Hlau Ra Aung - လှူရအောင်

Hlau Ra Aung - လှူရအောင် "လှူ" ဒါန်းမှုပြုလုပ်ရခြင်းအကျိုးကြောင့်
ကုသိုလ်ကောင်းကျိုးတွေ "ရ" ပြီး
"အောင်" မြင်ချမ်းသာပြည့်စုံကြပါစေ။ 🙏

‼️"လှူရအောင်" နှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါဝန်ထမ်းများအလိုရှိသည်။✅Page Admin - 2 Posts- အသက် ၁၈ - ၃၀- အထက်တန်းအောင် (...
08/03/2025

‼️"လှူရအောင်" နှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါဝန်ထမ်းများအလိုရှိသည်။

✅Page Admin - 2 Posts
- အသက် ၁၈ - ၃၀
- အထက်တန်းအောင် (သို့) တက္ကသိုလ်တတ်ရောက်ဆဲ (သို့) ကျောင်းကိစ္စကင်းရှင်းသူ
- Page Reply, Comment Reply, Customer Complaint များ ကိုင်တွယ်ရမည်ဖြစ်၍ စကားပြောယဉ်ကျေးပြီး စိတ်ရှည်သူဖြစ်ရပါမည်။
- လူအများနှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်၍ Team work ကောင်းသူဖြစ်ရပါမည်။
- Team မှ သတ်မှတ်ထားသော ပို့စ်များကို ပုံမှန်တင်ပေးရမည်ဖြစ်သောကြောင့် Facebook, Viber, TikTok Platform များကို ရင်းနှီးကျွမ်းဝင်သူဖြစ်ရပါမည်။ (Email ပို့ရမည်များလည်းရှိ၍ သုံးတတ်လျှင်ပိုကောင်းပါသည်။)

✅Office Staff - 2 Posts
- အသက် ၁၈ - ၃၅
- အထက်တန်းအောင် (သို့) တက္ကသိုလ်တတ်ရောက်ဆဲ (သို့) ကျောင်းကိစ္စကင်းရှင်းသူ
- ရုံးတွင်လိုအပ်သော စာစီစာရိုက်၊ စာရွက်စာတမ်းကိစ္စများစီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်၍ စာစီစာရိုက်ကျွမ်းကျင်၍ Computer သုံးနိုင်ရပါမည်။
- ရုံးအတွက်လိုအပ်သော ပစ္စည်းများကိုစနစ်တကျထိန်းသိမ်းကာ စာရင်းသွင်းရမည်ဖြစ်သောကြောင့် တိကျသေချာသူဖြစ်ရပါမည်။
- ရုံးအတွက်လိုအပ်သောပစ္စည်းများဝယ်ရာတွင်လည်း ကူညီရမည်ဖြစ်၍ စေ့စပ်သေချာပြီး ရိုးသားသူဖြစ်ရပါမည်။
- လူအများနှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်၍ Team work ကောင်းသူဖြစ်ရပါမည်။

📌Position ၂ ခုလုံးသည် Management မှ ချမှတ်ထားသော ရည်ရွယ်ချက်များကို ရယူရာတွင်ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်‌၍ ရိုးသားကြိုးစားပြီး သင်ယူတတ်မြောက်ချင်စိတ်ရှိသူများလျှောက်ထားနိုင်ပါသည်။
‼️အတွေအကြုံရှိဖို့မလိုပါ။

လျှောက်ထားလိုပါက အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်။

📱ဆက်သွယ်ရန်ဖုန်း
09 449 615 615
09 789 789 797

✉️ ဆိုင်လိပ်စာ
အမှတ် ၁၅၉ သီဟသူလမ်းအရှေ့၊ ၁၁ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။


#လှူရအောင်



📌"စတု" (၄) "ဒိသာ" အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာများမှာရှိတဲ့ လူတန်းစားမရွေးကို ကျွေးမွေးလှူဒါန်းနိုင်တဲ့စတ...
15/02/2025

📌"စတု" (၄) "ဒိသာ" အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာများမှာရှိတဲ့ လူတန်းစားမရွေးကို ကျွေးမွေးလှူဒါန်းနိုင်တဲ့စတုဒိသာ...

👉မြန်မာတို့ရဲ့ ချစ်စဖွယ် ဓလေ့တစ်ခုဖြစ်တဲ့ စတုဒိသာယဉ်ကျေးမှုကို အထိမ်းအမှတ်အလှူဒါနပြုလို၍လည်းကောင်း အောင်ပွဲအထိမ်းအမှတ်အနေနဲ့လည်းကောင်း ပြုလုပ်လေ့ရှိကြပါတယ်။
🔸စတုဒိသာက ဟိုးကတည်းကဆင်းသက်လာပြီး ယနေ့ထက်ထိလည်းကျင့်သုံးကြတဲ့ အလှူဒါနပြုကြသူတို့ရဲ့ ယဉ်ကျေးမှုတစ်ခုဆိုလည်းမမှားပါဘူး။

🔸စတုဒိသာ ဆိုတဲ့အတိုင်း အရပ်လေးမျက်နှာမှ လာရောက်ကြသူ အယုတ်၊ အလတ်၊ အမြတ်မရွေး လူတိုင်းစိတ်ကျေနပ်သည်အထိ ဝင်ရောက်စားသုံးနိုင်တဲ့ အလှူတစ်ခုဖြစ်တာကြောင့်
‼️လာရောက်သုံးဆောင်သူတွေလည်း ပျော်ရွှင်ကြသလို အလှူရှင်များလည်း ဝမ်းသာပီတိဖြစ်ကြရတဲ့ အလှူတစ်မျိုးလည်းဖြစ်ပါတယ်ရှင်။

✨"လှူရအောင်" မှလည်း အလှူရှင်များလှူဒါန်းလိုသော
✅ အိမ်၊ လမ်း၊ ရပ်ကွက်အတွင်းမှာ လာရောက်သုံးဆောင်သူများအတွက် စားသောက်ဖွယ်ရာများကို စားပွဲ၊ ထိုင်ခုံများနှင့် စီစဉ်လှူဒါန်းပေးခြင်း။ (သို့မဟုတ်)
✅ စားသောက်ဖွယ်ရာများကို ပါဆယ်ဘူး (Takeaway Box) များနှင့် ပြင်ဆင်လှူဒါန်းပေးခြင်း။ စသည့်ဝန်ဆောင်မှုများပေးနေပါတယ်။

👉လှူဖွယ်များကိုလည်း အရည်အသွေးကောင်းမွန်သောပါဝင်ပစ္စည်းများအသုံးပြုထားပြီး၊ သေသပ်သော နေရာထိုင်ခင်းများကို ပြင်ဆင်ပေး၍ ဝန်ထမ်းများကိုယ်တိုင် အလှူစချိန်မှ အလှူပြီးမြောက်သည်အထိ အစ၊ အလယ်၊ အဆုံး ကြီးကြပ်ကူညီပေးမှာပါရှင်။

✨"လှူရအောင်" ရဲ့ ဝန်ဆောင်မှုကိုအားပေးသူလူကြီးမင်းများအနေနဲ့လည်း အချိန်မကုန် လူမပင်ပန်းရပဲ စိတ်ကူးထားတဲ့ အလှူဒါနလေးတစ်ခုကို အကောင်အထည်ဖော်နိုင်ပြီး စိတ်ချမ်းသာစေဖို့အာမခံပါတယ်ရှင်။

📌စတုဒိသာအလှူ ပြုလုပ်နိုင်သောနေရာများ
- အလှူရှင်များ၏ အိမ်ဂေဟာနှင့် ရပ်ကွက်အတွင်း
- ဆိပ်ကမ်းများ၊
- ကျူးကျော်ရပ်ကွက်များတွင် တည်ခင််းကျွေးမွေးနိုင်ပါသည်။

📌"လှူရအောင်"၏ ဝန်ဆောင်မှုများ
- သန့်ရှင်းလတ်ဆတ်သော လှူဖွယ်အစားသောက်အမျိုးမျိုးကို လှူဒါန်းလိုသောလူဦး‌ရေအတိုင်း လောက်ငှအောင် စီမံချက်ပြုတ်ပေးခြင်း။
- လှူဒါန်းလိုသောလူဦးရေနှင့် လောက်ငှအောင် ပန်းကန်၊ ဇွန်းနှင့် ခွက်ယောက်များပြင်ဆင်ပေးခြင်း။
- အစားအသောက်အလေအ‌လွင့်မဖြစ်‌စေရန်နှင့် အလှူကိုအဆင်ပြေချောမွေ့စေရန် ကူညီမည့် ဝန်ထမ်းများစီစဉ်ပေးခြင်း။
- လှူဒါန်းရန်နေရာများကို ကြိုတင်ချိတ်ဆက်ပေးထားခြင်း။
- လှူဒါန်းလိုသောနေရာအရောက် ပို့ဆောင်ပေးခြင်း။
- ကိုယ်စားလှူဒါန်းပေးခြင်း။

📌အလှူရှင်ဖက်မှ ပြင်ဆင်ထားရမည့်အချက်များ
- အလှူကိစ္စအတွက် ကိုယ်စားလှယ်တစ်ယောက်ထားပေးရန်။
- အိုးခွက်ပန်းကန်များဆေးကြောရန် ဆပ်ပြာ၊ ရေ၊ လူတစ်ယောက်စီစဉ်ပေးထားပါရန်။

📌ဘာတွေလှူလို့ရသလဲ?
၁။ ကြက်သားဆန်ပြုတ်
၂။ ကြက်သားကြာဇံချက်
၃။ ကြာဇံ/ခေါက်ဆွဲကြော် (သက်သတ်လွတ်/ကြက်သား)
၄။ ပဲပြုတ်ထမင်း ကြက်ဥကြော်
၅။ လက်ဖက်ထမင်း ကြက်ဥကြော်
၆။ မုန့်ဟင်းခါး (အလွတ်/ပဲကြော်)
၇။ ထမင်းဖြူ ဘဲဥဟင်း သရက်ချဉ်သုပ်
၈။ ထမင်းဖြူ ဘဲဥဟင်း ပဲပင်ပေါက်ပဲပြားကြော်
၉။ ထမင်းဖြူ ဘဲဥဆီပြန် သီးစုံကုလားဟင်း
၁၀။ ထမင်းဖြူ ဘဲဥသီးစုံပဲကုလားဟင်း အငံကြော်
၁၁။ ထမင်းဖြူ ငါးဆုပ်ဟင်း အရံဟင်း
၁၂။ ထမင်းဖြူ ငါးဖယ်ဟင်း ချဉ်ရည်ဟင်း
၁၃။ ထမင်းဖြူ ကြက်ပဲဟင်း ငြုပ်သီးထောင်း
၁၄။ ထမင်းဖြူ ကြက်သားဟင်း အရံဟင်း
၁၅။ ထမင်းဖြူ ကြက်သားဘူးသီးဟင်း အငံကြော် တို့ကို လူ (၂၀၀) စာမှစတင်၍ လှူဒါန်းနိုင်ပါသည်။

