Parami Institute of Continuing Education

Parami Institute of Continuing Education Our mission is to create change agents through a rigorous liberal arts and sciences education.

With the vision to create change agents from all walks of life, Parami Institute of Continuing Education aims to transform our youth into effective leaders and responsible citizens through liberal education. Parami Institute of Continuing Education is an institutional unit of Parami Institute, under Parami University. For more information about Parami modular courses, please contact us at +95 9793030555 or [email protected]. For more information about Parami MOOC, please contact us at +95 9403763354 or [email protected].

17/09/2026

Self-Journaling အတွက် စာအုပ်လှလှလေးတွေ
ဝယ်ထားသူတွေ ဖတ်ဖို့ !!!

Journaling လုပ်ခြင်းရဲ့ ကောင်းကျိုးတွေကိုတော့ သိထားပြီး ဖြစ်မှာပါ။ Self-Journaling လုပ်တာကလည်း ခက်ခဲတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ တကယ်ခက်တာက တကယ် မလုပ်ဖြစ်တာပါပဲ။

သင် ဒီစာကြောင်းအထိ ဆက်ဖတ်ဖြစ်နေသေးတယ်ဆိုရင်တော့ 3-3-3 Method ကို သင့်အတွက် ဝေမျှပေးသွားပါ့မယ်။

(၁) မနေ့က အောင်မြင်ခဲ့တဲ့အရာသေးသေးလေး (၃) ခု
ရေ လုံလောက်အောင် သောက်ခဲ့သလား။ တာဝန်တစ်ခုကို အချိန်မီ တင်ခဲ့သလား။ လမ်းလျှောက်ခဲ့သလား။ အရာတိုင်းကို အောင်မြင်မှုတစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။

(၂) ဒီနေ့ မဖြစ်မနေပြီးမြောက်ရမယ့် အလုပ် (၃) ခု
ပြီးမြောက်ရမယ့်အရာ သုံးခုကိုပဲ ရွေးပါ။ ကျန်တာတွေအားလုံးကတော့ အပိုဆုအနေနဲ့ သတ်မှတ်လိုက်ပါ။ ပိုပြီး ကျေနပ်စရာ ကောင်းနေမှာပါ။

(၃) လောလောဆယ် ကိုယ့်ခံစားချက်ကို ဖော်ပြတဲ့ စကားလုံး (၃) လုံး
တည်ငြိမ်နေလား၊ အလျင်လိုနေလား၊ မျှော်လင့်ချက်တွေနဲ့ တအားတက်ကြွနေလား၊ ပင်ပန်းနေလား စဖြင့် ကိုယ့်ခံစားချက်ကို နာမည်တပ်ဖော်ပြပါ။

အရေးကြီးဆုံး အချက်ကတော့ အစပိုင်းမှာ ၃ မိနစ်လောက်ပဲ ဒါအတွက် အချိန်ပေးပါ။

မဖွင့်ဖြစ်တဲ့ မှတ်စုစာအုပ် လှလှတွေကို အားနေ အမြဲဝယ်နေတဲ့ သင့် သူငယ်ချင်းကို ဒီအကြောင်း မျှဝေလိုက်ပါ။ ဒါမှမဟုတ် မနက်ဖြန်မနက် စမ်းကြည့်ဖို့ share ထားပါ။

-----

[English Text]

Most people fail at journaling because they buy a fancy notebook, write three pages on day one, and quit by day three.

If you want the habit to stick without the overwhelm, start with the Beginner 3-3-3 Method. No long paragraphs. Just 9 quick bullet points:

(3) small wins from yesterday: Did you drink enough water? Submit an assignment? Take a walk? Count it.

(3) main tasks for today: Pick only three things that must get done. Everything else is a bonus.

(3) words describing how you feel right now: Calm, rushed, hopeful, tired. Name it and move forward.

The Golden Rule: Keep it to 3 minutes. Stop writing before you get tired of it.

Share this with a friend who keeps buying notebooks they never open, or save it to try tomorrow morning!


