Spectrum - Sustainable Development Knowledge Network

Spectrum - Sustainable Development Knowledge Network Spectrum - Sustainable Development Knowledge Network - was founded in 2007 during the early phases of Myanmar's democratic transition.

As Myanmar embarks on a new phase of national development, Spectrum's mission is to facilitate constructive multi-stakeholder engagement on environment, sustainable development and natural resource management issues. We connect with government, business and local communities to inform, empower and educate in our role as an information-sharing network. At the core of our work is a focus on access t

o information and to support accountability and transparency. Our aim is to empower citizens to make informed decisions about the future direction of their country. We do this by providing resource materials, training, sharing relevant research and case studies while promoting positive engagement between the Myanmar government, private sector and society.

ပဲပြား၊ မုန်လာဥနီ၊ ကြက်ဥတို့နဲ့ ပြုလုပ်ထားတဲ့ ကလေးတွေအကြိုက် အာဟာရပြည့်ဝတဲ့ ပဲပြားလုံးကြော်လေးကို အိမ်မှာ လွယ်လွယ်ကူကူ ပ...
25/08/2026

ပဲပြား၊ မုန်လာဥနီ၊ ကြက်ဥတို့နဲ့ ပြုလုပ်ထားတဲ့ ကလေးတွေအကြိုက် အာဟာရပြည့်ဝတဲ့ ပဲပြားလုံးကြော်လေးကို အိမ်မှာ လွယ်လွယ်ကူကူ ပြင်ဆင်နိုင်ဖို့ အောက်ကပုံလေးတွေကို တစ်ပုံချင်းစီ ကြည့်လိုက်ရအောင်။ ပဲပြား၊ မုန်လာဥနီနဲ့ ကြက်ဥတို့လို ရိုးရှင်းလွယ်ကူတဲ့ ပါဝင်ပစ္စည်းလေးတွေနဲ့ ပြုလုပ်ထားတာမို့ ကလေးတွေရဲ့ အစားအစာထဲမှာ ဟင်းသီးဟင်းရွက်နဲ့ ပရိုတင်းဓာတ်တွေကို ပိုမိုပါဝင်စေတဲ့ ဟင်းချက်နည်းလမ်းကောင်းလေးတစ်ခုပါ။ အရသာရှိပြီး လက်နဲ့ကိုင်စားလို့လည်း အဆင်ပြေတဲ့ ပုံစံလေးဖြစ်တာကြောင့် ဟင်းသီးဟင်းရွက်စားရတာ သိပ်မကြိုက်တဲ့ ကလေးလေးတွေအတွက်လည်း စားချင်စဖွယ် အစားအစာလေးတစ်ခု ဖြစ်စေမှာပါ။ ✨

ဒီဟင်းချက်နည်းလေးကို စမ်းချက်ကြည့်ဖြစ်ကြသေးလား? စမ်းချက်ကြည့်ဖြစ်ရင်လည်း ကိုယ်တိုင်ချက်ထားတဲ့ ပုံလေးတွေကို ကွန်းမန့်မှာ မျှဝေပေးခဲ့ဦးနော်။

[ENG]

Swipe through to see the simple steps to make Beancurd Carrot Egg Balls, a nutritious and kid-friendly snack that children will love! Made with simple and affordable ingredients of tofu, carrot, and egg, this recipe is a great way to add more vegetables and protein to your children’s meals. With its delicious taste and easy-to-eat bite-sized shape, it can be a fun and appealing option for children who are usually not interested in eating vegetables. ✨

Let us know in the comments if you will try out this recipe and if so, please share photos with us!

"ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့ စကားပုံလေးအတိုင်းပါပဲ။ သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ သင်ယူမှုတွေကို အထောက်အကူပ...
07/08/2026

"ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့ စကားပုံလေးအတိုင်းပါပဲ။ သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ သင်ယူမှုတွေကို အထောက်အကူပြုဖို့အတွက် အနီးအနားက ဈေးတွေမှာ အလွယ်တကူရနိုင်တဲ့ အရောင်အသွေးစုံလင်တဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကို ထည့်သွင်းပြီး အာဟာရပြည့်ဝမျှတတဲ့ ရောင်စုံထမင်းဘူးလေးတွေကို ဖန်တီးပေးနိုင်ပါတယ်။

မတူညီတဲ့ အရောင်အသွေးတွေက ကလေးရဲ့ ထမင်းဘူးလေးထဲကို မတူညီတဲ့ အာဟာရဓာတ်တွေ သယ်ဆောင်လာပေးပါတယ် -

🥬 ကြီးထွားဖွံ့ဖြိုးဖို့အတွက် အစိမ်းရောင် - ကန်စွန်းရွက်နဲ့ ပဲတောင့်ရှည်လို ဟင်းသီးဟင်းရွက်တွေက ခန္ဓာကိုယ်ကျန်းမာစေဖို့ အထောက်အကူပြုတဲ့ အမျှင်ဓာတ်နဲ့ သံဓာတ်လို အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ရရှိစေပါတယ်။

🎃 ခွန်အားနဲ့ ကျန်းမာရေးအတွက် လိမ္မော်ရောင် - ရွှေဖရုံသီးနဲ့ မုန်လာဥနီတို့လို အစားအစာတွေမှာ မျက်စိအမြင်အာရုံ ကျန်းမာရေးနဲ့ အထွေထွေကျန်းမာရေးကို အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

🍅 ကာကွယ်စောင့်ရှောက်ဖို့အတွက် အနီရောင် - ခရမ်းချဉ်သီးနဲ့ ဖရဲသီးလို သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်စီ (Vitamin C) နဲ့ အခြား အကျိုးပြု အာဟာရဓာတ်တွေကို ပေးစွမ်းပါတယ်။

🍆 အရသာစုံလင်ဖို့အတွက် ခရမ်းရောင် - ခရမ်းသီးလို ပါဝင်ပစ္စည်းတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေ ပါဝင်ပြီး နေ့စဉ် စားသောက်မှုပုံစံကို ကွဲပြားတဲ့အရသာထည့်သွင်းနိုင်မှာပါ။

🍚 နေ့စဉ်ခွန်အားအတွက် အဖြူရောင် - ထမင်း၊ မုန်လာဥဖြူနဲ့ ကြက်သွန်ဖြူတို့လို အခြေခံ အစားအစာတွေက ကိုယ်လက်လှုပ်ရှားမှုများတဲ့ နေ့ရက်တွေအတွက် လိုအပ်တဲ့ ခွန်အားနဲ့ အာဟာရဓာတ်တွေကို ရရှိစေပါတယ်။

အရောင်အသွေးစုံလင်တဲ့ ထမင်းဘူးလေးဟာ ကလေးတွေအတွက် စားချင်စဖွယ်ဖြစ်စေရုံသာမကဘဲ၊ နေ့စဉ်သုံး သက်သာတဲ့ ပါဝင်ပစ္စည်းလေးတွေကို အသုံးပြုပြီး အာဟာရဓာတ်တွေအများကြီးကို ရရှိစေဖို့ ထည့်သွင်းပေးနိုင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

သင့်ကလေးကကော ဘယ်လို အရောင်အသွေးရှိတဲ့ အစားအစာတွေကို အကြိုက်ဆုံးလဲ? ကွန်းမန့်မှာ ဝင်ရောက်မျှဝေပေးသွားပါဦးနော်!

[ENG]

As the proverb says, “Health is the greatest wealth.” By adding a variety of colourful fruits and vegetables sourced from your local market, you can create a nutritious and balanced lunchbox meal to support your child’s growth and learning.

Different colours bring different nutrients to your child’s lunchbox:

🥬 Green for Growth: Vegetables like water spinach and long beans provide fibre and important nutrients such as iron to support a healthy body.

