Dream Bags Organization

Directions Contact the organization

Dream Bags Organization Share Your Helping Hands With Dream Bags Organization

Celebrating Our Happy 3rd Year Anniversary 🎉Dream Bags Organization ရဲ့ ခရီးလမ်းဟာ ဒီနေ့မှာပဲ သုံးနှစ်အတိကို ပြည့်မြောက်...
15/09/2026

Celebrating Our Happy 3rd Year Anniversary 🎉

Dream Bags Organization ရဲ့ ခရီးလမ်းဟာ ဒီနေ့မှာပဲ သုံးနှစ်အတိကို ပြည့်မြောက်ခဲ့ပါပြီ။ ဒီသုံးနှစ်တာကာလအတွင်းမှာ Dream Bags Organization အနေနဲ့ အခက်အခဲပေါင်းများစွာကို ကြုံတွေ့ခဲ့ရသလို များစွာသော ကျောင်းသားတွေအတွက် နွေးထွေးတဲ့ကမ်းလက်တွေကိုလည်း မျှဝေပေးနိုင်ခဲ့ပါတယ်။

ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်ဖို့၊ အောင်မြင်မှုတွေနဲ့အတူ နွေးထွေးတဲ့ကမ်းလက်တွေကို မျှဝေဖို့နဲ့ ယနေ့သုံးနှစ်တာပြည့်မြောက်တဲ့ကာလအထိ ရပ်တည်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ Dream Bags Organization ရဲ့ ချစ်ရတဲ့ Volunteer တွေရှိမှသာ ဖြစ်နိုင်တာပါ။ ❤️

ဒါကြောင့်မလို့ သုံးနှစ်တာပြည့်မြောက်တဲ့ ဒီအချိန်အခါသမယလေးမှာ အေးအတူ၊ ပူအမျှ အခက်အခဲပေါင်းများစွာကို အတူကျော်ဖြတ်ခဲ့ကြတဲ့ ကျွန်တော်တို့နဲ့ အတူရှိနေတဲ့ Volunteer များ၊ အတူမရှိတော့တဲ့ Volunteer များအားလုံးကို ကျေးဇူးတင်ရှိရင်း ယ‌နေ့ကျရောက်တဲ့ Dream Bags Organization ရဲ့ 3rd Year Anniversary ကို နွေးထွေးစွာ ဂုဏ်ပြုလိုက်ရပါတယ်။

ယနေ့ကျရောက်တဲ့ 3rd Year Anniversary ကစပြီးတော့ နောက်နှစ်ပေါင်းများစွာအထိ လူငယ်တွေအတွက် နွေးထွေးတဲ့ ကမ်းလက်များကို ဆက်လက်မျှဝေနိုင်ဖို့ရာလည်း အထူးမျှော်လင့်ရင်း Dream Bags Organization ဖြစ်တည်လာဖို့ရာ တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့သူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

🌱 𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။

Our page - https://www.facebook.com/share/18TkJENqnK/

Our Telegram Channel - https://t.me/DreamBagsOrg

Our Tiktok Account -



✨“လှူရင်းကူ၊ ကူရင်းယူ” ✨ရေဘေးသင့်မိသားစုတွေနဲ့အတူ ရပ်တည်ရင်း ကိုယ့်အတွက်လည်း အခွင့်အရေးတစ်ခု ရယူကြမယ် 🤍တစ်ချို့အရာတွေက သ...
29/08/2026

✨“လှူရင်းကူ၊ ကူရင်းယူ” ✨

ရေဘေးသင့်မိသားစုတွေနဲ့အတူ ရပ်တည်ရင်း ကိုယ့်အတွက်လည်း အခွင့်အရေးတစ်ခု ရယူကြမယ် 🤍

တစ်ချို့အရာတွေက သတင်းထဲက ပျောက်သွားပေမယ့် တကယ့်အပြင်လက်တွေ့မှာတော့ မပျောက်သွားပါဘူး။ ရေဘေးသတင်းတွေ နည်းလာတာနဲ့အမျှ လူထုရဲ့ အာရုံစိုက်မှုတွေလည်း နည်းလာခဲ့ပေမယ့် ရေဘေးသင့်မိသားစုတွေအတွက်တော့ ရေက မကျသေးသလို၊ အခက်အခဲတွေလည်း မပြီးသေးပါဘူး။

အခုလိုအချိန်မှာ ကိုယ်တိုင် ရေဘေးသင့်ဒေသတွေဆီ သွားရောက်ကူညီဖို့ မလွယ်ကူသူတွေအနေနဲ့ တတ်နိုင်တဲ့နေရာကနေ တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီနိုင်ဖို့အတွက်…

“လှူရင်းကူ၊ ကူရင်းယူ” ဆိုတဲ့ Project လေးနဲ့အတူ ရေဘေးသင့်မိသားစုတွေအတွက် လိုအပ်နေတဲ့အကူအညီတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးကြရင်း ကိုယ့်အတွက်လည်း ပညာရေးအခွင့်အရေးတွေ ရယူနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 💙

🌱 “လှူရင်းကူ၊ ကူရင်းယူ” ဆိုတာဘာလဲ?

