Duessla - Service-Learning Organisation

Duessla - Service-Learning Organisation Serve to learn and learn to serve. This is the university based Service-Learning Organization

“DUESSLA နဲ့ အတူတူ လက်တွဲပြီး ကြိုးစားကြမယ့် မိသားစုဝင်အသစ်လေးများ”Batch (20) ရဲ့ Volunteer အသစ်လေးတွေကတော့ ဒီနေ့မှာ အော...
27/08/2026

“DUESSLA နဲ့ အတူတူ လက်တွဲပြီး ကြိုးစားကြမယ့် မိသားစုဝင်အသစ်လေးများ”

Batch (20) ရဲ့ Volunteer အသစ်လေးတွေကတော့ ဒီနေ့မှာ အောင်မြင်စွာ ထွက်ပေါ်လာပြီပဲ ဖြစ်ပါတယ်ခင်ဗျာ။ Form အဆင့်၊ Interview အဆင့်တွေကို ဖြတ်ကျော်ပြီး Finalist အဖြစ်ကို တက်လှမ်းနိုင်ခဲ့တဲ့သူလေးတွေကို အတူတူ ကြိုဆိုလိုက်ကြရအောင်လားဗျာ။

Volunteer လာရောက်လျှောက်ထားကြတဲ့သူတွေထဲကမှ DUESSLA ရဲ့ Guidelines နဲ့ ကိုက်ညီတဲ့သူလေးတွေကို ခက်ခက်ခဲခဲ ပြန်ရွေးထုတ်ထားတာမို့လို့ ဒီတစ်ခေါက်မှာ လွဲချော်သွားတဲ့သူလေးတွေလည်း အားမလျော့ဘဲ နောက် Batch တွေမှာ ဝင် Join ပေးကြဖို့ ပြောချင်ပါတယ်ခင်ဗျာ။

Volunteering Program လေးတွေကိုလည်း (3) လတစ်ကြိမ် တင်ပေးသွားမှာဆိုတော့ Information တွေ မလွတ်သွားရအောင် DUESSLA ရဲ့ Channel လေးတွေကို Follow လုပ်ပေးခဲ့ကြပါဦးခင်ဗျာ။

ကဲ ဒါဆိုရင်တော့ ရွေးချယ်ခံရတဲ့ Finalist လေးတွေလည်း ကိုယ့်ရဲ့ Email ကို Check လုပ်ပြီး Confirm လုပ်ပေးဖို့ မမေ့ကြနဲ့ဦးနော်။





“စကားများများပြောတဲ့ ကလေးလေး ဖြစ်ဖို့ အရေးကြီးပါတယ်”စကားပြောစသင်တဲ့ ကလေးတွေမှာ “စကားများများပြောတဲ့ ကလေးက မြန်မြန် စကားတ...
26/08/2026

“စကားများများပြောတဲ့ ကလေးလေး ဖြစ်ဖို့ အရေးကြီးပါတယ်”

စကားပြောစသင်တဲ့ ကလေးတွေမှာ “စကားများများပြောတဲ့ ကလေးက မြန်မြန် စကားတက်တယ်”တဲ့။ ငယ်ငယ်တုန်းက လူကြီးတွေဆီကနေ အမြဲကြားရတတ်တဲ့ စကားလေး တစ်ခွန်းပါဗျာ။

ဒါကြောင့် Language တစ်ခုခုကို သင်ယူနေပြီး Speaking Skill မှာ ထိပ်ဆုံးရောက်ချင်တယ်ဆိုရင် စကားများများပြောတဲ့ ကလေးလေး ဖြစ်ဖို့ အရေးကြီးပါတယ်။ မြန်မြန်စကားတက်ဖို့ စကားတွေ အများကြီး ပြောချင်ရင်တော့ DUESSLA ရဲ့ Speaking Club တွေက အဆင်သင့် ရှိနေပါတယ်နော်။

DUESSLA ကနေ English, Japanese, Chinese, Thai Language တွေအပြင် ကလေးတို့အတွက် English နဲ့ Burmese Speaking Club တွေကိုပါ စီစဉ်ပေးထားတာမို့ 100% Free နဲ့ Join နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

သက်ဆိုင်ရာ Speaking Club တစ်ခုချင်းစီရဲ့ Telegram Group တွေကိုပါ ပူးတွဲဖော်ပြပေးထားတာကြောင့် Group Join ထားရုံနဲ့ Zoom Link ကို အလွယ်တကူရရှိနိုင်မှာဖြစ်ပါတယ်။