🎃 Orange for Energy and Health: Foods like pumpkin and carrots contain nutrients that support healthy eyesight and overall wellbeing.

🍅 Red for Protection: Fruits and vegetables like tomatoes and watermelon provide vitamin C and other beneficial nutrients.

🍆 Purple for Variety: Ingredients like eggplant contain antioxidants and add more variety to everyday meals.

🍚 White for Everyday Energy: Staples like rice, radish, and garlic are common ingredients that provide energy and nutrients for active days.

A colourful lunchbox is not only more appealing for children; it is also a simple way to include a wider range of nutrients using affordable, everyday ingredients.

What colourful foods does your child enjoy the most? Share with us in the comments!

#လွယ်ကူသက်သာ #အာဟာရ

31/07/2026

မိဘတစ်ယောက်အနေနဲ့ ကျောင်းဆင်းချိန်မှာ ကလေးရဲ့ ထမင်းဘူးလေးမှာ ဘာမှပါမလာတာကို မြင်ရတာက အကြည်နူးရဆုံး အခိုက်အတန့်တွေထဲက တစ်ခုပါပဲ။ ဒါဟာ သင် ဂရုတစိုက် ပြင်ဆင်ပေးလိုက်တဲ့ အစားအစာကို သင့်ကလေးက နှစ်နှစ်ခြိုက်ခြိုက် စားသုံးခဲ့တယ်ဆိုတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ❤️

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထမင်းဘူးတစ်ဘူးဖြစ်ဖို့ ဈေးကြီးပေးစရာ မလိုပါဘူး။ နေ့စဉ်သုံး သက်သာတဲ့ ပါဝင်ပစ္စည်းလေးတွေနဲ့တင် ကလေးတွေ သင်ယူဖို့၊ ဆော့ကစားဖို့နဲ့ ကြီးထွားဖို့ လိုအပ်တဲ့ ခွန်အားနဲ့ အာဟာရဓာတ်တွေ အပြည့်အဝရစေမယ့် မျှတတဲ့ အစားအစာကို ဖန်တီးပေးနိုင်ပါတယ်။ အောက်ပါ အရေးကြီးတဲ့ အခြေခံအုပ်စု (၃) စု ပါဝင်အောင် ထည့်သွင်းပြင်ဆင်ကြည့်ပါနော် -

- အင်အားဖြစ်စေတဲ့ ကစီဓာတ် - ထမင်း၊ ကန်စွန်းဥ (သို့မဟုတ်) ပြောင်းဖူး စတဲ့ အစားအစာတွေက ကလေးတွေ တစ်နေ့တာလုံး တက်တက်ကြွကြွရှိစေဖို့ လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်းပါတယ်။

- ကြီးထွားဖွံ့ဖြိုးဖို့အတွက် အသားဓာတ် - ကြက်ဥ၊ ငါး၊ ပဲအမျိုးမျိုး (သို့မဟုတ်) အခြားသော ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ကြွက်သားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။

- ရောဂါကာကွယ်ပေးတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ - ကန်စွန်းရွက်လို ဟင်းသီးဟင်းရွက်တွေ (ဒါမှမဟုတ်) သင်္ဘောသီးလို သစ်သီးဝလံတွေကို ထည့်ပေးတာက အရေးကြီးတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို ရရှိစေတဲ့အပြင် သကြားဓာတ်များတဲ့ မုန့်တွေအစား ကျန်းမာရေးနဲ့ ပိုညီညွတ်တဲ့ ရွေးချယ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

အာဟာရမျှတတဲ့ ကျောင်းထမင်းဘူးတစ်ဘူးကို ဖန်တီးနိုင်ဖို့ ရိုးရှင်းလွယ်ကူပြီး သက်သာတဲ့ ရွေးချယ်မှုလေးတွေနဲ့ စတင်နိုင်ပါတယ်။ သင့်ကလေးရဲ့ ထမင်းဘူးမှာရော ဒီအခြေခံအုပ်စု (၃) စုကို ထည့်ပေးဖြစ်ရဲ့လား? သင့်ကလေး အကြိုက်ဆုံး ထမင်းဘူးဟင်းလျာလေးက ဘာများဖြစ်မလဲ? ကွန်းမန့်မှာ ကျွန်တော်တို့နဲ့ ဝင်ရောက်မျှဝေပေးသွားပါဦးနော်!

