The Leprosy Mission Myanmar

The Leprosy Mission Myanmar The Leprosy Mission Myanmar-TLMM is a local NGO, part of a fellowship, which is the oldest and largest leprosy focussed organization in the world.

TLMM is a member of an international federation of 31 members countries with over 1,900 staff.

The Leprosy Mission Myanmar (TLMM) ၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြိ...
21/07/2026

The Leprosy Mission Myanmar (TLMM) ၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ရှိ ညောင်လေးပင်ကျမ်းစာကျောင်း၌ "Leprosy Awareness Campaign" ဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကျမ်းစာကျောင်းသား/သူ စုစုပေါင်း ၈၉ ဦး တက်ရောက်ခဲ့ကြပါသည်။

ယခု ဆွေးနွေးပွဲသည် နောင်တစ်ချိန်တွင် လူမှုပတ်ဝန်းကျင်နှင့် တိုက်ရိုက်ထိတွေ့ကာ ဒေသခံလူထုကို လမ်းညွှန်ပြသပေးမည့် ဘာသာရေးခေါင်းဆောင်လောင်းများ ဖြစ်လာကြမည့် ကျမ်းစာကျောင်းသား/သူများအတွက် အဓိကရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ တက်ရောက်လာသူများအနေဖြင့် လူ့ခန္ဓာကိုယ်၊ အရေပြား၊ အာရုံကြောနှင့် ကိုယ်ခံအားစနစ်တို့၏ အခြေခံလုပ်ဆောင်ပုံများကို နားလည်သဘောပေါက်စေရန်၊ ဟန်းစန်းရောဂါလက္ခဏာများကို ဆင်တူရိုးမှား အရေပြားရောဂါများနှင့် ခွဲခြားသိမြင်ပြီး ရောဂါအဆင့်မရင့်မီ စောစီးစွာ ကုသမှုခံယူနိုင်ရေး လမ်းညွှန်ပေးနိုင်ရန်အပြင်၊ အနာကြီးရောဂါနှင့် ပတ်သက်၍ လူမှုပတ်ဝန်းကျင်တွင် ရှိနေသောအကြောက်တရားများ၊ အယူအဆအမှားများနှင့် ခွဲခြားဆက်ဆံမှု (Stigma) များကို ဆေးပညာဗဟုသုတများဖြင့် ချေဖျက်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

📌 ဆွေးနွေးပွဲတက်ရောက်သူတို့၏ ရင်ဖွင့်စကားသံများ

🔹 “ယခုဆွေးနွေးပွဲသို့ မတက်ရောက်မီက ကြားဖူးနားဝ ဗဟုသုတသာရှိသဖြင့် အနာကြီးရောဂါ ခံစားနေရသူတစ်ဦးကို တွေ့မြင်ပါက ကူးစက်ခံရမည်ကို စိုးရိမ်ပြီး ကြောက်ရွံ့စိတ် ရှိခဲ့မိသည်။ ယခုအခါတွင်မူ ကြောက်ရွံ့ရန်မလိုဘဲ စောစီးစွာ ဆေးကုသမှုခံယူပါက မည်သည့်ကိုယ်လက်အင်္ဂါချို့ယွင်းမှုမျှ မရှိဘဲ ရောဂါပျောက်ကင်းနိုင်ကြောင်း သိရှိနားလည်ခဲ့ရသည်။"

🔹 "လူမှုပတ်ဝန်းကျင်အတွင်း ခွဲခြားဆက်ဆံမှုများ ကင်းဝေးစေရန်အတွက် 'အနာကြီးရောဂါသည်' ဟု ခေါ်ဝေါ်ခြင်းမပြုဘဲ 'ဟန်းစန်းရောဂါ (Hansen's disease)' ဟု ပြောင်းလဲခေါ်ဆိုသင့်ကြောင်းနှင့် MDT ဆေးသောက်သုံးနေစဉ်အတွင်း ဆေးတုံ့ပြန်မှု (Reaction) များ ဖြစ်ပေါ်လာပါက စိတ်ပျက်အားလျော့ခြင်းမရှိဘဲ သက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်ကာ ညွှန်ကြားသည့်အတိုင်း ဆေးကို စနစ်တကျ သောက်သုံးသင့်ကြောင်းကိုလည်း မှတ်မှတ်သားသား လေ့လာခွင့်ရခဲ့သည်။"

