ပိုကျန်းမာ - Better Health

ပိုကျန်းမာ - Better Health ပိုကျန်းမာပြီး မကူးစက်နိုင်သောရောဂါများကင်းဝေးဖို့ နေထိုင်စားသောက်မှုပုံစံ ပြောင်းကြစို့

“ပိုကျန်းမာ” ကျန်းမာရေးအသိပညာပေးအစီအစဉ်သည် မကူးစက်နိုင်သော ရောဂါများ (Non-Communicable Diseases) ဆိုင်ရာ အသိပညာတိုးမြှင့်ပေးရေးနှင့် ပက်သက်သည့် အမူအကျင့်ပြောင်းလဲရေး တိုက်တွန်းနိုးဆော်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ မကူးစက်နိုင်သောရောဂါကြောင့် သေဆုံးမှုသည် နှစ်စဉ်ကမ္ဘာတစ်ဝှမ်းသေဆုံးမှု၏ ၇၀ ရာခိုင်နှုန်းကျော်ရှိပါသည်။ ပို၍အရေးကြီးသည်မှာ မကူးစက်နိုင်သောရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးမှု၏ ၈၀ ရာခိုင်နှုန

်းကျော်သည် ဝင်ငွေအနည်းဆုံးနှင့် အလယ်အလတ်ရှိသောနိုင်ငံများတွင် အဖြစ်များသည်။ ‘ပိုကျန်းမာ’ ကမ်ပိန်း၏ အဓိကရည်ရွယ်ချက်မှာ မကူးစက်နိုင်သောရောဂါများဖြစ်စေနိုင်သည့် အန္တရာယ်ရှိသော ပြုမူနေထိုင်စားသောက်မှုများကို အများပြည်သူသိရှိစေရန် ဆက်သွယ်ရေးနည်းလမ်း အမျိုးမျိုးတို့မှတစ်ဆင့် အသိပညာများမျှဝေပေးသွားရန် ရည်ရွယ်ပါသည်။

The "ပိုကျန်းမာ - Better Health" initiative is a behavior-changing campaign with the goal of enhancing awareness surrounding Non-Communicable Diseases (NCDs), which are responsible for over 70% of global deaths annually. Importantly, more than 80% of premature deaths due to NCDs occur in low- and middle-income countries. The campaign's primary objective is to educate the public about the significant risk factors associated with NCDs through various communication channels.

ယခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်မှာ 'ကျန်းမာရေးအတွက် အတူတကွ ဆောင်ရွက်စို့၊ သိပ္ပံပညာ နှင့်အတူ ရပ...
07/04/2026

ယခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်မှာ 'ကျန်းမာရေးအတွက် အတူတကွ ဆောင်ရွက်စို့၊ သိပ္ပံပညာ နှင့်အတူ ရပ်တည်စို့' ဖြစ်ပါသည်။
ဤဆောင်ပုဒ်သည် ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရန်အတွက် သိပ္ပံ ပညာဦးဆောင်သော တီထွင်ဆန်းသစ်မှုများ၏ အရေးပါသော အခန်းကဏ္ဍကို မီးမောင်းထိုးပြထားပြီး 'အားလုံး စုပေါင်းပါဝင်သော ကျန်းမာရေး' (One Health) ချဉ်းကပ်မှုအပေါ် အထူးအလေးပေးထားပါသည်။
ဤဆောင်ပုဒ်အောက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် လူသားတို့၏ အသက်ပေါင်းများစွာကို ကာကွယ်ရန်၊ ယုံကြည်မှုများကို ပြန်လည်တည်ဆောက်ရန်နှင့် ပိုမိုကျန်းမာသော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် အစိုးရများ၊ သိပ္ပံပညာ ရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး သိပ္ပံပညာနှင့်အတူ ရပ်တည်ကြပါရန် တိုက်တွန်းနှိုးဆော်ထား ပါသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ပိုကျန်းမာ - Better Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ပိုကျန်းမာ - Better Health:

Share