[ENG]

For any parent, seeing an empty lunchbox after school is one of the best feelings. It is a sign that your child enjoyed the meal you prepared with care. ❤️

A healthy lunchbox does not need to be expensive. With affordable, everyday ingredients, you can create a balanced meal that gives your child the energy and nutrients they need to learn, play, and grow. Try to include these three essential components:

Carbohydrates for Energy: Foods such as rice, sweet potato, or corn provide the fuel children need to stay active throughout the day.

Protein for Growth: Ingredients such as eggs, fish, beans, or other protein sources help support healthy growth and muscle development.

Vegetables and Fruits for Health: Adding vegetables like water spinach or fruits such as papaya provides important vitamins and nutrients, while offering a healthier alternative to sugary snacks.

A balanced lunchbox can start with simple, affordable choices. Are you already including these three components in your child’s meals? What’s your child’s favourite lunchbox dish? Share with us in the comments!

#လွယ်ကူသက်သာ #အာဟာရ

ချက်ပြုတ်နည်းတွေကို အနည်းငယ်ပြောင်းလဲတာနဲ့ပဲ ကျန်းမာရေးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။"ကစီဓာတ်လျော့တ...
22/05/2026

ချက်ပြုတ်နည်းတွေကို အနည်းငယ်ပြောင်းလဲတာနဲ့ပဲ ကျန်းမာရေးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

"ကစီဓာတ်လျော့တဲ့ ထမင်းချက်ဖို့အတွက် ရိုးရိုးထမင်းနဲ့ ဆန်လုံးညိုကို ဆတူရောချက်တာမျိုး၊ ပဲအမျိုးမျိုးတို့ပါ ရောချက်တာမျိုး၊ ထမင်းထဲကို အသီးအရွက်လေးတွေ မုန်လာဥလေးတွေ၊ မှိုလေးတွေ၊ ပိန်းဥတို့လိုမျိုးတွေပါ ရောချက်တာမျိုးဆို ကစီဓာတ်လည်းလျှော့ချနိုင်ပြီး အာဟာရလည်းပြည့်တဲ့ ထမင်းဖြစ်စေနိုင်မှာပါ။
" — စားဖိုမှူးကိုချက်ကြီး

သင့်အနေနဲ့ ထမင်းကို ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲဖက်ချက်စားဖူးပါသလား၊ ဒါမှမဟုတ် ဆန်လုံးညိုလိုမျိုး တခြားရွေးချယ်စရာဆန်တွေသုံးပြီး ချက်ဖူးပါသလား? အောက်မှာ ကွန်းမန့်ရေးပြီး အတွေ့အကြုံတွေကို မျှဝေလိုက်ပါနော်။

[Eng]
Small changes in how you cook can make a big difference to your health.

“To reduce starch in rice, mix white rice and brown rice in equal portions. Rice can also be cooked together with different types of beans. Adding vegetables such as carrots, mushrooms, or taro further improves nutritional value. This approach lowers starch content while creating a more balanced and nutritious meal.” — Chef Ko Chak Gyi

Have you tried cooking rice with beans or vegetables? Or are you eating other rice options such as brown rice? Let us know in the comments below!