ဆွေးနွေးပွဲ ပြီးဆုံးချိန်တွင် တက်ရောက်လာသူများအနေဖြင့် ရောဂါလက္ခဏာများကို မိမိတို့ကိုယ်တိုင် တိုက်ရိုက်ကောက်ချက်ချ ဆုံးဖြတ်ခြင်းမပြုဘဲ သံသယဖြစ်ဖွယ် လက္ခဏာရှိသူများကို ကျွမ်းကျင်ဆရာဝန်များရှိရာ ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီ လွှဲပြောင်းပြသပေးရန်နှင့်၊ မိမိတို့ဒေသတွင် သံသယဖြစ်ဖွယ် လူနာသစ် (New Case) များ တွေ့ရှိပါက သက်ဆိုင်ရာ TLMM တာဝန်ရှိသူများထံ ဆက်သွယ်ချိတ်ဆက်ပြီး ဝိုင်းဝန်းကူညီစောင့်ရှောက်သွားရမည်ကို အသိပညာဗဟုသုတအပြည့်ဖြင့် နားလည်သဘောပေါက်သွားခဲ့ကြပါသည်။

08/07/2026

အနာကြီးရောဂါကြောင့် ခြေဖဝါးတွေ ထုံကျဉ်နေတဲ့အခါ ထိခိုက်ဒဏ်ရာရရှိမှုကို အလွယ်တကူ မသိရှိနိုင်တာကြောင့် အနာတရဖြစ်ခြင်း၊ ခြေထောက်ပုံပျက်ခြင်းမှတဆင့် နောက်ဆုံးမှာ ခြေထောက် ဖြတ်တောက်ရသည်အထိ နောက်ဆက်တွဲ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

ယခုဗီဒီယိုမှာ ခြေထောက်ကို အကာအကွယ်ပေးနိုင်မယ့် ဖိနပ်ရွေးချယ်နည်းများ၊ နေ့စဉ် လုပ်ဆောင်ရမယ့် "ရေစိမ်၊ ပွတ်တိုက်၊ ဆီလိမ်း" စနစ်နှင့် ခြေသိုင်းကျသူများအတွက် အရေးကြီးတဲ့ လေ့ကျင့်ခန်းတွေကို ရှင်းလင်းစွာ ပြသပေးထားပါတယ်။ ခြေထောက် ထိခိုက်မှုကို လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို သိရှိနိုင်ဖို့ ယခုဗီဒီယိုမှာ ကြည့်ရှုလေ့လာပြီး မိတ်ဆွေများကိုလည်း အသိပညာ မျှဝေပေးနိုင်ပါတယ်။

#အနာကြီးရောဂါ

ခြေဖဝါးအမြဲပျော့ပြောင်းပြီး အသားမာ မတက်အောင် နေ့စဉ်လုပ်ပေးရမယ့် အဆင့် ၃ ဆင့် (ရေစိမ်၊ ပွတ်တိုက်၊ ဆီလိမ်း) အကြောင်း ဝေမျှ...
06/07/2026

ခြေဖဝါးအမြဲပျော့ပြောင်းပြီး အသားမာ မတက်အောင် နေ့စဉ်လုပ်ပေးရမယ့် အဆင့် ၃ ဆင့် (ရေစိမ်၊ ပွတ်တိုက်၊ ဆီလိမ်း) အကြောင်း ဝေမျှပေးချင်ပါတယ်။

📌 ၁။ သန့်ရှင်းတဲ့ ရေအေးမှာ အသားမာတွေ နူးလာတဲ့အထိ စိမ်ပါ။
📌 ၂။ အသားမာ နူးလာရင် အဝတ်ကြမ်းနဲ့ ညင်သာစွာ ပွတ်တိုက်ပေးပါ။
📌 ၃။ ပြီးရင် ဗက်စလင်း သို့မဟုတ် အုန်းဆီကို ခြေဖဝါးအနှံ့ လိမ်းပေးပါ။
(သတိပြုရန် - ခြေချောင်းကြားတွေကိုတော့ ဆီမလိမ်းရပါဘူး။)

လမ်းလျှောက်ရင်လည်း ခြေလှမ်းစိပ်စိပ်လှမ်းဖို့နဲ့ မိနစ် ၂၀ လျှောက်တိုင်း ဘာလို့ နားသင့်လဲဆိုတာကို ပိုမိုရှင်းလင်းတဲ့ ဗီဒီယိုလေးနဲ့ မကြာခင် တင်ဆက်ပေးတော့မှာမို့ စောင့်ကြည့်ပြီး အတူတူလေ့လာကြရအောင်။

