ဘိုင်သုလ်မားလ် ကော်မတီ - Mercy House - 59 Mosque

  • Home
  • Myanmar
  • Yangon
  • ဘိုင်သုလ်မားလ် ကော်မတီ - Mercy House - 59 Mosque

ဘိုင်သုလ်မားလ် ကော်မတီ - Mercy House - 59 Mosque Mercy House Philanthropy Committee

ဘိုင်သုလ်မာလ်ကော်မတီမှ ရမဒွါန်လအတွင်း စားနပ်ရိက္ခာဝေငှမှုအစီအစဉ်အဖြစ် ၁၁-၃-၂၀၂၆ နေ့တွင် အိမ်ထောင်စု ၁၆၀ စာအတွက် ဆန် (၆) ...
13/03/2026

ဘိုင်သုလ်မာလ်ကော်မတီမှ ရမဒွါန်လအတွင်း စားနပ်ရိက္ခာဝေငှမှုအစီအစဉ်အဖြစ် ၁၁-၃-၂၀၂၆ နေ့တွင် အိမ်ထောင်စု ၁၆၀ စာအတွက် ဆန် (၆) ပြည် နှင့် ဆီ ၂ လီတာကို ဝေငှခဲ့ပါသည်။

ဘိုင်သုလ်မာလ်ကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပါဝင်သော တာဝန်ရှိသူများ၊ အလှူရှင်မိသားစုဝင်များ၊ အကြံဉာဏ်အားဖြင့် ပံ့ပိုးပေးသူများ နှင့် လုပ်အားဖြင့် ပါဝင်ကူညီသူများ အားလုံးအပေါ် အလ္လာဟ်အရှင်မြတ်ထံမှ ဘရ်ကသ်မင်္ဂလာကျရောက်ပါစေကြောင်း ဆုမွန်ပြုအပ်ပါသည်။

ဘိုင်သုလ်မာလ်ကော်မတီ (၁-၃-၂၀၂၅)မှ (၃၁-၁-၂၀၂၆) ထိအစီရင်ခံစာ နှင့် စာရင်းရှင်းတမ်း
25/02/2026

ဘိုင်သုလ်မာလ်ကော်မတီ
(၁-၃-၂၀၂၅)မှ (၃၁-၁-၂၀၂၆) ထိ
အစီရင်ခံစာ နှင့် စာရင်းရှင်းတမ်း

ဘိုင်သုလ်မာလ်ကော်မတီမှ (15-2-2026) နေ့တွင် ပြုလုပ်ခဲ့သော နှစ်ပတ်လည် စုံညီအစည်းအဝေး ဖြစ်ပါသည်။** အစည်းအဝေးသို့ နာယကများဖြ...
15/02/2026

ဘိုင်သုလ်မာလ်ကော်မတီမှ (15-2-2026) နေ့တွင် ပြုလုပ်ခဲ့သော နှစ်ပတ်လည် စုံညီအစည်းအဝေး ဖြစ်ပါသည်။

** အစည်းအဝေးသို့ နာယကများဖြစ်သော
အလ်ဟဂျ် ဦးတင်မြင့်
အလ်ဟဂျ် ဦးကျော်နိုင်ဦး
အလ်ဟဂျ် ဦးဇော်နိုင်ဦးမှ တက်ရောက်ကာ အမှာစကားပြောကြားပါသည်။

ဘိုင်သုလ်မာလ်ကော်မတီကို (၂၀၀၄) ခုနှစ်တွင် လုပ်ငန်းစဉ်များ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု ၂၂ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း ဥက္ကဌ အလ်ဟဂျ် ဦးသန်းအောင်မှ ရှင်းလင်းတင်ပြခဲ့ပါသည်။

ကော်မတီသည် ၂၂ နှစ်တာကာလအတွင်း
ပညာရေးဆိုင်ရာလုပ်ငန်းစဉ်များ
အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လုပ်ငန်းစဉ်များ
ကျန်းမာရေးဆိုင်ရာများ
လတ်တလောအရေးပေါ်ကိစ္စများ (ရေလေး ၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး) စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့သည် မှတ်တမ်းများဖြင့် တက်ရောက်လာသော အလှူရှင်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ကော်မတီ၏ အလုပ်အမှုဆောင်အဖွဲ့သည် နှစ်စဉ် အစီရင်ခံစာနှင့် ငွေစာရှင်းတမ်းကို ထုတ်ပြန်ခဲ့ပါသည်။

