နှလုံးသားထဲကပုဂံ

နှလုံးသားထဲကပုဂံ Not only for Myanmar but also for the entire world to know the magnificence of the ancient Bagan, the artefacts and the life style of local people as well.

ကျွန်တော်တို့ နှလုံးသားထဲက ပုဂံအဖွဲ့မန္တလေးကနေ မှတ်တမ်းဓါတ်ပုံယူခြင်း ခဏရပ်နားပြီးရန်ကုန်ပြန်ပါပြီ၊ သင်္ကြန်ပြီးမှ တစ်ခေ...
14/04/2025

ကျွန်တော်တို့ နှလုံးသားထဲက ပုဂံအဖွဲ့
မန္တလေးကနေ မှတ်တမ်းဓါတ်ပုံယူခြင်း ခဏရပ်နားပြီး
ရန်ကုန်ပြန်ပါပြီ၊ သင်္ကြန်ပြီးမှ တစ်ခေါက်ပြန်တက်ပါမယ်။

အားလုံးအဆင်ပြေချောမွေ့ပြီး မှတ်တမ်းဓါတ်ပုံများ
စနစ်တကျရိုက်ကူးနိုင်ခဲ့ပါတယ်။
အင်းဝ၊ ပင်းယ၊ စစ်ကိုင်းက ပြိုကျပျက်စီးတဲ့အထဲက
အနုပညာတန်ဘိုး၊ ယဉ်ကျေးမှုတန်ဘိုး၊ သမိုင်းတန်ဘိုး
ရှိတဲ့ စေတီပုထိုးတွေရဲ့ ဓါတ်ပုံမှတ်တမ်းများ ရယူနိုင်ခဲ့
ပါတယ်။

ကျွန်တော်တို့ ခရီးမှာ နေထိုင်စားသောက် သွားလာ
ခြင်းတွေအတွက် ကူညီထောက်ပံ့ပေးခဲ့ကြတာ ရှိပါတယ်။
ဒါတွေကို မှတ်တမ်းပြုပြီး သာဓုခေါ်လိုပါတယ်။

မောင်မာဃ
Amuze comic app
ကိုနိုင်လင်း
မသူဇာ
အတူပါဝင် ပူးပေါင်းကူညီပေးသော
ကိုဖြိုးငွေစိုးနှင့် ကိုသိန်းလှိုင်ဝင်းအဖွဲ့
Remax မှ Power Bank များလှူဒါန်းပေးသော
ကိုဇော်လတ်နှင့် မအေးသောင်း
Ibis styles hotel Mandalay တွင် တည်းခိုရန်စီစဉ်ပေးသော
ကိုစိုင်းစိုင်းခမ်းလှိုင် နှင့် အခမဲ့ကူညီတည်းခိုခွင့်ပေးသော
Ibis styles hotel Mandalay နှင့် မန်နေဂျာ
ကိုမိုးကျော်သူနှင့် ဝန်ထမ်းများ၊

မန္တလေးတွင်နေထိုင်စဉ် နေ့စဉ် အစားအသောက်များ
ကျွေးမွေးပြီးပြုစုယုယတိုက်ကျွေးသော Coffe Conner မှ
ကိုသူရအောင်
နေ့စဉ် ကျွေးမွေးပြီးဓါတ်ပုံများ ကိုယ်တိုင်ကူညီရိုက်ကူး
ပေးကြသော မန္တလေးမှ နှလုံးသားထဲကပုဂံဓါတ်ပုံဆရာများ
ဖြစ်ကြသည့် ကိုကြည်၊ ကိုနေဇာလင်း၊ ကိုဝေဖြိုးအောင်
သားလေးတရုပ်ကြီးနှင့် ကိုဟက်တာ၊
ကိုဂျေမောင်မောင်( အမရပူရ)၊ ကိုသားငယ်။

မန္တလေး၊ အမရပူရ၊စစ်ကိုင်းဒေသတွင် ကွင်းဆင်းနိုင်အောင်
စီစဉ်ပေးသော မန္တလေးရှေးဟောင်းသုတေသနတာဝန်ခံ
ဒေါက်တာသန်းထိုက်၊ အင်းဝတာဝန်ခံ ဒေါ်ခင်ထွေးဝင်း၊
စစ်ကိုင်းတာဝန်ခံ ဦးလှမင်းနိုင် တို့နှင့် ဒေသခံမျာ ဖြစ်ကြသော
ကိုအောင်ကျော်ကျော်၊ ကိုစိုးစိုးစံ၊ ကိုကျော်မျိုးကို၊
ကိုကလန်ငယ်ထူးသန့်တို့ကို
နှလုံးသားထဲက ပုဂံအဖွဲ့မှ ကျေးဇူး အထူးတင်ရှိပါကြောင်းပါ။

Bagan in Our Heart (နှလုံးသားထဲကပုဂံ ) အဖွဲ့မှ မတ်လ၊၂၀၂၅ စစ်ကိုင်းငလျင်တွင်ပြိုကျပျက်စီးသွားသောယဉ်ကျေးမှုအမွေအနှစ်စာရင်း...
06/04/2025