စာအုပ်တွေအများကြီးဖတ်တယ် ဒါပေမယ့် ဖတ်ထားတဲ့ အရေးကြီး မှတ်သားစရာတွေကို အလွယ်တကူပဲ မေ့သွားတတ်တယ်ဆိုရင်တော့ ဒီစာဟာ သင့်အတွက...
30/08/2026

စာအုပ်တွေအများကြီးဖတ်တယ် ဒါပေမယ့် ဖတ်ထားတဲ့ အရေးကြီး မှတ်သားစရာတွေကို အလွယ်တကူပဲ မေ့သွားတတ်တယ်ဆိုရင်တော့ ဒီစာဟာ သင့်အတွက်ပါပဲ။

ကိုယ် ဖတ်ရှုရမယ့် Academic paper တွေ ၊ Article paper တွေကို အချိန်ယူဖတ်ရှုပြီးမှ ဘာမှမမှတ်မိတော့ဘူး ၊ မေ့သွားတယ်ဆိုတာဟာ အတော်ကို စိတ်ညစ်ဖို့ကောင်းတဲ့အရာ မဟုတ်ပါလား။

ဒီနေ့မှာတော့ ပါရမီတက္ကသိုလ်က စာဖတ်ခြင်းနဲ့ ပတ်သက်ပြီး နည်းလမ်းကောင်းတစ်ခုဖြစ်တဲ့ “SQ3R” နည်းလမ်းကို ဖော်ပြပေးသွားမှာ ဖြစ်ပြီး ဒီနည်းလမ်းက ကိုယ်ဖတ်ထားတဲ့စာတွေကို စာတွေကို များများမှတ်မိနေစေဖို့ ကူညီပေးမှာပါ။

“SQ3R” နည်းလမ်းဆိုတာတော့ ဘယ်လိုသတင်းအချက်အလက်မျိုးကိုမဆို လျင်လျင်မြန်မြန်လေ့လာ၊ နားလည်နိုင်ပြီး အမှတ်ရနေစေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကိုတော့ အမေရိကန် ပညာရေး စိတ်ပညာရှင် Francis P. Robinson ရဲ့ နည်းလမ်းဖြစ်ပြီး သူရေးသားထားတဲ့ စာအုပ်ဖြစ်တဲ့ “Effective Study”ဆိုတဲ့ စာအုပ်မှာ ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။

“SQ3R” ဆိုတာဘာလဲ။

SQ3R ဆိုတာဟာ စာအုပ်ထဲမှာပါဝင်သည့် အကြောင်းအရာများအား တက်တက်ကြွကြွနဲ့ ထိရောက်စွာ ဖတ်ရှုနိုင်ဖို့ စစ်တမ်းကောက်ယူခြင်း (Survey)၊ မေးခွန်းထုတ်ခြင်း (Question)၊ ဖတ်ရှုခြင်း (Read)၊ ပြန်လည်ရွတ်ဖတ်၊ရေးချခြင်း (Recite) ၊ ပြန်လည်သုံးသပ်ခြင်း (Review) စတဲ့ နည်းလမ်း(၅)သွယ်တို့ ပါဝင်ဖွဲ့စည်းထားတဲ့ စာဖတ်ခြင်းနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီ “SQ3R” ထဲမှာ ပါဝင်တဲ့နည်းလမ်းတွေဟာ စာဖတ်သူများကို ဖတ်ရှုတဲ့ အကြောင်းအရာများမှာ စီးမြောပြီး ပါဝင်နိုင်ဖို့နဲ့ ဖတ်ရှုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး နားလည်နိုင်စွမ်းများ ပိုမိုတိုးတက်လာစေဖို့ ကူညီပေးပါတယ်။

စစ်တမ်းကောက်ယူခြင်း - “SQ3R” နည်းလမ်းရဲ့ ပထမဆုံးအချက်ကတော့ မိမိဖတ်ရှုလိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ခေါင်းစဉ် ၊ ခေါင်းစီးပိုင်း၊ အခန်းရပ်တွေနဲ့ အခန်းငယ်တွေကို အာရုံစိုက်ပြီး အချိန်အနည်းငယ်အတွင်းမှ ခပ်မြန်မြန် အကြမ်းဖျဉ်း ဖတ်ရှုခြင်း ဖြစ်ပါတယ်။ ဒီလို ဖတ်လိုက်ခြင်းဟာ ဘယ်အပိုင်းကတော့ ဘာကို ဆိုလိုထားခြင်း ဖြစ်ပြီး ဘယ်အကြောင်းအရာကတော့ ဘာအတွက်ဖြစ်သလဲဆိုတာကို အကြမ်းဖျဉ်းအားဖြင့် ခြုံငုံသိရှိစေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