Group မ Join ဘဲ ပုံမှန်အတိုင်း Registration Form ဖြည့်ပြီး Join ချင်တဲ့သူတွေအတွက်~

📌 1. မိမိ Join လိုတဲ့ Speaking Club Post ရဲ့ အောက်မှာရှိတဲ့ Registration Form ထဲ ၀င်ပေးပါ။

📌 2. Form ဖြည့်ပြီးသွားရင်တော့ Submit လုပ်ပြီးကြောင်းကို Screenshot ရိုက်ပြီး Page ရဲ့ Messenger မှာ လာပို့ပေးပါ။ Screenshot ရိုက်ဖို့မမေ့ပါနဲ့နော်။

Google form ဖြည့်ဖို့ အခက်အခဲရှိသူများအနေနဲ့ကတော့

- "Help me'' ဆိုတဲ့ စာလေးကို Messenger မှ တစ်ဆင့်လာပို့ပေးရုံနဲ့
- Admin Team မှမေးခွန်းလေးတွေ ပြန်ပို့ပေးမှာဖြစ်ပြီး ဖြေဆိုပြီးတာနဲ့ Zoom Link ရရှိမှာပဲဖြစ်ပါတယ်ဗျ။

DUESSLA က Facebook မှာတင်မက Telegram Channel မှာလည်း အဆက်မပြတ် Run နေတာမို့ VPN အဆင်မပြေတဲ့သူလေးတွေက Information တွေ မလွတ်ရအောင် Telegram Channel လေးကိုလည်း Subscribe လုပ်ထားလို့ရပါတယ်ခင်ဗျာ။

https://t.me/DUESSLA




Thai Quiz Time 🇹🇭🧠ထိုင်းဘာသာစကား လေ့လာနေသူတွေအတွက် ဒီနေ့တော့ Thai Vocabulary Quiz လေးနဲ့ ကိုယ့်ရဲ့ Vocabulary Knowledge ...
25/08/2026

Thai Quiz Time 🇹🇭🧠

ထိုင်းဘာသာစကား လေ့လာနေသူတွေအတွက် ဒီနေ့တော့ Thai Vocabulary Quiz လေးနဲ့ ကိုယ့်ရဲ့ Vocabulary Knowledge ကို စစ်ကြည့်ကြရအောင်။

အဖြေကို သိတယ်ဆိုရင်တော့ Comment လေးမှာ မန့်ခဲ့နော်။

မသိတဲ့သူတွေလည်း ကိုယ့်ရဲ့ Intuition ကို ယုံပြီး Guess လုပ်ကြည့်လို့ရပါတယ်ဗျ။

အဖြေမှန်ကိုတော့ မနက်ဖြန်မှာ ဒီ Post ရဲ့ Comment လေးမှာပဲ ပြောပြပေးသွားမှာမလို့ မှန်မမှန် လာ Check ဖို့လည်း မမေ့ပါနဲ့နော်။

ဒါနဲ့ ထိုင်းဘာသာစကားကို စာတွေ့တင်မကဘဲ လက်တွေ့စကားပြောလေ့ကျင့်ချင်တယ်ဆိုရင်တော့ DUESSLA ရဲ့ Thai Speaking Club မှာ အပတ်စဉ် တနင်္လာနေ့တိုင်း လာရောက်​လေ့ကျင့်နိုင်ကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်ဗျ။






Interview Mode : Activated ✨DUESSLA ရဲ့ Volunteer position အသီးသီးမှာလျှောက်ထားသူအများကြီးထဲကမှ Interview အဆင့် ရွေးချယ်...
23/08/2026

Interview Mode : Activated ✨

DUESSLA ရဲ့ Volunteer position အသီးသီးမှာလျှောက်ထားသူအများကြီးထဲကမှ Interview အဆင့် ရွေးချယ်ခံရသူများကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

စိတ်ပါဝင်စားစွာ လျှောက်ထားခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း DUESSLA က ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ရွေးချယ်ခံရသူတွေကိုလည်း Interview အဆင့်မှာ တွေ့ဆုံဖို့ စောင့်မျှော်နေပါမယ်ခင်ဗျာ။

ရွေးချယ်ခံရသူတွေအတွက် Interview information တွေကို တစ်ပတ်အတွင်း Email က တဆင့်အကြောင်းကြားပေးသွားမှာဆိုတော့ Email လေးတွေကို ဝင်စစ်ကြဖို့လည်း မမေ့ပါနဲ့အုံးနော်။

အချိန်ပေးပြီး လျှောက်ထားတဲ့ Position တစ်ခုရဲ့ ပထမဆုံးခြေလှမ်းတစ်ခုဖြစ်တဲ့ Interview ကိုလည်း မဖြေမနေလာဖြေကြဖို့မျှော်လင့်ပါတယ်နော်။

See you soon DUESSLAers !!





