21/08/2026
စန္ဒာမျိုးဟာ ရှမ်းပြည်ရွာလေးတွေမှာ အထည်လက်ကားရောင်းဝယ်ရေး လုပ်ငန်းကိုလုပ်ကိုင်နေတာ (၂) နှစ်ကျော်ရှိပါပြီ။ လုပ်ငန်းစတင်ချိန်မှာ ရပ်ကွက်အတွင်း လပေးစနစ်နဲ့ ရောင်းချခဲ့ရတာကြောင့် အခက်အခဲတချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ BRAC Myanmar ကနေ ချေးငွေယူပြီးချိန်မှာတော့ သူမရဲ့ အလုပ်မှာ ရင်းနှီးမြှုပ်နှံခဲ့ပြီး အထည်တွေကို နီးစပ်ရာရွာတွေအထိ လက်ကားပြန်လည် ဖြန့်ဖြူးနိုင်ခဲ့ကာ ပုံမှန်ဝင်ငွေလည်းတိုးလာခဲ့ပါတယ်။
“အနာဂတ်မှာ ကိုယ်ပိုင်နာမည်နဲ့ အထည်ဆိုင်လေးတစ်ဆိုင်ဖွင့်ချင်တယ်။ အသက်ငယ်သေးတဲ့အချိန်မှာ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြစ်တင်မှုတွေနဲ့ အခက်အခဲတွေဘယ်လိုပဲ ရှိနေပါစေ ကိုယ်တိုင်ကြိုးစားချင်စိတ်နဲ့ အခွင့်အလမ်းမှန်ကို ဆုပ်ကိုင်နိုင်ရင် အောင်မြင်အောင်ရုန်းထွက်နိုင်တယ်ဆိုတာကို တခြားအမျိုးသမီးငယ်တွေကိုပါ သက်သေပြချင်တယ်” လို့ စန္ဒာမျိုးကပြောပါတယ်။
……………………….
Sandar Myo has been running a wholesale clothing business across villages in Shan State for more than two years. When she first started her business, she faced several challenges as she had to sell her products on a monthly payment basis within her community. After taking a loan from BRAC Myanmar, she invested in her business and was able to expand her wholesale distribution to nearby villages. As a result, her regular income has also increased.
“In the future, I hope to open my own clothing shop under my own name. I want to prove to other young women that no matter what challenges or criticism they may face from those around them, if they have the determination to work hard and seize the right opportunities, they can overcome difficulties and achieve success,” said Sanda Myo.