Myanmar National Association of the Blind

Myanmar National Association of the Blind Myanmar National Association of the Blind (MNAB)
http://www.mnab-myanmar.org/
http://www.mnablearning

Myanmar National Association of the blind MNAB is a membership based association representing the person with visually impaired living in Myanmar to World Blind Union. MNAB has registered by National government in 2013 December. We have 530 individual members, and 5 collectives’ members throughout the country. Head quarter office is set up in Yangon city and three local branches are established in Mon, Sagaing and Shan region.

(၁၄) ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး ကျင်းပပြုလုပ်ခြင်း မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ ၁၄ ကြိမ်မြောက် သင်းလုံးကျွတ...
02/06/2026

(၁၄) ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ ၁၄ ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မေလ၊ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာယ (ရန်ကုန်မျက်မမြင်ကျောင်း) ဝင်းနှင့် အွန်လိုင်း zoom platform တို့တွင် ပူးတွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အစီအစဉ်အရ ဖွင့်ပွဲအခမ်းအနားကို အစီအစဉ် (၁၂) ရပ်ဖြင့် ကျင်းပခဲ့ပြီး ကမ္ဘာ့မျက်မမြင်သမဂ္ဂ (WBU) ဥက္ကဌနှင့် ကမ္ဘာ့မျက်မမြင်သမဂ္ဂ အာရှပစိဖိတ်ဒေသ (WBU) (AP) ဥက္ကဌတို့ အပါအဝင် မိတ်ဖက်မသန်စွမ်းအဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများ၊ မမသ၏နာယကအဖွဲ့ဝင်များ၊ ပဲ့ကိုင်အဖွဲ့ဝင်များ၊ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသူ/အသင်းသားများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၇၅) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။
ထို့နောက် နှစ်ရက်တာ ကျင်းပပြုလုပ်သော ၁၄ ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကို အစီအစဉ် (၁၈) ရပ်ဖြင့် ကျင်းပခဲ့ရာ online နှင့် in person စုစုပေါင်း (၁၆၅) ဦး ပါဝင်တက်ရောက် ခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အမြင်အာရုံမသန်စွမ်းသူများ၏ ပညာရေး၊ လူငယ်အရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် ကြုံတွေ့နေရသော စိန်ခေါ်မှုအခက်အခဲများကို ပဲ့ကိုင်အဖွဲ့ဝင်များနှင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်များက ဦးဆောင်၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြောင်း ဖော်ပြအပ်ပါသည်။





#2026
#မမသ
#သင်းလုံးကျွတ်အစည်းအဝေး

သို့ အသင်းသူ/အသင်းသားများအားလုံးမြန်မာနိုင်ငံမျက်မမြင်များအသင်းစာအမှတ် ။  ။ မမသ/၇၆/၂၀၂၆ ရက်စွဲ ။  ။ ၂၀၂၆ ခုနှစ်၊ မေလ၊ ၂၁...
21/05/2026

သို့

အသင်းသူ/အသင်းသားများအားလုံး
မြန်မာနိုင်ငံမျက်မမြင်များအသင်း
စာအမှတ် ။ ။ မမသ/၇၆/၂၀၂၆
ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ မေလ၊ ၂၁ ရက်

အကြောင်းအရာ ။ ။ ၁၄ ကြိမ်မြောက်သင်းလုံးကျွတ်အစည်းအဝေးသို့ တက်ရောက်နိုင်ပါရန် စတုတ္ထအကြိမ် ထပ်မံဖိတ်ကြားခြင်း။
၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံမျက်မမြင်များအသင်းသည် ၁၄ ကြိမ်မြောက်သင်းလုံးကျွတ်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မေလ (၂၉) ရက်နေ့မှ (၃၀) ရက်နေ့အထိ Online အခြေပြုစနစ် နှင့် လူကိုယ်တိုင်ပါဝင်တက်ရောက်နိုင်သည့် နည်းစနစ်များကို ကျင့်သုံး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အသင်းသူ/အသင်းသားများအနေဖြင့် မိမိတို့အတွက် လက်လှမ်းမှီရာ အောက်ဖော်ပြပါ အစီအစဉ်အတိုင်း တက်ရောက်နိုင်ပါရန် ခင်မင်ရင်းနှီးစွာ ဖြင့် စတုတ္ထအကြိမ်မြောက် ထပ်မံဖိတ်ကြားအပ်ပါသည်။
၂။ ကျင်းပပြုလုပ်မည့် နေရက်နှင့် အချိန်နေရာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
နေ့ရက် -၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ အထိ
အချိန် - နေ့စဉ် နံနက် ၉း၀၀ မှ ညနေ ၁၆း၃၀ အထိ
ကျင်းပမည့်နေရာ - မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာရ အဖွဲ့(မ.ခ.မ.မ)၊ ခန်းမ နှင့် Online Zoom Platform
၃။ ၁၄ ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးပါဝင်တက်ရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံမျက်မမြင်များအသင်းရုံး၏ Viber နှင့် Telegram ဖုန်းဖြစ်သော ၀၉-၂၆၂၂၄၇၀၇၈ သို့မိမိတို့ ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း ၂၀၂၆ခုနှစ်၊ မေလ၊ ၂၆ ရက်နေ့ နောက်ဆုံးထား၍ အောက်ဖော်ပြပါအတိုင်း ဆက်သွယ်၍ အမည်စာရင်းပေးသွင်းပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။
၄။ အမည်စာရင်းပေးသွင်းရာတွင်အောက်ပါအချက်များ ပါဝင်ရမည်ဖြစ်ပါသည်။
(က) အမည်
(ခ) လူကိုယ်တိုင် လာရောက်ပါဝင်တက်ရောက်နိုင်ခြင်း ရှိ/မရှိ
(ဂ) Online မှ ပါဝင်တက်ရောက်မည်ဆိုပါက အသုံးပြုမည့် တယ်လီဖုန်း နံပါတ်