Consistency အပြည့်နဲ့ ကြယ်ပွင့်လေးများ🎉ကိုယ့်ရဲ့ အားလပ်ချိန်လေးတွေကို DUESSLA နဲ့ အတူတူ အကျိုးရှိရှိအသုံးချရင်း လေးပတ်ဆက...
22/08/2026

Consistency အပြည့်နဲ့ ကြယ်ပွင့်လေးများ🎉

ကိုယ့်ရဲ့ အားလပ်ချိန်လေးတွေကို DUESSLA နဲ့ အတူတူ အကျိုးရှိရှိအသုံးချရင်း လေးပတ်ဆက်တိုက် Active Participation လုပ်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ဒီနေရာကနေ ဂုဏ်ပြုလိုက်ရပါတယ်ဗျာ။

အကြောင်းအမျိုးမျိုးကြောင့် Star Award မရရှိသွားခဲ့ကြတဲ့ Participant လေးတွေလည်း နောက်လတွေမှာ ကြယ်ပွင့်ပိုင်ရှင်လေးတွေဖြစ်ဖို့ အခွင့်အရေးရှိသေးတာမို့လို့ အားလုံးနဲ့ အတူတူ ကြိုးစားကြရအောင်နော်။

ကဲ ဒါဆိုရင်တော့ July လရဲ့ စိတ်အားထက်သန်မှုအပြည့်နဲ့ Star Award ရရှိသွားကြတဲ့ ကြယ်ပွင့်လေးတွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ကြရအောင်လားခင်ဗျာ။





Last call! အခုချိန်မှ Form တင်ရင် မှီနိုင်သေးတယ်နော် DUESSLAer တို့ရေ။ ✨ကျွန်တော်တို့ DUESSLA ရဲ့ Batch - 20 အတွက် နယ်ပယ...
21/08/2026

Last call!

အခုချိန်မှ Form တင်ရင် မှီနိုင်သေးတယ်နော် DUESSLAer တို့ရေ။ ✨

ကျွန်တော်တို့ DUESSLA ရဲ့ Batch - 20 အတွက် နယ်ပယ်အသီးသီးမှ Position မျိုးစုံနဲ့ Volunteer လုပ်ချင်တဲ့သူ တွေ၊ Career အသစ်ကိုအစပျိုးမယ်ဆိုတဲ့ စိတ်ကူးရှိတဲ့သူတွေအတွက် Volunteer Application က 21 Aug 2026 ဒီနေ့ည 11:59 PM ( MMT ) မှာ Form ပိတ်တော့မှာဖြစ်ပါတယ်။

Register လုပ်ဖို့ စဉ်းစားထားပြီး မလုပ်ရသေးတဲ့သူတွေ၊ ဒါမှမဟုတ် အခုမှ ဒီ Post ကိုတွေ့ပြီး စိတ်ဝင်စားလို့ Register လုပ်ချင်တဲ့သူတွေအတွက် အောက်က Link ကို Click ပြီး အသေးစိတ်ဖတ်လို့ရနိုင်ပါတယ်နော်။ ✅

https://www.facebook.com/share/p/1DD4KbEq42/?mibextid=wwXIfr

DUESSLA ကခေါ်ယူထားတဲ့ Volunteer position တွေကို စိတ်ပါဝင်စားစွာ လျှောက်ထားကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို DUESSLA က အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် Form အဆင့်ရွေးချယ်ခံရသူတွေကိုလည်း DUESSLA page အပြင် Telegram Channel မှာပါ တင်ပေးသွားမှာမလို့ Information တွေကို မလွတ်တမ်းစောင့်ကြည့်နေဖို့တော့လိုမယ်နော်။

Stay tuned DUESSLAers !!