ဒီ Project လေးကတော့ Give & Take ပုံစံနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

ကိုယ်တတ်နိုင်သလောက် လှူဒါန်းပြီး ရေဘေးသင့်ပြည်သူတွေအတွက် ကူညီပေးနိုင်သလို၊ ကိုယ်တိုင်လည်း ပညာသင်ယူခွင့်၊ Skill Development အခွင့်အရေးတွေနဲ့ Discount Benefits တွေကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ကူညီတဲ့အရာက တစ်စုံတစ်ယောက်ရဲ့ ဒီနေ့ကို ကယ်တင်ပေးနိုင်သလို၊ ကိုယ်ရရှိမယ့်အခွင့်အရေးက ကိုယ့်ရဲ့မနက်ဖြန်ကိုလည်း ပိုကောင်းစေနိုင်ပါတယ်။ ✨

Dream Education ကနေ စီစဉ်ဆောင်ရွက်တဲ့ ဒီ campaign လေးမှာ ကျွန်တော်တို့ Dream Bags Organization ကလည်း Media Partnership အဖြစ် ပါဝင်အားဖြည့်ထားပါတယ်။

🎁 လှူဒါန်းသူများအတွက် ရရှိနိုင်မယ့် Benefits တွေကတော့

1️⃣ Practical English Clubမှ မကြာမှဖွင့်လှစ်မယ့်

Insighter Club ရဲ့ 4 Weeks Class

Original Fee — 60,000 MMK
🔥 100% OFF
🎟️ 5 Seats Only

2️⃣ Together We Rise Associationမှ မကြာမီဖွင့်လှစ်မယ့်

🇰🇷 Korean Class
• 500 Essential Vocabulary
• Basic to Level 1 Reading Video Class

🇬🇧 English Class
• Pre-intermediate Zoom Class

3️⃣ Better Youth Myanmar မှမကြာမီဖွင့်လှစ်မယ့်

💬 Interpersonal Communication in Professional Setting Training Course

4️⃣ Teddy Bears Education Instituteမှ မကြာမီဖွင့်လှစ်မယ့်

📚 Language Classes
🎓 GED Intensive Class

5️⃣ Myittar Educationမှ မကြာမီဖွင့်လှစ်မယ့်

🎓 GED Classes
🇬🇧 English Classes
🧠 Mental Classes

6️⃣ Hype Think Educationမှ မကြာမှဖွင့်လှစ်မယ့်

🇬🇧 English
🇯🇵 Japanese

တစ်ဦးချင်း 1-on-1 Classes အတွက်
✨ 20% Discount

7️⃣ NextGen Impact မှ ဖွင့်လှစ်မယ့်
🎤 Leadership for Youths Training Session နှင့်
🗣️ Public Speaking Training Session
စတဲ့ အတန်းတွေကို ရွေးချယ်တက်ရောက်ခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။

📌ပါဝင်လှူဒါန်းမယ့်သူတွေက…

Dream Education, Charity with Dream ရဲ့ Page Messenger သို့လည်းကောင်း…



စတဲ့ Telegram Account တွေမှာလည်းကောင်း သွားရောက်လှူဒါန်းနိုင်ပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်သူ၊ ထိုင်းဘဏ်အကောင့်ရှိတဲ့ သူတွေအနေနဲ့လည်း ထိုင်းဘတ်ဖြင့် ပါ၀င်လှူဒါန်းနိုင်ပါတယ်။

Benefit တွေ မယူဘဲ သီးသန့်ပါဝင်လှူဒါန်းချင်တဲ့သူ တွေရှိရင်လည်း ပါဝင်လှူဒါန်းနိုင်ပါတယ်။ ♥️

တစ်ယောက်ရဲ့ Share တစ်ချက်က
တစ်စုံတစ်ယောက်ဆီကို အကူအညီတစ်ခု ရောက်ရှိစေနိုင်တာမလို့
အလှူငွေမထည့်ဝင်နိုင်ရင်တောင် သတင်းတစ်ခုကို မျှဝေပေးခြင်းကလည်း ကူညီမှုတစ်ခုပါပဲ ✨

ရေဘေးသင့်မိသားစုတွေနဲ့အတူ ရပ်တည်ရင်း
သူတို့ရဲ့ ဒီနေ့ကို ကူညီပေးပြီး
ကိုယ့်ရဲ့ မနက်ဖြန်အတွက်လည်း သင်ယူကြရအောင်။ 💙




#လှူရင်းကူကူရင်းယူ

𝐁𝐞𝐲𝐨𝐧𝐝 𝐁𝐨𝐫𝐝𝐞𝐫𝐬, 𝐓𝐨𝐰𝐚𝐫𝐝𝐬 𝐄𝐮𝐫𝐨𝐩𝐞 ✈️🌍𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 × 𝐔𝐧𝐢𝐥𝐞𝐚𝐫𝐧“Europe မှာ ကျောင်းတက်ချင်တယ်… ဒါပေမယ့် ဘယ်နိုင်ငံက ...
24/08/2026

𝐁𝐞𝐲𝐨𝐧𝐝 𝐁𝐨𝐫𝐝𝐞𝐫𝐬, 𝐓𝐨𝐰𝐚𝐫𝐝𝐬 𝐄𝐮𝐫𝐨𝐩𝐞 ✈️🌍

𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 × 𝐔𝐧𝐢𝐥𝐞𝐚𝐫𝐧

“Europe မှာ ကျောင်းတက်ချင်တယ်… ဒါပေမယ့် ဘယ်နိုင်ငံက ကိုယ့်အတွက် အသင့်တော်ဆုံးလဲ?”

❓ဘယ် University နဲ့ Program ကို ရွေးချယ်သင့်လဲ? Scholarship နဲ့ Admission အတွက် ဘာတွေပြင်ဆင်ထားရမလဲ? Visa အတွက်ရော ဘာတွေလိုအပ်မလဲ?

