်တိုက်ပညာရှင်_ဆရာကြီးဦးသော်ကောင်း_ကွယ်လွန်MJA Local Newsရန်ကုန်၊ ဇူလိုင် ၂၉ ရက်စာကြည့်တိုက်ပညာ၊ စာပေနှင့်ပညာရေးန...
29/07/2026

#စာကြည့်တိုက်ပညာရှင်_ဆရာကြီးဦးသော်ကောင်း_ကွယ်လွန်
MJA Local News
ရန်ကုန်၊ ဇူလိုင် ၂၉ ရက်
စာကြည့်တိုက်ပညာ၊ စာပေနှင့်ပညာရေးနယ်ပယ်တွင် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ခဲ့ပြီး မျိုးဆက်သစ်များ ကိုပါ စာကြည့်တိုက်ပညာများ အစဉ်တစိုက်မျှဝေလမ်းညွှန်ပေးခဲ့သည့် စာကြည့်တိုက်ပညာရှင် အသက် ၈၉ နှစ်ရှိ ဆရာကြီး ဦးသော်ကောင်းသည် ဇူလိုင် ၂၉ ရက်(ယနေ့) နံနက် ၅ နာရီ ၂၇ မိနစ်က ကွယ်လွန်သွားကြောင်း မြန်မာစာကြည့်တိုက်အသင်း (Myanmar Library Association – MLA)က သတင်း ထုတ်ပြန်ထားသည်။
ဆရာကြီး ဦးသော်ကောင်းကို စည်သူ ဦးကောင်း၊ အမိဒေါ်သိန်းတို့က ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဆရာကြီး၏ ဖခင်ဖြစ်သူ ဦးကောင်းသည် ၁၉၄၇-၄၉ ခုနှစ်အတွင်း မြန်မာနိုင်ငံတော် ငွေကြေး ဘုတ်အဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရကာ မြန်မာကျပ်ငွေ စက္ကူပေါ်တွင် "မောင်ကောင်း” ဆိုသည့် လက်မှတ်ရေးထိုးခဲ့သူ ဖြစ်သည်။
ဆရာကြီးသည် ၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူး (အင်္ဂလိပ်စာ) ဘွဲ့ကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့ပြီး ဝိဇ္ဇာဂုဏ်ထူးဘွဲ့မရမီ ၁၉၅၇ ခုနှစ် အသက် ၁၉ နှစ်အရွယ်ကစ၍ ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာန၊ စာကြည့်တိုက်တွင် အချိန်ပိုင်းအလုပ် လုပ်ကိုင်ခဲ့သည်။ ၁၉၅၉ ခုနှစ် မတ်လတွင် ဝိဇ္ဇာ ဂုဏ်ထူးတန်း စာမေးပွဲဖြေဆိုခဲ့ပြီး ထိုနှစ် ဧပြီလ ၁ ရက်တွင် ဆရာကြီး ဦးသိန်းဟန်(ဇော်ဂျီ) ၏ လက်အောက်ရှိ လူမှုရေး သိပ္ပံစာကြည့်တိုက် (ယခု ရန်ကုန်စီးပွားရေးတက္ကသိုလ် စာကြည့်တိုက်) တွင် အလုပ်စတင် ဝင်ရောက်ခဲ့သည်။
ဆရာကြီးသည် ၁၉၈၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်း၏ ဂုဏ်ထူးဆောင်အဖွဲ့ဝင် [Hon. Follow of the Library Association (FLA)] အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရပြီး ၁၉၉၉ ခုနှစ်တွင် သြစတြေးလျနိုင်ငံ၊ အနောက် ဆစ်ဒနီ တက္ကသိုလ်ကဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ [Doctor of Letters (Honori- scausa)] ချီးမြှင့်ခံရသည်။ ၂၀၀၅ ခုနှစ်တွင် ဂျပန် နိုင်ငံ ဖူကူအိုကာ အာရှဓလေ့ ဆုရွေးချယ်ရေးကော်မတီက ဖူကူအိုကာ ပညာရှင်ဆု [ Fukuoka Asian Culture Prize (Acad-emis Laureate)] ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရသည်။
အငြိမ်းစားယူပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းရှိ သုတေသီများ၊ ကျောင်းသားများ လေ့လာကိုးကားနိုင်စေရန် ရှေးဟောင်း ပေစာ၊ ပုရပိုက်စာများကို ထိန်းသိမ်း စုဆောင်းလျက် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခြင်း၊ မြန်မာသမိုင်းနဲ့ မြန်မာ စာပေဆိုင်ရာ စာတမ်းနဲ့ စာအုပ် စုစုပေါင်း ၁၈ဝ ကျော်တို့ကို ရေးသား ထုတ်ဝေခဲ့သည်။

 #မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)အစည်းအဝေးကျင်းပရန်ကုန်၊ ဇူလိုင် ၁၃ ရက်မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)၏ လစဉ်ပုံမှန...
13/07/2026

#မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)အစည်းအဝေးကျင်းပ
ရန်ကုန်၊ ဇူလိုင် ၁၃ ရက်

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)၏ လစဉ်ပုံမှန်အစည်းအဝေး(၇/၂၀၂၆)ကို ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက အမှတ်(၅၅၅)ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ယာယီ အစည်းအဝေးခန်းမတွင် ကျင်းပရာ အသင်းဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)ဥက္ကဌဦးမြတ်ခိုင်က အဖွင့်နှုတ်ဆက်စကား ပြောကြားပြီးနောက် အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောဆိုသည်။

ယင်းနောက် တက်ရောက်လာသူများမှ အသင်းရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အသင်းသားများ ပြန်လည်စိစစ်ခြင်း၊ အသင်းသားအဖြစ် အသိအမှတ်ပြုကတ်ပြားသစ်များ ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ဆွေးနွေးမှတ်တမ်းတင်ခဲ့သည်။


 #ဝမ်းနည်းကြေကွဲခြင်းစည်သူဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့၊ လူမှုထူးချွန်(ဒုတိယအဆင့်) အမျိုးသားစာပေတစ်သက်တာဆု(၂၀၂၁ခုနှစ်)နှင့် ...
25/06/2026

#ဝမ်းနည်းကြေကွဲခြင်း

စည်သူဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့၊ လူမှုထူးချွန်(ဒုတိယအဆင့်) အမျိုးသားစာပေတစ်သက်တာဆု(၂၀၂၁ခုနှစ်)နှင့် ပခုက္ကူဦးအုံးဖေတစ်သက်တာစာပေဆုရှင် ဆရာကြီး ဦးကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ)၊ အသက်(၉၆)နှစ် သည် ၂၄.၆.၂၀၂၆ ရက်(ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီ ၁၃ မိနစ်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

#မြန်မာနိုင်ငံသတင်းစာဆရာအသင်း

 #ဝမ်းနည်းကြေကွဲရပါကြောင်းအမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆု(၅)ကြိမ်ရ စာရေးဆရာကြီး (ဦး) တင်မောင်မြင့်သည် အသက် ...
18/06/2026

#ဝမ်းနည်းကြေကွဲရပါကြောင်း

အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆု(၅)ကြိမ်ရ စာရေးဆရာကြီး (ဦး) တင်မောင်မြင့်သည် အသက် ၉၀ အရွယ်တွင် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ကျောက်ကပ်ရောဂါဖြင့် ဆေးကုသမှုခံယူနေစဉ် ဇွန်လ ၁၈ ရက်က ကွယ်လွန်သွားပြီဖြစ်ကြောင်း ကြားသိရပါသဖြင့် ကျန်ရစ်သူမိသားစုများနှင့်ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။

#မြန်မာနိုင်ငံသတင်းစာဆရာအသင်း

 #အမျိုးသားစာပေဆု(၅)ကြိမ်ရ ဘာသာပြန် စာရေးဆရာကြီး တင်မောင်မြင့် ကွယ်လွန် MJA Local Newsရန်ကုန်၊ ဇွန် ၁၈ ရက်၂၀၁၈ ခုနှစ်တွင...
18/06/2026

#အမျိုးသားစာပေဆု(၅)ကြိမ်ရ ဘာသာပြန် စာရေးဆရာကြီး တင်မောင်မြင့် ကွယ်လွန်
MJA Local News
ရန်ကုန်၊ ဇွန် ၁၈ ရက်

၂၀၁၈ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုကို ငါးကြိမ် (၂၀၀၁၊ ၂၀၀၄၊ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၂) ရရှိခဲ့သော စာရေးဆရာကြီး (ဦး)တင်မောင်မြင့်သည် အသက်(၉၀)အရွယ်တွင် ကျောက်ကပ် ရောဂါဖြင့် ကုသမှုခံယူနေရစဉ် ဇွန်လ ၁၈ ရက် (ယနေ့) တွင် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

စာရေးဆရာကြီး တင်မောင်မြင့် (၁၉ စက်တင်ဘာ ၁၉၃၆ - ၁၈ ဇွန် ၂၀၂၆) သည် မြန်မာ့စာပေလောကတွင် ထင်ရှားကျော်ကြားသော ဘာသာပြန်စာရေးဆရာတစ်ဦးဖြစ်သည်။ ဆရာကြီးသည် “ည” (Night)၊ “ပြစ်မှုနှင့်ပြစ်ဒဏ်” (Crime and Punishment) နှင့် “ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့သလဲ” (Who Moved My Cheese?) အပါအဝင် နိုင်ငံတကာ ထင်ရှားဝတ္ထုများကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး ဘာသာပြန်စာအုပ်ပေါင်း ၁၁၇ အုပ်ကျော် ထုတ်ဝေခဲ့သည်။ ဆရာကြီးသည် ဘာသာပြန်စာပေများအပြင် တက္ကသိုလ်နန္ဒမိတ်၊ မြတ်ငြိမ်းတို့နှင့် ပူးပေါင်းရေးသားသော “တစ်သိမ့်သိမ့်ဒွန် (ပေါင်းချုပ်)” စာအုပ်ဖြင့်လည်း ထင်ရှားသည်။

စာပေလောကတွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် “သည်းဦးပန်း” မဂ္ဂဇင်း၏ အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်တွင် “အထောက်တော်လှအောင်” သတင်းမဂ္ဂဇင်း၏ ဒုတိယအယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။ ဆရာကြီးသည် သုတနှင့် ရသပိုင်းဆိုင်ရာ ဘာသာပြန်စာပေများစွာကို ရေးသား ခဲ့သည်။
စာရေးဆရာကြီး တင်မောင်မြင့်ကို အဖ ဦးမောင်ဒွေးနှင့် အမိ ဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဟင်္သာတခရိုင် စစ်ကျွန်းရွာ၌ မွေးဖွားခဲ့သည်။ ငယ်စဉ်က ရန်ကုန်မြို့ ရေကျော် ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းမှ အလယ်တန်းအောင်မြင်ပြီး တောင်ကြီးမြို့ အစိုးရအထက်တန်းကျောင်း (ယခု အထက်တန်းကျောင်း) မှ ၁၉၅၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန်သက်ကြီးတက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ အလုပ်အကိုင်အားဖြင့် မော်ချီးမိုင်း၊ တောင်ကြီးမြို့ ပြည်သူ့ထောက်ပံ့ရေးဌာနနှင့် ရှမ်းပြည်နယ် ပညာမင်းကြီးရုံးတို့တွင် စာရင်းကိုင်၊ စာရေးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ (ယခု MOGE) ၌ အလုပ်ဝင်ရောက်ကာ ၁၉၉၄ ခုနှစ်တွင် ငွေစာရင်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူခဲ့သည်။
ဆရာကြီးသည် ဘီအိုစီကုမ္ပဏီ၌ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဆရာမြတ်ငြိမ်းနှင့်အတူ Jonathan Black ၏ World Rapers ကို ဘာသာပြန်ဆိုရန် အခွင့်အရေးရရှိခဲ့သည်။ ရေနံမြေနယ်ပယ်များသို့ သွားရောက် တာဝန်ထမ်း ဆောင်စဉ်အတွင်း အဆိုပါစာအုပ်၏ ပထမပိုင်းတစ်ဝက်ကို ဘာသာပြန်ဆိုပြီး ဒုတိယပိုင်းကို ဆရာမြတ်ငြိမ်းက ပြန်ဆိုကာ ၁၉၈၃ ခုနှစ်တွင် “ငွေကျွန်” ဟူသည့် ဘာသာပြန်စာပေလက်ရာ ပေါ်ထွက်လာခဲ့သည်။ ထိုစာမူနှင့် ပတ်သက်၍ Gone With the Wind အဆက် Scarlett ၏ အမှာစာ၌ ဆရာကြီးက ယင်းအကြောင်းကို ဖွင့်ဟ ရေးသားခဲ့ဖူးသည်။ ဆရာကြီးသည် ဘာသာပြန် စာအုပ်ပေါင်း ၁၀၀ ကျော်ကို ဆက်လက်ရေးသား ထုတ်ဝေခဲ့ သည်။

 #နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်_ဦးဆောင်သော_မြန်မာကိုယ်စားလှယ်အဖွဲ့_ရှန်ဟိုင်းသို့ဆက်လက်ထွက်ခွာMJA Local Newsဇွန် ၁၇ ...
17/06/2026

#နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်_ဦးဆောင်သော_မြန်မာကိုယ်စားလှယ်အဖွဲ့_ရှန်ဟိုင်းသို့ဆက်လက်ထွက်ခွာ
MJA Local News
ဇွန် ၁၇ ရက်
‎တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit)အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၇ ရက်၊ ဒေသစံတော်ချိန် မနက်ပိုင်းက မြို့တော်ပေကျင်းမှ ရှန်ဟိုင်းမြို့သို့ အထူးရထားဖြင့် ဆက်လက်ထွက်ခွာသွားသည်။

‎နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ အစိုးရဘက်မှ တာဝန်ရှိသူတစ်ဦးနှင့်အတူ မြန်မာသံရုံး၊ စစ်သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက ပေကျင်း ဘူတာရုံမှ ပို့ဆောင်နှုတ်ဆက်ကြသည်။
‎ ‎
‎တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲသည် ဇွန် ၁၅ ရက်က တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် အဖြစ် စတင်ရောက်ရှိနေခြင်းဖြစ်ပြီး သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သလို တရုတ်အမျိုးသား ပြည်သူ့ ကွန်ဂရက်ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိ၊ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီချန်းတို့ နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။
Credit: One News Myanmar

Address

No. 173/175, Room (603), Pasoetan Road
Yangon
951

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

01249519

Alerts

Be the first to know and let us send you an email when Myanmar Journalists Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Journalists Association:

Shortcuts

Share