*သန့်ရှင်းလတ်ဆတ်သော ပါဝင်ပစ္စည်းများကိုသာ အသုံးပြုထားပါသည်။*

📌ငွေလွှဲအချက်အလက်များ
Account Name - Nilar Win
09449615615 (KPay, AYA Pay, Wave Pay)

📱ဆက်သွယ်ရန်ဖုန်း
09 449 615 615
09 789 789 797

✉️ ဆိုင်လိပ်စာ
အမှတ် ၁၅၉ သီဟသူလမ်းအရှေ့၊ ၁၁ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။


#လှူရအောင်
#စတုဒီသာ

✨ဒါန = ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း။👉ဒါနဖြစ်မြောက်စေရန် အလှူအင်္ဂါရပ် (၄)ပါးလိုအပ်ပါတယ်။(၁) အလှူပေးပုဂ္ဂိုလ်(၂) အလှူခံပုဂ...
05/02/2025

✨ဒါန = ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း။

👉ဒါနဖြစ်မြောက်စေရန် အလှူအင်္ဂါရပ် (၄)ပါးလိုအပ်ပါတယ်။
(၁) အလှူပေးပုဂ္ဂိုလ်
(၂) အလှူခံပုဂ္ဂိုလ်
(၃) လှူဖွယ်ဝတ္ထု
(၄) လှူလိုသော စေတနာ (စေတနာ သုံးတန် - ပုဗ္ဗ၊ မုဉ္စ၊ အပရ)

🔸ပုဗ္ဗ - မလှူခင်ကာလဖြစ်ပေါ်သောစေတနာ
🔸မုဉ္စ - အလှူပေးနေဆဲအချိန်ဖြစ်ပေါ်သောစေတနာ
🔸အပရ - လှူပြီး ဝမ်းမြောက်ပီတိဖြစ်သောစေတနာ

📌အလှူမှာ စေတနာက အဓိကကျပြီး စေတနာကအကျိုးပေး‌လေ့ရှိပါတယ်။
ဒါကြောင့် အလှူရှင်များက ✨စေတနာအရင်းခံဖြင့် ကိုယ်တတ်နိုင်သလောက် လိုအပ်သူများကို ကူညီနိုင်တယ်ဆိုရင် ကျွန်မတို့ "လှူရအောင်"မှ ✨လုပ်အားဒါနကိုပေးလှူချင်ပါတယ်ရှင်။

‼️အလှူရှင်၊ အလှူခံပုဂ္ဂိုလ်၊ လုပ်အားအလှူပေးသူ ၃ဦး စလုံးအကျိုးရှိပြီး အလှူဖြစ်မြောက်စေမှာမို့ ✨လှူချင်တဲ့ စေတနာရှိရုံနဲ့သာလာခဲ့ပါ။
"လှူရအောင်"မိသားစုမှလည်း မိမိကိုယ်တိုင်လှူသကဲ့သိုစေတနာထားပြီး
✅အမှန်တကယ်လိုအပ်သော အလှူခံပုဂ္ဂိုလ်ရှာဖွေပေးခြင်းနှင့်
✅လှူဖွယ်ပစ္စည်းများပြင်ဆင်ပေးခြင်းအပြင် နေရာ‌အရောက်၊
✅လိုအပ်နေသူများထံ လက်အရောက် ပို့ဆောင်လှူဒါန်းပေးမှာဖြစ်ပါတယ်။

အထိမ်းအမှတ် နှင့် နေ့ထူး‌နေ့မြတ်များတွင် လှူဒါန်းနိုင်‌သောအလှူဒါနများမှာ
🔸 ဘုရားဆွမ်းတော်ပွဲအလှူများ
🔸 ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများ၊ ကျန်းမာရေးမကောင်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ နှင့် အခြားသောလိုအပ်သူများအတွက် အင်အားဖြစ်စေမယ့် အာဟာရဒါနအလှူ
🔸 အယုတ်၊ အလတ်၊ အမြတ်မရွေး ထမင်းရည်ချောင်းစီးလှူဒါန်းနိုင်ပြီး စိတ်ပျော်ရွှင်ပီတိဖြစ်ရတဲ့စတုဒီသာအလှူ
🔸 လူတိုင်း၊ အိမ်တိုင်းအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ အခြေခံစားသောက်ကုန်များလှူဒါန်းပေးနိုင်ပြီး လက်ခံရသူတို့ပျော်ရွှင်ဝမ်းမြောက်စေမယ့် ကာလဒါနအလှူ တို့ဖြစ်ပါတယ်။

📌"လှူရအောင်" နဲ့ လက်တွဲလှူဒါန်းခြင်းအားဖြင့်
🙏အလှူရှင် - အချိန်ကုန်၊ လူပင်ပန်းသက်သာခြင်း။ စေတနာ ၃တန်ဖြင့်လှူဒါန်းခြင်းကြောင့် ကုသိုလ်ထူးရရှိခြင်း။
🙏အလှူခံပုဂ္ဂိုလ် - လိုအပ်နေသောအချိန်၊ လိုအပ်သည်များရရှိနိုင်ခြင်း။
🙏လုပ်အားဒါနပြုသူ - သူတစ်ပါးအလှူကို ဝမ်းမြောက်၍ ကူညီကာစေတနာဖြစ်ပေါ်ခြင်း၌ ကုသိုလ်ရရှိခြင်း။ စတဲ့ အကျိုးကျေးဇူးတွေ ခံစားရစေနိုင်မှာပါ။

ဒါ့ကြောင့် လှူဖို့စိတ်ကူးထားတာနဲ့ အကောင်အထည်ဖော်ဖြစ်အောင် "လှူရအောင်" ကို ဆက်သွယ်နိုင်ပါပြီနော်။

📱ဆက်သွယ်ရန်ဖုန်း - 09 449 615 615, 09 789 789 797

✉️ ဆိုင်လိပ်စာ
အမှတ် ၁၅၉ သီဟသူလမ်းအရှေ့၊ ၁၁ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့


#လှူရအောင်
#အလှူဒါန
#စေတနာ

🙏ဒါနဆန်ပါရှင်...‼️ချက်ပြီးသားဆွမ်းအလှူခံခွင့်မရှိ၊ ဘာသာရေးပွဲတွေမှာလည်း ဖိတ်ကြားခံရခြင်းနည်းပါးတဲ့ သီလရှင် ဆရာလေး၊ ဆရာကြ...
03/02/2025

🙏ဒါနဆန်ပါရှင်...

‼️ချက်ပြီးသားဆွမ်းအလှူခံခွင့်မရှိ၊ ဘာသာရေးပွဲတွေမှာလည်း ဖိတ်ကြားခံရခြင်းနည်းပါးတဲ့ သီလရှင် ဆရာလေး၊ ဆရာကြီးများဟာ ပုံမှန်အချိန်တွေမှာတောင် ဆွမ်းကွမ်းရှားပါးလေ့ရှိကြပါတယ်။

👉ဒါ့အပြင် ခိုကိုးရာမဲ့ ကလေးများကိုလည်းစောင့်ရှောက်ထားကြတဲ့ သီလရှင်ကျောင်းတွေလည်းအများကြီးရှိပါသေးတယ်။

အခုလိုကြပ်တည်းတဲ့ကာလတွေမှာဆို အလှူရှင်များအဖို့လည်း အဆင်မပြေတဲ့အတွက် ‼️"ကန်တော့ဆန်"တွေများလို့ နေပူစပ်ခါးထဲ မြို့အနှံ့အလှူခံရတဲ့ သီလရှင်တွေမှာ ပိုလို့တောင် ခက်ခဲကြပါဦးမယ်။

📌ဒါ့ကြောင့် အလှူတစ်ခုပြုလုပ်ဖို့ဆန္ဒရှိသူ လူကြီးမင်းများအနေနဲ့ ဒီလိုမျိုး အလှူရှင်ရှားပါးတဲ့ သီလရှင်ကျောင်း၊ စာသင်တိုက်တွေကို လှူဒါန်းဖို့တိုက်တွန်းပါရစေရှင်။

🙏လူကြီးမင်းတို့ရဲ့ လှူဒါန်းမှုလေးတစ်ခုက သာသနာအနွယ်ဝင် "ဒါနဆန်များရှင်" တွေကို အထောက်ပံ့ကောင်းတစ်ခုဖြစ်စေနိုင်မှာပါ။

လှူဒါန်းချင်စိတ်ရှိပြီး အလုပ်မအားလပ်သောလူကြီးမင်းများအတွက် အလှူအထမြောက်စေရန်
- လှူဒါန်းမည့်နေရာရှာဖွေပေးခြင်း။
- သပ်ရပ်သန့်ရှင်းသောလှူဖွယ်များပြင်ဆင်ပေးခြင်း။
- လှူဖွယ်များကိုနေရာအရောက်ပို့ဆောင်ပေးခြင်း။
- အလှူမှတ်တမ်းတင်ပေးခြင်း။ အစရှိတဲ့ ဝန်ဆောင်မှုများဖြင့် အစ၊ အလယ်၊ အဆုံး ကူညီပေးမယ့် ✨"လှူရအောင်"ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်။

📱09789789797
📱09449615615

✉️ဆိုင်လိပ်စာ
အမှတ် (၁၅၉)၊ သီဟသူလမ်းအရှေ့၊ (၁၁) ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်။ (သုမင်္ဂလာလမ်းမကြီးပေါ်မှ သုဓမ္မာဓမ္မာရုံဘေး၊ (၁၄-၁၅) လမ်းဆုံနှင့် ပဒေသာလမ်းဆုံကြား။)

ငွေလွှဲဖုန်း - 09449615615

#လှူရအောင်

#သီလရှင်

ယနေ့ ၃၀/၁/၂၀၂၅ (ကြာသပတေးနေ့)တွင်   မန္တလေးမြို့နေ ဦးအောင်ချမ်းသာ၏၄၀ နှစ်ပြည့်မွေးနေ့အလှူ အဖြစ်  လှူဒါန်းသော ခင်ပွန်းကြီး...
30/01/2025

ယနေ့ ၃၀/၁/၂၀၂၅ (ကြာသပတေးနေ့)တွင် မန္တလေးမြို့နေ ဦးအောင်ချမ်းသာ၏
၄၀ နှစ်ပြည့်မွေးနေ့အလှူ အဖြစ် လှူဒါန်းသော ခင်ပွန်းကြီးဆယ်ပါးဆွမ်းပွဲ ကို ဆူးလေစေတီ ဗုဒ္ဓဟူးထောင့်တွင် အလှူရှင်ကိုယ်စား လှူရအောင်မိသားစုမှ စီစဉ်ဆက်ကပ်လှူဒါန်းပေးခဲ့ပါတယ်ရှင်။

ဘုရားတွင်လှူထားသော ဆွမ်းခဲဖွယ်များကို ဘုရားအနီးရှိ သံဃာတော်များကို ပြန်လည်လှူဒါန်းပေးခဲ့တဲ့အတွက် အလှူရှင် ကုသိုလ်တွေ အကြိမ်ကြိမ်ရရှိနိုင်မှာပါရှင်...