မေးခွန်းထုတ်ခြင်း - ဒီအဆင့်ကတော့ အထက်မှာ ဖော်ပြထားသလို အကြမ်းဖျဉ်း ဖတ်ရှုပြီးတဲ့ အခါမှာ မေးခွန်းများ စတင်ထုတ်တဲ့ အဆင့်ဖြစ်ပါတယ်။ အခန်းငယ်၊ ခေါင်းစဉ်ငယ်တစ်ခုစီမှာ ဘာအကြောင်းပြောသွားမှာလဲ စတဲ့ အကြောင်းအရာတွေကို မေးခွန်းထုတ်ရတာဖြစ်ပါတယ်။

ဖတ်ရှုခြင်း - အထက်ဖော်ပြပါ အဆင့် (၂)ဆင့် ပြီးတဲ့ နောက်မှာတော့ ဒီတတိယမြောက် အဆင့်က အမှန်တကယ် စူးစူးစိုက်စိုက်စာဖတ်ရှုရမယ့် အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ဒုတိယအဆင့်မှာ မေးခွန်းထုတ်ထားတဲ့ မေးခွန်းတွေရဲ့ ဖြေရှင်းချက်၊ အဖြေများကို တက်တက်ကြွကြွ စူးစူးစိုက်စိုက်ရှာဖွေရမှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ အချိန်ပိုယူသင့်ပြီး မိမိလိုချင်တဲ့ အဖြေတစ်ခု၊ဖြေရှင်းချက်တစ်ခုကို ရှာမတွေ့မချင်း ထပ်ခါထပ်ခါအာရုံစိုက် အချိန်ယူဖတ်ရှုရပါမယ်။

ပြန်လည်ရွတ်ဖတ်၊ရေးချခြင်း - ယခုဖော်ပြပေးမယ့် အဆင့်ကတေ့ာ Reciting ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒါကတော့ မိမိဖတ်ရှုထားတဲ့ အကြောင်းအရာတွေက ‌ကောက်နှုတ်ထားတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို ကိုယ်ပိုင် စကားလုံးများဖြင့် ရေးသား မှတ်သားခြင်း ဖြစ်ပါတယ်။ ဒီအဆင့်ကို နှုတ်ဖြင့် ရွတ်ဆိုပြီး အသံသွင်း မှတ်သားထားနိုင်သလို ၊ မှတ်စုစာအုပ်မှာလည်း ရေးသားမှတ်သားထားနိုင်ပါတယ်။ ဒါက နောက်ပိုင်းမှာ သင်ဖတ်ရှုထားတဲ့ စာတွေကို ပိုမိုကောင်းမွန်စွာ မှတ်မိနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

ပြန်လည်သုံးသပ်ခြင်း - အားလုံးရဲ့ နောက်ဆုံးအဆင့်ကတော့ မိမိဖတ်ရှုထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ခြင်း ဖြစ်ပါတယ်။ မိမိမှတ်သားထုတ်နှုတ်ထားတဲ့ အချက်အလက်များနဲ့ အရေးကြီးတဲ့ အပိုဒ်အကြောင်းအရာများကို ပြန်လည် ဖတ်ရှုသုံးသပ်ခြင်းဖြစ်ပါတယ်။ ဒီအချက်ကတော့ သင့်ကို အချိန်ကြာမြင့်စွာ သင်ဖတ်ရှုလေ့လာထားတဲ့ အကြောင်းအရာများနဲ့ ပတ်သက်ပြီး အချိန်အတိုင်းအတာတခုအထိ စွဲမြဲနေစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

-----
[English Text]

Are you someone who reads a lot, but seems to forget most of the information you soak up so easily and quickly?

It is indeed frustrating when you take your time to read your assigned academic paper or article but can't recall a thing in class! Today, Parami would like to share about a reading method called SQ3R which can help you to glean as much information as possible from reading.