#အနာကြီးရောဂါ

ခြေဖဝါးထုံနေတဲ့အခါ ဒဏ်ရာရရင်တောင် ချက်ချင်းမသိသာဘဲ နောက်ဆုံး ခြေထောက်ဖြတ်ရတဲ့အထိ ဖြစ်သွားနိုင်တာမို့ 'ဖိနပ်ရွေးချယ်မှု' ...
04/07/2026

ခြေဖဝါးထုံနေတဲ့အခါ ဒဏ်ရာရရင်တောင် ချက်ချင်းမသိသာဘဲ နောက်ဆုံး ခြေထောက်ဖြတ်ရတဲ့အထိ ဖြစ်သွားနိုင်တာမို့ 'ဖိနပ်ရွေးချယ်မှု' က တကယ့်ကိုအရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

'ဖိနပ်စီးထားရင် ပြီးတာပဲ' ဆိုတဲ့ အယူအဆက မှန်ကောမှန်ရဲ့လား။ အပေါ်ခံက ပျော့ပြီး အောက်ခံက ဆူးမဖောက်နိုင်တဲ့ အမာဖြစ်ရမယ်၊ ချုပ်ရိုးနဲ့ သံမပါတဲ့ ကော်ကပ်ဖိနပ် ဒါမှမဟုတ် ဂျပန်ဖိနပ်မျိုးက ဘာလို့ ပိုကောင်းတာလဲ။

သင့်အိမ်က မိသားစုဝင်တွေကော ဘယ်လိုဖိနပ်မျိုး စီးနေကြလဲ။ ခြေထောက်အနာတရမဖြစ်အောင် နေ့စဉ် ဘာတွေလုပ်ရမလဲဆိုတာ လာမယ့် ဗီဒီယိုလေးမှာ အဖြေရှာကြည့်ရအောင်။

The Leprosy Mission Myanmar (TLMM) ပခုက္ကူရုံးသည် ဒေသတွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ပူ...
23/06/2026

The Leprosy Mission Myanmar (TLMM) ပခုက္ကူရုံးသည် ဒေသတွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ပူးပေါင်းကာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် (၄)လပတ် ပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက် (စနေနေ့) ပခုက္ကူမြို့ရှိ TLMM ရုံးခန်း၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ဘာသာပေါင်းစုံမှ ဆရာတော်များ၊ သင်းအုပ်ဆရာများ၊ ဒေသခံရပ်မိရပ်ဖများနှင့် အကျိုးတော်ဆောင် ကော်မတီဝင်များ၊ TLMM မှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်း (၃၃) ဦး စုံလင်စွာ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေး အဖွင့်အမှာစကားတွင် TLM Myanmar မှ Executive Director ဖြစ်သူ ဒေါက်တာဇော်မိုးအောင်က အနာကြီးရောဂါနှင့် ပတ်သက်၍ လူမှုပတ်ဝန်းကျင်၌ ရှက်ရွံ့ဖုံးကွယ်နေကြသည့် အယူအဆအမှားများကို သိပ္ပံနည်းကျ စနစ်တကျ အသိပညာပေးရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ "အနာကြီးရောဂါဟာ စောစောစီးစီး မကုသရင် ကိုယ်လက်အင်္ဂါတွေကို ပျက်စီးစေပြီး မသန်စွမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်တိုင်း မသန်စွမ်းဖြစ်တာ မဟုတ်သလို၊ စောစောကုသရင် အရှင်းပျောက်ကင်းနိုင်ပါတယ်" ဟု ရှင်းလင်းခဲ့ပါသည်။ ထို့ပြင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် မသန်စွမ်းဖြစ်ရသူ ပိုမိုများပြားလာသည့်အတွက်၊ လူထုအခြေပြု (Community-based) စနစ်ဖြင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ အထောက်အကူပြုပစ္စည်းများ ပံ့ပိုးခြင်းနှင့် အတားအဆီး Barrier များကို ဝိုင်းဝန်းဖယ်ရှားပေးခြင်းတို့ကို ဘာသာပေါင်းစုံ ကော်မတီအနေဖြင့် လက်တွဲကာ ကာကွယ်စောင့်ရှောက်ပေးရန် အလေးအနက် တောင်းဆိုခဲ့ပါသည်။