Bagan in Our Heart
(နှလုံးသားထဲကပုဂံ ) အဖွဲ့မှ မတ်လ၊၂၀၂၅
စစ်ကိုင်းငလျင်တွင်ပြိုကျပျက်စီးသွားသော
ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် စေတီပုထိုးနှင့်
သာသနိက အဆောက်အဦများကို
မှတ်တမ်းဓါတ်ပုံများရယူ ရိုက်ကူးမည်ဖြစ်ကြောင်း
အသိပေးအပ်ပါသည်။

၂၀၂၅ မတ်လ ၂၈ ရက်နေ့တွင်
လှုပ်ခတ်သွားခဲ့သော စစ်ကိုင်းငလျင်ကြောင့်
ပျက်စီးသွားခဲ့သည့်
မန္တလေး၊ စစ်ကိုင်း၊ မင်းကွန်း၊အမရပူရ၊ အင်းဝ၊ ပုလိပ်
ဒေသရှိရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်
စေတီပုထိုး အဆောက်အဦများ၏စာရင်းကို
ကောက်ယူရရှိပြီး ဖြစ်ပါသဖြင့်
ပျက်စီးမှု အခြေအနေကို နှလုံးသားထဲက ပုဂံအဖွဲ့မှ
၉၊၄၊၂၀၂၅ နေ့မှ စတင်၍ ဓါတ်ပုံရိုက်ကူး မှတ်တမ်း
ရယူကြမည်ဖြစ်ပါသည်။

ထို့အတွက် ဓါတ်ပုံဆရာများကကူညီပါဝင် ရိုက်ကူး
ပေးနိုင်ကြောင်း အသိ​ပေးအပ်ပါသည်။

၂၀၁၆ ပုဂံငလျင်နှင့်
၂၀၁၉ ပုဂံကမ္ဘာ့အမွေအနှစ်ခရီးတွင်
ပါဝင် ကူညီ လျောက်လှမ်းခဲ့ကြသောနှလုံးသားထဲကပုဂံ
ဓါတ်ပုံဆရာများ၏ မူဝါဒအတိုင်း
စေတီပုထိုးအမွေအနှစ်များ၏ အကျိုးကျေးဇူးကိုသာ
အဓိကထားပြီး ကိုယ့်ကား ကိုယ်ဆီထည့်
ကိုယ့်ကင်မရာ ကိုယ်ကိုင် မိမိကိုယ်ကိုတာဝန်ယူ
မိမိစားရိတ် မိမိကျခံကာ လိုက်ပါကူညီ
ရိုက်ကူးပေးနိုင်ကြောင်း အသိပေးအပ်ပါသည်။

ရည်ရွယ်ချက်မှာ
စေတီပုထိုးအမွေအနှစ်အဆောက်အဦများ ပြန်လည်
ပြုပြင်ထိန်းသိမ်းရာတွင် အထောက်အပံ့အဖြစ်
ကူညီနိုင်ရန်နှင့်
၂၀၂၅ စစ်ကိုင်းငလျင်မှတ်တမ်းကို အနာဂတ်
မျိုးဆက်သစ်အား လက်ဆင့်ကမ်းရန် ရည်ရွယ်ပါသည်။

ထို့အပြင် ဓါတ်ပုံဆရာများအနေဖြင့်
ထိုအမွေအနှစ်အဆောက်အဦများ ငလျင်ဒဏ်မခံရမီက
Resolution အမြင့်နှင့်ရိုက်ကူးထားသော ပုံများရှိပါက
ရှေ့နောက်၊ ဝဲယာ၊အသေးစိတ်နှင့် ကောင်းကင်မြင်ကွင်း
ပုံများကို
[email protected] သို့ ပေးပို့
ပါရန်လည်း ပန်ကြားအပ်ပါသည်။

လိုက်ပါကူညီရိုက်ကူးပေးလိုသောဓါတ်ပုံဆရာများ
အနေဖြင့်

ဓါတ်ပုံဆရာများဖြစ်ကြသော
ကိုအောင်ပြည့်စိုး( ဖုန်း - 09-09978788767 )
ကိုနေဇာလင်း (ဖုန်း-09796909000)
ကိုပြည်အေးငြိမ်း (ဖုန်း- 09448010651)
ကိုဝေဖြိုးအောင် (ဖုန်း - 09971907300)
ကိုသိန်းသန်းဦး ( ဖုန်း- 09984649593) တို့ထံသို့
မေးမြန်းဆက်သွယ် စာရင်း ပေးနိုင်ကြောင်း
အသိပေးအပ်ပါသည်။

အသေးစိတ်များကို ဆက်လက်အသိပေးပြီး
နှလုံးသားထဲက ပုဂံ page တို့တွင်လည်း
အသိပေးထားပါမည်။

(မျိုးဆွေသန်း)
နှလုံးသားထဲကပုဂံအဖွဲ့ တာဝန်ခံ။

Address

Yangon

Telephone

+9595015305

Website

Alerts

Be the first to know and let us send you an email when ႏွလံုးသားထဲကပုဂံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share