(ဃ) လူကိုယ်တိုင်ပါဝင်တက်ရောက်ကြမည့် အသင်းသူ/အသင်းသားများအား နေ့စဉ် နံနက် (၈း၁၅) မိနစ်အချိန်နှင့် နေ့လည် (၁း၀၀) အချိန်တွင် နံနက်စာနှင့် နေ့လည်စာတို့ဖြင့် တည်ခင်းဧည့်ခံပါမည်။
(င) အသင်းသို့ မဝင်ရောက်ရသေးသော အမြင်အာရုံမသန်စွမ်းသူများအနေဖြင့်လည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ပါသည်။

လေးစားမှုဖြင့်

စုစုဝင်း
အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံမျက်မမြင်များအသင်း
မိတ္တူကို
-ရုံးလက်ခံ

တောင်သူကုန်းကရင်နှစ်ခြင်းအသင်းတော်နှင့် နံ့သာကုန်းကရင်နှစ်ခြင်းအသင်းတော်တို့မှ တာဝန်ရှိ ဆရာ/ဆရာမများသည် ယနေ့ ၂၀၂၆ ခုနှစ်...
15/05/2026

တောင်သူကုန်းကရင်နှစ်ခြင်းအသင်းတော်နှင့် နံ့သာကုန်းကရင်နှစ်ခြင်းအသင်းတော်တို့မှ တာဝန်ရှိ ဆရာ/ဆရာမများသည် ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ၊ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ နှစ် (၃၀) ပြည့် အထိမ်းအမှတ် ရန်ပုံငွေဈေးရောင်းပွဲအစီအစဉ်အတွက် တောင်သူကုန်းကရင်နှစ်ခြင်းအသင်းတော်မှ ငါးသိန်းကျပ် (၅၀၀,၀၀၀ ကျပ်) နှင့် နံ့သာကုန်းကရင်နှစ်ခြင်းအသင်းတော်မှ သုံးသိန်းကျပ် (၃၀၀,၀၀၀ ကျပ်) တိတိအား မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ ရုံးသို့ လာရောက်လှူဒါန်းပါသည်။ အသင်းတော်နှစ်ပါး၏ ပါဝင်ထောက်ပံ့လှူဒါန်းခြင်းသည် မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ ဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် များစွာအထောက်အကူဖြစ်ပါသည်။

မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ အနှစ် (၃၀) ပြည့်ရန်ပုံငွေဈေးရောင်းပွဲ အစီအစဉ်တွင် ဈေးရောင်းပွဲလက်မှတ်များဝယ်ယူအားပေးခဲ့...
12/05/2026

မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ အနှစ် (၃၀) ပြည့်ရန်ပုံငွေဈေးရောင်းပွဲ အစီအစဉ်တွင် ဈေးရောင်းပွဲလက်မှတ်များဝယ်ယူအားပေးခဲ့ကြသော အလှူရှင်များအား ကျေးဇူးတုံ့ပြန်သောအားဖြင့် ကံစမ်းမဲဖွင့်လှစ်၍ လက်ဆောင်များပြန်လည်ပေးအပ်ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့သော ကံစမ်းမဲစာအုပ်အမှတ်စဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁ ဖုန်းဘေလ်ငါးထောင်ဆု
၅၆၁,၉၁၁,၇၅၄,၁၁၄,၅၇၉,၉၂၇,၂၂၈,၅၄၄,၃၆,၁၄၂
၂ ဖုန်းဘေလ်တစ်သောင်းဆု
၇၉၅,၃၀၃,၁၃၂,၅၇၄,၅၈၉,၉၉၃,၆၂၃,၇၅၉,၁၃,၅၅၆
၃ ဖုန်းဘေလ်တစ်သောင်းခွဲဆု
၃၈၁,၄၈၆,၂၀,၆၀၆,၃၅၃,၃၈၅,၂၈,၆၁၂,၇၇၅,၆၅၆