The SQ3R method is a method to study, understand and remember any written information quickly. It was first introduced by an American educational psychologist named Francis P. Robinson, in his book “Effective Study”.

What does SQ3R mean?
SQ3R is the acronym for Survey, Question, Read, Recite, and Review, which are the five steps to follow to read a text more actively and effectively. Those steps help the readers engage in the reading process and increase their understanding of the text.

Survey - The first step in the SQ3R method is surveying. Take a few minutes to scan the text by paying attention to the title, sub-headings, chapters, and sections. That way, you get an initial understanding of what the text is generally about.

Question - In this stage, start generating questions about the context based on the initial survey. Question what you think will be discussed in each chapter or sub-heading.

Read - After the first two stages, you can now proceed with the actual reading. However, along with the structure you set up in earlier stages, try actively searching for answers to your questions. This stage needs your focus the most so take the time to read it again if you need to.

Recite - The next stage is reciting, which is compiling all the information (the answers to your questions) into your own words. You can do it orally or by writing it down in a notebook. It will help you conceptualize the content of the text so you can remember it better later.

Review - The final step is to review. Review your notes and the main takeaways you get from the text, and re-read the important chapters if you need to. This step is extremely helpful to make information stick and stay in your brain for a long time.

သင့်ရဲ့ career development အတွက် လုပ်ဆောင်နိုင်တဲ့ ကျွမ်းကျင်မှု (၆) ခု 💡Career development ဆိုတာ နောက်ထပ်အလုပ်အကိုင်တစ်...
24/08/2026

သင့်ရဲ့ career development အတွက် လုပ်ဆောင်နိုင်တဲ့ ကျွမ်းကျင်မှု (၆) ခု 💡

Career development ဆိုတာ နောက်ထပ်အလုပ်အကိုင်တစ်ခု ရရှိဖို့ ရာထူးတိုးဖို့အတွက်ပဲ မဟုတ်ပါဘူး။ ရေရှည်မှာ မတူညီတဲ့ အလုပ်တာဝန်တွေ၊ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေကို ထိထိရောက်ရောက် ရင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို တည်ဆောက်သွားခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရေရှည် career development အတွက် လုပ်ဆောင်သင့်တဲ့ ကျွမ်းကျင်မှု (၆) မျိုးကို မျှဝေပေးလိုက်ပါတယ်။

လက်ရှိမှာရော သင် ဘယ်ကျွမ်းကျင်မှုကို တိုးတက်အောင် လုပ်ဆောင်နေပါသလဲ။
-----
[English Text]

6 Soft Skills You Can Improve for Your Career Development 💡

Career growth is not only about getting your next job or promotion; it's about building the skills that help you navigate different roles, challenges, and opportunities over time. Your ability to communicate, solve problems, work with others, and respond to change are the soft skills that can shape your career growth. Here are the 6 soft skills you can improve to support your long-term career development.

Which skills are you currently working on?

ရိုးရှင်းလွယ်ကူပြီး ထိရောက်  စေမယ့် စာလေ့လာနည်း အလေ့အကျင့် (၅) ခု 📚စာလေ့လာတဲ့အခါ ထိထိရောက်ရောက် လေ့လာသင်ယူနိုင်ဖို့ အချိ...
18/08/2026

ရိုးရှင်းလွယ်ကူပြီး ထိရောက် စေမယ့် စာလေ့လာနည်း အလေ့အကျင့် (၅) ခု 📚

စာလေ့လာတဲ့အခါ ထိထိရောက်ရောက် လေ့လာသင်ယူနိုင်ဖို့ အချိန်ပိုကြာကြာ လေ့လာဖို့ အမြဲတမ်းမလိုပါဘူး။ အရေးကြီးတာက ကိုယ့်မှာရှိတဲ့အချိန်ကို ဘယ်လိုထိရောက်စွာ အသုံးချလဲဆိုတာပါ။

သင့်ရဲ့နေ့စဉ်လေ့လာသင်ယူမှုမှာ ထည့်သွင်းလုပ်ဆောင်သင့်တဲ့ ရိုးရှင်းပေမဲ့ ထိရောက်စေတဲ့ အလေ့အကျင့် (၅) ခုကို မျှဝေပေးလိုက်ပါတယ်။
-----
[English Text]

More hours don’t always lead to better learning. Better habits can.