ယခုလို လှူဒါန်းရခြင်းကုသိုလ်ကြောင့်
အလှူရှင်မိသားစုဝင်များအားလုံးသည်
😇 ကျန်းမာရေးအထူးကောင်းမွန်ပါစေ
😇 အနှောက်အယှက်များကင်းဝေး၍ ဘဝလမ်းခရီး သာယာဖြောင့်ဖြူးပါစေ
😇 သံသရာတလျှောက်ကောင်းမွန်သောရေစက် များနှင့်သာ ဆုံစည်းရပါစေ
😇 ဖျားနာကင်းပြီး အသက်ရှည်ကျန်းမာ အနာရောဂါကင်းဝေးပါစေ
😇 အိမ်တွင်း အိမ်ပ ပူပင်သောက အကုန်ငြိမ်းပါစေ
😇 စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ
😇 စီးပွား‌ရေးအလုပ်အကိုင်များလည်း အဆင်ပြေ၍ ပစ္စည်းဥစ္စာများလည်း တိုးပွားပါစေ
😇 ကပ်ဘေးများမှလည်း ကင်းလွတ်နိုင်ပါစေ
လောကီ လောကုတ္တရာ နှစ်ဖြာ‌သော ကောင်းကျိုးကို ခံစားရပါစေ
😇 သာသနာ့အကျိုးလည်းသယ်ပိုးနိုင်ပါစေ
😇 ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လို့
“လှူရအောင် မိသားစု” မှ ဆုတောင်းပေးပါတယ်ရှင်....

🙏 နတ်လူသာဓုခေါ်စေသော်ဝ်...
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

ဆက်သွယ်လိုသူများအနေဖြင့်
Page Messenger အပြင် အောက်ပါလိပ်စာ၊ ဖုန်းနံပါတ်များကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်….

လှူရအောင်မိသားစု
၁၅၉ သီဟသူလမ်းအရှေ့၊ ၁၁ ရပ်ကွက်
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Phone 09 449 615 615 / 09 789 789 797

#လှူရအောင်

#ဆွမ်းတော်ပွဲ
#ကာလဒါန
#အဟာရဒါန
#အလှူဝန်ဆောင်မှု
#အလှူဒါန #စတုဒီသာ #အလှူ #ဒါန #ဆွမ်းတော် #ဘုရားဆွမ်းတော်အလှူ #မွေးနေ့အလှူ #ဓာတ်ကြီး၄ပါး #ခင်ပွန်းကြီးဆယ်ပါး #ဆွမ်း

ယခုအခါ Page အတုများ လိမ်လည်မှုများစွာတွေ့နေရပါသောကြောင့် ငွေလွှဲအချက်အလက်များကို ဖော်ပြအပ်ပါသည်။ ဆိုင်ကိုလာရောက်ပေးနိုင်ပါက ပိုစိတ်ချရပါသည်။ လိမ်လည်သူများက Kpay ကိုသာအများဆုံးအသုံးပြုကြပါသည်။

ငွေလွှဲအချက်အလက်များ
Nilar Win
KBZ Pay 09449615615
AYA Pay 09449615615
Wave 09449615615

CB 0010 ###x ###x x297
AYA 200###xx393
KBZ 0043#########x301

KBZ Special 0045#########x301
CB Special 200#########x887
AYA Special 400###xx920

မိမိကိုယ်တိုင်ဦးဆောင်၍ (၃၁)ဘုံသားတို့နဲ့အတူတကွယှဉ်တွဲကုသိုလ်ပြုနိုင်တဲ့ ဓာတ်ကြီးလေးပါးအလှူ...📌ဓာတ်ကြီးလေးပါးဆွမ်း ဘာကြော...
21/01/2025

မိမိကိုယ်တိုင်ဦးဆောင်၍ (၃၁)ဘုံသားတို့နဲ့အတူတကွယှဉ်တွဲကုသိုလ်ပြုနိုင်တဲ့ ဓာတ်ကြီးလေးပါးအလှူ...

📌ဓာတ်ကြီးလေးပါးဆွမ်း ဘာကြောင့်ကပ်လှူကြသလဲ?
- ဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ကိုကျန်းမာစေရန်
- ကံအညံ့များ ပြေပျောက်စေရန်
- ရောဂါဝေဒနာခံစားနေရသူများအတွက်လည်း ကျန်းမာရေးကောင်းလာစေရန် ယတြာတစ်ခုအနေဖြင့် ဓာတ်ကြီးလေးပါးဆွမ်းကပ်လှူပူဇော်လေ့ရှိကြပါတယ်။

📌 လှူဒါန်းပူဇော်နိုင်သည့်နေ့များ
- မိမိမွေးနေ့ (သို့မဟုတ်) လပြည့်နေ့များတွင် ကပ်လှူပူဇော်နိုင်ပါသည်။
- လစဉ်ပုံမှန်ကပ်လှူနိုင်ပါက လက်တွေ့တွင် ကျန်းမာရေးကောင်းပြီး ကံကောင်းနိုင်သလို စိတ်အေးချမ်းမှုကိုရရှိနိုင်ပါတယ်။

📌 လှူဒါန်းနိုင်သောနေရာများ
- နေအိမ်ရှိဘုရားတွင်လည်းကောင်း အခြားသောစေတီပုထိုးများတွင်လည်းကောင်းကပ်လှူပူဇော်နိုင်ပါတယ်။

ဓာတ်ကြီးလေးပါးဆွမ်းကပ်လှူရန် ပြင်ဆင်ပုံအဆင့်ဆင့်

✅ လှူဒါန်းရန် လိုအပ်သည့်ပစ္စည်းများ

🍂 အသက်နှင့်ခန္ဓာကို ကိုယ်စားပြုမည့် ပထဝီဓါတ် (၂၀)အတွက် = ဆွမ်းပွဲ (၂၀)၊ သစ်သီး(၉)မျိုး (တစ်စိတ်စီ) (သို့မဟုတ်) ယို(၉)မျိုး။

🌊 ခန္ဓာကိုယ်တွင်းရှိ ရေဓါတ်ကိုကိုယ်စားပြုလှူဒါန်းရန် = ရေတော် (၁၂) ခွက်။

🔥 ခန္ဓာကိုယ်တွင်းရှိ တေဇောဓါတ်(၄)ပါးကို ကိုယ်စားပြုလှူဒါန်းရန် = အလင်းတိုင် (၄)တိုင်။

🌀 ခန္ဓာကိုယ်ရှိ ဝါယောဓါတ်(၆)ပါးကို ကိုယ်စားပြုမည့် - ယပ်တော် (၆)ချောင်း [ဖန်ခွက် (သို့မဟုတ်) ပန်းအိုးတစ်အိုးတည်းစုပြီးစိုက်ထားရပါမည်။ ပန်းနှင့်ရောပြီးလည်း လှူဒါန်းနိုင်ပါသည်။]

✅ လှူဖွယ်များကို စားပွဲတစ်ခုပေါ်တွင် ပိတ်ဖြူ (သို့မဟုတ်) စားပွဲခင်းခင်းကာ စီရီစွာတင်ထားပြီး မြတ်စွာဘုရားနှင့် သံဃာတော်များကို အမှန်တကယ်ကပ်လှူရန် ရည်ရွယ်ချက်ဖြင့် အနေကထိုင်များပြင်ဆင်ထားဖို့လိုပါသည်။
✅ ဆွမ်းတော်မကပ်လှူခင် ကိုယ်လက်သန့်ရှင်းခြင်းနှင့် ကောင်းမွန်သန့်ရှင်းသော အဝတ်အထည်များကိုလဲလှယ်ပြီးစိတ်ကြည်လင်စွာဖြင့် ဓာတ်ကြီးလေးပါးဆွမ်းကို စတင်ဆက်ကပ်လှူဒါန်းနိုင်ပါပြီ။

‼️မှတ်ချက်။ ။ မိမိနေအိမ်တွင်ကပ်လှူမည်ဆိုပါက နတ်ကောင်းနတ်မြတ်များ၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ကြွရောက်မည်ဖြစ်၍ နေအိမ်တံခါး ဖွင့်ပေးထားရန်လိုအပ်ပါသည်။

🙏 လှူဒါန်းစဉ်တွင် ရွတ်ဖတ် ပူဇော်ရန် အဆင့်ဆင့်

🙏 ပင့်ဖိတ်တိုင်တည်ရန်စကား
"ဘုန်းတော် အနန္တ၊ ဉာဏ်တော် အနန္တ၊ ကံတော် အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော် အနန္တတို့နှင့် ပြည့်စုံတော်မူကြကုန်သော သံ၊ ဂုံ၊ ပ၊ မ (ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ) ဗုဒ္ဓ လေးဆူ အောင်တော်မူ မြတ်စွာဘုရား
တပည့်တော်/မတို့သည် မနက်ဖြန်မနက် အာရုဏ်တက်သောအခါတွင် ရှင်တော်မြတ်ဘုရားနှင့်တကွ
ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်၊ ရှင်မဟာကဿဖ၊ ရှင်ပိဏ္ဍောလ၊ ရှင်သိဝလိ၊ ရှင်ပိလိန္ဒဝစ္ဆ၊
ရှင်ဥပဂုတ္တ လေးပါး (ရှင်ဥပဂုတ္တ၊ ရှင်သာရစက္က၊ ရှင်သကောသက္ကာ၊ ရှင်မေဒရ) အစရှိသော
လက်ဝဲရံ လက်ယျာရံ အဂ္ဂသာဝကာ မဟာသာဝကာ တပည့်သံဃာတော်မြတ်တို့အား ဓာတ်ကြီးလေးပါးဆွမ်း အလှူဒါန အဝဝတို့ကို ကပ်လှူ ပူဇော်လိုပါသောကြောင့် တပည့်တော်တို့အား ချီးမြှောက်ထောက်ပံ့သောအားဖြင့် တပည့်တော်တို့၏အိမ်ဂေဟာ(လှူဒါန်းမှုပြုသောနေရာ) သို့ ဓာတ်ကြီးလေးပါးဆွမ်း အလှူခံတော်မူရန်နှင့် ဆွမ်းဘုန်းပေး သုံးဆောင်တော်မူပါရန် တပည့်သံဃာတော်မြတ်များနှင့်တကွကြွတော်မူပါရန် ရိုသေမြတ်နိုး လက်ဆုံမိုး၍ရှိခိုးပင့်လျှောက်ပါ၏ အရှင်မြတ်ကြီးဘုရား။ ”