🎓 Study Abroad Journey ကို စတင်ချင်ပေမယ့် ဘယ်ကနေစရမလဲ မသေချာသေးတဲ့ လူငယ်တွေအတွက် ဒီမေးခွန်းတွေက အရေးကြီးတဲ့ ပထမဆုံးခြေလှမ်းတွေ ဖြစ်ပါတယ်။

ဒီလိုမေးခွန်းတွေကို အဖြေရှာနိုင်ပြီး Europe ရဲ့ ပညာရေးအခွင့်အလမ်းတွေကို နိုင်ငံအလိုက် ပိုမိုနားလည်နိုင်စေဖို့ ရည်ရွယ်ပြီး 𝐔𝐧𝐢𝐥𝐞𝐚𝐫𝐧 မှ စီစဉ်ကျင်းပတဲ့

✨ 𝐒𝐭𝐮𝐝𝐲 𝐢𝐧 𝐄𝐮𝐫𝐨𝐩𝐞: 𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟐 — 𝐁𝐞𝐲𝐨𝐧𝐝 𝐁𝐨𝐫𝐝𝐞𝐫𝐬, 𝐓𝐨𝐰𝐚𝐫𝐝𝐬 𝐄𝐮𝐫𝐨𝐩𝐞 ✨

Webinar Series မှာ 𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 အနေနဲ့ Media Partner အဖြစ် ပါဝင်ပြီး Europe ပညာရေးအခွင့်အလမ်းဆိုင်ရာ အသုံးဝင်တဲ့ Information တွေကို လူငယ်တွေဆီ ပိုမိုရောက်ရှိစေဖို့ အတူတကွ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ 🤝🏻❤️

ဒီ Webinar Series မှာ

🇵🇱 𝐏𝐨𝐥𝐚𝐧𝐝
🇭🇺 𝐇𝐮𝐧𝐠𝐚𝐫𝐲
🇨🇭 𝐒𝐰𝐢𝐭𝐳𝐞𝐫𝐥𝐚𝐧𝐝
🇪🇸 𝐒𝐩𝐚𝐢𝐧

ဆိုတဲ့ Europe ရဲ့ စိတ်ဝင်စားစရာ Destination ၄ ခုကို ၄ ရက်တိုင်တိုင် နိုင်ငံအလိုက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ 🌍

တစ်နိုင်ငံချင်းစီအတွက်—

🎓 University & Program ရွေးချယ်မှု
💰 Scholarship အခွင့်အလမ်းများ
📝 Admission Requirements & Preparation
🛂 Visa Information
📚 Study Abroad Preparation

စတဲ့ အရေးကြီးတဲ့အချက်အလက်တွေကို နားလည်လွယ်အောင် မျှဝေဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ ✨

Europe ကိုသွားဖို့ဆိုတာ နိုင်ငံတစ်နိုင်ငံကို ရွေးချယ်လိုက်ရုံနဲ့ မပြီးဆုံးသေးပါဘူး။

ကိုယ့်ရဲ့ Academic Background၊ Interests၊ Career Goals နဲ့ အနာဂတ်အစီအစဉ်တွေနဲ့ ကိုက်ညီတဲ့ Country, University & Program ကို ရွေးချယ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ 🌍

ဒါကြောင့် Europe မှာ ပညာသင်ဖို့ စိတ်ဝင်စားနေသူတွေအနေနဲ့ ကိုယ့်အတွက် ဘယ် Destination က ပိုသင့်တော်မလဲဆိုတာ စတင်လေ့လာချင်တယ်ဆိုရင် ဒီ Webinar Series က Study Abroad Journey ရဲ့ next step ကို ပိုမိုရှင်းလင်းစွာ စတင်နိုင်ဖို့ အထောက်အကူပြုမယ့် အခွင့်အရေးတစ်ခု ဖြစ်လာမှာပါ။ ✈️🎓

📍 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝐃𝐞𝐭𝐚𝐢𝐥𝐬

🗓 𝐃𝐚𝐭𝐞: 𝟐𝟔.𝟖.𝟐𝟎𝟐𝟔 – 𝟐𝟗.𝟖.𝟐𝟎𝟐𝟔
🕖 𝐓𝐢𝐦𝐞: 𝟕:𝟎𝟎 𝐏𝐌 – 𝟖:𝟑𝟎 𝐏𝐌
💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 𝐌𝐞𝐞𝐭𝐢𝐧𝐠

📌 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐍𝐨𝐰 - https://docs.google.com/forms/d/e/1FAIpQLScQhrCUC19lfEN0USirm2Bl9Y7JRkCCHabj_a_gopqmuXmqqA/viewform

Europe မှာ ပညာသင်ဖို့ ကိုယ့်အတွက် သင့်တော်တဲ့လမ်းကြောင်းကို စတင်ရှာဖွေချင်တယ်ဆိုရင် ဒီ Webinar Series ကို Join လိုက်ပါ။ 🌍✨

Webinar အသေးစိတ်အချက်အလက်များနှင့် Registration ပြုလုပ်ရန် 𝐔𝐧𝐢𝐥𝐞𝐚𝐫𝐧 𝐏𝐚𝐠𝐞 တွင် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။




🦠 ကာလဝမ်းရောဂါ ဘယ်ကစလဲ?လတ်တလောမှာအဖြစ်များနေတဲ့ ကာလဝမ်းရောဂါ (Cholera) ဆိုတာက Vibrio cholera လို့ခေါ်တဲ့ ရောဂါပိုးကြောင့...
19/08/2026

🦠 ကာလဝမ်းရောဂါ ဘယ်ကစလဲ?