တောင်သူကုန်းကရင်နှစ်ခြင်းအသင်းတော်သည် မြန်မာနိုင်ငံမျက်မနြင်းများအသင်းနှင့်အတူ အမြင်အာရုံမသန်စွမ်းသူတို့၏ ဖွံ့ဖြိုးရေးနှ...
08/05/2026

တောင်သူကုန်းကရင်နှစ်ခြင်းအသင်းတော်သည် မြန်မာနိုင်ငံမျက်မနြင်းများအသင်းနှင့်အတူ အမြင်အာရုံမသန်စွမ်းသူတို့၏ ဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် တစ်ဖက်တစ်လှမ်းမှ ကူညီဆောင်ရွက်ပေးသည့်အတွက် မြန်မာနိုင်ငံမျက်မမြင်များအသင်းကများစွားကျေးဇူးတင်ရှိပါသည်

တောင်သူကုန်းကရင်နှစ်ခြင်းအသင်းတော်မှ မြန်မာနိုင်ငံမျက်မမြင်များအသင်း (Myanmar National Association of the Blind ) အတွက် လိုအပ်သော ရန်ပုံငွေများ ကူညီပံ့ပိုးနိုင်ရန် ရည်ရွယ်၍ "ရန်ပုံငွေဈေးရောင်းပွဲ" ကို ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်။

ထို့ကြောင့် အသင်းသူ၊ အသင်းသားများအနေဖြင့် မိမိတို့ တတ်စွမ်းသမျှ အင်တိုက်အားတိုက် ပါဝင်လှူဒါန်းခြင်း၊ ဈေးဝယ်ယူခြင်းဖြင့် အတူတကွ လက်တွဲပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

🗓 နေ့ရက် - [9.5.2026]
⏰ အချိန် - [3:00PM]
📍 နေရာ - [တောင်သူကုန်းကရင်နှစ်ခြင်းအသင်းတော်]

05/05/2026

ဈေးရောင်းပွဲလက်မှတ် ဝယ်ယူအားပေးခြင်းဖြင့် အမြင်အာရုံမသန်စွမ်းသူများအား ကူညီပံ့ပိုးနိုင်ပါရန် ဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ရန်ပုံငွေဈေးရောင်းပွဲတစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်နေ့ စနေနေ့တွင် အလုံမြို့နယ်ရှိ အမှတ် ၁၂၁၊ မင်းရဲကျော်စွာလမ်း၊ ကရင်ခြံရပ်ကွက်၊ ပိုးကရင်သာသနာဝင်းတွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အမြင်အာရုံမသန်စွမ်းသူများအား မိမိတို့ တတ်နိုင်သည့် ဘက်မှ ပူးပေါင်းပံ့ပိုး ကူညီလိုကြသူများအနေဖြင့် လာရောက်အားပေးပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်ပါသည်။ ဈေးရောင်းပွဲအစီအစဉ်တွင် အမြင်အာရုံမသန်စွမ်းသူ တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်ခြင်း အစီအစဉ်များလည်း ပါဝင်ပါသည်။ ရန်ပုံငွေ ဈေးရောင်းပွဲလက်မှတ် တစ်အုပ်လျှင် ကျပ် တစ်သောင်းငါးထောင်နှုန်းဖြင့် ကြိုတင်ဝယ်ယူလိုပါက အသင်းရုံး၏ Viber/Telegram ဖုန်း ၀၉၂၆၂၂၄၇၀၇၈ တွင် ဝယ်ယူအားပေးနိုင်ပါသည်။


အမြင်အာရုံမသန်စွမ်းသူများအတွက် အွန်လိုင်းမှ အခမဲ့ လေ့လာနိုင်မည့် ဘာသာစကားသင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း    ရက်စ...
04/04/2026

အမြင်အာရုံမသန်စွမ်းသူများအတွက် အွန်လိုင်းမှ အခမဲ့ လေ့လာနိုင်မည့် ဘာသာစကားသင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၄ ရက်