19/05/2026

ခရမ်းချဉ်သီးကို ချက်ပြုတ်ပြီးမှ စားသင့်သလား၊ အစိမ်းစားသင့်သလား? ဒီမေးခွန်းရဲ့အဖြေကို ခန့်မှန်းကြည့်ပါ။

အဖြေကတော့ နှစ်ခုလုံးပါပဲ။ ခရမ်းချဉ်သီး အစိမ်းတွေဟာ ဗီတာမင်စီကြွယ်ဝပြီး ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးများဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ တခြားတဖက်မှာလဲ ခရမ်းချဉ်သီးကို ချက်ပြုတ်ခြင်းကတော့ ဆီးကျိတ်ကင်ဆာနဲ့ တခြားသော ကင်ဆာများကို ကာကွယ်ပေးနိုင်တဲ့ သင့်ကိုယ်ခန္ဓာက အလွယ်တကူစုပ်ယူနိုင်တဲ့ လိုက်ကိုပင်းဓာတ် ကြွယ်ဝစေပါတယ်။

ခရမ်းချဉ်သီးကို သင့်ရဲ့နေ့စဉ်အစားအသောက်တွေထဲမှာ ထည့်စားကြည့်ပါ။ အလွယ်တကူဝယ်ယူနိုင်ပြီး ချက်ပြုတ်နိုင်လို့ သင်နဲ့သင့်မိသားစုအတွက် အာဟာရဓာတ်ညီညွတ်မျှတစေမဲ့ အစားအစာဖြစ်စေမှာပါ။ ဟင်းအနှစ်ချက်ချက် အသုပ်ထဲပဲစားစား သရေစာအနေနဲ့ပဲ လုပ်လုပ် ခရမ်းချဉ်သီးကို ကြိုက်နှစ်သက်သလို အလိုရှိသလို စားသုံးနိုင်ပါတယ်။ ခရမ်းချဉ်သီးသုံးပြီး ချက်နိုင်မဲ့ ဟင်းလျာတွေကို လေ့လာရတာ စိတ်ဝင်စားရင်တော့ ကွန်းမန့်မန့်ခဲ့ကြပါနော်။

[Eng]
[Information Source: BBC]

Guess the answer to this question: Are tomatoes healthier cooked or raw?

The answer is: both! Raw tomatoes are especially rich in vitamin C, which helps boost immunity and protect your body from infections. Cooking tomatoes, on the other hand, makes some nutrients like lycopene (a powerful compound that may help protect against certain cancers, including prostate cancer) easier for your body to absorb.

Try adding tomatoes to your daily meals! They are affordable, easy to find at local markets, and a simple way to boost nutrition for you and your family. From curries and sauces to salads and snacks, there’s no wrong way to enjoy tomatoes. Leave a comment if you’re interested in learning more about recipes using tomatoes!

#လွယ်ကူသက်သာ #အာဟာရ

ဟင်းရွက်စုံသုပ်လေးကို အိမ်မှာ လွယ်လွယ်လွယ်ကူကူ သက်သက်သာသာ ပြင်ဆင်နိုင်ဖို့ အောက်ကပုံတွေကို တစ်ပုံချင်းစီ ကြည့်လိုက်ရအောင...
18/05/2026

ဟင်းရွက်စုံသုပ်လေးကို အိမ်မှာ လွယ်လွယ်လွယ်ကူကူ သက်သက်သာသာ ပြင်ဆင်နိုင်ဖို့ အောက်ကပုံတွေကို တစ်ပုံချင်းစီ ကြည့်လိုက်ရအောင်။ ဒီအရောင်အသွေးစုံလင်တဲ့ အသုပ်တခွက်ကိုဟာ သင့်ကျန်းမာတဲ့နေ့စဉ်စားသုံးမှုမှာ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်တွေကိုလည်း ထည့်သွင်းနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်ခန္ဓာကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်ပါတယ်။ မီးဖိုချောင်ထဲမှာရှိတဲ့ ဟင်းရွက်တွေထဲက ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး ထမင်းစားတဲ့အခါ အရံဟင်းအနေနဲ့ စားလို့ရသလို၊ ပေါ့ပေါ့ပါးပါး အဆာပြေအနေနဲ့ပါ စားသုံးနိုင်ပါတယ်။