TLM Myanmar အနေဖြင့် လာမည့် ဇွန်လမှ ဒီဇင်ဘာလအထိ ခြေတုဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်သွားမည့်အပြင်၊ အပတ်စဉ် (၂) ပတ်လျှင်တစ်ကြိမ် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု (MHPSS) လုပ်ငန်းများကိုပါ တိုးမြှင့်လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို နာယက ဆရာတော် ဦးမန်လျန်း၏ ကျေးဇူးတင်စကားနှင့် အပိတ်ဆုတောင်းခြင်းဖြင့် နံနက် ၁၁း၀၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ပါသည်။

The Leprosy Mission Myanmar (TLMM) နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်တို့ ပူးပေါင်း၍ စစ်ကိုင်းမြို့၊...
22/06/2026

The Leprosy Mission Myanmar (TLMM) နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်တို့ ပူးပေါင်း၍ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်တွင် "ကျေးဇူးတော်" ပြန်လည်သန်စွမ်းရေးစင်တာ ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က အောင်မြင်စွာ စတင်ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားသို့ KBC အသင်းတော်မှ တာဝန်ရှိသူများနှင့်အတူ အခြားသောအသင်းတော်များမှ အမှုတော်ဆောင်များ၊ သင်းအုပ်ဆရာများနှင့် စေတနာ့ဝန်ထမ်းများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် ၂၀၂၅ ခုနှစ် ငလျင်ဘေးအန္တရာယ်အပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ပြီးဆုံးသွားသည့်နောက်ပိုင်း ရပ်ရွာလူထုအတွင်း ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် ဆွေးနွေးဖြစ်ခဲ့ကြရာမှ အကောင်အထည်ပေါ်လာခြင်း ဖြစ်ပါသည်။ TLMM အနေဖြင့် အသင်းတော်များတွင် ရှိပြီးသား အဆောက်အအုံများကို အခန်းကန့်ခြင်း၊ ပြန်လည်ပြင်ဆင်မွမ်းမံခြင်းများကို ပံ့ပိုးပေးခဲ့သည့်အပြင် ပြန်လည်သန်စွမ်းရေးလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများ၊ ကုတင်များ၊ Electronic Device များနှင့် လေ့ကျင့်ခန်းလုပ်ရာတွင် အသုံးပြုမည့် ပစ္စည်းအားလုံးကို ကူညီပံ့ပိုး လှူဒါန်းပေးခဲ့ပါသည်။

လက်ရှိတွင် စင်တာတာဝန်ခံဆရာမ၊ ပြင်ပမှ ငှားရမ်းခန့်အပ်ထားသော ကျွမ်းကျင် PT ဆရာမ၊ အကူတစ်ဦးနှင့် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးတို့ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးနေပြီဖြစ်ပါသည်။ စင်တာ၌ လေဆာဖြင့် ကုသသည့်စက် ၂ မျိုး၊ ခါးနှင့် ခြေထောက် ဆွဲဆန့်ပေးသည့် ကြိုးဆွဲစက်၊ အကြောကပ်စက်များ အဆင်သင့်ရှိနေပြီး Ultrasound စက်လည်း ထပ်မံရောက်ရှိရန် ရှိပါသည်။

ယခင်က သောကြာနှင့် စနေနေ့များတွင်သာ ပုံမှန်ဆရာဝန်၊ သူနာပြုများဖြင့် ဆီးချို၊ သွေးတိုးနှင့် အထွေထွေရောဂါများကို အခမဲ့ပြသပေးခဲ့သော်လည်း၊ ယခုအခါ ပြန်လည်သန်စွမ်းရေးစင်တာ ဝန်ဆောင်မှုကိုပါ ပူးတွဲကာ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင်ပါ တိုးမြှင့်ဖွင့်လှစ်ပေးထားပါသည်။

ကျွမ်းကျင် PT ဆရာမများသည် တစ်ပတ်လျှင် ၃ ရက် (အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး) လာရောက်ကုသပေးမည်ဖြစ်ပြီး၊ နံနက် ၉ နာရီမှ ၁၂ နာရီအထိ "ကျေးဇူးတော်" စင်တာတွင် ထိုင်ပေးကာ၊ မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ ရွာသစ်စင်တာသို့ သွားရောက်၍ အချိန်ခွဲကာ စနစ်တကျ ကုသမှုပေးသွားမည် ဖြစ်သဖြင့် ဝေဒနာရှင်များနှင့် မိသားစုများအတွက် ပိုမိုအဆင်ပြေသွားစေပါသည်။

TLMM အနေဖြင့် ဤစင်တာမှတစ်ဆင့် ငလျင်ဘေးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသူများ၊ ပတ်ဝန်းကျင်ရှိ မသန်စွမ်းသူများအားလုံး မိမိတို့၏ နေ့စဉ်လူမှုဘဝ ထဲတွင် ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားသွားလာကာ ဘဝကို ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းနိုင်ရန် ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။