၁။ မြန်မာနိုင်ငံမျက်မမြင်များအသင်း နှင့် Waso Learn Mobile Application တို့ပူးပေါင်း၍ အမြင်အာရုံမသန်စွမ်းသူ ညီအကိုမောင်နှမများအတွက် အွန်လိုင်းမှ အခမဲ့သင်ကြားပေးမည့် အောက်ဖော်ပြပါ ဘာသာစကားဆိုင်ရာ သင်တန်းများကို လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပေးအပ်ပါသည်။
၂။ လျှောက်ထားနိုင်သည့် ဘာသာစကားသင်တန်းများ
၁။ အခြေခံဂျပန်စာ (N5)
၂။ အခြေခံတရုတ်စကားပြော
၃။ English Fluency
ဘာသာစကားသင်တန်းအားလုံးအတွက် Level End Test ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုအောင်မြင်ပြီးပါက Waso Learn မှချီးမြှင့်သော သင်တန်းဆင်းလက်မှတ် (Soft Copy) ကို ရရှိမည်ဖြစ်ပါသည်။
၃။ သင်တန်းတက်ရောက်လိုသူများသည် အောက်ဖော်ပြပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူ ဖြစ်ရမည်။
(က) သင်တန်းအားပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်။
(ခ) အင်တာနက် ကောင်းမွန်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
(ဂ) Waso Learn Mobile Applicationအား အသုံးပြုနိုင်သူဖြစ်ရမည်။
၄။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အောက်ဖော်ပြပါအချက်အလက်များအား ပြည့်စုံစွာဖြည့်စွက်၍ မြန်မာနိုင်ငံမျက်မမြင်များအသင်း Viber ဖုန်းနံပါတ် ၀၉၂၆၂၂၄၇၀၇၈ သို့ ၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၂၄ ရက်နေ့ ညနေ ၄:၀၀ နာရီနောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။ အသံမက်ဆေ့ဖြင့် ပေးပို့လျှောက်ထားသူများအနေဖြင့် ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာအား စာဖြင့်ရေးသား၍ ထပ်မံပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၁။ အမည်အပြည့်အစုံ
၂။ ပညာအရည်အချင်း
၃။ ဆက်သွယ်ရန်ဖုန်းနံပါတ်
၄။ နေရပ်လိပ်စာ အပြည့်အစုံ
၅။ တက်ရောက်လိုသည့်အတန်း
၆။ အီးမေးလ်လိပ်စာ

မြန်မာနိုင်ငံမျက်မမြင်များအသင်း




ရန်ပုံငွေဈေးရောင်းပွဲအစီအစဉ်အတွက် တတ်နိုင်သည့် ဘက်မှ ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် ပါဝင်လှူဒါန်းနိုင်ပါရန် နှင့် ဈေးရောင...
02/04/2026

ရန်ပုံငွေဈေးရောင်းပွဲအစီအစဉ်အတွက် တတ်နိုင်သည့် ဘက်မှ ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် ပါဝင်လှူဒါန်းနိုင်ပါရန် နှင့် ဈေးရောင်းပွဲလက်မှတ်များအား ဝယ်ယူအားပေးနိုင်ပါရန် ဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံမျက်မမြင်များအသင်းသည် ၁၉၉၆ ခုနှစ်၊ မေလ၊ ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ထားသော အမြင်အာရုံမသန်စွမ်းသူများ ကိုယ်တိုင်ဦးစီးဆောင်ရွက်သည့် အစိုးရမဟုတ်သော လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးကို ရှေ့တန်းမတင်သော ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ်မရှာသည့် အမြင်အာရုံမသန်စွမ်းသူများ၏ လူမှုဖွံ့ဖြိုးရေးအသင်းအဖွဲ့ တစ်ဖွဲ့ဖြစ်ပါသည်။
မမသသည် နိုင်ငံတော်အဆင့် အမြင်အာရုံမသန်စွမ်းသူများအသင်းအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် အားလျော်စွာ အောက်ဖော်ပြပါ ကဏ္ဍ (၅) ရပ်အား ဦးစားပေးလုပ်ငန်းစဉ်များ ချမှတ်ကာ ယနေ့ထိတိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
(က) အမြင်အာရုံမသန်စွမ်းသူများ၏ ပညာရေးကဏ္ဍ
(ခ) သတင်းအချက်အလတ်နှင့် နည်းပညာ တန်းတူ ရရှိစေရေး ကဏ္ဍ
(ဂ) စွမ်းရည်မြင့်မားတိုးတက်စေရေးကဏ္ဍ
(ဃ) အမျိုးသမီးကဏ္ဍ
(င) အသိပညာပေးခြင်းနှင့် စည်းရုံးလှုံ့ဆော်ခြင်း ကဏ္ဍ တို့ဖြစ်ပါသည်။
ထို့အပြင် ပြည်တွင်း၊ ပြည်ပအခြေစိုက် မျက်မမြင်အသင်းအဖွဲ့များ၊ ကျောင်းများ၊ မသန်စွမ်းသူများ အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်အဖွဲ့အစည်းအစရှိသည့် ဖွံ့ဖြိုးရေးမိတ်ဖက်အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ မသန်စွမ်းသူနိုင်ငံသားတို့၏ ဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးနှင့် စွမ်းရည်မြင့်မာတိုးတက်စေရန်အတွက်လည်းကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး တန်းတူရရှိစေရေးအတွက်လည်ကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ အထက်‌‌‌‌ဖော်ပြပါ လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် အသင်း၏ (၁၄) ကြိမ်မြောက်သင်းလုံးကျွတ်အစည်းအဝေး ကျင်းပပြုလုပ်နိုင်ရန် ရည်ရွယ်၍ အောက်ဖော်ပြပါ ရန်ပုံငွေဈေးရောင်းပွဲတစ်ရပ်အား ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ကျင်းပမည့်နေ့ရက် - ၂၀၂၆ ခုနှစ်၊ မေလ၊ ၉ ရက် (စနေနေ့)
ကျင်းပမည့်အချိန် - နံနက် (၁၀:၀၀) မှ ညနေ (၃:၀၀) အထိ
ကျင်းပမည့်နေရာ - အမှတ် (၁၂၁)၊ မင်းရဲကျော်စွာလမ်း၊ ကရင်ခြံရပ်ကွက်၊ ပိုးကရင်သာသနာဝင်း။
သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေဖြင့် အထက်ဖော်ပြပါဈေးရောင်းပွဲ အစီအစဉ်တွင် ဈေးဆိုင်ဖွင့်လှစ်ရောင်းချခြင်းဖြစ်စေ၊ ဈေးရောင်းပွဲလက်မှတ်များအား ဝယ်ယူအားပေးခြင်းနှင့် ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်စေ၊ လုပ်ငန်းစဉ်နှစ်ရပ်လုံးကိုဖြစ်စေ ကူညီပါဝင်လှူဒါန်း ဆောင်ရွက်ပေးနိုင်ပါရန် ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။ဈေးရောင်းပွဲလက်မှတ် စာအုပ်တစ်အုပ်၏ တန်ဖိုးမှာ - ၁၅,၀၀၀ ကျပ်ဖြစ်ပြီး ၃,၀၀၀ ကျပ်တန် (၅)စောင်ပါဝင်ပါသည်။ အသေးစိတ်သိရှိလိုပါက-Facebook Messenger Chat Box တွင်လည်းကောင်း၊ အသင်းရုံးဖုန်းနံပါတ် ၀၉-၂၆၂၂၄၇၀၇၈ တွင်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဗဟိုအမှုဆောင်အဖွဲ့
မြန်မာနိုင်ငံမျက်မမြင်များအသင်း




