08/08/2024
ကိုယ့်မာနတရားလေးတွေသာ စကားပြောတက်ရင်လေ မင်းသမီးလေးရယ် ခြေထောက်လေးနဲနဲလောက်ကြွပေးပါလား၊ အရမ်းကြေမွ နေပါပြီ ဆိုပြီး အသနားခံလိမ့်မယ်..
အချစ်ရယ် ကိုယ်မြင်ဖူးပါတယ်၊ တချို့တချို့တွေ အသဲကွဲရတယ်ဆိုတာ သူတို့ကို မျှော်လင့်ချက်ရောင်ခြည်တွေပေးပြီး အခြားတစ်ယောက်ကို ရွေးချယ်သွားကြလို့လေ..
သူတို့ပြောစကားတွေမှာလေ ..ငါပေးတဲ့ ပန်းလေးတွေ ကျ ပန်ပြီး၊ ငါစကားပြောရင်ကျ ပြုံးပြုံးလေး ပြန်ပြောပြီး ငါ့အသဲကိုကျ ရက်ရက်စက်စက်ခွဲသွားတယ်တဲ့..
ကိုယ့်မှာရော ..ကိုယ့်မှာရော..အချစ်ရယ် ..
ကိုယ်ဘယ်လောက် ထိ ချစ်ပြရအုံးမှာလဲ
ကိုယ့်ချစ်ပုံချစ်နည်းက မှားများမှားနေလို့လား
ဘာတုန့်ပြန်မှုမှ ပြန်မရတော့ ကိုယ်ကဘာဆက်လုပ်ရတော့မှာလဲ
ကိုယ်ပေးတဲ့ ပန်းတွေလဲ မင်းက မပန်ဘူး
ကိုယ်ဆိုတဲ့ သီချင်းတွေကိုလဲ မင်းက မကြိုက်ဘူး
ကိုယ်လုပ်တဲ့အရာမှန်သမျှ အပြစ်တွေ ဖြစ်နေရပါလား
ကိုယ်က သိပ်ချစ်လို့ပါ၊ ချစ်လွန်းလို့ပါ၊ ခြေဖုဝါးနုအောက်က ဖုန်မှုန့်လေးပဲဖြစ်ရဖြစ်ရ၊ ညှပ်ချလိုက်တဲ့ ခြေသည်းစလေးပဲ ဖြစ်ရဖြစ်ရ ကိုယ်မျှော်လင့်နေသေးပါရစေ..
အခုကိုယ့်မှာကလေ မျှော်လင့်ချက်ပေးပြီး မျှော်လင့် သလိုဖြစ်မလာတဲ့ လူတွေထက်တောင် ပိုခံစားနေရတယ်၊ ပိုကြေကွဲနေရတယ်၊ လွန်ခဲ့တဲ့ ၂ကျော် နွေဦးတုန်းက ကဗျာတစ်ပုဒ် စာတစ်ပုဒ်ရေးတိုင်း အသည်းနင့်အောင်ခံစားရပါစေဆိုပြီး ကိုယ့်ကိုယ်ကို ကျိန်စာတိုက်ခဲ့တာက အခုတကယ်ဖြစ်နေပြီ ထင်ပါရဲ့ကွာ..၊ မချစ်ရင်တောင် သနားပေးပါ၊ပြုံးပြရုံလောက်လေးနဲ့ ကိုယ်ကျေနပ်ပါတယ်၊အချစ်ရဲ့သူငယ်ချင်းတွေ ကိုယ့်ဘက်မှာမရှိတာ ကိုယ်ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ကာယကံရှင်မင်းသမီးလေးက ကိုယ့်ဘက်မှာ မရှိလေတော့ ကိုယ်ဘာမှမတက်နိုင်ဘူးဖြစ်နေတယ်၊ ကိုယ့်အကြင်နာ ရင်မှာစစ်လို့ မင်းပြန်ကြင်နာမဲ့ရက်ကို ကိုယ်စောင့်နေအုံးမယ်နော်..သိပ်ချစ်ရပါတယ်အချစ်ရယ်