ဘိုင်သုလ်မာလ်ကော်မတီ၏ ပင်မအလှူရှင်များ၊ နှစ်စဉ် အလှူရှင်များနှင့် ၎င်းတို့၏မိသားစုဝင်များ အားလုံး အပေါ် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဘရ်ကသ်၊ ရဟ်မသ်များ ကျရောက်ပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည်။

အလှူငွေထည့်ဝင်လိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

095066009
09795314830
09250082859

ဘိုင်သုလ်မာလ်ကော်မတီမှ နှစ်စဉ်နှစ်တိုင်းဆောင်ရွက်လျက်ရှိသော ရမဒွါန်အကြိုအဖြစ် ဆန်(၆)ပြည်နှင့် ပဲဆီ (၁) လီတာကို အိမ်ထောင်...
11/02/2026

ဘိုင်သုလ်မာလ်ကော်မတီမှ နှစ်စဉ်နှစ်တိုင်းဆောင်ရွက်လျက်ရှိသော ရမဒွါန်အကြိုအဖြစ် ဆန်(၆)ပြည်နှင့် ပဲဆီ (၁) လီတာကို အိမ်ထောင်စု (၃၀၀) အတွက် (၈-၂-၂၀၂၆) နေ့တွင် ပေးလှူခဲ့ပါသည်။

ဆန်ဆီ ရိက္ခာပေးလှူမှုအတွက် အလှူရှင်များ၊ လုပ်အားပေးသူများအားလုံး အပေါ် အလ္လာဟ်အရှင်မြတ်ထံမှ ဘရ်ကသ်၊ ရဟ်မသ်များ ရရှိပါစေ။ (အာမီးန်)

ဘိုင်သုလ်မာလ်ကော်မတီလုပ်ငန်းစဉ်များကို ၂၀၀၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခဲ့ပြီး၊ ယနေ့ထိ ဆက်လက်လုပ်ဆောင...
03/02/2026

ဘိုင်သုလ်မာလ်ကော်မတီလုပ်ငန်းစဉ်များကို ၂၀၀၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခဲ့ပြီး၊ ယနေ့ထိ ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

ကော်မတီအနေဖြင့် အခါအားလျော်စွာ အသိပညာပေး အစီအစဉ်များကိုလည်း လူငယ်များအတွက် ရည်ရွယ်လုပ်ဆောင်နိုင် ဆန္ဒထားရှိခဲ့ရာ (၁-၂-၂၀၂၆ / တနင်္ဂနွေနေ့) လုပ်ဆောင်နိုင်ခဲ့ပါသည်။

လူငယ်များ စွမ်းဆောင်ရည် မြှင့်တင်ပြီး မိမိတို့ကိုယ်ကို ယုံကြည်မှုရှိစေရန်အတွက်
ရန်ကုန် ပညာရေးတက္ကသိုလ်ပါမောက္ခ(ငြိမ်း)
ဒေါက်တာ ဒေါ်ခင်မာနီမှ အသိပညာမျှဝေပေးခဲ့ပါသည်။

အသိပညာမျှဝေပေးပါသော ဆရာမ ဒေါက်တာ ဒေါ်ခင်မာနီ၊ တက်ရောက်ပေးပါသော တာဝန်ရှိလူကြီးမင်းများ နှင့် ကျောင်းသား/သူများ၊ အစီအစဉ်ဖြစ်မြောက်ရန် ကူညီပေးသူများအားလုံးကို ကော်မတီမှ ကျေးဇူးတင်ရှိပါသည်။

ဘိုင်သုလ်မာလ်ကော်မတီမှ ရန်ကုန်အရှေ့ပိုင်းဆေးရုံနှင့် အနီးဝန်းကျင်တွင် ထမင်းဖြူ (ကြက်သားဟင်းဖြင့်) ဘူးအရေအတွက်  (၅၀၀) နှင...
01/02/2026

ဘိုင်သုလ်မာလ်ကော်မတီမှ ရန်ကုန်အရှေ့ပိုင်းဆေးရုံနှင့် အနီးဝန်းကျင်တွင် ထမင်းဖြူ (ကြက်သားဟင်းဖြင့်) ဘူးအရေအတွက် (၅၀၀) နှင့် လက်ဘက်ရည် အလှူဝေငှမှုကို (13-1-2026) နေ့တွင် ပြုလုပ်ခဲ့ပါသည်။