လတ်တလောမှာအဖြစ်များနေတဲ့ ကာလဝမ်းရောဂါ (Cholera) ဆိုတာက Vibrio cholera လို့ခေါ်တဲ့ ရောဂါပိုးကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပါ။ ကာလဝမ်းရောဂါဆိုတာ အသက်ကြီးငယ်မရွေးဖြစ်နိုင်တဲ့အပြင် အသက်အန္တရာယ်ပါဖြစ်စေနိုင်တာမလို့ သတိထားကာကွယ်သင့်တဲ့ ရောဂါဖြစ်ပါတယ်။ ⚠️

ကာလဝမ်းရောဂါကို ဖြစ်ပွားစေတာက Vibrio cholera လို့ခေါ်တဲ့ ရောဂါပိုးကြောင့်ဆိုပေမဲ့ အဓိကဖြစ်စေတဲ့ အကြောင်းအရင်းကတော့ CTX လို့ ခေါ်တဲ့ အဆိပ်အတောက်တစ်မျိုးကြောင့် ဖြစ်ပါတယ်။

CTX ဆိုတာ အူသိမ်တွေမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေက ထုတ်လုပ်ပြီးတော့ အူသိမ်နံရံတွေကို ကပ်တွယ်ပြီး ဆိုဒီယမ်နဲ့ ကလိုရိုက် စီးဆင်းမှုကို နှောင့်နှေးစေတဲ့အတွက် ခန္ဓာကိုယ်ကနေ ရေအများအပြားစွန့်ထုတ်ရတဲ့အတွက် ရောဂါဖြစ်နေချိန်မှာ ဝမ်းလျှောတာနဲ့ ရေဓာတ်ခန်းခြောက်တာတွေကို ဖြစ်ပေါ်စေတာပါ။

ဒါကြောင့်မလို့ ကာလဝမ်းရောဂါဖြစ်ပေါ်နေချိန်မှာ ဓာတ်ဆားနဲ့ ရေဓာတ်ပြန်လည်ဖြည့်တင်းတာ ရေဓာတ်အလွန်အကျွံဆုံးရှုံးနေတဲ့သူတွေအတွက် အကြောဆေးသွင်းတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။ 💧

Doxycycline နဲ့ azithromycin တို့လိုမျိုး ပိုးသတ်ဆေးသောက်သုံးတာ ခန္ဓာကိုယ့်ရဲ့ ဇင့်ဓာတ်ကို ပြန်လည်ဖြည့်တင်းတာမျိုးပြုလုပ်ပြီး ကာလဝမ်းရောဂါကို ကုသလို့ရပါတယ်။

ကာလဝမ်းရောဂါဟာ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ အစာအိမ်အတွင်း အက်ဆစ်ဓာတ်လျော့နည်းခြင်း၊ ကာလဝမ်းရောဂါရှိသူရဲ့ အသုံးအဆောင်များမှတဆင့် ကူးစက်ခြင်း၊ ကမာကောင်လိုမျိုး မကျက်သော အစားအသောက်များကို စားသုံးခြင်းဖြင့် ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့် ကာလဝမ်းရောဂါကို ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးခြင်း၊ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးခြင်း၊ သန့်စင်တဲ့ ရေကို သောက်သုံးခြင်း၊ လတ်ဆက်တဲ့ အသားငါးနဲ့ အသီးအနှံများကိုသာ စားသုံးခြင်းအပြင် အစားအစာများကို ကျက်သည်အထိ ချက်ပြုတ်ပြီး စားသုံးခြင်းက ကာလဝမ်းရောဂါကို ကာကွယ်နိုင်ပါတယ်။ 🧼

မိုးရာသီမှာ တွေ့ရတတ်တဲ့ ယင်လိုမျိုး သတ္တဝါတွေကနေတဆင့် ကူးစက်တတ်တာမလို့ အစားအသောက်တွေကိုလည်း ယင်လုံတဲ့နေရာမှာ သေချာသိမ်းဆည်းသင့်ပါတယ်။

ဒီလိုမျိုး ကာလဝမ်းရောဂါဖြစ်ပွားနိုင်တဲ့ အချက်တွေကို ရှောင်ရှားပြီး သေချာလေး လိုက်နာမယ်ဆိုရင် ကာလဝမ်းရောဂါဆိုတာ ကြောက်စရာကောင်းတဲ့ ရောဂါမဟုတ်တော့ပါဘူး။

🌱 𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။

Our page - https://www.facebook.com/share/18TkJENqnK/

Our Telegram Channel - https://t.me/DreamBagsOrg

Our Tiktok Account -




#ကာလဝမ်းရောဂါ

🇬🇧 မြန်မာကျောင်းသားတွေ ယာယီ လျှောက်ထားခွင့် မရှိသေးတဲ့ Chevening Scholarship က ဘာလဲ?ပြန်ဖွင့်လာရင် ဘာတွေ ကြိုတင်ပြင်ဆင်ထ...
16/08/2026

🇬🇧 မြန်မာကျောင်းသားတွေ ယာယီ လျှောက်ထားခွင့် မရှိသေးတဲ့ Chevening Scholarship က ဘာလဲ?

ပြန်ဖွင့်လာရင် ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ? 🎓✨

UK အစိုးရက ပေးအပ်တဲ့ Chevening Scholarship ဆိုတာ တစ်ကမ္ဘာလုံးက အနာဂတ် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေကို UK ရဲ့ နာမည်ကြီး တက္ကသိုလ်တွေမှာ မဟာဘွဲ့ (Master’s Degree) ကို စရိတ်ငြိမ်း အခမဲ့ တက်ရောက်ခွင့် ပေးတဲ့ သမိုင်းဝင် ပညာသင်ဆုကြီး ဖြစ်ပါတယ်။

မကြာသေးခင်က အပြောင်းအလဲတွေကြောင့် မြန်မာကျောင်းသားတွေအတွက် Chevening Scholarship လျှောက်ထားခွင့်ကို ယာယီ ဆိုင်းငံ့ထားတာကြောင့် အားလုံး စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ဒါက ထာဝရ ပိတ်သွားတာ မဟုတ်တာမို့လို့ ဒီ ပညာသင်ဆုက ဘယ်လိုကျောင်းသားမျိုးကို ပေးတာလဲဆိုတာနဲ့ ပြန်လည် လျှောက်ထားခွင့် ရလာမယ့် အချိန်အတွက် အခုကတည်းက ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