"ထို့အပြင် ဘဝသံသရာ အဆက်ဆက်က တော်စပ်ခဲ့ဖူးသော အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိဘဖိုးဖွား ဆရာသမားများအား အစထား၍ ဣဒ္ဓိရှင်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ဘုန်းရှင်ကံရှင်များဖြစ်ကြသော အရိယာဝိဇ္ဇာတို့မှ အစပြုသော အင်းဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာနှင့် ဂန္ဓာရီဝိဇ္ဇာများ၊ သိကြားဗြဟ္မာ၊ ပဇာပတိ၊ မာတလိ၊ ဝိသကြုံ၊ မဟာဓတရဠ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ၊ အာကာသစိုး၊ ဘုမ္မစိုး၊ (တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး ၊သောကြာ စနေ ရာဟု ကိတ်)ဂြိုလ်မင်း အပေါင်းတို့နှင့်

တန်ခိုးထင်ရှား နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗနှင့်(၃၇)မင်း၊ အတွင်းနတ်၊ အပြင်နတ် မလစ်မလပ် တိုင်းခေတ် စကြာဝဠာ အသင်္ချေ၊အသချာၤ ရေသော်များလှ အနန္တ၌ နေကြ ထင်ရှား နတ်ဝိဇ္ဇာများတို့၊

အရိယာ ဂိုဏ်းဝင် ထေရ်အရှင်တို့၊ သာသနာပြု ပုဂ္ဂိုလ်ကျော် ဆရာတော်အပေါင်းတို့၊ သာသနာ့ဂိုဏ်းဝင် သိုက်နန်းရှင်အပေါင်းတို့၊

ရေလမိုင်း ကုန်းလမိုင်း ကောင်းကင်လမိုင်းတို့၊ လက်ဝဲကိုးသိန်း လက်ယာကိုးသိန်း အတိုင်းမသိအကြွင်းအကျန်မရှိ ကျွန်ုပ်တို့ကဖိတ်ကြားအပ်ပါသည်။

မနက်ဖြန်နံနက် အာရုဏ်တက်သောအခါ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဗုဒ္ဓ လေးဆူ အောင်တော်မူ မြတ်စွာဘုရားတို့နှင့် တကွ တပည့် သံဃာတော်မြတ်များအား ဓာတ်ကြီးလေးပါး အလှူဒါနကိုကပ်လှူ ပူဇော်ပါမည်။

၎င်းအလှူပွဲကို အကျွန်ုပ်တို့နှင့် အတူ ယှဉ်တွဲ၍ပါရမီဖြည့်ဆည်းလှူဒါန်းကြရအောင် အားခဲ၍လာကြပါကုန်လော့။ ရတနာသုံးပါး အားထားကြည်ညိုရန် လာလှည့်ကြပါကုန်လော့။
သရဏဂုံသီလ ခံယူဆောက်တည်ရန် လာကြပါကုန်လော့။ ပရိတ်မေတ္တာဘာဝနာ ရိုသေစွာနာကြားရန် လာကြပါကုန်လော့။
သာသနာ့ အောင်ဘိသိက်ပွဲ ဆင်နွှဲလှည့်ကြပါကုန်လော့။ သာသနာ့အောင်စခန်း နိဗ္ဗာန်လမ်း ဖွင့်လှစ်ကြပါကုန်လော့။
အမျိုးဘာသာသာသနာ ဘယာဝေး၍ အေးစေကြောင်း ဆုတောင်းမေတ္တာပို့သရန် လာကြပါကုန်လော့။ ” ဟု 📌 တစ်ခေါက် (သို့) သုံးခေါက် ဖိတ်ကြားနိုင်ပါတယ်။

🙏 ဓာတ်ကြီးလေးပါးဆွမ်း ဆက်ကပ်လှူဒါန်းပူဇော်ခြင်း

1️⃣ လှူဒါန်းမည့်အချိန်ရောက်သောအခါ အထက်မှာဖော်ပြခဲ့သည့်အတိုင်းထပ်မံပင့်ဖိတ်ပါ။ ဆီမီးများကိုထွန်းညှိပါ။
2️⃣ သြကာသအစချီ၍ ရွတ်ဖတ်ပူဇော်ပါ။
3️⃣ သရဏဂုံဆောက်တည်ပါ။ (သီလစောင့်တည်ရာတွင် မိမိတတ်နိုင်သည့်သီလ (၅)ပါး၊ (၈)ပါး၊ (၉)ပါး၊ (၁၀)ပါး စသည်...)
4️⃣ သီလစောင့်တည်ပြီးပါက ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ ယပ်တော် တို့ကိုကပ်လှူပူဇော်ပါ။
ဘုန်းပေးသုံးဆောင်ရန် လျှောက်ထားပါ။

🙏ဆွမ်း၊ ရေချမ်း၊ ယပ်တော်၊ ဆီမီး တို့အား
အောက်ပါအတိုင်း ဆက်ကပ်လှူပူဇော်ပါ။🙏

"ဘဂဝါ၊ ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရိ၊ ကာမ၊ ပယတ္တ
ဟု ဆိုအပ်သော ဘုန်းတော် ခြောက်စုံ
သံ ဂုံ ပ မ ဗုဒ္ဓလေးဆူ အောင်တော်မူ အရှင်မြတ်ဘုရား။

အရှင်ဘုရားတို့နှင့်တကွ ရှင်သာရိပုတ္တရာ၊
ရှင်မဟာမောဂ္ဂလာန်၊ ရှင်မဟာကဿဖ၊ ရှင်ပိဏ္ဍောလ၊
ရှင်သိဝလိ၊ ရှင်ပိလိန္ဒဝစ္ဆ၊ ရှင်ဥပဂုတ္တ လေးပါး
(ရှင်ဥပဂုတ္တ၊ ရှင်သာရစက္က၊ ရှင်သကောသက္ကာ၊ ရှင်မေဒရ)
အစရှိသော လက်ဝဲရံ လက်ယျာရံ အဂ္ဂသာဝကာ မဟာသာဝကာ တပည့်သံဃာတော်မြတ်တို့အား ဓာတ်ကြီးလေးပါးဆွမ်း ကပ်လှူပါသည် ဘုရား။

ဤနေ့သည်ကား တပည့်တော်တို့ မိသားစု၏
နေ့ထူး နေ့မြတ် ဖြစ်ပါသောကြောင့် တပည့်တော်တို့အား
ကယ်မသော အားဖြင့် အလှူခံတော်မူပါ အကပ်ခံတော်မူပါ
အရှင်ဘုရား။

🍂 ပထဝီ ။ ခက်မာ နှင့် နူးညံ့သော သဘောမျှသာဖြစ်သည့် ပထဝီဓာတ်ကို ရည်စူး၍ လှူအပ်သော ဆွမ်းတော်ကို ဘုန်းပေးသုံးဆောင်တော်မူပါ ဘုရား။ ဆွမ်းဘုန်းပေး သုံးဆောင်ရန် အချိန်တန်ပါပြီ ဘုရား။
🔥 တေဇော ။ ပူမှု အေးမှု အရှိန်သဘောမျှသာဖြစ်သော တေဇောဓာတ်ကို ရည်စူး၍ လှူအပ်သော အလင်းတိုင်များကို အလှူခံတော်မူကြပါ ဘုရား။
🌊 အာပေါ ။ ဖွဲ့စည်းမှု ယိုစည်းမှု သဘောမျှသာဖြစ်သော အာပေါဓာတ်ကို ရည်စူး၍ လှူအပ်သော သောက်တော်ရေများကို သုံးဆောင်တော်မူကြပါ ဘုရား။
🌀ဝါယော ။ ထောက်ကန်မှု လှုပ်ရှားမှု အဟုန်သဘောမျှသာဖြစ်သော ဝါယောဓာတ်ကို ရည်စူး၍ လှူအပ်သော ယပ်များကို အလှူခံတော်မူကြပါဘုရား။

5️⃣ ထို့နောက် ယခင်နေ့က ကြိုတင်ပင့်ဖိတ်ထားသော ဓာတ် နတ် ဝိဇ္ဇာများကိုလည်း မိမိတို့နှင့်အတူ ယှဉ်တွဲကာ လှူဒါန်းနိုင်ပါကြောင်းနှင့် ပရိတ် မေတ္တာ ဘာဝနာတရားများကို
နာယူရန်အတွက် ထပ်မံ၍ပင့်ဖိတ်ပေးပါ။

🙏 ရွတ်ဆိုရန်မှာ
"ဘုရားတပည့်တော် ---- နေ့. ----- သားသမီးတို့က လှူဒါန်းသော မေတ္တာပေါင်းကူးဓာတ်ကြီးလေးပါး အလှူကြီးကို ချီးကျူးဝမ်းသာ မေတ္တာဖြိုးမောက် ချီးမြှောက်၍ မစတော်မူပါရန် အချိန်တန်ပါပြီဘုရား။

ဘုန်းရှင်၊ ကံရှင်၊ ဉာဏ်ရှင်၊ သမ္ဘာရှင်၊ သိဒ္ဓိရှင်၊ ဣဒ္ဓိရှင်၊ မဟိဒ္ဓိရှင်များဖြစ်ကြသော အားလုံးသော ဓာတ်နတ်ဝိဇ္ဇာဆရာကြီးများ၊ တပည့်များနှင့်တကွ ဤသာသနာပြုရာဌာန၊ အောင်မင်္ဂလာ၊ အောင်စခန်း၊ အောင်ဓာတ်နန်းသို့ အောင်ပန်းဝေဖြာ၊ အောင်လမ်းသာအောင် အောင်ဆရာစသား အောင်ဝိဇ္ဇာကြီးများသည် အောင်သိဒ္ဓိတန်ခိုးဖြင့် ဖွင့်လှစ်ပေးကြပါကုန်လော့။" ဟူ၍ဖြစ်ပါသည်။

အထက်ပါအတိုင်းရွတ်ဖတ်ပူဇော်ပြီးသော်
6️⃣ ပရိတ်ကြီး (၁၁)သုတ်နှင့် ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ၊ ပစ္စယနိဒ္ဒေသ စသည်များရွတ်ဖတ်ပူဇော်ပါ။

