10/11/2023
ကျေးဇူးတင်လွှာ
ကျွန်တော်တို့ရဲ့ Breaking Boundaries Art Exhibition ဟာ အောင်မြင်စွာပြီးမြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ ပန်းချီပြပွဲ တစ်ခု သပ်သပ်မဟုတ်ဘဲ နားကြား နှင့် နားမကြားတို့အကြား ပန်းချီကားချပ်များမှ တဆင့် အပြန်အလှန် နားလည်ခြင်း ၊ ယဉ်ကျေးမှုများဖလှယ်ခြင်း နှင့် Communication Boundary ကို ပန်းချီကားတွေမှတဆင့် ဖြိုဖျက်ခြင်း စတဲ့ ရည်ရွယ်ချက်များကို အရင်းတည်ကာ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။
Breaking Boundaries ပွဲလေးအထမြောက်လာဖို့ အကူညီများစွာ ပေးခဲ့သူများရှိပါတယ်။ ပထမဦးစွာ Diamond Sponsor အဖြစ်ပါဝင် ကူညီခဲ့ပါသော Newton International College - NIC ၊ Platinum Sponsor အဖြစ် AYA SOMPO Insurance ၊ Gold Sponsor အဖြစ် AYA Pay ၊ ပွဲ မှတ်တမ်းဓာတ်ပုံများ နှင့် Video များ အတွက် Offical Media Partner အဖြစ် Thonenari Creation ၊ Drawing Tablet များကူညီခဲ့သော Creative Technology Coordinator အဖြစ် Huion Myanmar ၊ Breaking Boundaries Logo နှင့် ပြပွဲ အတွက် လိုအပ်သော graphics Designs များကူညီပေးခဲ့ပါသော Símbolo: Servicio - Digital Solutions and Services ၊ ပွဲကျင်းပရာနေရာ နှင့် Volunteer များ၏ Refreshment များအတွက် Special Discount များပေးခဲ့ပါသော Crafthood နှင့် Tablehood တို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။
နားမကြား ပရိတ်သတ်များ အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးခဲ့တဲ့ Volunteer များဖြစ်တဲ့ ကို Naw Din နှင့် ဆရာမ Naw Bway Say Wah အပြင် Deaf Signer အဖြစ် ကူညီပေးခဲ့သော ကိုဆောင်ယိမ်း ၊ မရှေးမြာ တို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ Master of Ceremony အဖြစ်ကူညီပေးခဲ့တဲ့ ကို မိုးမြင့်အောင်မိုး ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ထပ်မံပြီးတော့ ကျွန်တော်တို့ရဲ့ပြပွဲမှာ မိမိတို့ရဲ့ ပန်းချီ art work များကို လာရောက်ပြသပေးခဲ့တဲ့ Artist များကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ပွဲကိုလာရောက်ကြည့်ရှုသူ ပန်းချီဝါသနာရှင်များရဲ့ အားပေးမှုဟာလည်း ကျွန်တော်တို့ပန်းချီပြပွဲလေးရဲ့အောင်မြင်မှုပါ။ လာရောက်ကြည့်ရှုကြသူ တဦးတယောက်ချင်းစီကို ကျေးဇူးတင်ရှိပါတယ်။
ပြပွဲအကြောင်း ပန်းချီဝါသနာရှင်များပိုမိုသိရှိအောင် Breaking Boundaries ပွဲလေးအကြောင်း စေတနာထက်သန်စွာဖြင့် ကူညီမျှဝေပေးပြီး ၊ အမှတ်တရစကားများ ၊လက်ဆောင်များပေးပို့ခဲ့ပါတဲ့ Social Media Partner များဖြစ်တဲ့ Sign of Law ၊ Talk With Me ၊ Youth InnoLab Myanmar ၊ Conceptians ၊ Your Educational Researcher-YER နှင့် ကနုတ် - Kanote Art Platform အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါတယ်။
နောက်ဆုံးဆိုပေမယ့် အရေးပါဆုံးဖြစ်ပြီး အထူးကျေးဇူးတင်ရမှာကတော့ Breaking Boundaries Art Exhibition ရဲ့ Vounteer များပဲဖြစ်ပါတယ်။ သူတို့ကြောင့်သာ Breaking Boundaries ရုပ်လုံးပေါ်လာတာဖြစ်ပါတယ်။ Volunteer မလျှောက်ထားသည့်တိုင် ခင်မင်ရင်းနှီးမှုကို အကြောင်းပြုကာ လာရောက်ကူညီပေးခဲ့သူများစွာကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါရစေ။
ပွဲကို လာရောက်စဉ်ကာလအတွင်း အဆင်မပြေမှု ၊ အခက်အခဲ တစုံတရာ ကြုံတွေ့ခဲ့ရသည်ရှိသော် Organizer team ရဲ့ ညံ့ဖျင်းမှုကြောင့်သာဖြစ်ပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများရှိခဲ့လျှင် အနူးအညွန့်တောင်းပန်ပါရစေ။
Breaking Boundaries Art Exhibition ကို လာရောက်ရင်း ဖြစ်ခဲ့တဲ့ အမှတ်တရလေးတွေ ၊ အကြံပြုချင်တာလေးတွေရှိရင် comment မှာပြန်လည်မျှဝေပေးခဲ့ပါဦးခင်ဗျာ။