Chevening Scholarship က ဘယ်လိုကျောင်းသားတွေကို ရွေးချယ်ပေးတာလဲ? 🤔
Chevening က သာမန် စာတော်ရုံတင်မကဘဲ အောက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့သူတွေကို ပိုပြီး ဦးစားပေး ရွေးချယ်လေ့ ရှိပါတယ် -

ခေါင်းဆောင်မှု အရည်အချင်းရှိသူတွေ: မိမိ လုပ်ကိုင်နေတဲ့ နယ်ပယ် သို့မဟုတ် အသိုင်းအဝိုင်းမှာ အပြောင်းအလဲတစ်ခု ဖြစ်အောင် ဦးဆောင်နိုင်စွမ်းရှိသူ။
Networking ကောင်းမွန်သူတွေ: လူအများနဲ့ အချိတ်အဆက်မိမိ လုပ်ကိုင်နိုင်ပြီး ရေရှည် Connection တွေကို တည်ဆောက်နိုင်သူ။
လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိသူတွေ: အချိန်ပြည့် (သို့) အချိန်ပိုင်း အလုပ်၊ Volunteer အလုပ် စသည်ဖြင့် အနည်းဆုံး နာရီ ၂,၀၀၀ ရှိပြီးသားသူတွေနဲ့
မိမိနိုင်ငံကို ပြန်လည်အကျိုးပြုချင်စိတ်ရှိသူတွေ: UK မှာ ပညာသင်ယူပြီးရင် မိမိနိုင်ငံနဲ့ နယ်ပယ် တိုးတက်ဖို့အတွက် ခိုင်မာတဲ့ အနာဂတ် ရည်မှန်းချက် (Career Plan) ရှိသူတွေ ဖြစ်ပါတယ်။

နောက်တစ်ကြိမ် လျှောက်ထားခွင့် ပြန်ရလာရင် အဆင်သင့်ဖြစ်နေအောင် ဘာတွေ ပြင်ဆင်ထားရမလဲ? 🛡
ခွင့်ရေးဆိုတာ ကြိုတင်ပြင်ဆင်ထားသူတွေအတွက်ပဲမို့လို့ လျှောက်လွှာ ပြန်ဖွင့်တာနဲ့ ချက်ချင်း အဆင်သင့်ဖြစ်နေအောင် အခုချိန်ကတည်းက ဒါတွေကို ပြင်ဆင်ထားလို့ ရပါတယ် -

၁။ လုပ်ငန်းအတွေ့အကြုံနှင့် Volunteer Activities များ စုဆောင်းပါ 💼
Chevening ရဲ့ အဓိက သတ်မှတ်ချက်ဖြစ်တဲ့ အနည်းဆုံး နာရီ ၂,၀၀၀ နီးပါး လုပ်ငန်းအတွေ့အကြုံ ပြည့်မီအောင် မိမိ နယ်ပယ်အလိုက် အလုပ်အကိုင်တွေ၊ လူမှုရေး/ပတ်ဝန်းကျင်ထိန်းသိမ်းရေး Volunteer အလုပ်တွေကို အရှိန်မပျက် ဆက်လက် လုပ်ဆောင်ထားပါ။

၂။ Leadership & Networking ပုံပြင် (Stories) များကို မှတ်တမ်းတင်ပါ 📝
Chevening အက်ဆေး (Essays) ရေးတဲ့အခါ ကိုယ်တိုင် ဦးဆောင်ခဲ့ဖူးတဲ့ Project တွေ၊ ပြဿနာတွေကို ဘယ်လို အဖြေရှာခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေကို အသေးစိတ် ရေးရတာပါ။ ဒါကြောင့် ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ဖူးတဲ့ ခေါင်းဆောင်မှု အတွေ့အကြုံတွေကို ဒိုင်ယာရီလိုမျိုး သေချာ မှတ်တမ်းတင်စုဆောင်းထားပါ။

၃။ အင်္ဂလိပ်စာ အရည်အသွေးကို အဆင်သင့် မြှင့်တင်ထားပါ 🇬🇧
UK တက္ကသိုလ်တွေဆီ လျှောက်ထားဖို့အတွက် IELTS (Academic) သို့မဟုတ် ပညာသင်ဆုက လက်ခံတဲ့ အင်္ဂလိပ်စာ စာမေးပွဲတွေကို အမှတ်ကောင်းကောင်း ရရှိအောင် ကြိုတင် လေ့ကျင့်ပြင်ဆင်ထားပါ။

၄။ တက္ကသိုလ်နှင့် ဘာသာရပ်များကို ကြိုတင် လေ့လာထားပါ 🏛
အခွင့်အရေး ပြန်ပွင့်လာရင် UK ရဲ့ ဘယ်တက္ကသိုလ်၊ ဘယ် Course တွေက ကိုယ့်အနာဂတ် ရည်မှန်းချက်နဲ့ ကွက်တိကျမလဲ ဆိုတာကို အခုကတည်းက University Websites တွေမှာ ဝင်ရောက် လေ့လာစုံစမ်းထားပါ။

💡 အားမလျှော့ပါနဲ့နော် Dreamers လေးတို့ရေ…..
အခွင့်အလမ်းဆိုတာ ခဏတာ ပိတ်သွားနိုင်ပေမဲ့ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ အရည်အချင်းတွေကိုတော့ ဘယ်သူမှ ပိတ်ပင်လို့ မရပါဘူး။ အခွင့်အရေး ပြန်လာမယ့် တစ်နေ့မှာ ပိုမို တောက်ပတဲ့ ကိုယ်စွမ်းကိုယ်စနဲ့ ရင်ဆိုင်နိုင်ဖို့ အခုချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် ပိုမို တိုးတက်အောင် ပြင်ဆင်ထားကြရအောင်။