7️⃣ ရွတ်ဆိုပူဇော်သင့်သည့် ဂါထာတော်များမှာ
- နမောတေဂါထာ
- နမောတေ ဗုဒ္ဓဝီရတ္ထု ၊ ဝိပ္ပမုတောသိ သဗ္ဗဓိ။
- သမ္ဗာဓပ္ပဋိပန္နောသ္မိ ၊ တဿမေ သရဏံဘဝ။

"ပစ္စေကဗုဒ္ဓါ အရိယာ သာဝကတို့ထက် ထက်သန်ကြီးမြတ်သော လုံလဝိရီယရှိတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားအားရှိခိုးခြင်းသည် ဘဝတု ဖြစ်ပါစေသတည်း။

အရှင်ဘုရားသည် ဘေးရန်အသွယ်သွယ် အန္တရာယ်အပေါင်း မကောင်းဟူသမျှတို့မှ ချမ်းမြေ့ကြည်ဖြူကောင်းကောင်းကြီး လွတ်တော်မူပါပေ၏။

ဘုရားတပည့်တော်သည် ကိုယ်စိတ်နှစ်ဖြာ လွန်စွာကျပ်းတည်း ကျဉ်းမြောင်းခြင်းသို့ ရောက်သည် ဖြစ်ပါ၏။
အရှင်ဘုရားသည် အကျွန်ုပ်၏ ဘေးရန်ကင်းကွာ ချမ်းသာပွားရာ ပုန်းအောင်းကိုးကွယ်ရာသည် ဖြစ်ပါစေသတည်း။

🙏"အဌာနမေတံ ဘိက္ခဝေ အနဝကာသော။
ယံ ပရူပက္ခမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။"

ရဟန်းတို့ သူတစ်ပါး လုံလပယောဂကြောင့်
ငါဘုရား ပရိနိဗ္ဗာန်စံရန် အကြောင်းသည်မရှိ။
သူတပါးတို့၏ လုံလပယောဂမပါရှိဘဲသာလျှင်
ငါဘုရားတိုသည် ပရိနိဗ္ဗာန် စံဝင်တော်မူကြရကုန်၏။

🙏 ဗုဒ္ဓါနံဇီဝိတဿ နသက္ကာ ကေနစိ အန္တရာယော ကာတုံ
တထာ မေ ဟောတု။

ဘုရားရှင်တို့၏ အသက်အန္တရာယ်ကို မည်သူတစ်ဦးတစ်ယောက်မျှ ပြုခြင်းငှာ မစွမ်းနိုင် ၊ အသက်အန္တရာယ် ကင်းတော်မူသော ထိုဘုရားသခင်ကို အကျွန်ုပ် ရှိခိုးပါ၏။

ဤနည်းတူပင် အကျွန်ုပ်အား အသက်အန္တရာယ်ကင်းပါစေသား။ အသက် ရှည်စွာတည်ပါစေသား။

🙏 ဗုဒ္ဓါနံ သဗ္ဗညုတ ဉာဏဿ နသက္ကာ ၊
ကေနစိ အန္တရာယောကာတုံ ၊ ဝန္ဒာမဟံတံ ဧဝံမေဟောတု။

ဘုရားသခင်တို့၏ သဗ္ဗညုတ ဉာဏ်တော်ကို မည်သူတစ်ဦးတစ်ယောက်မျှ ဖျက်ဆီးခြင်းငှာ မပြုစွမ်းနိုင် ၊ အန္တရာယ်ကင်းတော်မူသည့် သဗ္ဗညုတဉာဏ်တော်ကိုပိုင်ဆိုင်တော်မူသော ထိုဘုရားသခင်ကို အကျွန်ုပ် ရှိခိုးပါ၏။

ဤနည်းတူပင် အကျွန်ုပ်အား အသက်အန္တရာယ်ကင်းပါစေသား။ ပညာရေး ဆုံးခန်းတိုင်ရောက်ပါစေသား။

🙏 ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စာယာနံ နသက္ကာ ၊
ကေနစိ အန္တရာယောကာတုံ ၊ ဝန္ဒာမဟံတံ ဧဝံမေဟောတု။

ဘုရားသခင်တို့၏ ဥစ္စာပစ္စည်းကို မည်သူတစ်ဦးတစ်ယောက်မျှ ပျက်ဆီးခြင်းငှာ မပြုစွမ်းနိုင်၊ ထိုသို့ အန္တရာယ်ကင်းတော်မူသော ထိုဘုရားသခင်ကို
အကျွန်ုပ် ရှိခိုးပါ၏။

ဤနည်းတူပင် အကျွန်ုပ်ပိုင်ဆိုင်သော ဥစ္စာပစ္စည်းအပေါင်းတို့သည် အန္တရာယ် ကင်းပါစေသား။ စီးပွားရေးထိပ်ဆုံးသို့ ရောက်ပါစေသား။

🙏ဗုဒ္ဓါနံ အသီတိယာ အနုဗျဉ္စနာနံ ဗျာမပ္ပဘာယဝါ နသက္ကာ၊ ကေနစိ အန္တရာယောကာတုံ ၊ ဝန္ဒာမဟံတံ ဧဝံမေဟောတု။

ဘုရားသခင်တို့၏ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်
ရောင်ခြည်တော် ခြောက်သွယ်ကို မည်သူတစ်ဦးတစ်ယောက်မျှ ပျက်ဆီးနှောက်ယှက်ခြင်းငှာ
မပြုစွမ်းနိုင် ၊ ကိုယ်ရေအဆင်းပျက်စီးခြင်း ဆိုသော
အန္တရာယ်ကင်းတော်မူသော ထိုဘုရားသခင်ကို အကျွန်ုပ်
ရှိခိုးပါ၏။
ဤနည်းတူပင် အကျွန်ုပ်အား ကိုယ်ရေအဆင်းပျက်စီးခြင်း အန္တရာယ် ကင်းပါစေသား။
အလှကျက်သရေ ထိပ်ဆုံးသို့ရောက်ပါစေသား။

😇 သားကောင်းသားမြတ်ဂါထာ
( ကိုယ်ဝန်ဆောင်မိခင်များ ဆွမ်းကပ်ပါက)
🙏 ယော မေ အယံ ဘန္တေ
ကုစ္ဆိတော ကုမာရကော ဝါ ကုမာရိကာ ဝါ၊
သော ဘဂဝန္တံ သရဏံ ဂစ္ဆတိ
ဓမ္မဉ္စ ဘိက္ခု သံဃဉ္စ၊
ဥပါသကံ တံ ဘဂဝါ ဓာရေတု
အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။

🙏 ဘန္တေ- အရှင်ဘုရား၊
မေ-တပည့်တော်၏၊
ကု စ္ဆိတော- ဝမ်း၌တည်သော၊
ယော အယံကုမာရောဝါ- အကြင် သတို့သားသည်သော်လည်းကောင်း၊
ယာအယံကုမာရိကာဝါ- အကြင်သတို့သမီးသည်သော်လည်းကောင်း၊
အတ္ထိ-ရှိ၏။
သော -ထိုသန္ဓေသားသည်၊
ဘဂဝန္တံ- မြတ်စွာဘုရားကို၊
သရဏံ- ကိုးကွယ်ရာဟူ၍၊
ဂစ္ဆတိ-ဆည်းကပ်ပါ၏။
ဓမ္မဉ္စ-တရားတော်ကိုလည်းကောင်း၊
ဘိက္ခုသံဃဉ္စ-ရဟန်းသံဃာကိုလည်းကောင်း၊
သရဏံ-ကိုးကွယ်ရာဟူ၍၊
ဂစ္ဆတိ-ဆည်းကပ်ပါ၏။
ဘဂဝါ-မြတ်စွာဘုရားသည်၊
တံ-ထိုသန္ဓေသားကို၊
အဇ္ဇတဂ္ဂေ-ယနေ့ကိုအစပြု၍၊
ပါဏုပေတံ-အသက်ထက်ဆုံး၊
သရဏံ- ကိုးကွယ်ရာဟု၊
ဂတံ-ဆည်းကပ်သော၊
ဥပါသကံ- ရတနာသုံးပါး ဆည်းကပ်တတ်သူဟူ၍၊
ဓာရေတု- မှတ်တော်မူပါအရှင်ဘုရား။
ကိုယ်ဝန်ဆောင်မိခင်များ ဗိုက်ကိုင်၍ ရွတ်ဖတ်ပါက မွေးလာမည့်ကလေး အလွန်လိမ္မာပါသည်။

🙏 ဆုတောင်း
ကမ္ဘာရှိသူများ ဗိုလ်လူတို့ မည်သူမျှဖျက်၍မျှ မပျက်နိုင်သော တည်ကြည်ခိုင်ခံ့သော၊ ကြီးမြတ်သော ဓာတ်ကြီးလေးပါး ဆွမ်းကို ကပ်လှူပူဇော်ရသောအကျိုးအားကြောင့် နိဗ္ဗာန် မဂ်ဖိုလ်ရပါလို၏ အရှင်ဘုရား။

တပည့်တော်တို့အား ယခုအချိန်မှစ၍နိဗ္ဗာန်ရသည့်တိုင်အောင် မည်သူမျှဖျက်၍မျှ မပျက်သော တန်ခိုးသိဒ္ဓိဆုကိုပေးသနားတော်မူကြပါဘုရား။

🙏 ဝရဒေါ ဒေတုမေ ဝရံ
ကာရော ဂေါတမ ဗုဒ္ဓေါ ပထဝီ ဓါတု ဝ။

ဂေါတမ ဘုရား၏ ပထဝီဓါတ် (၂၀ ) နှင့်တကွ
တန်ခိုးတော်တို့သည် တပည့်တော်တို့၏ ဦးထိပ်၌ တည်တော်မူပါဘုရား။

မြေဓာတ်သည် ခိုင်ခံ့ဘိသကဲ့သို့ တပည့်တော်တို့၏
ကုသိုလ်များသည်လည်းခိုင်ခံ့ရပါလို၏ ရှင်တော်ဂေါတမမြတ်စွာဘုရား။

🙏 ဗလူပေတော ဗလဒရော
ကာရော ကဿပ ဗုဒ္ဓေါ အာပေါ ဓါတု ဗ။

ကဿပ မြတ်စွာဘုရား၏ အာပေါဓာတ် (၁၂ ) ပါးနှင့်တကွ တန်ခိုးတော်တို့သည် တပည့်တော်တို့၏ ဦးထိပ်၌ တည်တော်မူပါဘုရား။