From studying for a degree to learning a new skill at work, effective learning isn’t necessarily about spending more time. It’s about making the time you have count.

You don’t need to completely change how you learn. Small, consistent habits can help you stay focused, understand more deeply, remember what you learn, and keep making progress even with a busy schedule.


ယနေ့ဟာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) ဖြစ်ပါတယ်။ယခုလို နေ့လေးမှာ ကမ္ဘာတစ်ဝှမ်းက လူငယ်တွေရဲ့ မယု...
12/08/2026

ယနေ့ဟာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) ဖြစ်ပါတယ်။

ယခုလို နေ့လေးမှာ ကမ္ဘာတစ်ဝှမ်းက လူငယ်တွေရဲ့ မယုံကြည်နိုင်လောက်စရာ စွမ်းအင်တွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ မလျှော့သော ဇွဲလုံ့လတွေကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုလိုပါတယ်။

ပါရမီတက္ကသိုလ်မှာဆိုရင် အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်ဖြတ်ပြီး ရပ်ရွာအသိုင်းအဝိုင်းအတွက် ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ ဖော်ဆောင်နေကြတဲ့ ကျောင်းသူကျောင်းသားလူငယ်တွေ အများကြီး ရှိကြပါတယ်။

လူငယ်ချင်း လက်တွဲခေါ်ဆောင်ပြီး အဆင့်မြင့်ပညာရေးလမ်းကြောင်း ရှာဖွေပေးနေတဲ့ ကောင်းမြတ်ဖြိုး နဲ့ ဒေသတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ဦးဆောင်လှုပ်ရှားနေတဲ့ မျိုးမြင့်မောင်တို့လို ကျောင်းသားခေါင်းဆောင်တွေအတွက်ကတော့ စစ်မှန်တဲ့ခေါင်းဆောင်မှုဆိုတာ ကြီးမားတဲ့အချိန်အခါ တစ်ခုကို စောင့်နေဖို့မဟုတ်ဘဲ ယနေ့မှာပဲ သေးငယ်တဲ့ခြေလှမ်းလေးတွေနဲ့ စတင်လိုက်ဖို့ လိုကြောင်းကို သက်သေပြနေကြပါတယ်။

ဒီကနေ့နဲ့ အချိန်ကာလတိုင်းမှာ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်နေကြတဲ့ လူငယ်ခေါင်းဆောင်များ အားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်။ သင်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေက လူထုအသိုက်အဝန်းအတွက် ကြီးမားတဲ့ အားအဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။

ပါရမီကျောင်းသားခေါင်းဆောင်တွေရဲ့ အကြောင်းကို အသေးစိတ်ဖတ်ရှုဖို့ - https://www.parami.edu.mm/post/international-youth-day-parami-student-leaders-show-impact-starts-with-a-small-step
—--
[English Text]

Happy International Youth Day!

Today, we joyfully celebrate the incredible energy, creativity, and unstoppable resilience of young people worldwide!

At Parami University, we are endlessly inspired by students who turn every challenge into an opportunity to uplift their communities. From guiding peers through higher education to leading grassroots environmental movements, student leaders like Kaung Myat Phyo (Kelvin) and Myo Myint Maung show us that true leadership isn't about waiting to be big; it’s about taking that courageous first step today.

Today and every day, we honor all young changemakers who strive against the odds to build a better, brighter future for everyone. Your passion moves us all forward!