ဘိုင်သုလ်မာလ်ကော်မတီ အလှူရှင် နှင့် မိသားစုဝင်များ၊ လုပ်အားဒါနဖြင့်ပါဝင် ကူညီအားဖြည့်ပေးသူများ အားလုံး အလ္လာဟ်အရှင်မြတ်ထံတော်မှ အစားပေးမှုများ ရရှိပါစေကြောင်း ဆုမွန်ပြုအပ်ပါသည်။

(4-1-2026) ရက်နေ့တွင် ဘိုင်သုလ်မာလ်ကော်မတီမှ ဒညင်းကုန်းရထားသံလမ်း၊ ရေချမ်းစင် ပရဟိတ စာသင်ဝိုင်းရှိ မူလတန်းကလေးငယ်များအတွ...
05/01/2026

(4-1-2026) ရက်နေ့တွင် ဘိုင်သုလ်မာလ်ကော်မတီမှ ဒညင်းကုန်းရထားသံလမ်း၊ ရေချမ်းစင် ပရဟိတ စာသင်ဝိုင်းရှိ မူလတန်းကလေးငယ်များအတွက် ဗလာစာအုပ်၊စာရေးကိရိယာများ၊ စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ပါသည်။

ကျောင်းသား/သူ (၅၀) ဦးခန့်ရှိပြီး တစ်ဦးလျှင် ကျပ် ၃၀၀၀၀/- ဖိုးခန့် လှူဒါန်းခဲ့ပါသည်။

အလှူရှင်နှင့်မိသားစုဝင်များအပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ဘရ်ကသ်၊ ရဟ်မသ်များ ရရှိပါစေလို့ ဆုမွန်တောင်းအပ်ပါတယ်။

ဘိုင်သုလ်မာလ်ကော်မတီမှ ယနေ့ (26-12-2025) နေ့တွင် မွတ်ဆလင်မ်ကုသိုလ်ဖြစ် ဆေးရုံ(ဘားလမ်း) မီးဖွားဆောင်အတွက် အမျိုးသမီးဝတ်လု...
26/12/2025

ဘိုင်သုလ်မာလ်ကော်မတီမှ ယနေ့ (26-12-2025) နေ့တွင် မွတ်ဆလင်မ်ကုသိုလ်ဖြစ် ဆေးရုံ(ဘားလမ်း) မီးဖွားဆောင်အတွက် အမျိုးသမီးဝတ်လုံချည် အထည် ၁၅၀၊ ကလေးအနှီးပိတ် အထည် ၅၀၀နှင့် မွေးကင်းစကလေးငယ်ဝတ် အင်္ကျီ အထည် ၁၂၀ (စုစုပေါင်း တန်ဖိုး ကျပ် 1745000/- ဖိုးခန့်) ကို သွားရောက်လှူဒါန်းခဲ့ပါသည်။

ဘိုင်သုလ်မာလ်ကော်မတီမိသားစုဝင် အလှူရှင်များ အပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ဘရ်ကသ်၊ ဆလာမသ်၊ ရဟ်မသ်များ ကျရောက်ပါစေဟု ဆုမွန်တောင်းအပ်ပါသည်။

ယနေ့ (၁၈-၁၁-၂၀၂၅) နေ့တွင် ဘိုင်သုလ်မာလ်ကော်မတီ (Mercy House) မှ ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှု လုပ်ငန်းစဉ်အဖြစ်**  မြင့်မြ...
18/11/2025

ယနေ့ (၁၈-၁၁-၂၀၂၅) နေ့တွင် ဘိုင်သုလ်မာလ်ကော်မတီ (Mercy House) မှ ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှု လုပ်ငန်းစဉ်အဖြစ်

** မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ် အထူးကုဆေးခန်း(ရန်ကုန်) သို့ အလှူငွေ 2,000,000/-( ကျပ် သိန်းနှစ်ဆယ် တိတိ) ကိုလည်းကောင်း၊