ရေဓာတ်သည် အေးမြသလို တပည့်တော်တို့၏ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းရပါလို၏ ရှင်တော် ကဿပမြတ်စွာဘုရား။

🙏 ဓမ္မညု ဓမ္မသာမိကော
ကာရော ကောဏဂမနော ဗုဒ္ဓေါဝါယော ဓါတုဓ။

ကောဏဂုံ မြတ်စွာဘုရား၏ဝါယောဓာတ် (၆)ပါးနှင့်တကွ တန်ခိုးတော်တို့သည် တပည့်တော်တို့၏ ဦးထိပ်၌ တည်တော်မူပါဘုရား။

လေဓာတ်သည်လျင်မြန်သကဲ့သို့ တပည့်တော်၏ ကောင်းမြတ်သောအကြံအစည် အလုပ်အကိုင်တို့သည်လည်း လျှင်မြန်စွာ အောင်မြင်ရပါလို၏ ရှင်တော်ကောဏဂုံမြတ်စွာဘုရား။

🙏 စက္ခုမာစရ မာစိဏ္ဏော
ကာရော ကကုသန် ဗုဒ္ဓေါ တေဇော ဓါတု စ။
ကကုသန်မြတ်စွာဘုရား၏ တေဇောဓာတ် (၄ ) ပါးနှင့်တကွ တန်ခိုးတော်တို့သည် တပည့်တော်၏ ဦးထိပ်၌ တည်တော်မူပါဘုရား။

အလင်းရောင်ဓာတ်သည် လင်းဘိသကဲ့သို့
တပည့်တော်၏ အသိဉာဏ်အလင်းရောင်ဓာတ်သည်
ပွင့်လင်းရပါလို၏ ရှင်တော်ကကုသန်မြတ်စွာဘုရား။

ကမ္ဘာအရပ်ရပ်မှ ကြွရောက်ချီးမြှောက်ရန် လာကြကုန်သော......အိုနတ်အပေါင်းများစွာ ၊ များဝဇ္ဇာတို့
တပည့်တော်တို့ မိသားစုသည် ယနေ့မှအစပြုပြီးလျှင်
အသက်ရှင်သမျှ ကာလပတ်လုံး မည်သူမျှဖျက်၍ မပျက်သော သစ္စာအဓိဌာန်ဖြင့်(၃) ပါးသောသရဏဂုံတော်မြတ်ကို ထိန်းသိမ်းစောင့်ရှောက်ကိုးကွယ်ပါမည်။

ဤသို့ ကိုးကွယ်သည့်သစ္စာ မှန်စွာဆိုသည်များကြောင့်
အနှောက်အယှက်အမျိုးမျိုး အဆိုးဟူသမျှ
လွတ်မြောက်ရ၍ ရောဂါဘေးဒါဏ် ရန်မာန်အပေါင်း မကောင်းဟူသမျှမတွေ့ရဘဲ လောကီလောကုတ္တရာ နှစ်ဖြာအကျိုး စီးပွား တိုးပွားပြီးမြောက် အောင်မြင်ခြင်းသို့ရောက်ရပါလို၏ အရှင်မြတ်တို့ဘုရား။

လေးဆူဘုရား ၊လေးပါးသစ္စာ ၊ လေးဖြာသောဓာတ်၊
လေးရပ်သော ဓာတ်နတ်ဝိဇ္ဇာ ၊ ဆဠာဘိညာရ၊
ရဟန္တာအရှင်မြတ်တို့၏ တန်ခိုးရှိန်စော် ၊ မေတ္တာတော်၊
အာနုဘော်တို့သည် တပည့်တော်တို့ မိသားစု၏
ဦးခေါင်းထက်၌ ကိန်းဝပ်စောင့်ရှောက်
တည်နေတော်မူပါဘုရား တည်နေတော်မူပါဘုရား။

😇 အောင်ဂါထာ
🙏ဇယစက္ကော ဇယန္တောယော
ဇယိတဗ္ဗေ ဇယာသနေ
ဇယာပေသိ ဇယေသိနံ
ဇယံဒေတု ဇယုတ္တရော။

🙏 မာရံယက္ခ ဂဇံစောရံ
စိဉ္စ မာဏဉ္စ သစ္စကံ
နာဂံ ဗကံ ဇိနော ဇိနိ
ဟောတုမေ ဇယမင်္ဂလံ။

🙏 ( ဇေယျတု သဗ္ဗမင်္ဂလံပါဘုရား။ )
လေးကျွန်းဇမ္ဗူ ၊ လေးဆူဘုရား ၊လေးပါးအရိယာ၊
လေးဖြာသောဓာတ် ၊ လေးဖြာသော နတ်ဝိဇ္ဇာကြီးတို့သည်
ဤနေရာ ဤဌာနသို့ အစုံအညီ အကုန်ဆင်း၍
ယခုပင် (မတော်မူပါစေသတည်း) ၃ခေါက်

🙏 ဧကဗုဒ္ဓ ဂုဏ်နှစ်ဝဟု ၊ဒသသချာၤ ခတ်နိုပ်ပါသည်။
ဒေဝါသိကြား ၊ဝိဇ္ဇာများနှင့် ဘုရားရှင်ဂုဏ် အဖုံဖုံကြောင့်
လုံးစုံရောဂါ ဘေးဘယာတို့ ဝေးစွာကင်းပ ချမ်းသာရ၍
ပီယလာဘံ စုံပြည့်လျှံနှင့် လုံးစုံပြည့်ဝအောင်ပွဲရသည်
မုချမသွေ ဖြစ်စေသော်။

🙏 ကမ္ဘာအရပ်ရပ်မှကြွရောက်ချီမြှင့်ရန်လာကြကုန်သော
ဓာတ်နတ်ဝိဇ္ဇာ ဆရာ့ဆရာတို့
အောင်မြင်ရာအောင်မြင်ကြောင်း ဒေဝါအပေါင်း
ဝိဇ္ဇာကြီးတို့သည် ကူညီဝိုင်း၍
စောင့်ရှောက်တော်မူကြပါကုန်လော့။

🙏 အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။

😇 မေတ္တာပို့
စကြာဝဠာအနန္တ ရှိရှိသမျှသတ္တဝါတွေ.......
ကျန်းမာကြပါစေ။ချမ်းသာကြပါစေ။
ဘေးရန်မခအေးမြကြပါစေ။
လိုအင်ဆန္ဒပြည့်ဝကြပါစေ။
စိတ်ကြံသလောက် ဓိဌာန်ပေါက်ကြပါစေ။
စိတ်ရှိသလောက်သိဒ္ဓိမြောက်ကြပါစေ။
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ကြပါစေ။
သိဒ္ဓိဆောင်လို့ အောင်ကြပါစေ။
အကျင့်စခန်းတက်လှမ်းနိုင်ကြပါစေ။
လက်ငင်းချက်ချင်းအောင်မြင်ခြင်း ရကြပါစေ။
အမျိုးဘာသာ သာသနာ ရောင်ဝါတန်ခိုးတိုးပါစေ။

🙏 မေတ္တာခံယူရန်
ထိုနည်းတူစွာ အလုံးစုံသော အရိယာအပေါင်းသူတော်ကောင်းတို့၏ မေတ္တာစေတနာကိုခံယူပါကုန်၏။ သူတော်ကောင်းတို့၏ မေတ္တာစေတနာတို့ကြောင့်.........
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရပါစေ။
ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းရပါစေ။
တောင့်တခပ်သိမ်း ကင်းငြိမ်းရပါစေ။
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းရပါစေ။
စိတ်ကြံသလောက် ဓိဌာန်ပေါက်ရပါစေ။
စိတ်ရှိသလောက် သိဒ္ဓိမြောက်ရပါစေ။
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ။
သိဒ္ဓိတန်ခိုး တိုးပါစေ။
သိဒ္ဓိဆောင်လို့ အောင်ပါစေ။
အကျင့်စခန်းတက်လှမ်းနိုင်ကြပါစေ။
လက်ငင်းချက်ချင်း အောင်မြင်ခြင်းရှိရပါစေ။
အမျိုးဘာသာ သာသနာ ဘယာဝေး၍အေးပါစေသား။

8️⃣ တရားထိုင် / ပုတီးစိတ် ပါ။

9️⃣ အမျှဝေပါ။

🔟 တောင်းပန်ရန်
ဘုရားရှင် ၊ ရဟန္တာ သိဒ္ဓိရှင် အရှင်မြတ်များဘုရား
ဆွမ်းများကို ဘုန်းပေးပြီးသည့်နောက် ဆွမ်းတော်ပွဲတွင် သိဒ္ဓိပညာ တန်ခိုးများ ချီးမြှင့်ပေးသနားတော်မူပါဘုရား။

ဆေးအဖြစ် ဆေးဓာတ်များကိုလည်း
ထည့်သွင်း ချီးမြှင့် ပေးခဲ့ပါ ဘုရား။

အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊
အရပ်ဆယ်မျက်နှာတို့တွင် ရှိရှိသမျှသော
သတ္တဝါအနန္တတို့အား ဖိတ်ကြားပါသည်။

မိမိတို့နှင့်ထိုက်တန်ခဲ့ပါလျှင် မည်သူမဆိုစားသုံးနိုင်ကြောင်းကို မေတ္တာစေတနာကောင်းနှင့် မုတ္တစာဂီ ထပ်ဆင့်၍ ပေးလှူစွန့်ကြဲပါသည်။ ဤဌာနသို့လာရောက်ကြ၍ မိမိတို့အလိုရှိသလို သုံးဆောင်မှီဝဲကြပါကုန်လော့။

ဤဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်လှူပူဇော်ပွဲသို့
စင်္ကြာဝဠာ ကမ္ဘာအရပ်ရပ်မှ ကြွရောက်လာကြကုန်သော
အယုတ်အလတ်အမြတ်မရွေး၊ အနီးအဝေး ပုဂ္ဂိုလ်အပေါင်းတို့အား ကျွန်ုပ်တို့က မေတ္တာထားသလို သင်တို့အားလုံးကလည်း အကျွန်ုပ်တို့အား ပြန်၍မေတ္တာထားကြပါကုန်လော့။

1️⃣1️⃣ ဆုတောင်း
အကျွန်ုပ်၌ .......... ဤသို့သော အကြောင်းကိစ္စရှိနေပါသည်။ ၎င်းကိစ္စပြီးမြောက်အောင် တတ်နိုင်သရွေ့
ဝိုင်းဝန်းကူညီစောင့်ရှောက်ကြပါကုန်လော့။
သင်တို့၏နေရာ ဗိမ္မာန်ဘုံနန်းသို့ ပြန်ရောက်ကြသောအခါ
ကျွန်ုပ်၏ကောင်းသတင်းများကို ရောက်ရာဒေသတို့၌
အဆင့်ဆင့်ပြောကြားကြပါကုန်လော့။