20/08/2026

"ဂျပန်စာလေ့လာနေတဲ့သူတွေအတွက် မခက်အောင် သင်ကူညီပေးနိုင်တယ်ဆိုတာ သိလား"

မသိရင် Video လေးကို အဆုံးထိကြည့်

✅ DJSC Facilitator အနေနဲ့ ဝင်ရောက် အကျိုးပြုဖို့ဆိုရင်

🔹 ဂျပန်ဘာသာစကားကို N3-Level ထိ တတ်ကျွမ်းထားဖို့ လိုပါမယ်။

🔹Team Member တွေနဲ့အတူ Topic Idea တွေ စဉ်းစားနိုင်ရပါမယ်။

🔹 သတ်မှတ်ထားတဲ့ရက်အလိုက် Host လုပ်ပြီး Participant တွေနဲ့အတူ ဝိုင်းဖွဲ့ဆွေးနွေးနိုင်ရပါမယ်။

🔹 Presentation နဲ့ပက်သက်တဲ့ Slide တွေကို Deadline အမီ ပြုလုပ်နိုင်ရပါမယ်။

🔹 အခြား Team Member များနှင့်လည်း Teamwork ရှိရှိ လုပ်ကိုင်နိုင်ရပါမယ်။

🔹 Batch တစ်ခုကြာချိန် {3} လကို Commitment အပြည့်ဖြင့် ဆောင်ရွက်နိုင်ရပါမယ်။

🔹 Training Session များအပြင် နှစ်ပတ်တစ်ကြိမ် ပြုလုပ်သော Meeting များကိုလည်း တက်ရောက်နိုင်ရပါမယ်။

🛎️အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါတယ်။ Training Session တွေမှာ Senior တွေကသေချာ သင်ပြပေးသွားမှာမို စိတ်အားထက်သန်ပြီး ကြိုးစားဖိုပဲလိုပါမယ်။

Application Form -
https://docs.google.com/forms/d/e/1FAIpQLSfk9chfWFHh8SBsjnsJkHBiiU6zudUULBgCAq4OHzXc747VsQ/viewform?usp=publish-editor

Deadline - 21 August , 2026 (11:59pm) MMT⏱️

Disclaimer
We do not own the rights to the music used in this content. All rights belong to the original artist(s), composer(s), and copyright holder(s). This content is created for non-commercial, educational, or entertainment purposes only.





19/08/2026

Digital Marketing နယ်ပယ်မှာ နေရာတစ်ခုရဖို့ မဖြစ်မနေ စတင်လှမ်းသင့်တဲ့ ခြေလှမ်းကောင်းတစ်ခု ✅

တိုးတက်လာတဲ့ နည်းပညာခေတ်မှာ Digital Marketing ဆိုတာက အရေးကြီးတဲ့ အခန်းကဏ္ဍတွေထဲကတစ်ခုဖြစ်ပါတယ်။ Content Writing ဆိုတာကလည်း Digital Marketing ဆိုတဲ့ သစ်ပင်ကြီးက အကိုင်းခက်တစ်ခုလိုပါပဲ။

စာရေးရတာဝါသနာပါရုံနဲ့ ရပ်တန့်မနေသင့်ဘဲ ကိုယ့်ရဲ့ Writing skill ကို Digital Marketing Strategy တွေနဲ့ပေါင်းစပ်ပြီး လုပ်ငန်းခွင်တစ်ခုလိုလုပ်ဆောင်ရမယ့် DUESSLA ရဲ့ Content Writer position အတွက် Volunteer အဖြစ်လျှောက်ထားနိုင်ပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးချင်ပါတယ်ခင်ဗျာ။

✅ Content Writer အနေနဲ့

🔹 Team Member တွေနဲ့အတူ Content Idea တွေ စဉ်းစားနိုင်ရပါမယ်။

🔹 အခြား Team Member များနှင့်လည်း Teamwork ရှိရှိ လုပ်ကိုင်နိုင်ရပါမယ်။

🔹 Language နဲ့ ပတ်သတ်တဲ့ ပညာရေး၊ လေ့လာရေး၊ တခြားဗဟုသုတ စတဲ့ အထောက်အကူဖြစ်စေမယ့် စာတွေကို စိတ်ဝင်စားပြီး ရေးသားနိုင်ရပါမယ်။

🔹 မိမိ Assign ကျတဲ့ Content ကို Deadline အမီ ရေးသားပြီး Page တွင် ကိုယ်တိုင်တင်ပေးနိုင်ရပါမယ်။

