21/08/2026
သူတို့လေးတွေ မိုးရေထဲပျော်ပျော်ပါးပါးဘောလုံးကန်တာကြည့်နေရင်း ဒို့များကလေးဘဝကိုသတိရမိတယ်။
အဲ့ချိန်တုန်းကဆို ဒီလိုဖူဆယ်ဘောလုံးကွင်းတွေ ဘယ်ပေါ်အုံးပါ့မလဲ။ မိုးရွာရွာ နေပူပူ ညနေခင်းရောက်ပြီဆိုရင် လမ်းပေါ် အုတ်နီခဲထောင်ပြီး ကော်ဘောလုံး ၂ ထပ်နဲ့ အမုန်းကန်ခဲ့ကြတယ်။
တခါတလေ ခြေမကြီးကွဲသွားလိုက် 😁 ပုလင်းကွဲရှပြီး သွေးထွက်လိုက် 😁 နာလို့နာမှန်းမသိ ဘောလုံးကန်နေရရင်ကို အပျော်ကြီးပျော်ပြီး ကန်ခဲ့ကြသလို ချော်လဲလို့ ဒူးတွေပွန်းရင်လည်း စာမဖွဲ့ခဲ့ဘူးလေ။
ဘောလုံးကန်လို့ပြီးရင်လည်း ဘေးကမြောင်းထဲမှာ ရေကကူးလိုက်သေး။ တခါတလေ ဖင်မှာကျွဲမျှော့ကြီးကတွယ်လို့ပေါ့ 😂😂😂
ဪ ငယ်ဘဝ ငယ်ဘဝ အပူအပင်တွေကင်းခဲ့သလို ပျော်စရာတအားကောင်းခဲ့ပါလားနော် 😊