✅ ရောဂါတစ်ခုခုစွဲကပ်ပါလျှင်
ထို...........ရောဂါကို လုံးဝပျောက်ကင်းအောင်
ကုသနိုင်သော ဆရာသမားကောင်း၊ဆရာမြတ်တို့ကို
တန်ခိုးတော်ဖြင့်ခေါ်ဆောင်ကြပါကုန်လော့။

1️⃣2️⃣ ပြန်ကြွရန်လျှောက်ထားပါ။
အလှူဒါန ကိစ္စအဝဝတို့သည် အောင်မြင်ပြီးမြောက်ပြီဖြစ်ပါ၍ အရှင်မြတ်ဘုရားတို့နှင့် တကွ သံဃာတော်
အရှင်သူမြတ်များ ၊ ဓာတ် နတ် ဝိဇ္ဇာ ၊ ရေနေ မြေနေ
ကောင်းကင်နေ ပုဂ္ဂိုလ်အပေါင်းတို့သည်
မိမိတို့အလိုရှိရာဌာန အသီးသီးသို့ ပြန်ကြွနိုင်ပါပြီဘုရား
ဟုလျှောက်ထားပါ။
🙏 ရိုသေစွာ ကန်တော့ပါ။

1️⃣3️⃣ ဆွမ်းတော်စွန့်ပြီးသောအခါ တိရိစ္ဆာန်လေးများကို ကျွေးနိုင်သလို လိုအပ်နေသူများကိုလည်း ပြန်လည်လှူဒါန်းနိုင်ပါသည်။

ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ယူနိုင်ပါသည်။

ကိုယ်တိုင်လှူလို၍ဖြစ်စေ၊ ကိုယ်စားလှူဒါန်းစေလို၍ဖြစ်စေ "လှူရအောင်" ကိုဆက်သွယ်နိုင်ပါသည်။

မှတ်ချက်။ ။ဓာတ်ကြီးလေးပါးဆွမ်းကပ်လှူခြင်းနှင့်ပတ်သက်‌သောဆောင်းပါးများကိုလေ့လာ၍ ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။

#ဓာတ်ကြီးလေးပါး
#လှူရအောင်

‼️ပြောသမျှ လုပ်သမျှအဆင်မပြေ၊ စွပ်စွဲခံရပြီး အနှောင့်အယှက် အတားအဆီးများနဲ့တွေ့ကြုံရတဲ့အခါ ပြုလုပ်သင့်တဲ့ ခင်ပွန်းကြီးဆယ်ပ...
19/01/2025

‼️ပြောသမျှ လုပ်သမျှအဆင်မပြေ၊ စွပ်စွဲခံရပြီး အနှောင့်အယှက် အတားအဆီးများနဲ့တွေ့ကြုံရတဲ့အခါ ပြုလုပ်သင့်တဲ့ ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခြင်း။

❔ခင်ပွန်းကြီးဆယ်ပါးဆိုတာဘာလဲ?
ခင်ပွန်းကြီးဆယ်ပါးထဲမှာ
၁။ ဗုဒ္ဓ မြတ်စွာဘုရားရှင်
၂။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ
၃။ အဂ္ဂသာဝက၊ မဟာသာဝက
၄။ ရဟန္တာ အရှင်မြတ်ကြီးများ
၅။ မာတာ - မွေးမိခင်
၆။ ပီတု - မွေးဖခင်
၇။ အာစရိယ - ဆရာသမား
၈။ ဝုဒ္ဓါ - သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသောပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်။
၉။ ဓမ္မကထိက - တရားတို့ဖြင့်ဆုံးမသောသူ
၁၀။ ဟိတကရ - ထမင်းတစ်လုတ် ရေတစ်မှုတ် စသည်ကိုပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့ပါဝင်ပါတယ်။

တစ်ခါတစ်ရံ ကိုယ်တိုင်တောင်သတိမထားလိုက်မိပဲ ကျေးဇူးရှင်ခင်ပွန်းကြီးဆယ်ပါးထဲက တစ်ပါးပါးကို ကာယကံ၊ ဝဇီကံ၊ မနောကံ တစ်ပါးပါးဖြင့် ပစ်မှားမိပါက အောက်ပါပြစ်ဒဏ် (၁၀)ပါးကို ကြုံတွေ့ရနိုင်တယ်လို့ မှတ်တမ်းများအရသိရပါတယ်။

🔥 ခင်ပွန်းကြီးဆယ်ပါးကိုပြစ်မှားမိပါက ကြုံတွေ့ရနိုင်သော ပြစ်ဒဏ် ( ၁၀ )ပါး
၁။ ပြင်းထန်သောဦးခေါင်းနာဝေဒနာများဖြစ်ရခြင်း။
၂။ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများ ဆုတ်ယုတ် ပျက်စီးခြင်း။
၃။ ခြေပြတ် လက်ပြတ် ကိုယ်အင်္ဂါကြီးငယ်ချို့ယွင်းခြင်း။
၄။ ကုသ၍မရနိုင်သောရောဂါကြီးများဖြစ်ခြင်း။
၅။ ရူးသွပ်ခြင်း စိတ်မတည်မငြိမ်ဖြစ်ခြင်း။
၆။ မင်းပြစ် မင်းဒါဏ် ခံရခြင်း။
၇။ မတရားသဖြင့် စွပ်စွဲခံရခြင်း။
၈။ ဆွေမျိုးကောင်း မိတ်ဆွေကောင်းမရှိခြင်း။
၉။ စည်းစိမ် ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း။
၁၀။ နေအိမ် တိုက်တာ မီးလောင်ခံရခြင်း ပျက်စီးရခြင်း။ စသည်တို့ဖြစ်ပါတယ်

📌 ဒါ့ကြောင့် မိမိလုပ်ဆောင်သောအရာတိုင်းအဆင်မပြေ၊ လူစွပ်စွဲခံရပြီး အနှောင့်အယှက်များကြုံတွေ့နေရပါက ခင်ပွန်းကြီးဆယ်ပါးကို ဝန်ချတောင်းပန်ပြီး အပြစ်များကိုချေသောအားဖြင့် ခင်ပွန်းကြီး(၁၀)ပါးဆွမ်းကို ကပ်လှူပူဇော်နိုင်ပါတယ်။

🙏ခင်ပွန်းကြီးဆယ်ပါး ကန်တော့နည်းအဆင့်ဆင့်
1️⃣ ဩကာသအစချီ ဘုရားရှိခိုး ပြီး ငါးပါသီလခံယူခြင်း။
2️⃣ နတ်ပင့်ခြင်း။
3️⃣ ခင်ပွန်းကြီး(၁၀)ပါးဆွမ်းကပ်လှူခြင်း။
4️⃣ ဝန်ချတောင်းပန်ကာ အပြစ်များချေခြင်း။
5️⃣ မေတ္တာပို့အမျှဝေခြင်း။
6️⃣ နတ်ပို့ခြင်း။ စသည့်အဆင့်ဆင့်ကိုတိကျစွာလုပ်ဆောင်ရပါမည်။

🙏 ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခြင်း။

✨ဂါထာတော်
😇"ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါစ၊ အရဟာ အဂ္ဂသာဝကာ
မာတာ ပိတု ဂရုသတ္ထာ၊ ဓမ္မ ဒေသကာစ ဒါယကာ
ဣမေ ဒဿ(တေစ) မဟာဂုဏေ၊ အဟံဝန္တာမိ သဗ္ဗဒါ"😇

ဗုဒ္ဓေါစ-သစ္စာလေးပါး တရားသိမြင် ဘုရားရှင်ကိုလည်းကောင်း၊
ပစ္စေကဗုဒ္ဓေါစ-ကိုယ်တိုင်သစ္စာသိပြီးပါလည်း ဟောကာမပြ သီးခြားရသော ပစ္စေက ဗုဒ္ဓါတို့ကိုလည်းကောင်း၊
အရဟာစ- အာသဝေါကုန်ခမ်း ရဟန္တာ အရှင်မြတ်တို့ကို လည်းကောင်၊
အဂ္ဂသာဝကာစ- လက်ဝဲလက်ယာခြံရံကာဖြင့် ပညာတန်ခိုး
စိုးမိုးထက်လှ အဂ္ဂသာဝကတို့ကိုလည်းကောင်း၊
မာတာစ-ကိုးလလွယ်ရ ဆယ်လဖွားကာ အစာဆိမ့်အေး နိုချိုပေး၍ မွေးသည့်မိခင်ကျေးဇူးရှင်တို့ကိုလည်းကောင်း၊
ပိတုစ-လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ရှာဖွေပေးသည့် ကျွေးသည့်ဖခင်ကျေးဇူးရှင်တို့ကိုလည်းကောင်း၊
ဂရုစ- ချမ်းသာရန်တွေး ပညာပေးသဖြင့် အလေးအမြတ်လွန်ပြု အပ်သော ဆရာသခင် ကျေးဇူးရှင်တို့ကိုလည်းကောင်း
သတ္ထာစ - လိမ္မာစေကြ ကျိုးကြောင်းပြလျှက် ဆုံးမပေတတ်ဆရာမြတ်တို့ကိုလည်းကောင်း၊
ဓမ္မဒေသကာစ- သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွှန်ကြား မမှောက်မှားရအောင် တရားတော်မြတ် ဟောဖော်တတ်သူတို့ကိုလည်းကောင်း၊
ဒါယကာစ- စားဝတ်နေရေး မနှောင့်နှေးရအောင် ပေးကမ်း
ခဲ့ဖူးသော ကျေးဇူးရှင်တို့ကိုလည်းကောင်း၊
ဣမေဒဿ မဟာဂုဏေ - ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏ်အင်မြင့်ကြူး ဤဆယ်ဦးသော ကျေးဇူးရှင်တို့ကို
အဟံ - ကျွန်ုပ်သည်
သဗ္ဗဒါ - နေ့ညမပြတ် အချင်းခပ်သိမ်း ဝန္ဒာမိ ကျေးဇူးယှက်မှေး စိမ့်စိမ့်တွေးလျှက်
မြတ်လေးကြည့်ယုံ သဒ္ဒါဟုန်ဖြင့် လက်စုံချီမိုး ပျဝပ်ကျိုးလျှက်ရှိခိုး တောင်းပန်အပ်ပါသည် ဘုရား ။