🔹 မိမိတင်လိုက်တဲ့ Post Management ပိုင်းကို တာဝန်ယူနိုင်ရပါမယ်။

🔹 Urgent Content များ ရှိခဲ့ရင်လည်း ရေးသားပေးနိုင်ရပါမယ်။

🔹 Graphic Designer Team နဲ့အတူ ပူးပေါင်းပြီး Design ကောင်းတစ်ခုထွက်လာဖို့ ဆွေးနွေးနိုင်ရပါမယ်။

🔹 Batch တစ်ခုကြာချိန် {3} လကို Commitment အပြည့်ဖြင့် ဆောင်ရွက်နိုင်ရပါမယ်။

🔹 Training Session များအပြင် နှစ်ပတ်တစ်ကြိမ် ပြုလုပ်သော Meeting များကိုလည်း တက်ရောက်နိုင်ရပါမယ်။

🛎အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါတယ်။ Training Session တွေမှာ Senior တွေကသေချာ သင်ပြပေးသွားမှာမို စိတ်အားထက်သန်ပြီး ကြိုးစားဖို့ပဲလိုပါမယ်။

Application Form ;

https://docs.google.com/forms/d/e/1FAIpQLSddf5sEJqq6TomlFxrmfLz6tn-sqlDV8H9y-gxNv5HgH_Go5w/viewform?usp=publish-editor

Deadline - 21 Aug 2026 (11:59pm) MMT⏱️




တစ်ပတ်ကို အချိန် (1) နာရီပေးရုံနဲ့ ကိုယ့်ရဲ့ Skill ကို ဘယ်လိုမြှင့်တင်ကြမလဲ🤷ကိုယ့်အတွက် အကျိုးရှိစေမယ့် အရာတစ်ခုကို စလုပ...
19/08/2026

တစ်ပတ်ကို အချိန် (1) နာရီပေးရုံနဲ့ ကိုယ့်ရဲ့ Skill ကို ဘယ်လိုမြှင့်တင်ကြမလဲ🤷

ကိုယ့်အတွက် အကျိုးရှိစေမယ့် အရာတစ်ခုကို စလုပ်တဲ့နေရာမှာ အချိန်ပေးနိုင်မှပဲ စလုပ်တော့မယ်လို့ အတွေးတွေကို ဖယ်ထုတ်နိုင်ဖို့အတွက် DUESSLA ရဲ့ Speaking Club လေးတွေကို မိတ်ဆက်ပေးပါရစေ‌။

လူငယ်တွေအတွက် English, Chinese, Thai, Japanese အစရှိတဲ့ Language တွေနဲ့ ဘေဘီလေးတွေအတွက် English နဲ့ Burmese Speaking Club တွေကိုပါ စုံစုံလင်လင်ဖွင့်လှစ်ပေးထားတဲ့အပြင် 100% Free Register လုပ်လို့ရတာဆိုတော့ လက်မနှေးဖို့တော့ လိုမယ်နော်။

ပြီးတော့ တစ်ပတ်ကို အချိန် (1) နာရီထဲ ပေးရမယ့်အပြင် အားလုံးအတွက် အဆင်ပြေ‌စေမယ့် ညပိုင်းအချိန်လေးတွေကိုပဲ စီစဉ်ပေးထားတာပေါ့ဗျာ။

ဒါ့အပြင် ကိုယ်စိတ်ပါဝင်စားတဲ့ Language ကို လေ့လာနေတဲ့သူတွေအတွက် Speaking Skill လေ့ကျင့်တဲ့ Club တစ်ခုမဟုတ်စေဘဲနဲ့ နွေးထွေးမှုရှိပြီး Speaking Confidence တိုးစေမယ့်နေရာလေးတစ်ခုအဖြစ် ဖန်တီးပေးထားတာဆိုတော့ ဘာလိုသေးလဲနော်။

ဒါကြောင့် DUESSLAer လေးတွေရဲ့ အားလပ်ချိန်လေးတွေကို အကျိုးရှိရှိအသုံးချရင်း မိမိရဲ့ Skill တွေကို DUESSLA နဲ့ အတူတူမြှင့်တင်လိုက်ကြရအောင်ဗျာ။

Group မ Join ဘဲ ပုံမှန်အတိုင်း Registration Form ဖြည့်ပြီး Join ချင်တဲ့သူတွေအတွက်~

📌 1. မိမိ Join လိုတဲ့ Speaking Club Post ရဲ့ အောက်မှာရှိတဲ့ Registration Form ထဲ ၀င်ပေးပါ။