ဒီဟင်းရွက်စုံသုပ်ကို အိမ်မှာ ကိုယ်တိုင်ချက်စားဖြစ်ရင် ဓာတ်ပုံလေးတွေကိုလည်း ကွန်းမန့်မှာ မျှဝေလိုက်ပါနော်။

ချက်ပြုတ်နည်းအဆင့်ဆင့်အတွက် ဗီဒီယိုကြည့်ရန် - [https://www.facebook.com/share/v/18vccRrqVa/]

ဒီဟင်းက သင်နဲ့ သင့်ချစ်ရတဲ့ မိသားစုအတွက် ဘယ်လိုမျိုး အာဟာရ ရရှိစေလဲဆိုတာ ဆွေးနွေးထားတဲ့ ဗီဒီယိုကြည့်ရန် – [https://www.facebook.com/reel/1581322223167484/]

[Eng]
Swipe through to see the simple steps to make Mixed Vegetables Salad, a meal which is easy to prepare with affordable ingredients. This colourful dish is a simple way to add more fibre, vitamins, and minerals into your daily diet, and it supports digestion and overall wellbeing. Using everyday ingredients and vegetables of your choice, it’s a flexible dish you can prepare as a side or enjoy as a light meal on its own.

Will you be trying this recipe at home? Let us know in the comments and feel free to share photos of your dish!

Click on this link to view the recipe video for this dish: [https://www.facebook.com/share/v/18vccRrqVa/]

Click on this link to view the discussion video about why this dish is good for you and your loved ones: [https://www.facebook.com/reel/1581322223167484/]

"အမယ် (၃) မျိုးတည်းနဲ့ အာဟာရပြည့်ဝတဲ့ ဟင်းတစ်ခွက်ကို လွယ်လွယ်ကူကူ ဖန်တီးကြမယ်" ဓာတ်ပုံပြိုင်ပွဲရဲ့ ကံထူးရှင်တွေ ထွက်ပေါ်...
15/05/2026

"အမယ် (၃) မျိုးတည်းနဲ့ အာဟာရပြည့်ဝတဲ့ ဟင်းတစ်ခွက်ကို လွယ်လွယ်ကူကူ ဖန်တီးကြမယ်" ဓာတ်ပုံပြိုင်ပွဲရဲ့ ကံထူးရှင်တွေ ထွက်ပေါ်လာပါပြီ!

ဒီဓာတ်ပုံပြိုင်ပွဲအစီအစဉ်လေးမှာတော့ ဘက်ဂျက်ငွေ ၃,၀၀၀ ကျပ်ထဲနဲ့ ပါဝင်ပစ္စည်း (၃) မျိုးကိုပဲ အဓိကသုံးပြီး အိမ်မှာကိုယ်တိုင် ဖန်တီးချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို ဓာတ်ပုံနဲ့အတူ၊ ဟင်းလျာရဲ့ အာဟာရပြည့်ဝပုံကိုပါ ကောမန့်ရေးသားပြီး ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။ စိတ်ဝင်တစားနဲ့ ပါဝင်ယှဉ်ပြိုင်ပေးခဲ့ကြတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

ပြိုင်ပွဲမှာ စိတ်ဝင်စားစွာပါဝင်ခဲ့ကြသူတွေ အလွန်များပြားခဲ့တာကြောင့် ကံထူးရှင်အရေအတွက်ကို ၃၀ ဦးမှ ၃၅ ဦးအထိ တိုးမြှင့်သတ်မှတ်ထားကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ရပါတယ်။

ရွေးချယ်ခံရတဲ့ ကံထူးရှင်အယောက် (၃၅) ဦးအနေနဲ့လည်း page ရဲ့ Messenger ကနေတစ်ဆင့် လာရောက်ဆက်သွယ်ပြီး ဖုန်းဘေလ် ကျပ် ၃၀,၀၀၀ ကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။

[Eng]
Congratulations to the winners of the Healthy Simple Meals – Three Ingredients Challenge!

For this challenge, we asked participants to cook a nutritious dish using just 3 ingredients within a MMK 3,000 budget! A big thank you to everyone who participated!