🔗 Read the full inspiring story of our student leaders here: https://www.parami.edu.mm/post/international-youth-day-parami-student-leaders-show-impact-starts-with-a-small-step

ယနေ့မှာပဲ စတင်လေ့ကျင့်နိုင်မယ့် ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Critical Thinking) အဆင့် (၃) ဆင့်✅ "ဘာကြောင့်လဲ" နဲ့ "ဘယ်လို...
11/08/2026

ယနေ့မှာပဲ စတင်လေ့ကျင့်နိုင်မယ့် ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Critical Thinking) အဆင့် (၃) ဆင့်

✅ "ဘာကြောင့်လဲ" နဲ့ "ဘယ်လိုလဲ" လို့ မေးပါ- အချက်အလက်တွေကို မြင်မြင်ချင်း ဒီအတိုင်း လက်မခံပါနဲ့။ ဒီအချက်အလက်တွေ ဘယ်ကနေ ရလာတာလဲဆိုတဲ့ အရင်းအမြစ်ကို မေးခွန်းထုတ်ပါ။

✅ မိမိရဲ့ ယူဆချက်တွေကို ပြန်လည်မေးခွန်းထုတ်ပါ- "ငါမှားနေရင်ရော ဘာဖြစ်မလဲ။ ဒီအကြောင်းအရာရဲ့ အခြားတစ်ဖက်မှာရော ဘာတွေရှိနိုင်မလဲ" လို့ မိမိကိုယ်ကို ပြန်မေးပါ။

✅ အချက်အလက် (Fact) နဲ့ အယူအဆ (Opinion) ကို ခွဲခြားပါ- အချက်အလက် ဆိုတာ ကိန်းဂဏန်း ဒေတာတွေနဲ့ သက်သေပြလို့ရပြီး၊ အယူအဆ ဆိုတာကတော့ ပုဂ္ဂိုလ်ရေး ခံစားချက်တွေသာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် မချမီ ဒီနှစ်ခုရဲ့ ခြားနားချက်ကို တိတိကျကျ သိပါစေ။

🔵 ကဲ... အခု ကိုယ်တိုင် လေ့ကျင့်ကြည့်ရအောင်။
ပုံပါ ဖြစ်ရပ် (Scenario) ကို ဖတ်ကြည့်ပြီး သင့်ရဲ့ အမြင်တွေကို ကြိုက်နှစ်သက်ရာ ဘာသာစကားဖြင့် ကောမန့် (Comment) မှာ ဝင်ရောက်မျှဝေခဲ့ကြပါ။

-----
[English Text]

3 Simple Steps to Start Thinking Critically Today

✅Ask "Why?" and "How?": Don't just accept facts at face value. Ask where the information comes from.

✅Challenge Your Assumptions: Ask yourself: "What if I'm wrong? What is the other side of this story?"

✅Separate Fact from Opinion: Facts can be proven with data; opinions are personal feelings. Know the difference before deciding.

Now, it’s your turn!
Check out the scenario below and drop your answer in the comments!

🟡 Like and follow these pages!Comment "YES" if you'd like to subscribe to the Parami Newsletter, and we'll take care of ...
09/08/2026

🟡 Like and follow these pages!

Comment "YES" if you'd like to subscribe to the Parami Newsletter, and we'll take care of the rest.



သင်ရဲ့ ဘွဲ့က သင့်ဘဝတိုးတက်ဖို့အတွက် ပထမဆုံးတံခါးတစ်ချပ် ဖွင့်ပေးတယ်ဆိုရင် စဉ်ဆက်မပြတ်လေ့လာခြင်းကသာ သင့်ရှေ့ဆက်တိုးတက်နို...
06/08/2026

သင်ရဲ့ ဘွဲ့က သင့်ဘဝတိုးတက်ဖို့အတွက် ပထမဆုံးတံခါးတစ်ချပ် ဖွင့်ပေးတယ်ဆိုရင် စဉ်ဆက်မပြတ်လေ့လာခြင်းကသာ သင့်ရှေ့ဆက်တိုးတက်နိုင်မယ့် တံခါးတွေကို ဆက်ဖွင့်ပေးသွားမှာပဲဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ အလုပ်အကိုင်အခွင့်အရေးတွေဟာ အမြဲပြောင်းလဲနေပါတယ်။ ဒီပြောင်းလဲမှုတွေကြား အောင်မြင်စွာ ရပ်တည်နိုင်သူတွေကတော့ အဆက်မပြတ်လေ့လာပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အမြဲအသင့်ရှိနေသူတွေပါ။

ကျွမ်းကျင်မှု ပညာရပ် အသစ်တွေကို အမြဲလေ့လာနေတာ၊ တစ်ခုခုကို အမြဲသင်ယူနေခြင်းဟာ သင်ရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။