📌 2. Form ဖြည့်ပြီးသွားရင်တော့ Submit လုပ်ပြီးကြောင်းကို Screenshot ရိုက်ပြီး Page ရဲ့ Messenger မှာ လာပို့ပေးပါ။ Screenshot ရိုက်ဖို့မမေ့ပါနဲ့နော်။

Google form ဖြည့်ဖို့ အခက်အခဲရှိသူများအနေနဲ့ကတော့

- "Help me'' ဆိုတဲ့ စာလေးကို Messenger မှ တစ်ဆင့်လာပို့ပေးရုံနဲ့
- Admin Team မှမေးခွန်းလေးတွေ ပြန်ပို့ပေးမှာဖြစ်ပြီး ဖြေဆိုပြီးတာနဲ့ Zoom Link ရရှိမှာပဲဖြစ်ပါတယ်ဗျ။

DUESSLA က Facebook မှာတင်မက Telegram Channel မှာလည်း အဆက်မပြတ် Run နေတာမို့ VPN အဆင်မပြေတဲ့သူလေးတွေက Information တွေ မလွတ်ရအောင် Telegram Channel လေးကိုလည်း Subscribe လုပ်ထားလို့ရပါတယ်ခင်ဗျာ။




18/08/2026

"ဘိုလိုမှုတ်တတ်တာနဲ့ Volunteer လုပ်နိုင်မယ့်အခွင့်အရေး"

2026 ကို Productive ဖြစ်ဖြစ် ဖြတ်သန်းချင်တဲ့သူတွေ၊ ကိုယ့်မှာရှိတဲ့ English Skill ကို လက်တွေ့ကျကျ အသုံးချချင်တဲ့သူတွေအနေနဲ့ DUESSLA ကနေ English Speaking Club Facilitator တွေ ခေါ်ယူနေပါပြီ။

Scrolling လုပ်ရင်းနဲ့ပဲ 2026 ကို မကုန်ဆုံးချင်တဲ့သူတွေကတော့ အခုပဲ Apply လုပ်လိုက်တော့နော်။

✅ DESC Facilitator အနေနဲ့

🔹 အင်္ဂလိပ်ဘာသာစကားကို Intermediate Level အထိ တတ်ကျွမ်းထားဖို့ လိုပါမယ်။

🔹Team Member တွေနဲ့အတူ Topic Idea တွေ စဉ်းစားနိုင်ရပါမယ်။

🔹 သတ်မှတ်ထားတဲ့ရက်အလိုက် Host လုပ်ပြီး Participant တွေနဲ့အတူ ဝိုင်းဖွဲ့ဆွေးနွေးနိုင်ရပါမယ်။

🔹 Presentation နဲ့ပက်သက်တဲ့ Slide တွေကို Deadline အမီ ပြုလုပ်နိုင်ရပါမယ်။

🔹 အခြား Team Member များနှင့်လည်း Teamwork ရှိရှိ လုပ်ကိုင်နိုင်ရပါမယ်။

🔹 Batch တစ်ခုကြာချိန် {3} လကို Commitment အပြည့်ဖြင့် ဆောင်ရွက်နိုင်ရပါမယ်။

🔹 Training Session များအပြင် နှစ်ပတ်တစ်ကြိမ် ပြုလုပ်သော Meeting များကိုလည်း တက်ရောက်နိုင်ရပါမယ်။

🛎အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါတယ်။ Training Session တွေမှာ Senior တွေကသေချာ သင်ပြပေးသွားမှာမို့ စိတ်အားထက်သန်ပြီး ကြိုးစားဖို့ပဲလိုပါမယ်။

Application Form -
https://docs.google.com/forms/d/e/1FAIpQLScCdZ90YYwI2rjDB_QIY_bxRNWia4z2hZFJrHVMjMmHcqrf-g/viewform?usp=header

Deadline - 21 August 2026 (11:59pm) MMT

Disclaimer
We do not own the rights to the music used in this content. All rights belong to the original artist(s), composer(s), and copyright holder(s). This content is created for non-commercial, educational, or entertainment purposes only.




Address

Yangon

Opening Hours

Monday 08:00 - 00:00
Tuesday 08:00 - 00:00
Wednesday 08:00 - 00:00
Thursday 08:00 - 00:00
Friday 08:00 - 00:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00

Alerts

Be the first to know and let us send you an email when Duessla - Service-Learning Organisation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Duessla - Service-Learning Organisation:

Shortcuts

Share