ပညာသင်ဆု လျှောက်ဖို့ ပြင်ဆင်နေကြတဲ့ သူငယ်ချင်းတွေ ရှိရင်လည်း အချင်းချင်း အားပေးနိုင်အောင် ဒီ Post လေးကို လှမ်း Share ပေးလိုက်ဦးနော်။ ✨

🌱 𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။

Our page - https://www.facebook.com/share/18TkJENqnK/

Our Telegram Channel - https://t.me/DreamBagsOrg

Our Tiktok Account -




Happy International Youth Day🎉ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့ဟာ ကမ္ဘာတစ်ဝန်းက လူငယ်တွေရဲ့ အသံ၊ အိပ်မက်တွေနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍ...
12/08/2026

Happy International Youth Day🎉

ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့ဟာ ကမ္ဘာတစ်ဝန်းက လူငယ်တွေရဲ့ အသံ၊ အိပ်မက်တွေနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အလေးထားဖော်ပြဖို့ရာအတွက် UNESCO က သတ်မှတ်ထားတဲ့ International Youth Day ဖြစ်ပါတယ်။

2026 ခုနှစ်ရဲ့ Theme ဖြစ်တဲ့ “Different Contexts, Common Aspirations.” ဆိုတဲ့ ဆောင်ပုဒ်က လူငယ်တွေရဲ့ နေထိုင်ရာပတ်ဝန်းကျင်၊ အခက်အခဲတွေ၊ အခွင့်အလမ်းတွေနဲ့ အတွေ့အကြုံတွေ မတူညီကြပေမဲ့ အနာဂတ်အတွက် မျှော်မှန်းထားတဲ့ အိပ်မက်တွေကတော့ အတူတူဖြစ်နိုင်ကြောင်းကို ဖော်ညွှန်းပေးနေတာပါ။

တစ်ချို့လူငယ်တွေက ပညာရေးအခွင့်အလမ်းတွေ ရရှိဖို့ ကြိုးစားနေကြသလို၊ တစ်ချို့ကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ကိုယ့်ရဲ့ Skills တွေကို မြှင့်တင်နိုင်ဖို့နဲ့ ကိုယ့်ဘဝအတွက် ပိုမိုကောင်းတဲ့လမ်းကြောင်းတစ်ခုကို ရှာဖွေနေကြပါတယ်။

တစ်ချို့လူငယ်တွေကျတော့ ကိုယ့် Community အတွက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ကူညီနေကြပြီး တစ်ချို့ကတော့ ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခက်အခဲတွေကြားကနေ ဆက်လက်ကြိုးစားနေကြတာပါ။

လမ်းကြောင်းတွေ မတူညီကြပေမဲ့ လူငယ်တိုင်းရဲ့ ရင်ထဲမှာ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ပိုင်ဆိုင်ချင်တဲ့ ဆန္ဒ၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို အသုံးချပြီး ကမ္ဘာကြီးကို ပြောင်းလဲချင်တဲ့ ဆန္ဒနဲ့ ကိုယ့်အတွက်သာမက ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိတဲ့ အရာတွေကို ဖန်တီးချင်တဲ့ ဆန္ဒတွေ ရှိကြပါတယ်။ ✨

ဒါကြောင့်မလို့ ဒီ International Youth Day မှာ လူငယ်တစ်ဦးချင်းစီရဲ့ နောက်ခံအခြေအနေတွေ၊ အမြင်တွေ၊ အိပ်မက်တွေနဲ့ ကြိုးစားအားထုတ်မှုတွေကို လေးစားရင်း မတူညီမှုတွေကို ခွဲခြားဖို့အတွက်မဟုတ်ဘဲ အတူတကွ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ဖို့အတွက် ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို အသုံးချကြရအောင်ပါ။

🌱 𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။

Our page - https://www.facebook.com/share/18TkJENqnK/

Our Telegram Channel - https://t.me/DreamBagsOrg

Our Tiktok Account -



Dream Bags မှာ Volunteer လျှောက်လို့ရပြီ 🤝ကိုယ်က စာရေးသားရတာ ကြိုက်နှစ်သက်တဲ့သူလား? ဒါမှမဟုတ် ကိုယ့်မှာရှိတဲ့ Skills တွေ...
10/08/2026

Dream Bags မှာ Volunteer လျှောက်လို့ရပြီ 🤝

ကိုယ်က စာရေးသားရတာ ကြိုက်နှစ်သက်တဲ့သူလား? ဒါမှမဟုတ် ကိုယ့်မှာရှိတဲ့ Skills တွေကို လက်တွေ့အသုံးချပြီး Next Step အတွက် Volunteer တစ်ဦးအနေနဲ့ အတွေ့အကြုံတွေ ယူချင်တဲ့သူလား?

ဒါဆိုရင်တော့ Volunteer လုပ်ဖို့ စိတ်ဝင်စားတဲ့ ညီလေး၊ ညီမလေးတွေအတွက် အိမ်မှာနေပြီး Volunteer လုပ်နိုင်မယ့်အပြင် ကိုယ့်ရဲ့ Skills တွေကိုလည်း Next Step ရောက်အောင် မြှင့်တင်နိုင်မယ့် Dream Bags Organization ရဲ့ Volunteer Recruitment တစ်ဖန်ရောက်ရှိလို့ လာပြန်ပါပြီ။ ✨

📌 ဒီတစ်ခေါက် Volunteer Recruitment မှာ ခေါ်ယူသွားမယ့် Position တွေကတော့ -

Content Writer - 5 Posts
Graphic Designer - 4 Posts
Video Editor - 2 Posts
Public Relations - 3 Posts
HR Officer - 3 Posts
Instructor (Any Language) - 4 Posts တို့ကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