ပါရမီမှာတော့ သင်ယူခြင်းဟာ စာသင်ခန်းအတွင်းမှာပဲ အဆုံးသတ်တာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒါကြောင့် Parami Institute of Continuing Education (PICE) က ပညာရပ်အသစ်တွေကို ဆက်လက်သင်ယူနိုင်ဖို့ အခွင့်အလမ်းတွေကို ပံ့ပိုးပေးနေပြီး Parami University Career Development Center (PUCDC) ကလည်း ကျောင်းသားတွေရဲ့ အသက်မွေးဝမ်းကြောင်း နဲ့ လုပ်ငန်းခွင်တိုးတက်ဖို့အတွက် အထောက်အပံ့ပေးနေပါတယ်။

📚 Professional Development Program များကို လေ့လာရန် Parami Institute of Continuing Education ကို Follow လုပ်ပါ။
👉 https://m.facebook.com/ParamiContinuingEducation/?mibextid=wwXIfr&mibextid=wwXIfr

💼 Career Resources၊ Practical Tips နှင့် Career Opportunities များကို ရယူရန် Parami University Career Development Center ကို Follow လုပ်ပါ။
👉 https://www.facebook.com/PUCDC?mibextid=wwXIfr&mibextid=wwXIfr
_

[English Text]

Your degree may open the first door, but continuous learning helps you keep moving forward.

Today’s careers are evolving constantly. The professionals who thrive are those who continue to learn, build new skills, and embrace new challenges. Whether you are looking to upskill or prepare for your next career opportunity, every step you take towards learning is an investment in your future.

At Parami, we believe learning should continue beyond the classroom. That’s why Parami Institute of Continuing Education (PICE) offers opportunities to keep building your knowledge and skills while the Parami University Career Development (PUCDC) supports students for meaningful career growth.

📚 Follow Parami Institute of Continuing Education for lifelong learning opportunities that help you stay ahead.
👉 https://m.facebook.com/ParamiContinuingEducation/?mibextid=wwXIfr&mibextid=wwXIfr

💼 Follow Parami University Career Development Center for career resources, practical tips, and opportunities to support your professional journey.
👉 https://www.facebook.com/PUCDC?mibextid=wwXIfr&mibextid=wwXIfr

03/08/2026

ဩဂုတ်လ အစလေးကို မေးခွန်းလေးတစ်ခုနဲ့ စတင်ကြည့်ပါမယ်။

၂၀၂၆ ဟာ နောက် (၄) လ ဆိုရင်ပဲ ကုန်ဆုံးတော့မှာပါ။
၂၀၂၅ မှာ သင်မျှော်မှန်းထားခဲ့သလို ၂၀၂၆ မှာ သင်အမှန်တကယ် ပြောင်းလဲသွားရဲ့လား။

အဖြေက "YES 🟢" Or "NO 🔴"?
-----
[English Text]

Let’s start the beginning of August with a quick question!

2026 will be over in just 4 months.
Did you really change in 2026 as you planned to in 2025?

"YES 🟢" or "NO 🔴"?

[English Text Below]ယနေ့မှာ ကျရောက်တဲ့ မြန်မာပြည်သူပြည်သား ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါသ...
29/07/2026

[English Text Below]

ယနေ့မှာ ကျရောက်တဲ့ မြန်မာပြည်သူပြည်သား ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါသမယမှာ အေးချမ်းပျော်ရွှင်ကြပါစေကြောင်း ပါရမီတက္ကသိုလ်မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

🟡 ယနေ့ဟာ ပါရမီတက္ကသိုလ်၏ တရားဝင် ရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။
-----
Today, on the sacred occasion of Waso Full Moon Day (Dhammacakka Day), a day of great significance for Buddhist people across Myanmar, Parami University extends its warmest wishes for peace, happiness, and well-being to all.

🟡 Please note that today is also an official university holiday at Parami University.


Address

3rd Floor, Shwe Gone Plaza, Intersection Of Kabar Aye Pagoda Road & Shwe Gone Daing Road, Bahan
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959793030555

Alerts

Be the first to know and let us send you an email when Parami Institute of Continuing Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Parami Institute of Continuing Education:

Shortcuts

Share