Due to the incredible response and overwhelming participation, we’re happy to announce that we have increased the number of winners from 30 to 35!

To the winners, please reach out to us via Messenger to claim your prize!

နေ့စဉ်စားနေကျအစားအစာတွေထဲမှာ အသားဓာတ်ကို ဘယ်လိုဖြည့်စွက်နိုင်မလဲ? "တိရစ္ဆာန်ကရတဲ့ အသား၊ ပဲကရတဲ့ အသားနဲ့ နို့နဲ့ နိုထွက်ပ...
12/05/2026

နေ့စဉ်စားနေကျအစားအစာတွေထဲမှာ အသားဓာတ်ကို ဘယ်လိုဖြည့်စွက်နိုင်မလဲ?

"တိရစ္ဆာန်ကရတဲ့ အသား၊ ပဲကရတဲ့ အသားနဲ့ နို့နဲ့ နိုထွက်ပစ္စည်းတွေကနေ အသားဓာတ်ရရှိပါတယ်။ အသားငါးစားရတာ မကြိုက်ဘူး ဒါမှမဟုတ် စားဖို့မတတ်နိုင်ဘူးဆို ကျွန်မတို့ မြန်မာနိုင်ငံမှာ ဈေးသက်သက်သာသာနဲ့ ပေါပေါများများရနိုင်တဲ့ အသားဓာတ်ပြည့်ဝစွာ ရနိုင်တဲ့ ပဲအမျိုးမျိုးကို အစားထိုး စားစေချင်ပါတယ်။ နှလုံးကျန်းမာရေးအတွက်ရော ကျောက်ကပ်အတွက်ရော ကိုလက်စထရော များနေတဲ့သူတွေအတွက်ပါ သင့်တော်ပါတယ်။“— အာဟာရပညာရှင် ဒေါက်တာမေဖူးဇွန်

ပဲအမျိုးမျိုးက ဈေးသက်သာရုံတင်မကဘူး ကျန်းမာရေးအတွက်ပါ ကောင်းတယ်ဆိုတော့ နေ့စဉ်ထမင်းဝိုင်းမှာ ထည့်သွင်းစားသုံးဖို့ မမေ့သင့်ဘူးနော်။

ပဲအမျိုးမျိုးအပါအဝင် အခြားအသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်ဘယ်လိုထည့်သွင်းစားသုံးနေလဲ။ ကျန်းမာရေးအတွက် အာဟာရပြည့်ဝအောင် ဘယ်လိုနည်းလမ်းတွေကို ကျင့်သုံးနေလဲဆိုတာကို ကွန်းမန့်မှာ မျှဝေပေးခဲ့ပါနော်။

[Eng]
How can include protein in our diet for better nutrition?

“Protein can be obtained from meat, beans, milk, and dairy products. For those who avoid meat or wish for a more affordable option, beans are an excellent substitute. In Myanmar, different types of beans are widely available, budget-friendly, and rich in protein. They also support heart health, are kidney-friendly, and are suitable for individuals with high cholesterol.” — Nutritionist Dr. May Phoo Zun

Beans are not only affordable but also good for your health.

Are you including beans in your meals, or other protein-rich ingredients? How are you trying to eat nutritious foods for better health? Share your comments below!

🥕 ဘယ်မုန်လာဥနီက ပိုအာဟာရရှိလဲ? အစိမ်းလား ဒါမှမဟုတ် ချက်ပြုတ်ပြီးသားလား? ဒီမေးခွန်းရဲ့ အဖြေဟာ သင်ထင်သလို မရိုးရှင်းပဲ မုန...
07/05/2026

🥕 ဘယ်မုန်လာဥနီက ပိုအာဟာရရှိလဲ? အစိမ်းလား ဒါမှမဟုတ် ချက်ပြုတ်ပြီးသားလား? ဒီမေးခွန်းရဲ့ အဖြေဟာ သင်ထင်သလို မရိုးရှင်းပဲ မုန်လာဥနီကို သင် ဘယ်လိုချက်ပြုတ်လဲဆိုတဲ့နည်းလမ်းအပေါ် မူတည်ပါတယ်။