Dream Bags Organization ဟာဆိုရင် ပညာ‌ရေး (Education) နဲ့ သဘာဝပတ်ဝန်းကျင် (Environment) ကို ဦးစားပေးလုပ်ကိုင်နေတဲ့ လူငယ်အဖွဲ့အစည်းတစ်ခုပီပီ သင်တန်းတွေနဲ့ ဗဟုသုတရစရာတွေကို များစွာမျှဝေပေးလျက်ရှိပါတယ်။ 🌍

ဒါကြောင့်မလို့ အိမ်မှာနေရင်း မပျင်းရလေအောင် Dream Bags Organization မှာ Volunteer အဖြစ်လုပ်ကိုင်ရင်း ကိုယ့်ရဲ့ Skills တွေကို Next Step ရောက်အောင် အခုပဲ မြှင့်တင်လိုက်ပါ။ 🚀

Apply Here:
https://forms.gle/msCxg9DTvjtE9jHR9

Volunteer လျှောက်ထားချင်တဲ့ ညီလေး၊ ညီမလေးတွေအနေနဲ့ 23 August နောက်ဆုံးထားပြီး Application Form ကို ဖြည့်သွင်းရန်လိုအပ်တာမလို့ နောက်မကျဘဲ အမြန်ဆုံး Apply လုပ်လိုက်ပါနော်…. ⏰

Interview Shortlist ရရှိသူများကိုလည်း Email ကနေတဆင့် အကြောင်းကြားစာပေးပို့သွားမှာဖြစ်တဲ့အတွက် ကိုယ်လက်ရှိအသုံးပြုနေတဲ့ Personal Email တွေကိုသာ ဖြည့်သွင်းပေးဖို့ အကြုံပြုလိုက်ပါတယ်။ 📩

🌱 𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။

Our page - https://www.facebook.com/share/18TkJENqnK/

Our Telegram Channel - https://t.me/DreamBagsOrg

Our Tiktok Account -



✨Media Partnership Announcement ✨Dream Bags Organization x D Data Lab ကျွန်တော်တို့ Dream Bags Organization မှ D Data La...
05/08/2026

✨Media Partnership Announcement ✨

Dream Bags Organization x D Data Lab

ကျွန်တော်တို့ Dream Bags Organization မှ D Data Lab ကနေပြုလုပ်မယ့်
"လူငယ်နှင့် IT Career Festival 2026" အတွက် Media Partner အဖြစ် ကူညီအားဖြည့်ပေးထားပါတယ်။

"လူငယ်နှင့် IT Career Festival 2026" ဟာ IT Career ကို စတင်လေ့လာချင်သူတွေ၊ Data, AI, Cloud စတဲ့ နယ်ပယ်တွေကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ Webinar Series တစ်ခုဖြစ်ပါတယ်။

ဒီပွဲမှာတော့ Myanmar, Singapore, Dubai, Thailand နဲ့ Vietnam စတဲ့ နိုင်ငံတွေမှာ Data Engineers, Data Analysts, AI Engineers, Technical Directors နဲ့ Heads of Digital Products တွေအပြင် Software Engineer အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ Industry Professionals တွေရဲ့ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေ၊ Career Journey နဲ့ IT Industry ရဲ့ Career Opportunities တွေကို Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Webinar အကြောင်း အသေးစိတ်ကိုတော့ ဒီ Link ကနေတစ်ဆင့် ကြည့်ရှုလို့ ရပါတယ်။👇
https://www.facebook.com/share/p/18d9jLARxu/

IT Field ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အကျိုးရှိမယ့် Webinar တစ်ခုဖြစ်တာကြောင့် လက်မလွတ်မခံသင့်ပါဘူးနော်

🗓️Date: 6 August 2026 to 9 August 2026 (4 Days)
⏳Time: 7:00 PM - 9:00 PM (MMT)
📍Platform: Zoom (Online)

🖇️Registration Link:
https://forms.gle/zdX7NMcoUKXusQZ26

Dream Bags Organization × Show Your Kindness | Media Partnership Announcement ✨ကလေးတိုင်းမှာ လှပတဲ့ အနာဂတ်တစ်ခု ပိုင်ဆို...
04/08/2026

Dream Bags Organization × Show Your Kindness | Media Partnership Announcement ✨

ကလေးတိုင်းမှာ လှပတဲ့ အနာဂတ်တစ်ခု ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ❤️

မွေးဖွားလာတဲ့ နေရာကို သူတို့ မရွေးချယ်နိုင်ခဲ့ပေမယ့်...
သူတို့ရဲ့ အနာဂတ်ကိုတော့ ပြောင်းလဲနိုင်မယ့် အခွင့်အရေး ရှိသင့်ပါတယ်။

ဒီယုံကြည်ချက်နဲ့အတူ Dream Bags Organization အနေနဲ့ Show Your Kindness ရဲ့ Bright Future Project အောက်မှာ ဖော်ဆောင်နေတဲ့ "Life Skill Training for Children in Slum Area" စီမံကိန်းတွင် Media Partner အဖြစ် ဝမ်းမြောက်ဂုဏ်ယူစွာ ပါဝင်အားဖြည့်ခွင့်ရရှိခဲ့ပါတယ်။ 🤝💙

🌟 Bright Future Project ဆိုတာ...