သို့ အသင်းသူ/အသင်းသားများနှင့် စေတနာရှင် အလှူရှင်များအားလုံးစာအမှတ်  ။ မမသ/၃၂/၂၀၂၆ ရက်စွဲ   ။ ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၂၈ ရက် ...
28/03/2026

သို့

အသင်းသူ/အသင်းသားများနှင့် စေတနာရှင် အလှူရှင်များအားလုံး

စာအမှတ် ။ မမသ/၃၂/၂၀၂၆
ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၂၈ ရက်

အကြောင်းအရာ ။ ။ သတင်းထုတ်ပြန်ကြေညာခြင်း။
၁။ မြန်မာနိုင်ငံမျက်မမြင်များအသင်းသည် ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လွန်ခဲ့သောနှစ် ၂၀၂၅ ၊ မတ်လ၊ ၂၈ ရက်နေ့တွင် ပြင်းထန်သော ငလျင်ဘေးဒဏ် ကျရောက်ခဲ့မှုနှင့်ပတ်သတ်၍ အသင်းသူ/အသင်းသားများ ငလျင်ဘေးဒဏ်ခံစားခဲ့ကြရသော မသန်စွမ်းသူများနှင့် ပြည်တွင်းပြည်ပ အခြေစိုက် အလှူရှင်များနှင့် အဖွဲ့အစည်းများအားလုံးသိရှိစေရန် အောက်ဖော်ပြပါအတိုင်းသတင်းထုတ်ပြန်ကြေညာပါသည်။
၂။ မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ် ၂၀၂၅ ခုနှစ်၊မတ်လ၊ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ ခန့်အချိန်တွင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီး ကို ဗဟိုပြု၍ မိုးမင့်စကေး၇.၇-၇.၉ စကေး (ပြင်းထန်မှုလွန်ကဲ) သည့် ငလျင်ကြီးလှုပ်ခတ်ခဲ့ကြောင်းကို ကောင်းစွာ သိရှိထားကြပြီးဖြစ်ပါသည်။ အဆိုပါ ငလျင်ဘေးဒဏ်ကို ခံစားခဲ့ကြသော ပြည်သူများအတွင်းတွင် အမြင်အာရုံမသန်စွမ်းသူများ အပါအဝင် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ အပြောအကြားအာရုံ မသန်စွမ်းသူများနှင့် ဉာဏ်ရည်မသန်စွမ်းသူ အစရှိသည့် မသန်စွမ်းမှုအမျိုးမျိုး ရှိကြသော မသန်စွမ်းသူ နိုင်ငံသားများလည်း အပါအဝင်ဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ ပဲ့ကိုင်အဖွဲ့နှင့် ဗဟိုအမှုဆောင်အဖွဲ့တို့သည် အပိုဒ် (၂) ပါ ငလျင်ဘေးဒဏ်သင့် မသန်စွမ်းသူများအား အချိန်မီထောက်ပံ့ကူညီနိုင်ရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့တွင် အစည်းအဝေးတစ်ရပ်ခေါ်ယူကာ လူ (၉) ဉီးပါ မြန်မာနိုင်ငံမျက်မမြင်များအသင်း သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ တစ်ရပ်အား စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
၄။ မြန်မာနိုင်ငံမျက်မမြင်များအသင်း သဘာဝဘေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ ၏ ဦးစီးဆောင်ရွက်မှုနှင့် ပြည်တွင်း/ပြည်ပရှိ တစ်ဦးချင်း အလှူရှင်များနှင့် အလှူရှင် အဖွဲ့အစည်းများ၏ ထောက်ပံ့လှူဒါန်းမှုတို့ကို ရယူကာ ၂၀၂၅ခုနှစ်၊ ဧပြီလ၊ (၄) နေ့မှစတင်၍ ငလျင်ဘေးဒဏ်သင့် အမြင်အာရုံမသန်စွမ်းသူများ အခြားမသန်စွမ်းမှု တစ်ခုခုရှိသူများနှင့် မသန်စွမ်းမှုမရှိသူများ အားလုံးကို စတင်ထောက်ပံ့လှူဒါန်းနိုင်ခဲ့ပါသည်။
၅။ မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီသည် ငလျင်ဘေးဒဏ်သင့် မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ပြည့်မီ စေရန်အောက်ဖော်ပြပါကဏ္ဍများတွင် လှူဒါန်းထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း ဝမ်းမြောက်စွာဖြင့် သတင်းအချက်အလက်ပြန်လည်မျှဝေအပ်ပါသည်။