🙏 ခင်ပွန်းကြီးဆယ်ပါးအား ဝန်ချတောင်းပန်ခြင်း 🙏
ဖြတ်သန်းရာဘဝတစ်လျှောက်မှာ အကြောင်းစပ်၍
ခင်ပွန်းကြီး (၁၀)ပါးကို ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့်
ကြံစည် ပြုမူ ပြောဆို ဆောင်ရွက် ပြစ်မှားခဲ့သော အပြစ်ကြီး အပြစ်ငယ်တို့သည် ရှိခဲ့ပါ၏ဟု ယုံကြည်စွာ နှလုံးသွင်း၍

ထိုပြစ်မှားခဲ့သော အပြစ်ကြီး အပြစ်ငယ်တို့ကို
ယခုပစ္စုပ္ပန်၌ သော်လည်းကောင်း အနာဂါတ်သံသရာ၌သော်လည်းကောင်း ဆိုးကျိုးများပေးခြင်းမှ လွတ်ကင်းလိုသော အကျိုးငှာ

(ယနေ့မှစ၍) ကောင်းစွာနှလုံးသွင်း ယုံကြည်စွာဖြင့် မနက်တစ်ကြိမ်၊ နေ့တစ်ကြိမ်၊ ညအိပ်ရာ မဝင်မှီတကြိမ် တနေ့သုံးကြိမ် (သို့မဟုတ်) တနေ့ အနည်းဆုံး တစ်ကြိမ် မပျက်မကွက် အသက်ထက်ဆုံး မှတ်ဉာဏ် မပျက်စီးသရွေ့ ဝန်ချတောင်းပန်ခြင်းထို ပြုလုပ်မည် ဖြစ်ပါကြောင်း မြတ်စွာဘုရားထံ၌နှုတ်မှဖွင့်ဟ၍ လျှောက်ထား အဓိဋ္ဌာန်တင်ပါသည်ဘုရား၊၊

ထိုအဓိဋ္ဌာန်၏စွမ်းအားသည် ထူးကဲသောကောင်းကျိုးများကိုသာ သက်ရောက်ခံစားရပါစေသတည်း၊၊

🙏 မိမိအပေါ်၌ပြစ်မှားထားဖူးသူတို့အား မိမိဘက်မှအပြစ်ကျေအေးပေးခြင်း 🙏

ကျွန်ုပ်သည် ယနေ့ခင်ပွန်းကြီး(၁၀)ပါးတို့အား အပြစ်ကြီး အပြစ်ငယ်များကို ထင်စွာဖော်ကျုးဝန်ခံဝန်ချတောင်းပန်ခြင်း ပြီးပြည့်စုံပါ၍

ကျွန်ုပ်အပေါ်၌လည်း သံသရာဘဝပေါင်းများစွာ၌သော်လည်းကောင်း ယခုပစ္စုပ္ပန်ဘဝ၌ သော်လည်းကောင်း သိ၍ဖြစ်စေ မသိ၍ဖြစ်စေ
ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် ပြစ်မှားစော်ကားခြင်း ရှိခဲ့ပါလျှင် ကျေးဇူးကန်းခြင်းရှိခဲ့ပါလျှင်
ကျေးဇူးချေဖျက်ခြင်းရှိခဲ့ပါလျှင် ကျေးဇူးမေ့လျော့ခြင်းရှိခဲ့ပါလျှင် ကျေးဇူးမဲ့စွာ ကြမ်းတမ်း ရိုင်းစိုင်း ယုတ်မာ ကြံစည် ပြောဆို ပြုမူ ဆောင်ရွက်မူ့ပြုခြင်းရှိခဲ့ပါလျှင်

ထိုသူတို့က ဝန်ချတောင်းပန်သည်ဖြစ်စေ၊ ဝန်ချတောင်းပန်ခြင်း မပြုသည်ဖြစ်စေ ကျွန်ုပ်က သည်းခံပါ၏၊ ခွှင့်လွှတ်ပါ၏၊ ကျေအေးပါ၏၊၊

ဤသည်းခံ ခွင့်လွှတ်ကျေအေးခြင်းကြောင့်
ကျွန်ုပ်အပေါ်၌ အပေါ်၌ ပြစ်မှားထားသူတို့သည်
ဘေးရန်မကျချမ်းသာကြပါစေသတည်း၊၊
ဆင်းရဲမခ ချမ်းသာကြပါစေသတည်း၊၊
အလိုဆန္ဒပြည့်ဝကြပါစေသတည်း၊၊
ဉာဏ်ပညာကြီးမား၍ အများအလည်တွင် တင့်တည်ကြပါစေသတည်း၊၊
ဂုဏ်သတင်းကျော်ကြား၍ ချစ်ခင် ကူညီ စောင့်ရှောက် ဖြည့်ဆည်းသူများ ပေါများကြပါစေသတည်း၊၊
မဂ်ဉာဏ် ဖိုလ်ဉာဏ်များ ပေါ်ထွန်းကြ၍ နိဗ္ဗာန်ချမ်းသာကို ကူးမြောက် အောင်မြင်ကြပါစေသတည်း၊၊

🙏အမျှပေးဝေခြင်း
ကျွန်ုပ်သည် ခင်ပွန်းကြီး(၁၀)ပါးနှင့် အကြောင်းစပ်၍
ဆိုးကျိုးများမှ လွတ်မြောက်လိုသော အကျိုးအလို့ငှာ ကျွန်ုပ်ကျုးလွန်ပြစ်မှားခဲ့သော အပြစ်ကြီး အပြစ်ငယ်တို့အား အဓိဋ္ဌာန်ထား၍ ဝန်ချတောင်းပန်ခြင်း ဤနေ့အတွက် ပြီးပြည့်စုံပြီ ဖြစ်ပါ၍

ကျွန်ုပ်ရရှိထားသမျှ ကောင်းမှု့ကုသိုလ် အကျိုးများအားလည်းကောင်း၊ ခင်ပွန်းကြီး(၁၀)ပါးတို့မှ ကျေအေးသည်းခံ ခွင့်လွှတ်ခြင်းတို့မှ ရရှိသော ကုသိုလ် အကျိုးများအား လည်းကောင်း၊ အဓိဋ္ဌာန်အတိုင်း ဝန်ချတောင်းပန်ခြင်းကို မပျက်စီးသော အဓိဋ္ဌာန်စွမ်းအားတို့မှရရှိသော ကုသိုလ်အကျိုးများ အားလည်းကောင်း၊ ကျွန်ုပ်နှင့်အတူ (၃၁) ဘုံရှိ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား ထပ်တူထပ်မျှ ခံစားရရှိစေလိုသောအကျိုးငှာ ဝမ်းမြောက်ဝမ်းသာ အမျှပေးဝေပါကုန်၏ (အားလုံး ကြားကြားသမျှ ကုသိုလ်ဝေငှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော်၊ ဝေငှကုသိုလ်ရမှုဆို သာဓု...သာဓု...သာဓု၊၊) ၃

🙏နတ်ပို့
ဤသို့မေတ္တာပို့လွှတ်ခြင်းကို ကောင်းစွာခံယူ ရရှိကြပြီးသည့် ကာလ ဤနေရာ ဤဌာန၌ ပူဇော် ကန်တော့ ပွားများ၍ မေတ္တာပို့လွှတ်ခြင်းကို ကြွရောက်ပြီး

ပူဇော်ကြကုန်သော၊ ပွားများကြကုန်သော၊ ကြည်ညိုကြကုန်သော၊ မေတ္တာခံယူကြကုန်သော သာဓုအနုမောဒနာ ခေါ်ယူကြကုန်သော၊ အလုံးစုံသော လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်း၊ အလုံးစုံသော ပုဂ္ဂိုလ် သတ္တဝါ အသီးသီးတို့သည်

မိမိတို့သီတင်းသုံးရာ၊ ပိုင်စိုးရာ၊ စိုးစံရာ၊နေထိုင်ရာ၊ မှီတွယ်ရာ၊ ခိုနားရာ၊ ဖြစ်တည်ရာ၊သွားလိုရာ၊ ရောက်လိုရာ၊ မြင့်လိုရာ၊ နေရာဌာန အသီးသီးသို့ မိမိတို့အားလည်း တပါးသူအား တပါးဘုံမှ အနှောက်အယှက် ပေးခြင်းကင်းစွာ၊ မိမိတို့မှလည်း တပါးသူမှ တပါးဘုံသားတို့အား အနှောက်အယှက် ပေးခြင်းကင်းစွာ ပြန်လည်ကြွမြန်းကြပါကုန်သော်၊ ပြန်ကြွကြပါကုန်သော်၊ ပြန်ကြပါကုန်သော်ဟု မမေ့မလျော့ ပြန်ပို့အပ်ပါ၏ အားလုံးပြန်ကြွကြပါကုန်သော် ပြန်ကြွကြပါကုန်သော် ပြန်ကြွကြပါကုန်သော်၊၊
သာဓု...သာဓု...သာဓု

😇ခင်ပွန်းကြီး(၁၀)ပါးကို နေ့စဥ်၊ အပတ်စဥ်၊ လစဥ် မပျက်ရှိခိုးကန်တော့လျှင် ရရှိနိုင်သော အကျိုးကျေးဇူး (၁၀)ပါး

၁။ အစားအစာ မရှားပါးခြင်း။
၂။ ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း။
၃။ ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း။
၄။ လူချစ် လူခင်ပေါများခြင်း။
၅။ ပရိတ်သတ်အလယ်၌ တင့်တယ်စွာနေနိုင်ခြင်း။
၆။ ကောင်းသတင်းဂုဏ် ကျော်ဇောခြင်း။
၇။ အခြွေအရံ များခြင်း။
၈။ စီးပွားဥစ္စာ ဖွံ့ဖြိုးတိုးတက်ခြင်း။
၉။ ဘေးဒုက္ခကြုံရသော် အကူအညီရရှိခြင်း။
၁၀။ သားကောင်း သမီးကောင်းရှိခြင်း တို့ရရှိနိုင်ပါသည်။

ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ယူနိုင်ပါသည်။

ကိုယ်တိုင်လှူလို၍ဖြစ်စေ၊ ကိုယ်စားလှူဒါန်းစေလို၍ဖြစ်စေ "လှူရအောင်" ကိုဆက်သွယ်နိုင်ပါသည်။

မှတ်ချက်။ ။ခင်ပွန်းကြီးဆယ်ပါးကန်တော့နည်းနှင့်ပတ်သက်‌သောဆောင်းပါးများကိုလေ့လာ၍ ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။

#ခင်ပွန်းကြီးဆယ်ပါး
#လှူရအောင်

Address

No. 159, East Thiha Thu Street, (11) Ward, South Okkalapa Township
Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Alerts

Be the first to know and let us send you an email when Hlau Ra Aung - လှူရအောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share