** ဘားလမ်းမွတ်ဆလင်မ်ကုသိုလ်ဖြစ်ဆေးရုံ ( Muslim Free Hospital) သို့ အလှူငွေ 2,000,000/- (ကျပ် သိန်းနှစ်ဆယ် တိတိ) ကို လည်းကောင်း၊ သွားရောက် လှူဒါန်းခဲ့ပါသည်။

** ဘိုင်သုလ်မာလ်ကော်မတီ၏ အလှူရှင်များအားလုံး အပေါ် အလ္လာဟ်အရှင်မြတ်ထံမှ ဘရ်ကသ်မင်္ဂလာ ကျရောက်ပြီး အစားပေးမှုများ ရရှိပါစေရန် ဆုမွန်တောင်းအပ်ပါသည်။

السلام عليكم ورحمة الله وبركاته ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက် အောင်မေတ္တာ ၂ လမ်းတွင် ၃၀ ၁၀ ၂၀၂၅ ရက်နေ့...
04/11/2025

السلام عليكم ورحمة الله وبركاته
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက် အောင်မေတ္တာ ၂ လမ်းတွင် ၃၀ ၁၀ ၂၀၂၅ ရက်နေ့က မီးလောင်ခဲ့ရာတွင် မီးဘေးသင့်အိမ်ထောင်စု ၅ စု (ဘာသာပေါင်းစုံ) သို့ ဘိုင်သုလ်မာလ်ကော်မတီ က 4-11-2025တွင်မြေပြင်ကွင်းဆင်းပြီးအလှူဒါနပြုလုပ်ခဲ့ပါသည်။

စုစုပေါင်းလှူဒါန်းငွေ ကျပ် ၂၂ သိန်း

လုပ်ငန်းစဉ်အတွက် ကွင်းဆင်းဆောင်ရွက်ရာတွင်
ဦးသန်းအောင်၊ ဦးခင်မောင်၊ ဦးတင်ထွန်းဦး၊
ဒေါ်အေးမြင့်ထွေး၊ ဦးတင်မောင်ချို နှင့် ဦးလှဌေးတို့မှ ဆောင်ရွက်ခဲ့ပါသည်။

အလှူရှင်များအားလုံးနှင့်အဘက်ဘက်မှ ပါ၀င်ကူညီကြသူများအားလုံးကို အလ္လာဟ်အရှင်မြတ်ကောင်းမြတ်သောအစားပေးတော်မူပါစေကြောင်းဆုမွန်ဒုအာပြုပါတယ်။

ဘိုင်သုလ်မာလ် ကော်မတီမှ အသက်မွေးဝမ်းကျောင်းမှု ပညာရပ်များဖြစ်သော၁/ စက်ချုပ်သင်တန်း (အခြေခံ/ အဆင့်မြင့်)၂/ ယာဉ်မောင်းသင်တ...
13/07/2025

ဘိုင်သုလ်မာလ် ကော်မတီမှ အသက်မွေးဝမ်းကျောင်းမှု ပညာရပ်များဖြစ်သော
၁/ စက်ချုပ်သင်တန်း (အခြေခံ/ အဆင့်မြင့်)
၂/ ယာဉ်မောင်းသင်တန်း
၃/ ကွန်ပျူတာသင်တန်း
၄/ ဖုန်း ဆော့ဖ် ဝဲလ် သင်တန်း
၅/ စာရင်းကိုင်သင်တန်း
၆/ မုန့်ဖုတ်သင်တန်း
၇/ အဲကွန်း/ ရေခဲသေတ္တာပြုပြင်မှုသင်တန်း
အစရှိသော သင်တန်းများ တက်ရောက်ရန် လိုအပ်ချက်ရှိသူများအား သင်တန်းတက်ရောက်မှုအတွက် ထောက်ပ့ံကူညီသည့် လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်လျက် ရှိပါသည်။

သို့ဖြစ်ပါ၍ စိတ်ပါဝင်စားပြီး တက်ရောက်လိုသူများ အနေဖြင့် အမှတ် (၃/၅)၊ ၅၉ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်း သို့ (သောကြာနေ့ ရုံးချိန် အတွင်း) လူကိုယ်တိုင် လာရောက်မေးမြန်း လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Address

Yangon

Alerts

Be the first to know and let us send you an email when ဘိုင်သုလ်မားလ် ကော်မတီ - Mercy House - 59 Mosque posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ဘိုင်သုလ်မားလ် ကော်မတီ - Mercy House - 59 Mosque:

Share