The Leprosy Mission Myanmar (TLMM) မှ ဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်းများမှ သင်တန်းသား စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့သည့် "Basi...
18/06/2026

The Leprosy Mission Myanmar (TLMM) မှ ဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်းများမှ သင်တန်းသား စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့သည့် "Basic Rehabilitation Training" သင်တန်းကို ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်မှ ၂၂ ရက်အထိ ရန်ကုန်မြို့၊ ကရင့်အလုံခြံရှိ KBC သင်တန်းဆောင်တွင် (၅) ရက်တာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဤသင်တန်းသည် အသင်းတော်တွင်းရှိ အနာကြီးရောဂါ ခံစားရဖူးသူများနှင့် မသန်စွမ်းသူများအား ပြန်လည်ထူထောင်ပေးခြင်းသည် အသင်းတော်ဘက်စုံဖွံ့ဖြိုးရေး လမ်းစဉ်များထဲမှ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

သင်တန်းကာလအတွင်း အနာကြီးရောဂါဆိုင်ရာ အသိပညာများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးမှုမဖြစ်စေရန် ကြိုတင်ကာကွယ်မှု နည်းလမ်းများကို စေတနာ့ဝန်ထမ်းများမှ နားလည်သဘောပေါက်ပြီး TLMM နှင့် ပူးပေါင်းဆောင်ရွက်လာနိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် စေတနာ့ဝန်ထမ်းများအနေဖြင့် အခြေခံကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ၊ ခြေတုမတပ်ဆင်မီ ပြုလုပ်ရမည့် လေ့ကျင့်ခန်းများနှင့် တိကျမှန်ကန်သော ရွှေ့လျားမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ အသုံးပြုနည်းတို့ကို သေချာစွာ တတ်မြောက်ပြီး မိမိတို့အသင်းတော်တွင်း၌သာမက ရပ်ရွာအတွင်းပါ ပြန်လည်မျှဝေ အသုံးချနိုင်ရန် အဓိကထား တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

သင်တန်းသားတစ်ဦး၏ ရင်ဖွင့်စကား -"ဒီသင်တန်း မတက်ခင်က လေဖြတ်နေသူတွေ ဒါမှမဟုတ် ခြေထောက်ဖြတ်ထားရသူတွေကို တွေ့ရင် ဘယ်လိုကူညီရမလဲ မသိခဲ့ပါဘူး။ အခုတော့ ခန္ဓာကိုယ်ရဲ့ အဆစ်အမြစ်၊ အကြောနဲ့ အရိုးတွေအကြောင်း ပိုနားလည်လာပြီး ဝေဒနာရှင်တွေ ပြန်လည်ကောင်းမွန်လာစေမည့် ပြုစုစောင့်ရှောက်နည်းတွေကို တတ်မြောက်ခဲ့ပါတယ်။ ယခုအခါ မိမိပတ်ဝန်းကျင်က အနာကြီးရောဂါ ခံစားရဖူးသူတွေနဲ့ မသန်စွမ်းသူတွေကို အကောင်းဆုံး ကူညီပေးနိုင်တော့မယ်လို့ ယုံကြည်ပါတယ်။"

TLMM အနေဖြင့် အသင်းတော်တွင်းရှိ စေတနာ့ဝန်ထမ်းများမှတစ်ဆင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို လူထုအတွင်း ပိုမိုပွင့်လင်းမြင်သာစွာ ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

15/06/2026

အနာကြီးရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေထဲမှာ အမြင်အာရုံ ထိခိုက်ဆုံးရှုံးနိုင်ခြေက စိုးရိမ်ရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အာရုံကြော ထိခိုက်မှုကြောင့် မျက်စိပိတ်မရတာ၊ မျက်တောင်ခတ်နည်းတာနဲ့ မျက်ကြည်လွှာထုံတာတွေ ကြုံတွေ့ရတတ်ပြီး ဂရုတစိုက် မစောင့်ရှောက်ပါက မျက်စိကွယ်သည်အထိ ဖြစ်ပွားနိုင်ပါတယ်။