ပညာရေးနဲ့ ဘဝကျွမ်းကျင်မှု အခွင့်အလမ်းတွေကို လူတိုင်း လက်လှမ်းမီစေဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး၊ ယခုအခါ ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်များမှ ကလေးငယ်များ အတွက် အကောင်အထည်ဖော်လျက်ရှိပါတယ်။

📍 စီမံကိန်းအချက်အလက်
• တည်နေရာ – ဒလမြို့နယ်၊ ရန်ကုန်
• သင်တန်းကာလ – (၄) လ (စနေနေ့တိုင်း)

📚 သင်ကြားပေးမည့် ဘာသာရပ်များ
✨ Vocational Skills – Handmade Accessories & Recycle Handmade
✨ Life Skills – ဘဝကျွမ်းကျင်မှု
✨ Soft Skills – လူမှုဆက်ဆံရေး ကျွမ်းကျင်မှု
✨ Basic Literacy – မြန်မာ၊ အင်္ဂလိပ် အခြေခံ အရေးအဖတ်

🎯 ဒီစီမံကိန်းရဲ့ ရည်မှန်းချက်က...

(၄) လ သင်တန်းပြီးဆုံးချိန်မှာ ကလေးငယ်တွေဟာ ကိုယ်တိုင် Handmade ပစ္စည်းတွေ ဖန်တီးထုတ်လုပ်နိုင်ရုံသာမက၊ အားလပ်ချိန်တွေမှာ မိသားစုအတွက် ဝင်ငွေအနည်းငယ် ရှာဖွေနိုင်မယ့် အရည်အချင်းတွေကိုပါ ရရှိလာစေဖို့ ဖြစ်ပါတယ်။

တစ်ခါတလေ...
အနာဂတ်ကို ပြောင်းလဲပေးတာဟာ ငွေအများကြီး မဟုတ်ပါဘူး။
အခွင့်အရေးတစ်ခု၊ ပညာတစ်ခုနဲ့ ယုံကြည်မှုပေးနိုင်ခြင်းကပဲ ဘဝတစ်ခုကို ပြောင်းလဲပေးနိုင်ပါတယ်။ 🌱

ကလေးငယ်တွေရဲ့ အိပ်မက်တွေကို ပြန်လည်အသက်သွင်းပေးမယ့် Bright Future Project ကို အားပေးပြီး မျှဝေပေးခြင်းကလည်း အဖိုးတန်တဲ့ ပါဝင်မှုတစ်ခု ဖြစ်ပါတယ်။ 💙






"Youth & Adolescent Health Literacy Workshop" Media Partnership AnnouncementLitusCure to be Sure Team ကနေ နှစ်ရက်တိုင်တိ...
18/07/2026

"Youth & Adolescent Health Literacy Workshop" Media Partnership Announcement

LitusCure to be Sure Team ကနေ နှစ်ရက်တိုင်တိုင် ငွေဆောင်မှာ ပြုလုပ်သွားမဲ့ Youth & Adolescent Health Literacy Workshop ("လိုင်းတပ်စ်ပျိုမေဘေးကင်းစအလုပ်ရုံဆွေးနွေးပွဲ")
မှာ ကျွန်တော်တို့ Dream Bags Organization ကနေ Media Partnership အနေနဲ့ ပါဝင်အားဖြည့်ထားပါတယ်။

Workshop ကိုတော့ Yamonnar Oo Resort,Ngwe Saung မှာ July 18 နဲ့ 19ရက်မှာ 1pm to 4 pm
ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီ2ရက်တာ ဆွေးနွေးပွဲမှာတော့

Day 1 – Get SURE (Foundation of Literacy)
🎐 ပထမရက်မှာဆိုလို့ ရှိရင် Adolescence မှာဖြစ်လာနိုင်တဲ့ physical and emotional changes
တွေအပြင် ကိုယ့်ရဲ့
Personal Boundaries ကိုဘယ်လိုမျိုးချမှတ်ရမလဲဆိုတာကိုပါ ကျွန်တော်တို့ရဲ့
Guest Trainer က activities လေးတွေပြုလုပ်ရင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Day 2 – Be the CURE (Action & Prevention)
ဒုတိယမြောက်နေ့မှာတော့ 🎐 Sexual and reproductive health and rights (SRHR), အသိပညာဗဟုသုတတွေအပြင် ကိုယ်တိုင်ရပိုင်ခွင့်ရှိတဲ့အခွင့်အရေးတွေအကြောင်းကိုပါကျွန်တော်တို့နဲ့အတူတူလေ့လာကြရမှာဖြစ်ပါတယ်။

🗣️ပါဝင်ဆွေးနွေးမယ့်သူတွေအနေနဲ့ ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာဝေမျှနိုင်တဲ့ 'Safe
Space' တစ်ခုကို ကျွန်တော်တို့ကဖန်တီးထားပေးထားတာမို့ ပွဲကိုစိတ်ချလက်ချလာရောက်နိုင်ပါတယ်နော်။

📅 Event Dates: July 18 & 19
🕐 Time: 1:00 PM – 4:00 PM
📍 Venue: Yamonnar Oo Resort, Ngwe Saung Beach
(2) ရက်တာ " Youth & Adolescent Health Literacy Workshop" ရဲ့ အသေးစိတ် အချက်ကို သိချင်ရင်တော့ အောက်မှာပေးထားတဲ့ Link လေးကို ထောက်ကြည့်လိုက်ရုံပါပဲ။

Link 🖇️
https://www.facebook.com/61590939452673/posts/122109345039364648/?app=fbl

Google Form မဖြည့်နိုင်တဲ့သူတွေက ကိုယ့်ရဲ့အုပ်ထိန်းသူနဲ့အတူ ဖုန်းဆက်ပြီး
အချက်အလက်တွေဖြည့်နိုင်ပါတ
ယ်

🚨Registration Phone Number - 09774397330
09971864422

🚨Registration Form -
https://docs.google.com/forms/d/e/1FAIpQLSdGdfNueIk2VyckvsHdDFaTnivDZoO5MnOM0454rk1Oqf-qLg/viewform?usp=header


Address

Yangon

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 10:00 - 17:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Dream Bags Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Dream Bags Organization:

Shortcuts

Share