မုန်လာဥနီဟာ အာဟာရဓာတ်များ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုချက်ပြုတ်စားသောက်လဲဆိုတဲ့ နည်းလမ်းအပေါ်မူတည်ပြီးတော့ အာဟာဓာတ်တွေဟာ ပြောင်းလဲနိုင်ပါတယ်။ မုန်လာဥနီအစိမ်းမှာ ဗီတာမင်စီနဲ့ တခြားသော ရေမှာပျော်ဝင်လွယ်တဲ့ အာဟာရဓာတ်တွေပါဝင်တဲ့အတွက် အသုပ်သုပ်စားနိုင်သလို ကြွပ်ကြွပ်ရွရွနဲ့ အတို့အမြှပ်စားနိုင်ပါတယ်။ ပေါင်းထားတာ သို့မဟုတ် မွှေကြော်ထားတဲ့ မုန်လာဥနီကတော့ ဘီတာကယ်ရိုတင်းဓာတ်များစွာ (သင့်ခန္ဓာကိုယ်က ဗီတာမင်အေအဖြစ်ပြောင်းလဲပြီး မျက်စိအားကောင်း‌ခြင်း၊ အရိုးအဆစ်များသန်မာစေခြင်း၊ အားအင်ပြန်လည်ရရှိစေနိုင်ခြင်း၊ ခုခံကာကွယ်နိုင်စွမ်းမြင့်မားခြင်း စတဲ့ အကျိုးကျေးဇူးများရရှိနိုင်တဲ့ ဓာတ်တစ်မျိုး) ရရှိနိုင်ပြီး သင့်ခန္ဓာကိုယ် စုပ်ယူနိုင်မဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ရရှိနိုင်ပါတယ်။

အစိမ်းပဲစားစား ချက်ပြီးသားပဲစားစား မုန်လာဥနီတွေဟာ သင့်ကျန်းမာရေးအတွက် အထောက်အကူပြုစေပြီး အစာချေဖျက်ခြင်ူ၊ မျက်စိအားကောင်းစေခြင်း၊ ကိုယ်ခံအားကောင်းခြင်းစတဲ့ အကျိုးများစွာ ရရှိစေပါတယ်။ လွယ်ကူသက်သာစွာ ဝယ်ယူနိုင်ပြီး နည်းလမ်းမျိုးစုံချက်ပြုတ်နိုင်တဲ့ မုန်လာဥနီကို ဘယ်လိုစားရတာ အကြိုက်ဆုံးလဲ? ကွန်းမန့်မန့်ခဲ့ကြပါဦး။

[ENG]
Which is more nutritious: raw or cooked carrot? The answer isn’t as simple as you might think, and it depends on how you prepare them. 🥕

Carrots are a highly nutritious vegetable, but their nutrients can change depending on preparation. Raw carrots retain more vitamin C and other water-soluble vitamins, making them perfect for fresh salads or crunchy snacks. Cooked carrots, especially when steamed or lightly stir-fried, make beta-carotene more available (a nutrient your body converts into vitamin A, which supports vision, bone growth, reproduction, and a healthy immune system) and also releases other antioxidants that are easier for your body to absorb.

Whether raw or gently cooked, carrots are a powerful vegetable that supports overall health, including immunity, vision, and digestion. Try adding carrots to your daily meals! They are affordable, easy to find at local markets, versatile in cooking, and a simple way to boost the nutrition of you and your family. How do you most enjoy eating carrots? Let us know in the comments!

#လွယ်ကူသက်သာ #အာဟာရ

Address

No 9C Myaynigone Plaza
Yangon

Opening Hours

Monday 09:30 - 18:00
Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00

Telephone

951516941

Alerts

Be the first to know and let us send you an email when Spectrum - Sustainable Development Knowledge Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share