ယခုဗီဒီယိုတွင် မျက်ကြည်လွှာ မခြောက်သွေ့စေရန်နှင့် ပြင်ပအမှုန်အမွှားများမှ ကာကွယ်ရန် နေ့စဉ် မှန်ကြည့်ပြီး စစ်ဆေးရမယ့် နည်းလမ်းတွေ၊ လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ မျက်စိလေ့ကျင့်ခန်း ပြုလုပ်ပုံတွေကို အသေးစိတ် ဖော်ပြပေးထားပါတယ်။ အမြင်အာရုံကို ရေရှည်ကာကွယ်နိုင်ရန် ယခုဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုလေ့လာကြပါရန် တိုက်တွန်းအပ်ပါတယ်။

အနာကြီးရောဂါကြောင့် နောက်ဆက်တွဲ မျက်စိပြဿနာတွေ ရှိနိုင်ပြီး အပြင်ထွက်တဲ့အခါ ဖုန်၊ သဲ၊ နေရောင်ခြည်ဒဏ်တွေက မျက်စိကို ပိုပြ...
13/06/2026

အနာကြီးရောဂါကြောင့် နောက်ဆက်တွဲ မျက်စိပြဿနာတွေ ရှိနိုင်ပြီး အပြင်ထွက်တဲ့အခါ ဖုန်၊ သဲ၊ နေရောင်ခြည်ဒဏ်တွေက မျက်စိကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် မျက်ကြည်လွှာထုံပြီး မျက်တောင်ခတ်နည်းတဲ့အခါ မျက်စိခြောက်သွေ့ပြီး အန္တရာယ်ရှိလာနိုင်လို့ ဒီအချက်လေးတွေကို နေ့စဉ် သတိပြုပေးပါ။

📌 ကာကွယ်ပါ: အပြင်ထွက်တိုင်း ဦးထုပ် သို့မဟုတ် ခမောက် ဆောင်းပါ။ နေကာမျက်မှန် တပ်ပါ။ ညအိပ်ရင် ခြင်ထောင်နဲ့ အိပ်ပါ။

📌 နေ့စဉ်စစ်ဆေးပါ: မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် မှန်ကြည့်ပြီး အမှုန်အမွှားရှိလား၊ မျက်စိနီရဲနေလားဆိုတာ သေချာစစ်ဆေးပါ။

📌 လေ့ကျင့်ပါ: သတိရတိုင်း မျက်တောင်ခတ်တဲ့ အလေ့အကျင့်ကို လုပ်ပေးပါ။

အမြင်အာရုံကို ရေရှည်ကာကွယ်နိုင်ဖို့ အသေးစိတ်အချက်အလက်တွေကို တင်ဆက်မယ့် ကျွန်တော်တို့ရဲ့ ဗီဒီယိုလေးမှာ အတူတူ ဆက်ကြည့်လိုက်ရအောင်။

#အနာကြီးရောဂါ

အနာကြီးရောဂါလို့ ပြောလိုက်ရင် ခြေထောက်နဲ့ လက်တွေပဲ ထိခိုက်တတ်တယ်လို့ အများစုက ထင်ထားကြတာ မဟုတ်လား။ဒါပေမဲ့ တကယ်တော့ 'မျက်...
11/06/2026

အနာကြီးရောဂါလို့ ပြောလိုက်ရင် ခြေထောက်နဲ့ လက်တွေပဲ ထိခိုက်တတ်တယ်လို့ အများစုက ထင်ထားကြတာ မဟုတ်လား။

ဒါပေမဲ့ တကယ်တော့ 'မျက်စိအမြင်အာရုံ' ကိုပါ ဆုံးရှုံးသွားစေနိုင်တဲ့အထိ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်တယ်ဆိုတာ သိပါသလား။ မျက်စိပိတ်မရတာ၊ မျက်တောင်ခတ်နည်းတာ၊ မျက်ကြည်လွှာထုံတာမျိုးတွေက ဘာကြောင့် ဖြစ်ရတာလဲ။ မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေမှာ ရောဂါအခြေအနေရှိနေရင် မျက်စိကို ဘယ်လိုကာကွယ်ရမလဲ။

Comment မှာ အတူတူ ဆွေးနွေးသွားကြရအောင်။ အဖြေမှန်နဲ့ လက်တွေ့လိုက်နာရမယ့် နည်းလမ်းကောင်းတွေကို မကြာခင်မှာ စိတ်ဝင်စားစရာ ဗီဒီယိုလေးနဲ့ ပြောပြပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုပေးပါဦးခင်ဗျာ။

Address

No. (156), 5th Floor (A, D), Kyun Taw South Ward, Baho Street, Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959964602516

Website

Alerts

Be the first to know and let us send you an email when The Leprosy Mission Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to The Leprosy Mission Myanmar:

Shortcuts

Share