(က) ဘေးအန္တရယ်ကင်းရှင်းသည့် နေရာများသို့ ယာယီပြောင်းရွေ့နေထိုင်နိုင်ရေး အတွက်ခရီးစရိတ်နှင့် အိမ်ငှားခ ထောက်ပံ့လှူဒါန်းခြင်း ။
(ခ) တစ်လတာအခြေခံစားသောက်စရိတ်များထောက်ပံ့လှူဒါန်းခြင်း။
(ဂ) ပြိုပျက်သွားသော လူနေအိမ် အဆောက်အဦးများအား ပြန်လည်ပြုပြင်နိုင်ရန်ထောက်ပံ့လှူဒါန်းခြင်း။
(ဃ) ဆရာဝန်ညွှန်ကြားချက်မလိုသည့် ဆေးဝါးများအား ထောက်ပံ့လှူဒါန်းခြင်း။
(င) မျက်မမြင်ကျောင်းရှိ ကျောင်းသားအဆောင် ပြုပြင်မွမ်းမံခြင်းအတွက် ထောက်ပံ့လှူဒါန်းခြင်း။
(စ) အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခြင်း။
(ဆ) အမျိုးသမီး အသုံးအဆောင်များ ထောက်ပံ့လှူဒါန်းခြင်း။
၆။ မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းတွင် နေထိုင်ကြသော ငလျင်ဘေးဒဏ်သင့် မသန်စွမ်းသူနိုင်ငံသားများဖြစ်သော အမြင်အာရုံမသန်စွမ်းသူ ၊ကိုယ်အင်္ဂါမသန်စွမ်းသူ ၊ အပြော/အကြားအာရုံမသန်စွမ်းသူ နှင့် ဉာဏ်ရည်မသန်စွမ်းသူ၊ စုစုပေါင်း အမျိုးသား (၁၉၇)ဦး အမျိုးသမီး(၁၄၄) ဦး တို့အား တိုက်ရိုက် ကူညီထောက်ပံ့မှုများ ပြုနိုင်ခဲ့ပြီးဖြစ်သလို မျက်မမြင်ကျောင်းနှင့် အဖွဲ့အစည်းသုံးခု တို့အား သောက်သုံးရေ လွယ်ကူစွာရရှိနိုင်ရန်လည်းကောင်း၊ ပျက်စီးသွားသော အဆောက်အဉီးများပြင်ဆင်ရန်သော်လည်းကောင်း၊ ဆိုလာ မီးပေးစနစ် များ တပ်ဆင်နိုင်ရန်လည်းကောင်း ထောက်ပံ့လှူဒါန်းပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းအချက်အလက်မျှဝေအပ်ပါသည်။မြန်မာနိုင်ငံမျက်မမြင်များအသင်း အနေဖြင့် ငလျင်ဘေးဒဏ်ကြောင့် ကွယ်လွန်သွားခဲ့ကြရသော အမြင်အာရုံမသန်စွမ်းသူများ၊ အခြားသောမသန်စွမ်သူများနှင့် ပြည်သူလူထုများအားလုံးအတွက် ၎င်းတို့၏ မိသားစုများနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။
၇။ မြန်မာနိုင်ငံမျက်မမြင်များအသင်းနှင့် မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ တို့၏ ငလျင်ဘေးဒဏ်သင့်ထောက်ပံ့ကူညီလုပ်ငန်းစဉ်များအတွက် ပူပေါင်းပါဝင် ထောက်ပံ့ပေးခဲ့ကြသော ပြည်တွင်း/ပြည်ပရှိ တစ်ဉီးချင်းအလှူရှင်များကို လည်းကောင်း၊ အလှူရှင် အဖွဲ့အစည်းများကိုလည်းကောင်း၊မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ၊ မြန်မာနိုင်ငံမျက်မမြင်များအသင်းနှင့် ငလျင်ဘေးဒဏ်သင့်မသန်စွမ်းသူများက လှိုက်လှဲစွာ ကျေးဇူးဉပကာယ တင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။လူကြီးမင်းတို့၏ ထောက်ပံ့ကူညီမှုများသည် ငလျင်ဘေးဒဏ် ထိခိုက်ခံစားခဲ့ကြရသော မသန်စွမ်းသောပြည်သူများ၏ လိုအပ်ချက်အချို့ကို ကောင်းမွန်စွားဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့သလို မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့အတွက် များစွာအထောက်အပံ့ဖြစ်ခဲ့ပါသည်။
မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ

To All Members and Generous Donors,
Ref No.: MNAB/--/2026
Date: 28 March 2026
Subject: Press Release
1. The Myanmar National Association of the Blind hereby issues this statement on 28 March 2026 to inform all members, persons with disabilities affected by the devastating earthquake that occurred on 28 March 2025, as well as all donors and organizations—both local and international—of the following:
2. It is widely known that on 28 March 2025, at approximately 12:50 PM, a powerful earthquake measuring between 7.7 and 7.9 on the Richter scale struck Myanmar, with its epicenter near Sagaing and Mandalay. This disaster severely affected communities across multiple regions, including persons with disabilities—such as individuals with visual impairments, physical disabilities, hearing and speech impairments, and intellectual disabilities—who faced heightened vulnerability during and after the crisis.
3. In response to the earthquake referenced in paragraph (2), the Steering Committee and the Central Executive Committee of the Myanmar National Association of the Blind convened an urgent meeting on 2 April 2025. The purpose of this meeting was to ensure a timely, coordinated, and inclusive response to support persons with disabilities affected by the disaster. As a result, a nine-member Emergency Response Committee was formally established to lead and implement relief and response initiatives.
4. Under the leadership of the Emergency Response Committee, and with the generous support of individual donors and partner organizations from both within Myanmar and the international community, relief efforts commenced on 4 April 2025. These interventions reached individuals affected by the earthquake, including persons with visual impairments, persons with other types of disabilities, and members of the broader community.
5. The Emergency Response Committee of the Myanmar National Association of the Blind is pleased to report that comprehensive support has been delivered across the following key areas to address the urgent and diverse needs of persons with disabilities affected by the earthquake:
(a) Provision of transportation support and rental assistance to enable temporary relocation to safer areas.
(b) Provision of basic food support for one month.
(c) Assistance for the repair and reconstruction of damaged homes.
(d) Distribution of essential over-the-counter medicines.
(e) Support for the renovation of student dormitories at schools for the blind.
(f) Provision of nutritious food supplies.
(g) Distribution of essential items for women and girls. 6. The Emergency Response Committee is proud to share that assistance has been successfully delivered across Sagaing Region, Mandalay Region, Nay Pyi Taw Union Territory, and Bago Region. The beneficiaries include persons with visual impairments, physical disabilities, hearing and speech impairments, and intellectual disabilities. In total, 341 persons with disabilities were supported, including 197 males and 144 females.
In addition, targeted institutional support was provided to three special schools and organizations, including assistance for renovation and the installation of solar-powered water systems to ensure sustainable access to safe water for drinking and daily use.
At the same time, the Myanmar National Association of the Blind expresses its deepest sorrow and heartfelt condolences for the loss of lives caused by the earthquake, including persons with visual impairments, hearing impairments, and all affected citizens. We stand in solidarity with the bereaved families, sharing their grief as one community during this difficult time.
7. The Myanmar National Association of the Blind, together with its Emergency Response Committee, extends its deepest and most sincere appreciation to all individual donors and donor organizations—both local and international—who have generously contributed to these emergency response efforts. This expression of gratitude is also conveyed on behalf of all persons with disabilities affected by the disaster.
Your invaluable support has played a critical role in addressing the immediate needs of persons with disabilities impacted by the earthquake and has significantly strengthened the relief and recovery efforts led by the Myanmar National Association of the Blind.

Emergency Response Committee
Myanmar National Association of the Blind

Myanmar National Association of the Blind

သို့ အသင်းသူ/အသင်းသားများအားလုံး မြန်မာနိုင်ငံမျက်မမြင်များအသင်း စာအမှတ်  ။ မမသ/၃၃/၂၀၂၆ ရက်စွဲ   ။ ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၂၈...
28/03/2026

သို့

အသင်းသူ/အသင်းသားများအားလုံး
မြန်မာနိုင်ငံမျက်မမြင်များအသင်း
စာအမှတ် ။ မမသ/၃၃/၂၀၂၆
ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၂၈ ရက်
အကြောင်းအရာ ။ ။ ၁၄ ကြိမ်မြောက်သင်းလုံးကျွတ် အစည်းအဝေး တက်ရောက်နိုင်ပါရန် တတိယအကြိမ်မြောက် ထပ်မံ ဖိတ်ကြားခြင်း။
၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံမျက်မမြင်များအသင်းသည် ၁၄ ကြိမ်မြောက်သင်းလုံးကျွတ်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မေလ (၂၉) ရက်နေ့မှ (၃၀) ရက်နေ့အထိ Online အခြေပြုစနစ် နှင့် လူကိုယ်တိုင်ပါဝင်တက်ရောက်နိုင်သည့် နည်းစနစ်များကို ကျင့်သုံး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အသင်းသူ/အသင်းသားများအနေဖြင့် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း တက်ရောက်နိုင်ပါရန် ခင်မင်ရင်းနှီးစွာ ဖြင့် တတိယအကြိမ် ထပ်မံဖိတ်ကြားအပ်ပါသည်။
၂။ ကျင်းပပြုလုပ်မည့် နေရက်နှင့် အချိန်နေရာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
နေ့ရက် -၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ အထိ
အချိန် - နေ့စဉ် နံနက် ၉း၀၀ မှ ညနေ ၁၆း၃၀ အထိ
ကျင်းပမည့်နေရာ - မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာယ အဖွဲ့(မ.ခ.မ.မ)၊ ခန်းမ နှင့် Online Zoom Platform
၃။ ၁၄ ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးပါဝင်တက်ရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံမျက်မမြင်များအသင်းရုံး၏ Viber နှင့် Telegram ဖုန်းဖြစ်သော ၀၉-၂၆၂၂၄၇၀၇၈ သို့မိမိတို့ ပါဝင်

တက်ရောက်မည်ဖြစ်ကြောင်း ၂၀၂၆ခုနှစ်၊ မေလ၊ ၂၃ ရက်နေ့ နောက်ဆုံးထား၍ အောက်ဖော်ပြပါအတိုင်း ဆက်သွယ်၍ အမည်စာရင်းပေးသွင်းပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။
၄။ အမည်စာရင်းပေးသွင်းရာတွင်အောက်ပါအချက်များ ပါဝင်ရမည်ဖြစ်ပါသည်။
(က) အမည်
(ခ) လူကိုယ်တိုင် လာရောက်ပါဝင်တက်ရောက်နိုင်ခြင်း ရှိ/မရှိ
(ဂ) Online မှ ပါဝင်တက်ရောက်မည်ဆိုပါက အသုံးပြုမည့် တယ်လီဖုန်း နံပါတ်
(ဃ) လူကိုယ်တိုင်ပါဝင်တက်ရောက်ကြမည့် အသင်းသူ/အသင်းသားများအား နေ့စဉ် နံနက် (၈း၁၅) မိနစ်အချိန်နှင့် နေ့လည် (၁း၀၀) အချိန်တွင် နံနက်စာနှင့် နေ့လည်စာတို့ဖြင့် တည်ခင်းဧည့်ခံပါမည်။
(င) အသင်းသို့ မဝင်ရောက်ရသေးသော အမြင်အာရုံမသန်စွမ်းသူများအနေဖြင့်လည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ပါသည်။

လေးစားမှုဖြင့်


စုစုဝင်း
အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံမျက်မမြင်များအသင်း
မိတ္တူကို
ရုံးလက်ခံ



Address

No 577 Padamyar Street. (E)/{A) Ward, Than Thu Mar Road, Thingangyun Township
Yangon
11072

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959262247078

Alerts

Be the first to know and let us send you an email when Myanmar National Association of the Blind posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar National Association of the Blind:

Share